Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

အစာငတ္ခံ ဆႏၵျပသည့္ ကိုေအာင္မိႈင္းဆန္း က်န္းမာေရးအတြက္ ဗ.က.သ.မ်ားအဖြဲ႔ ခ်ဳပ္ စုိးရိမ္


 ႏုိင္ငံေရး အက်ဥ္းသားမ်ား လႊတ္ေပးေရးအတြက္ သာယာဝတီ အက်ဥ္းေထာင္ အ
တြင္း ေအာက္တုိဘာလ ၂၃ ရက္မွ စတင္ကာ ရက္အကန္႔အသတ္မရိွ အစာငတ္ခံ
ဆႏၵျပေနသည့္ ကိုေအာင္မိႈင္းဆန္း၏ က်န္မာေရးအတြက္ ဗ.က.သ.မ်ားအဖြဲ႔ခ်ဳပ္က
စိုးရိမ္လ်က္ရွိေၾကာင္း သိရွိရသည္။

ျမန္မာႏိုင္ငံ အႏွံ႔အျပားရွိ အက်ဥ္းေထာင္မ်ားတြင္ ဖမ္းဆီးထားသည့္ ႏုိင္ငံေရး အ
က်ဥ္းသားမ်ားႏွင့္ ႏုိင္ငံေရး အက်ဥ္းသားျဖစ္မည့္ ပုဒ္မမ်ားျဖင့္ တရားစြဲဆို ခံထားရ
သူမ်ားအား ေအာက္တိုဘာ ၁၅ ရက္ ေနာက္ဆံုးထား လႊတ္ေပးရန္ ကိုေအာင္မိႈင္း
ဆန္းက သမၼတဦးသိန္းစိန္ထံသို႔ စက္တင္ဘာလ ၃၀ ရက္က အိတ္ဖြင့္စာ ေပးပို႔
ေတာင္းဆိုခဲ့ေသာ္လည္း လႊတ္မေပးျခင္းေၾကာင့္ အစာငတ္ခံ ဆႏၵျပရျခင္းျဖစ္
ေၾကာင္း ကိုေအာင္မိႈင္းဆန္းက ေအာက္တိုဘာလ ၂၀ ရက္ ႐ံုးထုတ္တြင္ ေျပာၾကား
ထားသည္။

“ကၽြန္ေတာ့္အေနနဲ႔ ကိုေအာင္မိႈင္းဆန္း က်န္းမားေရးကို စိတ္ပူပါတယ္။ က်န္းမာေရး
ကလည္း ရာႏႈန္း ျပည့္ေကာင္းတာ မဟုတ္ဘူး၊ အသက္အႏၱရာယ္ကအစ အျခားဒဏ္
ရာ ဒဏ္ခ်က္ေတြ ရရွိလာမွာကို စိုးရိမ္တယ္၊ ေနာက္ၿပီးေတာ့ ရန္သူက ဘယ္ေတာ့မွ
ညင္ညင္သာသာ ကိုင္တြယ္မွာ မဟုတ္ဘူး ” ဟု ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသား
သမဂၢမ်ား အဖြဲ႔ခ်ဳပ္ ဗဟုိလုပ္ငန္းေကာ္မတီ ဥကၠ႒ ကိုေက်ာ္ကိုကိုက ေျပာသည္။

ကိုေအာင္မႈိင္းဆန္း၏ တစ္ကိုယ္ေတာ္ အစာငတ္ခံ ဆႏၵထုတ္ေဖာ္မႈကို ႏုိင္ငံေရး အ
က်ဥ္းသားေဟာင္းမ်ား၊ ဗ.က.သ အဖြဲ႔ဝင္မ်ားက လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္
ဝန္းရံသြားရန္ ေအာက္တိုဘာ ၂၃ ရက္က တိုက္တြန္း ႏိႈးေဆာ္ထားေၾကာင္း သိရ
သည္။

ထို႔ျပင္ သာယာဝတီ အက်ဥ္းေထာင္တြင္း ဖမ္းဆီးခံထားရသည့္ ေက်ာင္းသားႏွင့္
ဝန္းရံျပည္သူမ်ား ကလည္း ကိုေအာင္မိႈင္းဆန္းကို ေထာင္အတြင္း၌ ဝန္းရံသြားမည္
ျဖစ္ေၾကာင္း ေအာက္တိုဘာ ၂၀ ရက္ ႐ံုးထုတ္တြင္ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္း
သားသမဂၢမ်ား အဖြဲ႔ခ်ဳပ္မွ ကိုနႏၵာစစ္ေအာင္က ေျပာၾကားထားသည္။

အစာငတ္ခံ ဆႏၵျပေနသည့္ ကိုေအာင္မိႈင္းဆန္းအား ဂုဏ္ျပဳေသာအားျဖင့္ ေအာက္
တုိဘာ ၂၃ ရက္တြင္ ပဲခူးၿမိဳ႕မွ တက္ၾကြလႈပ္ရွားသူ ကိုႏုိင္ႏုိင္ေအာင္သည္ ပဲခူးၿမိဳ႕မွ
သာယာဝတီ အက်ဥ္းေထာင္ေရွ႕သုိ႔ ခ်ီတက္ လမ္းေလွ်ာက္ေနေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံအတြင္းရွိ အက်ဥ္းေထာင္မ်ားတြင္ စက္တင္ဘာလ လကုန္စာရင္းခ်ဳပ္အရ
ႏိုင္ငံေရး အက်ဥ္းသား ၉၆ ဦး အက်ဥ္းက်ခံေနရၿပီး၊ ႏုိင္ငံေရးတက္ၾကြ လႈပ္ရွားမႈ
ေၾကာင့္ တရားရင္ဆုိင္ ေနရသူ ၄၄၆ ဦး ရိွေနေၾကာင္း ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူ
ညီေစာင့္ေရွာက္ေရး အသင္း (ျမန္မာႏုိင္ငံ) မွ သိရသည္။

သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
.........................

 နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် သာယာဝတီ အကျဉ်းထောင် အ
တွင်း အောက်တိုဘာလ ၂၃ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ အစာငတ်ခံ
ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ ကျန်မာရေးအတွက် ဗ.က.သ.များအဖွဲ့ချုပ်က
စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထားသည့် နိုင်ငံရေး အ
ကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဖြစ်မည့် ပုဒ်မများဖြင့် တရားစွဲဆို ခံထားရ
သူများအား အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား လွှတ်ပေးရန် ကိုအောင်မှိုင်း
ဆန်းက သမ္မတဦးသိန်းစိန်ထံသို့ စက်တင်ဘာလ ၃၀ ရက်က အိတ်ဖွင့်စာ ပေးပို့
တောင်းဆိုခဲ့သော်လည်း လွှတ်မပေးခြင်းကြောင့် အစာငတ်ခံ ဆန္ဒပြရခြင်းဖြစ်
ကြောင်း ကိုအောင်မှိုင်းဆန်းက အောက်တိုဘာလ ၂၀ ရက် ရုံးထုတ်တွင် ပြောကြား
ထားသည်။

“ကျွန်တော့်အနေနဲ့ ကိုအောင်မှိုင်းဆန်း ကျန်းမားရေးကို စိတ်ပူပါတယ်။ ကျန်းမာရေး
ကလည်း ရာနှုန်း ပြည့်ကောင်းတာ မဟုတ်ဘူး၊ အသက်အန္တရာယ်ကအစ အခြားဒဏ်
ရာ ဒဏ်ချက်တွေ ရရှိလာမှာကို စိုးရိမ်တယ်၊ နောက်ပြီးတော့ ရန်သူက ဘယ်တော့မှ
ညင်ညင်သာသာ ကိုင်တွယ်မှာ မဟုတ်ဘူး ” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောသည်။

ကိုအောင်မှိုင်းဆန်း၏ တစ်ကိုယ်တော် အစာငတ်ခံ ဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေး အ
ကျဉ်းသားဟောင်းများ၊ ဗ.က.သ အဖွဲ့ဝင်များက လူမှုကွန်ရက် စာမျက်နှာများတွင်
ဝန်းရံသွားရန် အောက်တိုဘာ ၂၃ ရက်က တိုက်တွန်း နှိုးဆော်ထားကြောင်း သိရ
သည်။

ထို့ပြင် သာယာဝတီ အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့်
ဝန်းရံပြည်သူများ ကလည်း ကိုအောင်မှိုင်းဆန်းကို ထောင်အတွင်း၌ ဝန်းရံသွားမည်
ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက် ရုံးထုတ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း
သားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုနန္ဒာစစ်အောင်က ပြောကြားထားသည်။

အစာငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်းအား ဂုဏ်ပြုသောအားဖြင့် အောက်
တိုဘာ ၂၃ ရက်တွင် ပဲခူးမြို့မှ တက်ကြွလှုပ်ရှားသူ ကိုနိုင်နိုင်အောင်သည် ပဲခူးမြို့မှ
သာယာဝတီ အကျဉ်းထောင်ရှေ့သို့ ချီတက် လမ်းလျှောက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် စက်တင်ဘာလ လကုန်စာရင်းချုပ်အရ
နိုင်ငံရေး အကျဉ်းသား ၉၆ ဦး အကျဉ်းကျခံနေရပြီး၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားမှု
ကြောင့် တရားရင်ဆိုင် နေရသူ ၄၄၆ ဦး ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူ
ညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment