Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

အစိုးရဝန္ႀကီး ဥေပဒေဖာက္ဖ်က္ မဲဆြယ္တယ္လို႔ စြပ္စြဲခံရ

မဲဆနၵေတြ ကို လာဘ္ေပး သလို မ်ိုး ညွိနွိုင္းျပီး ရယူ ဖို့ ျကိုးစား တာဟာ ေရြးေကာက္ပြဲ ဥပေဒ ပုဒ္မ ၅၈ (က) နဲ့ ျငိစြန္း ျပီး ရဲ အေရး ပိုင္တဲ့ အမႈ ျဖစ္တယ္။ 
လက္ရွိ ဗဟို အစိုးရ အဖြဲ႕ဝင္ ဝန္ႀကီးတစ္ဦး ဟာ သူ႕ရဲ႕ ရာထူး ေနရာ နဲ႔ လုပ္ပိုင္ ခြင့္ ကို အသုံးျပဳ ၿပီး လာမယ့္ ေ႐ြးေကာက္ပြဲ အတြက္ မဲဆြယ္ ေနလို႔ ဆိုကာ ၿပိဳင္ဘက္ အတိုက္အခံ ပါတီ လႊတ္ေတာ္ အမတ္ ကေန ရဲ စခန္းမွာ အမႈ ဖြင့္ လိုက္ ပါတယ္။

လၽွပ္စစ္ ဝန္ႀကီးဌာန ရဲ႕ ျပည္ေထာင္စု အဆင့္ ဝန္ႀကီး ဦးခင္ေမာင္စိုး ဟာ ႏိုဝင္ဘာ မွာ က်င္းပဖို႔ စီစဥ္ ထားတဲ့ ေ႐ြးေကာက္ပြဲ မွာ သူဝင္ ၿပိဳင္ မယ့္ ရန္ကုန္တိုင္း လွည္းကူး ၿမိဳ႕နယ္ ထဲ သူ႕ကို မဲေပးရင္ လၽွပ္စစ္ ဓာတ္တိုင္ေတြ ေထာင္ေပးမယ္၊ မီးလင္း ရေစမယ္ ဆိုၿပီး မဲဆြယ္ စည္း႐ုံး ေနတယ္ လို႔ အတိုက္အခံ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ က လက္ရွိ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးၿဖိဳးမင္းသိန္း က စြပ္စြဲ ေနတာ ျဖစ္ပါတယ္။

မဲဆႏၵေတြ ကို လာဘ္ေပး သလို မ်ိဳး ၫွိႏႈိင္းၿပီး ရယူ ဖို႔ ႀကိဳးစား တာဟာ ေ႐ြးေကာက္ပြဲ ဥပေဒ ပုဒ္မ ၅၈ (က) နဲ႔ ၿငိစြန္း ၿပီး ရဲ အေရး ပိုင္တဲ့ အမႈ ျဖစ္တယ္ လို႔ ဦးၿဖိဳးမင္းသိန္း က ဘီဘီစီ ကို ေျပာပါတယ္။

ဒါ့ေၾကာင့္ ဝန္ႀကီး ဦးခင္ေမာင္စိုး အပါအဝင္ အာဏာရ ႀကံခိုင္ေရး နဲ႔ ဖြံ႕ၿဖိဳးေရး ပါတီဝင္ ၇ ဦး ကို လွည္းကူးၿမိဳ႕မ ရဲစခန္း မွာ အမႈ ဖြင့္ ထားတယ္ ဆိုၿပီး ဦးၿဖိဳးမင္းသိန္း က ေျပာပါတယ္။

လွည္းကူး ၿမိဳ႕နယ္ ထဲမွာ ေ႐ြးေကာက္ပြဲ ဝင္ ၾကမယ့္ တျခား ပါတီငယ္ တခ်ိဳ႕ ရွိေပမယ့္ အဓိက မဲဆြယ္ စည္း႐ုံးမႈ ေတြ ျပဳလုပ္ ေနၾကတာ ကေတာ့ အာဏာရ ပါတီ နဲ႔ NLD တို႔ ပဲ ျဖစ္ၿပီး အခုလို စြပ္စြဲ တိုင္ၾကား မႈ ေတြ ေပၚေပါက္ လာတာ ျဖစ္ပါတယ္။

RFA Burmese
http://www.bbc.com/burmese
...................................

မဲဆန္ဒတွေ ကို လာဘ်ပေး သလို မျိုး ညှိနှိုင်းပြီး ရယူ ဖို့ ကြိုးစား တာဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (က) နဲ့ ငြိစွန်း ပြီး ရဲ အရေး ပိုင်တဲ့ အမှု ဖြစ်တယ်။
လက်ရှိ ဗဟို အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဟာ သူ့ရဲ့ ရာထူး နေရာ နဲ့ လုပ်ပိုင် ခွင့် ကို အသုံးပြု ပြီး လာမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ် နေလို့ ဆိုကာ ပြိုင်ဘက် အတိုက်အခံ ပါတီ လွှတ်တော် အမတ် ကနေ ရဲ စခန်းမှာ အမှု ဖွင့် လိုက် ပါတယ်။

လျှပ်စစ် ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီး ဦးခင်မောင်စိုး ဟာ နိုဝင်ဘာ မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ရွေးကောက်ပွဲ မှာ သူဝင် ပြိုင် မယ့် ရန်ကုန်တိုင်း လှည်းကူး မြို့နယ် ထဲ သူ့ကို မဲပေးရင် လျှပ်စစ် ဓာတ်တိုင်တွေ ထောင်ပေးမယ်၊ မီးလင်း ရစေမယ် ဆိုပြီး မဲဆွယ် စည်းရုံး နေတယ် လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က စွပ်စွဲ နေတာ ဖြစ်ပါတယ်။

မဲဆန္ဒတွေ ကို လာဘ်ပေး သလို မျိုး ညှိနှိုင်းပြီး ရယူ ဖို့ ကြိုးစား တာဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (က) နဲ့ ငြိစွန်း ပြီး ရဲ အရေး ပိုင်တဲ့ အမှု ဖြစ်တယ် လို့ ဦးဖြိုးမင်းသိန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် ဝန်ကြီး ဦးခင်မောင်စိုး အပါအဝင် အာဏာရ ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီဝင် ရ ဦး ကို လှည်းကူးမြို့မ ရဲစခန်း မှာ အမှု ဖွင့် ထားတယ် ဆိုပြီး ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

လှည်းကူး မြို့နယ် ထဲမှာ ရွေးကောက်ပွဲ ဝင် ကြမယ့် တခြား ပါတီငယ် တချို့ ရှိပေမယ့် အဓိက မဲဆွယ် စည်းရုံးမှု တွေ ပြုလုပ် နေကြတာ ကတော့ အာဏာရ ပါတီ နဲ့ NLD တို့ ပဲ ဖြစ်ပြီး အခုလို စွပ်စွဲ တိုင်ကြား မှု တွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

RFA Burmese
http://www.bbc.com/burmese

No comments:

Post a Comment