Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 14, 2015

ကာချုပ်ကို ဖေ့ဘုတ်မှာသရော်သူနောက်တဦး ဖမ်းခံရ

ပက်ထရစ်ကွမ်ဂျာလီ 
 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင် သရော်ထားတဲ့ ဓါတ်ပုံကို Facebook လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ အတွက် လှိုင်မြို့နယ်မှာ နေထိုင်သူ ပက်ထရစ်ကွမ်ဂျာလီ ကို လှိုင်ရဲစခန်းက လာရောက် ဖမ်းဆီး သွားခဲ့ပါတယ်။ ဒါဟာ Facebook စာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်တဲ့ ဓါတ်ပုံတွေကို တင်တဲ့အတွက် အခုရက်ပိုင်းအတွင်း အာဏာပိုင်တွေဘက်က ဒုတိယမြောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပက်ထရစ်ကွမ်ဂျာလီရဲ့ ဇနီးဖြစ်သူ မမေစံပယ်ဖြူကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မမေစံပယ်ဖြူရဲ့အမျိုးသား အဖမ်းခံရတယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား ခင်ဗျာ။

ဖြေ။ ။ဟုတ်ပါတယ်။ ကျမကလည်း တနေ့လုံး အစည်းအဝေးတွေနဲ့ဆိုတော့လေ။ အခု ဟိုတယ်ပြန်ရောက်ပြီးတော့မှ facebook ဖွင့်လိုက်တဲ့အခါကျတော့မှ သတင်းတက်လာတာကို ကျမလည်း အခုမှသိရတာပါ။

မေး။ ။ အဲတော့ ဘယ်သူက ဖမ်းသွားတာလဲ။

ဖြေ။ ။ဟုတ်ကဲ့။ ဒီမှာ ကျမ မိတ်ဆွေတွေက ကျမကို လှမ်းပြီးတော့ အကြောင်းကြားထားတာပေါ့နော်။ အကြောင်းကြားထားတာကတော့ ညနေ ၆:၄၅ လောက်က လှိုင်မြို့နယ် ရဲစခန်းက ၄ ယောက်နဲ့ ကျမတို့ရပ်ကွက်ထဲက ရရက ၁ ဦးပေါ့နော်၊ စုစုပေါင်း ၅ ယောက်က လာပြီးတော့။ အိမ်မှာလည်း ဟိုရှာဒီရှာလုပ်တယ်ပေါ့နော်။ ကွန်ပြူတာနဲ့ ဖုန်းကိုလည်း သိမ်းသွားပါတယ်တဲ့။ ၇:၄၀ လောက်က ခေါ်သွားတယ်လို့ အဲလို ကျမကို လှမ်းအကြောင်းကြားထားပါတယ်ရှင့်။

မေး။ ။ကျနော်တို့သိရတာကတော့ ဒီ facebook မှာ အခုတလောတင်ထားတဲ့ ဒီ post တခုအတွက် အဖမ်းခံရတယ်လို့ ကြားပါတယ်။ အဲတာဟုတ်ပါသလား။ သူတို့ဘက်က ဘယ်လို ကြောင်းပြချက်နဲ့ဖမ်းသွားတာလဲ။

ဖြေ။ ။ကျမ မိတ်ဆွေတွေက လှမ်းပြီးတော့ ပို့တာကတော့ အဲဒီမှာ သူတို့ကနေပြီးတော့ A4 နဲ့ စာရွက် print တခုထုတ်လာတယ်တဲ့ ။ အဲဒီဟာကို ပြပြီးတော့မှ ဖမ်းဝရမ်းတွေလည်း မပါဘူးလို့ ပြောပါတယ်ရှင့်။ အဲလိုနဲ့ ဒီ facebook ဟာကို share ထားတဲ့အတွက်ကြောင့်ဆိုပြီးတော့မှာ အဲဒီ A4 နဲ့ print ထုတ်ထားတဲ့ ဟာကို ပြပြီးတော့မှ ခေါ်သွားတယ်လို့ ကျမကို လှမ်းအကြောင်းကြားထားပါတယ်။

မေး။ ။ခေါ်သွားတယ်ဆိုတော့ ဘယ်ကို ခေါ်သွားသလဲဆိုတာကောသိလား။

ဖြေ။ ။လှိုင်ရဲစခန်းကိုပါရှင့်။ ကျမ မိတ်ဆွေတွေက စခန်းကို လိုက်သွားတယ်ရှင့်။ ဒါပေမယ့် စခန်းထဲကို အ၀င်မခံဘူးလို့ သိရပါတယ်ရှင့်။

မေး။ ။သူတို့ဘက်က ဘာအမှုနဲ့ ဖမ်းတယ်လို့ ပြောသေးသလဲ။

ဖြေ။ ။ လောလောဆယ်တော့ ကျမလည်း အသေးစိတ်တော့ မသိရသေးဘူးရှင့်။ ကျမလည်း အဲဒါကြောင့် တော်တော်လေးကို စိတ်ပူနေတယ်ရှင့်။ အိမ်မှာလည်း ကလေး ၃ ယောက်နဲ့ သူ့အမကလည်း လေဖြတ်ထားတာလေ။ ကျမတို့နဲ့ အတူတူနေတယ်။ ဟိုတလောကပဲ တော်တော်နေမကောင်းလို့ ဆေးခန်းပြနေရတာပေါ့။ ဘာမှအကြောင်းအရာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ကျမ မိတ်ဆွေတွေကလည်း ကျမ စိတ်ပူမှာစိုးလို့ ဖြစ်ပါလိမ့်မယ်။ သူတို့သိရသလောက် အကြောင်းအရာတွေကို ကျမကို message ပို့ထားပါတယ်။ ကျမလည်း သေသေချာချာ အတိအကျ မသိရသေးပါဘူး။

ပက်ထရစ်ကွမ်ဂျာလီကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူးခင်ဗျာ။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
..........................................................
ကာခ်ုပ္ကို ဖေ့ဘုတ္မွာသေရ်ာသူနောက္တဦး ဖမ်းခံရ

ပက္ထရစ္ကြမ္ဂ်ာလီ 
 တပ္မေတာ် ကာကြယ်ရေး ဦးစီးခ်ုပ် ဗိုလ္ခ်ုပ္မှူးကြီး မင်းအောင္လှိုင္ကို လွောင်ျေပာင် သေရ္ထာားတဲ့ ဓါတ္ပုံကို Facebook လူမှုကြန်ရက္မွာ တင္ခဲ့တဲ့ အတြက် လှိုင်မြို့နယ္မွာ နေထိုင်သူ ပက္ထရစ္ကြမ္ဂ်ာလီ ကို လှိုင်ရဲစခန်းက လာရောက် ဖမ်းဆီး သြားခဲ့ပါတယ်။ ဒါဟာ Facebook စာမ်က်နွာမွာ ဗိုလ္ခ်ုပ္မှူးကြီး မင်းအောင္လှိုင္ကို လွောင်ျေပာင်ေသရ္တာဲ့ ဓါတ္ပုံတြေကို တင္တဲ့အတြက် အခုရက္ပိုင်းအတြင်း အာဏာပိုင်တြေဘက္က ဒုတိယျေမာက် ဖမ်းဆီးခဲ့တျာဖစ္ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပက္ထရစ္ကြမ္ဂ်ာလီရဲ့ ဇနီျးဖစ်သူ မေမစံပယ်ျဖူကို ကိုရန်နိုင္က ဆက်ြသယ်မေျးမန်းထားပါတယ်။

မေး။ ။ မေမစံပယ်ျဖူရဲ့အမိုးသား အဖမ်းခံရတယ္လို့ ကြားရပါတယ်။ အဲဒါဟုတ္ပါသလား ခင္ဗ်ာ။

ေ်ဖ။ ။ဟုတ္ပါတယ်။ က်မကလည်း တေန့လုံး အစည်းအေ၀းတြေနဲ့ဆိုတော့လေ။ အခု ဟိုတယ်ျပန်ရောက်ပြီးတော့မွ facebook ဖြင့်လိုက္တဲ့အခါက်တော့မွ သတင်းတက္လာတာကို က်မလည်း အခုမွသိရတာပါ။

မေး။ ။ အဲတော့ ဘယ်သူက ဖမ်းသြားတာလဲ။

ေ်ဖ။ ။ဟုတၠဲ့။ ဒီမွာ က်မ မိတ်ဆြေတြက က်မကို လွမ်းပြီးတော့ အေကြာင်းကြားထားတာပေါ့နော်။ အေကြာင်းကြားထားတာကေတာ့ ညေန ၆:၄၅ လောက္က လွိုင်မြို့နယ် ရဲစခန်းက ၄ ယောက္နဲ့ က်မတို့ရပ္ကြက္ထဲက ရရက ၁ ဦးပေါ့နော်၊ စုစုပေါင်း ၅ ယောက္က လာပြီးတော့။ အိမ္မွာလည်း ဟိုရွာဒီရွာလုပ္တယ်ပေါ့နော်။ ကြန်ျပူတာနဲ့ ဖုန်းကိုလည်း သိမ်းသြားပါတယ္တဲ့။ ၇:၄၀ လောက္က ခေါ်သြားတယ္လို့ အဲလို က်မကို လွမ်းအေကြာင်းကြားထားပါတယ်ရွင့်။

မေး။ ။က်န္တောို့သိရတာကေတာ့ ဒီ facebook မွာ အခုတေလာတင္ထားတဲ့ ဒီ post တခုအတြက် အဖမ်းခံရတယ္လို့ ကြားပါတယ်။ အဲတာဟုတ္ပါသလား။ သူတို့ဘက္က ဘယ္လို ကြောင်ျးပခ်က္နဲ့ဖမ်းသြားတာလဲ။

ေ်ဖ။ ။က်မ မိတ်ဆြေတြက လွမ်းပြီးတော့ ပို့တာကေတာ့ အဲဒီမွာ သူတို့ကေနပြီးတော့ A4 နဲ့ စာရြက် print တခုထုတ္လာတယ္တဲ့ ။ အဲဒီဟာကျိုပပြီးတော့မွ ဖမ်းဝရမ်းတြေလည်း မပါဘူးလို့ျေပာပါတယ်ရွင့်။ အဲလိုနဲ့ ဒီ facebook ဟာကို share ထားတဲ့အတြက်ကြောင့်ဆိုပြီးတော့မွာ အဲဒီ A4 နဲ့ print ထုတ္ထားတဲ့ ဟာကျိုပပြီးတော့မွ ခေါ်သြားတယ္လို့ က်မကို လွမ်းအေကြာင်းကြားထားပါတယ်။

မေး။ ။ခေါ်သြားတယ္ဆိုတော့ ဘယ္ကို ခေါ်သြားသလဲဆိုတာကောသိလား။

ေ်ဖ။ ။လှိုင်ရဲစခန်းကိုပါရွင့်။ က်မ မိတ်ဆြေတြက စခန်းကို လိုက်ြသားတယ်ရွင့်။ ဒါပေမယ့် စခန်းထဲကို အ၀င္မခံဘူးလို့ သိရပါတယ်ရွင့်။

မေး။ ။သူတို့ဘက္က ဘာအမှုနဲ့ ဖမ်းတယ္လို့ျေပာသေးသလဲ။

ေ်ဖ။ ။ လောလောဆယ်တော့ က်မလည်း အေသးစိတ်တော့ မသိရေသးဘူးရွင့်။ က်မလည်း အဲဒါကြောင့် တော်တော်လေးကို စိတ္ပူနေတယ်ရွင့်။ အိမ္မွာလည်း ကေလး ၃ ယောက္နဲ့ သူ့အမကလည်း လျေဖတ္ထားတာလေ။ က်မတို့နဲ့ အတူတူနေတယ်။ ဟိုတေလာကပဲ တော်တော်နေမေကာင်းလို့ ဆေးခန်ျးပေနရတာပေါ့။ ဘာမွအေကြာင်းအရာ ရွင်းရွင်းလင်းလင်းမသိရပါဘူး။ က်မ မိတ်ဆြေတြကလည်း က်မ စိတ္ပူမွာစိုးလိျု့ဖစ္ပါလိမ့်မယ်။ သူတို့သိရသေလာက် အေကြာင်းအရာတြေကို က်မကို message ပို့ထားပါတယ်။ က်မလည်း သေသခ်ာခ်ာ အတိအက် မသိရေသးပါဘူး။

ပက္ထရစ္ကြမ္ဂ်ာလီကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ်ရဲစခန်းကို ဆက်ြသယ်မေျးမန်းခဲ့ပေမယ့် ဆက်ြသယ္လို့မရခဲ့ပါဘူးခင္ဗ်ာ။

ကိုရန်နိုင် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment