Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

ဆိုကၠားမ်ားစီတန္း၍ ဒီခ်ဳပ္အတြက္ မဲဆြယ္စည္းရံုးသူ လူေလးဦးအား အမွဳ ဖြင္႔အေရးယူ


မံုရြာေတာင္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္း၊ စြယ္ေတာ္တည္းခိုခန္းေရွ႕အနီး၌ ေအာက္တိုဘာ ၁၀ ရက္မနက္ ၈ နာရီအခ်ိန္က ဆိုကၠားမ်ားစီတန္းစီးနင္း၍ ဒီခ်ဳပ္အတြက္ မဲဆြယ္စည္းရံုးခဲ႔သူ လူေလးဦးအား မံုရြာျမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး စိန္မင္းက ယခုလ ၁၁ ရက္ေန႔ ညေန ၄ နာရီ ၄၅ မိနစ္အခ်ိန္က မံုရြာျမိဳ႕မရဲစခန္းတြင္ ျငိမ္းခ်မ္းစြာစုေ၀းခြင္႔ ျငိမ္းခ်မ္းစြာစီတန္းခြင္႔ ဥပေဒပုဒ္မ ၁၈ အရ အမႈဖြင္႔အေရးယူလိုက္ျပီးျဖစ္ေၾကာင္း ၎ရဲစခန္းမွ သိရသည္။
အဆိုပါ ရဲစခန္း၏ ပထမသတင္းေပးတိုင္တန္းခ်က္ အမွတ္ (ပ) ၅၁၈/ ၂၀၁၅ ျငိမ္းခ်မ္းစြာစုေ၀းခြင္႔ ျငိမ္းခ်မ္းစြာစီတန္းခြင္႔ ဥပေဒပုဒ္မ ၁၈ အရ ကိုေအာင္ေနမ်ိဳး အလြတ္တန္းသတင္းေထာက္ ၊ ကိုေနသီဟ(ေခၚ) ကိုမွတ္ၾကီး၊ မံုရြာျမိဳ႕နယ္ သတင္းႏွင္႔ျပန္ၾကားေရး တာ၀န္ခံ၊ ကိုမ်ိဳးသီဟ မံုရြာခရိုင္ ဗကသ ဥကၠဌ ႏွင္႔ ကိုကြန္႔ေက်ာ္ မံုရြာတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ ဒု ဥကၠဌ ဆိုသူ ေလးဦးတို႔အေပၚ အေရးယူေပးရန္ အမႈဖြင္႔တိုင္းတန္းထားျခင္းျဖစ္ေၾကာင္း ရဲစခန္း၏ မႈခင္းမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။
ထိုသို႔ အမႈဖြင္႔တိုင္တန္းရျခင္းမွာ မံုရြာျမိဳ႕နယ္ တရားဥပေဒစိုးမိုးေရးႏွင္႔ တည္ျငိမ္ေအးခ်မ္းေရး ေကာ္မတီ၏ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာ ၁၀ ရက္ေန႔က ျပဳလုပ္ေသာ အစည္းအေ၀း မွတ္စဥ္ ၂၉/ ၂၀၁၅ ဆံုးျဖတ္ခ်က္ အပိုဒ္(၄) အရ ခြင္႔ျပဳခ်က္ ေတာင္းခံရယူျခင္းမရွိဘဲ ေရြးေကာက္ပြဲဆို္င္ရာ စုေ၀းေဟာေျပာျခင္းႏွင္႔ မဲဆြယ္စည္းရံုးခြင္႔ ညႊန္ၾကားခ်က္ အမွတ္ ၁/၂၀၁၄ အား လို္က္နာျခင္း မရွိဘဲ စီတန္းလွည္႔ျခင္းကို ဦးေဆာင္ျပဳလုပ္ခဲ႔သည္႔အတြက္ မံုရြာျမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး စိန္မင္းက တရားလိုျပဳလုပ္၍ အမႈဖြင္႔တိုင္တန္းခဲ႔ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
အဆိုပါ ကိစၥရပ္မ်ားႏွင္႔ပတ္သက္၍ တိုင္တန္းခံရသူမ်ားထံ သီးျခား သတင္းအတည္ျပဳခ်က္မ်ားရရွိရန္အတြက္ ဆက္သြယ္ခဲ႔ေသာ္လည္း ယခုအခ်ိန္ထိ ဆက္သြယ္၍ မရရွိေသးေပ။

ကုိတုိး ခ်င္းတြင္း

...........................................................

ကိုတိုး ချင်းတွင်း

ဆိုက္ကားများစီတန်း၍ ဒီချုပ်အတွက် မဲဆွယ်စည်းရုံးသူ လူလေးဦးအား အဖွင့်အရေးယူ
=========
သတင်း + ကိုတိုးကြီး
မုံရွာ၊ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စွယ်တော်တည်းခိုခန်းရှေ့အနီး၌ အောက်တိုဘာ ၁၀ ရက်မနက် ၈ နာရီအချိန်က ဆိုက္ကားများစီတန်းစီးနင်း၍ ဒီချုပ်အတွက် မဲဆွယ်စည်းရုံးခဲ့သူ လူလေးဦးအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်းက ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က မုံရွာမြို့မရဲစခန်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာစီတန်းခွင့် ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူလိုက်ပြီးဖြစ်ကြောင်း ၎င်းရဲစခန်းမှ သိရသည်။
အဆိုပါ ရဲစခန်း၏ ပထမသတင်းပေးတိုင်တန်းချက် အမှတ် (ပ) ၅၁၈/ ၂၀၁၅ ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာစီတန်းခွင့် ဥပဒေပုဒ်မ ၁၈ အရ ကိုအောင်နေမျိုး အလွတ်တန်းသတင်းထောက် ၊ ကိုနေသီဟ(ခေါ်) ကိုမှတ်ကြီး၊ မုံရွာမြို့နယ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ၊ ကိုမျိုးသီဟ မုံရွာခရိုင် ဗကသ ဥက္ကဌ နှင့် ကိုကွန့်ကျော် မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒု ဥက္ကဌ ဆိုသူ လေးဦးတို့အပေါ် အရေးယူပေးရန် အမှုဖွင့်တိုင်းတန်းထားခြင်းဖြစ်ကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုသို့ အမှုဖွင့်တိုင်တန်းရခြင်းမှာ မုံရွာမြို့နယ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်သော အစည်းအဝေး မှတ်စဉ် ၂၉/ ၂၀၁၅ ဆုံးဖြတ်ချက် အပိုဒ်(၄) အရ ခွင့်ပြုချက် တောင်းခံရယူခြင်းမရှိဘဲ ရွေးကောက်ပွဲဆို်င်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် အမှတ် ၁/၂၀၁၄ အား လို်က်နာခြင်း မရှိဘဲ စီတန်းလှည့်ခြင်းကို ဦးဆောင်ပြုလုပ်ခဲ့သည့်အတွက် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်းက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်တန်းခံရသူများထံ သီးခြား သတင်းအတည်ပြုချက်များရရှိရန်အတွက် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပေ။

No comments:

Post a Comment