Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

အၿငိမ္းစားဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊက ေရြးေကာက္ပြဲကာလ တည္ၿငိမ္ေအးခ်မ္းမႈ မရွိမည္ကို စိုးရိမ္ေနဟု ဦးေဌးဦး ေျပာ

အၿငိမ္းစားဗိုလ္ခ်ဳပ္ မွဴးႀကီးသန္းေရႊက ေရြးေကာက္ ပြဲကာလ တည္ၿငိမ္ေအးခ်မ္းမႈ မရွိ မည္ကို စိုးရိမ္ေနေၾကာင္း ျပည္ခိုင္ ၿဖိဳးပါတီ ဒုဥကၠ႒ႏွင့္ ပူးတြဲဥကၠ႒ တာ၀န္ယူထားသူ ဦးေဌးဦးက ေျပာသည္။

ေရြးေကာက္ပြဲ ကာလႏွင့္ ပတ္သက္၍ အၿငိမ္းစားဗိုလ္ ခ်ဳပ္မွဴးႀကီးသန္းေရႊ၏ သေဘာ ထားကို ၎ႏွင့္နီးစပ္သူ ျပည္ ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒ ဦးေဌးဦးအား 7Day Daily က သီးသန္႔ေတြ႕ ဆံုေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

‘‘တည္ၿငိမ္ေအးခ်မ္းမႈမရွိမွာ ကိုသူစိုးရိမ္တယ္။ စည္းလံုးညီၫြတ္မႈမရွိမွာ သူစိုးရိမ္တယ္။ စည္းလံုးညီၫြတ္မႈမရွိရင္ တိုင္း ျပည္ထူေထာင္လို႔မရဘူး။ တည္ၿငိမ္အးခ်မ္းမႈမရွိရင္လည္း တိုင္း ျပည္ထူေထာင္လို႔မရဘူး။ ဒါ ေၾကာင့္ တည္ၿငိမ္ေအးခ်မ္းမႈမရွိ မွာကို သူစိုးရိမ္တာျဖစ္မယ္။ ကြၽန္ ေတာ္တို႔လည္း ဒါကိုစိုးရိမ္တာပါ ပဲ’’ဟု ဦးေဌးဦးက ေျပာသည္။

ဦးေဌးဦး အပါအ၀င္ ႏိုင္ငံ ေတာ္ထိပ္ပိုင္းေခါင္းေဆာင္မ်ား က အခါႀကီးရက္ႀကီးမ်ားတြင္ သြားကန္ေတာ့ေလ့ရွိေသာ္လည္း ဗိုလ္ ခ်ဳပ္မွဴးႀကီး (ၿငိမ္း)သည္ ႏိုင္ငံအုပ္ ခ်ဳပ္မႈ ေရးရာမ်ား၌ ပါ၀င္ျခင္း မရွိေတာ့ေၾကာင္း ၎က ေျပာ သည္။ ‘‘အခါအားေလ်ာ္စြာလည္း သြားေတြ႕ပါတယ္။ ဟိုဟာလုပ္ လိုက္ပါလား၊ ဒီဟာလုပ္လိုက္ပါ လားဆိုတာမ်ဳိးေျပာတာလံုး၀မရွိ ပါဘူး’’ဟု ဦးေဌးဦးက ေျပာသည္။ဗိုလ္ခ်ဳပ္မွဴးႀကီး (ၿငိမ္း)သည္ ဘာ သာေရးလုပ္ငန္းမ်ားႏွင့္ အခ်ိန္ ကုန္ဆံုးေနေၾကာင္း ဦးေဌးဦးက ဆက္လက္ေျပာၾကားသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္မွဴးႀကီး (ၿငိမ္း)သည္ ေဗဒင္ပညာမ်ားကို ေလ့လာလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး (ၿငိမ္း)၏ အဘိဓမၼာတရားနည္းျပ ဦးအံ့ေမာင္ (သမၼတ႐ုံးအႀကံေပး- ၁)၏ ေျပာၾကားခ်က္ကို ယခုတစ္ ပတ္ထုတ္ ျမန္မာသံေတာ္ဆင့္ အပတ္စဥ္ သတင္းတြင္ ေဖာ္ျပခဲ့သည္။

သို႔ေသာ္ ဗိုလ္ခ်ဳပ္မွဴးႀကီး (ၿငိမ္း)သည္ လူျမင္ကြင္းသို႔ ထြက္ ေပၚလာျခင္းမရွိသည္မွာ ႏွစ္အ တန္ၾကာရွိၿပီျဖစ္ၿပီး လြန္ခဲ့ေသာ လပိုင္းက လူမႈကြန္ရက္စာမ်က္ ႏွာေပၚတြင္ ေျမးမေလးႏွင့္ အိုင္ ပက္အသံုးျပဳသည့္ ဓာတ္ပံုထြက္ေပၚလာေသာ္လည္း မည္သည့္ကာလက ဓာတ္ပံုမွန္းအတည္မျပဳႏိုင္ေခ်။

7day daily
..............................................
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲကာလ တည်ငြိမ်အေးချမ်းမှု မရှိမည်ကို စိုးရိမ်နေဟု ဦးဌေးဦး ပြော

အငြိမ်းစားဗိုလ်ချုပ် မှူးကြီးသန်းရွှေက ရွေးကောက် ပွဲကာလ တည်ငြိမ်အေးချမ်းမှု မရှိ မည်ကို စိုးရိမ်နေကြောင်း ပြည်ခိုင် ဖြိုးပါတီ ဒုဥက္ကဋ္ဌနှင့် ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးဌေးဦးက ပြောသည်။

ရွေးကောက်ပွဲ ကာလနှင့် ပတ်သက်၍ အငြိမ်းစားဗိုလ် ချုပ်မှူးကြီးသန်းရွှေ၏ သဘော ထားကို ၎င်းနှင့်နီးစပ်သူ ပြည် ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးအား 7Day Daily က သီးသန့်တွေ့ ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘တည်ငြိမ်အေးချမ်းမှုမရှိမှာ ကိုသူစိုးရိမ်တယ်။ စည်းလုံးညီညွတ်မှုမရှိမှာ သူစိုးရိမ်တယ်။ စည်းလုံးညီညွတ်မှုမရှိရင် တိုင်း ပြည်ထူထောင်လို့မရဘူး။ တည်ငြိမ်အးချမ်းမှုမရှိရင်လည်း တိုင်း ပြည်ထူထောင်လို့မရဘူး။ ဒါ ကြောင့် တည်ငြိမ်အေးချမ်းမှုမရှိ မှာကို သူစိုးရိမ်တာဖြစ်မယ်။ ကျွန် တော်တို့လည်း ဒါကိုစိုးရိမ်တာပါ ပဲ’’ဟု ဦးဌေးဦးက ပြောသည်။

ဦးဌေးဦး အပါအဝင် နိုင်ငံ တော်ထိပ်ပိုင်းခေါင်းဆောင်များ က အခါကြီးရက်ကြီးများတွင် သွားကန်တော့လေ့ရှိသော်လည်း ဗိုလ် ချုပ်မှူးကြီး (ငြိမ်း)သည် နိုင်ငံအုပ် ချုပ်မှု ရေးရာများ၌ ပါ၀င်ခြင်း မရှိတော့ကြောင်း ၎င်းက ပြော သည်။ ‘‘အခါအားလျော်စွာလည်း သွားတွေ့ပါတယ်။ ဟိုဟာလုပ် လိုက်ပါလား၊ ဒီဟာလုပ်လိုက်ပါ လားဆိုတာမျိုးပြောတာလုံးဝမရှိ ပါဘူး’’ဟု ဦးဌေးဦးက ပြောသည်။ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)သည် ဘာ သာရေးလုပ်ငန်းများနှင့် အချိန် ကုန်ဆုံးနေကြောင်း ဦးဌေးဦးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)သည် ဗေဒင်ပညာများကို လေ့လာလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)၏ အဘိဓမ္မာတရားနည်းပြ ဦးအံ့မောင် (သမ္မတရုံးအကြံပေး- ၁)၏ ပြောကြားချက်ကို ယခုတစ် ပတ်ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းတွင် ဖော်ပြခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)သည် လူမြင်ကွင်းသို့ ထွက် ပေါ်လာခြင်းမရှိသည်မှာ နှစ်အ တန်ကြာရှိပြီဖြစ်ပြီး လွန်ခဲ့သော လပိုင်းက လူမှုကွန်ရက်စာမျက် နှာပေါ်တွင် မြေးမလေးနှင့် အိုင် ပက်အသုံးပြုသည့် ဓာတ်ပုံထွက်ပေါ်လာသော်လည်း မည်သည့်ကာလက ဓာတ်ပုံမှန်းအတည်မပြုနိုင်ချေ။

7day daily

No comments:

Post a Comment