Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

“စင္ကာပူတြင္ ဒီခ်ဳပ္အလံေဝသူမ်ားကို ရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆး”





စင္ကာပူေရာက္ျမန္မာမ်ားအား NLDအလံႏွင္႔ စတစ္ကာမ်ား အခမဲ႔ ေပးေဝသူ ေလးဦးကို စင္ကာပူရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆး၍ ဝန္ခံကတိထိုးခိုင္းၿပီး ျပန္လႊတ္ေပးလိုက္ေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ၁၈ရက္ ေန႔လယ္ပိုင္းတြင္ Peninsula Plaza ေရွ႕၌ NLDအလံႏွင္႔စတစ္ကာမ်ား အခမဲ့ေပးေဝသူ ေလးဦးကို စင္ကာပူရဲတပ္ဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ယေန႔(ေအာက္တိုဘာ၁၉)နံနက္ ၃နာရီအထိ စစ္ေဆး၍ ထပ္မံျပဳလုပ္ျခင္းမရွိေစရန္ ဝန္ခံကတိထိုးခိုင္းၿပီး ျပန္လႊတ္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း ဖမ္းဆီးစစ္ေဆးခံရသူတစ္ဦးျဖစ္သူ မအိမ္႔သဥၨာထြန္းက ေျပာသည္။

"သူတို႔ႏိုင္ငံေရးနဲ႔ေတာ႔ မဆိုင္ေတာ႔ဘူးလို႔ ေျပာပါတယ္။ဒါေပမယ္႔ လူေတြက စုေဝးေနေတာ႔ သူတို႔လည္း လန္႔တာေပါ႔။ ေနာက္ၿပီး ဒါလုပ္တာဆိုရင္ ႀကိဳတင္ခြင္႔ျပဳခ်က္ေတာင္းရတယ္ေပါ႔။အဲဒါေၾကာင္႔ ေခၚၿပီးစစ္ေဆးတာလို႔ ေျပာပါတယ္"ဟု မအိမ္႔သဥၨာထြန္းက ေျပာသည္။

စင္ကာပူေရာက္ျမန္မာမ်ားအတြက္ ယေန႔သည္ ငါးရက္ေျမာက္ မဲေပးသည့္ေန႔ျဖစ္ၿပီး လူဦးေရ ၂၀၀၀ ခန္႔ မဲေပးရန္ တန္းစီေနေၾကာင္း သတင္းရရွိသည္။




..........................................................................................




“စင်ကာပူတွင် ဒီချုပ်အလံဝေသူများကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး”

စင်ကာပူရောက်မြန်မာများအား NLDအလံနှင့် စတစ်ကာများ အခမဲ့ ပေးဝေသူ လေးဦးကို စင်ကာပူရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး၍ ဝန်ခံကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ၁၈ရက် နေ့လယ်ပိုင်းတွင် Peninsula Plaza ရှေ့၌ NLDအလံနှင့်စတစ်ကာများ အခမဲ့ပေးဝေသူ လေးဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့(အောက်တိုဘာ၁၉)နံနက် ၃နာရီအထိ စစ်ဆေး၍ ထပ်မံပြုလုပ်ခြင်းမရှိစေရန် ဝန်ခံကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဖမ်းဆီးစစ်ဆေးခံရသူတစ်ဦးဖြစ်သူ မအိမ့်သဥ္ဇာထွန်းက ပြောသည်။

"သူတို့နိုင်ငံရေးနဲ့တော့ မဆိုင်တော့ဘူးလို့ ပြောပါတယ်။ဒါပေမယ့် လူတွေက စုဝေးနေတော့ သူတို့လည်း လန့်တာပေါ့။ နောက်ပြီး ဒါလုပ်တာဆိုရင် ကြိုတင်ခွင့်ပြုချက်တောင်းရတယ်ပေါ့။အဲဒါကြောင့် ခေါ်ပြီးစစ်ဆေးတာလို့ ပြောပါတယ်"ဟု မအိမ့်သဥ္ဇာထွန်းက ပြောသည်။

စင်ကာပူရောက်မြန်မာများအတွက် ယနေ့သည် ငါးရက်မြောက် မဲပေးသည့်နေ့ဖြစ်ပြီး လူဦးရေ ၂၀၀၀ ခန့် မဲပေးရန် တန်းစီနေကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment