Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

ေထာင္ထားတဲ့ထီးျဖဴနဲ႔ ဘယ္သူဘုရင္လုပ္မလဲ

(တစ္)
ေရြးေကာက္ပြဲနီးသည့္ရက္မ်ားအတြင္းမွာမွ ပုဂံသို႔ခပ္စိပ္ စိပ္ကေလးဆိုသလို ေရာက္ျဖစ္ပါသည္။ ျမင္းၿခံသို႔အသြားတြင္လည္း ပုဂံကခရီးတစ္ေထာက္၊ ပခုကၠဴသို႔အသြားတြင္လည္း ပုဂံကခရီးတစ္ေထာက္၊ ခ်င္းေတာင္သို႔အသြားတြင္လည္း ပုဂံကခရီး တစ္ေထာက္မို႔ မူလပထမပုဂံႏွင့္ အကြၽမ္းတဝင္ရွိၿပီးသားတြင္ လက္ပြန္းတတီးက ထပ္ေဆာင္းကာ ေႏြးေႏြးေထြးေထြးရွိလို႔မဆံုးသည့္ရက္မ်ားပင္ ျဖစ္ပါေလသည္။

၂၀၁၅ ႏိုဝင္ဘာ ၈ ရက္၌က်င္းပမည့္ ေရြးေကာက္ပြဲအႀကိဳရက္မ်ားအတြင္း ပုဂံသို႔ေရာက္ေသာအခါ ဖ်တ္ခနဲအာ႐ံုေရာက္သြားမိသည္က ထီးလိုမင္းလိုဘုရားပဲျဖစ္ပါသည္။ ထီးလိုမင္းလိုဘုရင္က ေရြးေကာက္တင္ေျမႇာက္သည့္ နည္းမ်ဳိးျဖင့္ နန္းတက္လာသည္ ဟုဆိုၾကသည္မဟုတ္လား။

စာအုပ္စင္ေပၚ၌ ဆရာေတာ္‘‘ေရႊကိုင္းသား’’၏‘‘ပုဂံသြားမွတ္တမ္း’’စာအုပ္ကေလးရွိရာ ထုိစာအုပ္တစ္ေနရာတြင္ ဆရာေတာ္က ‘‘ပုဂံရာဇဝင္တြင္ ဒီမိုကေရစီနည္းက်ျဖင့္ မင္းအျဖစ္ကုိ ရရွိခဲ့ေသာ ထီးလိုမင္းလိုေခၚ ေဇယ်သိခၤနန္းေတာင္းမ်ားမင္း’’ ဟုထည့္သြင္းေရးသားထားခဲ့ဖူးသည္ကို အမွတ္ရမိ၍ျဖစ္ပါသည္။ ဒီမိုကေရစီနည္းက်ျဖင့္ မင္းအျဖစ္ကိုရရွိတဲ့။

(ႏွစ္)
မုတ္သံုေလႏွင့္ မုတ္သံုမိုးကို ရခိုင္႐ိုးမႀကီးက ဟန္႔တားထားလိုက္သျဖင့္ Rain Shadow ေခၚ မိုးရိပ္က်ကာ အပူပိုင္းေဒသျဖစ္ သြားရသည့္ တတၳေဒသေခၚေလာ ေလာပူရာအရပ္ပုဂံ၊ အဂၤလိပ္- ျမန္မာပထမ စစ္ပြဲ(၁၈၂၆)၏ ေနာက္ဆံုးတိုက္ပြဲကို ပုဂံအနီး၌ တိုက္ခိုက္ခဲ့ၾကရာ ဗိုလ္မွဴးႀကီး ဟက္ဗေလာ့က ‘‘ေျခာက္ေသြ႕ေသာအံ့ၾသမႈ’’ဟုမွတ္တမ္းတင္ခဲ့ေလေသာပုဂံ၊ ကႏၲရစစ္စစ္ႀကီး မဟုတ္သျဖင့္ Semi Desert ေခၚ တစ္ပိုင္းတစ္စ သဲကႏၲရဟုလည္း တင္စားၫႊန္းဆိုရေလသည့္ပုဂံ၊ ျမန္မာပန္းခ်ီေက်ာ္ ဆရာေမာင္ဒီက ‘‘နတ္ျပည္အပ်က္ႀကီး’’ဟု ထိထိမိမိသံုးခဲ့ေလသည့္ပုဂံ၊ ထုိ ပုဂံ ရွိ ဘုရားအဆူဆူတို႔အနက္ ထီးလိုမင္းလိုဘုရားကလည္း ထင္ရွားပါသည္။

အေနာ္ရထာမွစကာ ေစာလူး၊ က်န္စစ္သား၊ အေလာင္း စည္သူ၊ နရသူ၊ နရပတိစည္သူတို႔ ၏ေနာက္တြင္ ထီးလုိမင္းလိုပါလာပါသည္။

နရပတိစည္သူ၌ သားေတာ္ငါးပါးရွိပါသည္။ ေဇယ်သူရ၊ ရာဇသူရ၊ ဂဂၤသူရ၊ ပ်ံခ်ီႏွင့္အငယ္ ဆံုးသားထီးလိုမင္းလို။

ထီးလိုမင္းလိုက နာမည္မ်ားပါသည္။ ေဇယ်သိခၤတဲ့။ ဥဇနာ တဲ့။ နန္းေတာင္းမ်ားတဲ့။ နားေတာင္းမ်ားတဲ့။ ပါးစပ္ရာဇဝင္မ်ားထဲ၌ နန္းေတာ္ကို ခဏခဏေတာင္း သည့္အတြက္ နန္းေတာင္းမ်ားဟု တြင္ေၾကာင္းဆိုပါသည္။ ထုိ႔ျပင္နားေတာင္းေတြအမ်ားႀကီးရွိသူ ျဖစ္သျဖင့္ နားေတာင္းမ်ားဟုတြင္ေၾကာင္းလည္း ဆိုျပန္ပါသည္။

သူထီးနန္းရပံုက စိတ္ဝင္စားဖို႔ေကာင္းပါသည္။ ခမည္းေတာ္ နရပတိစည္သူက မိမိနတ္ရြာမစံမီ မိမိေနာက္ဆက္ခံမည့္ ဘုရင္ (သို႔ မဟုတ္) အစိုးရကိုစိတ္ခ်လက္ခ် တည္တည္ၿငိမ္ၿငိမ္ျဖင့္ က်န္ရစ္ခဲ့ေစခ်င္ပါသည္။ ထို႔ေၾကာင့္ မိမိရွိေနစဥ္မွာပင္လွ်င္ ေရြးေကာက္ တင္ေျမႇာက္ပြဲလုပ္ပါသည္။

သားေတာ္ငါးပါးကို ဝုိင္းပတ္ကာ ထုိင္ခုိင္းပါေလသတဲ့။ အလယ္တည့္တည့္တြင္ ထီးျဖဴကုိ စိုက္ထူကာ ေထာင္ထားပါေလသတဲ့။ အခ်ဳိ႕အလိုအရ ဘုရင္က ထီးျဖဴကိုထိန္းမတ္ကာကိုင္ထားပါေလသတဲ့။ သို႔ျဖင့္ ထီးျဖဴကို လႊတ္လိုက္ေလေသာအခါ အငယ္ ဆံုးသားေတာ္ျဖစ္သူ ထီးလိုမင္းလုိ၏ဘက္ဆီသို႔သာ ထီးျဖဴကယိုင္လဲ၍သြားပါေၾကာင္း (သို႔မဟုတ္) ၫႊတ္၍သြားပါေၾကာင္း စသည္ျဖင့္ ဦးကုလားရာဇဝင္၊ မွန္နန္း ရာဇဝင္တို႔ကေရးပါသည္။

ဤတြင္ပါးစပ္ရာဇဝင္ဆရာတို႔က ခမည္းေတာ္နရပတိစည္သူသည္ သားေတာ္အငယ္ဆံုးနန္းရသည္ကိုသာ အလိုရွိသျဖင့္ သားေတာ္ငယ္ဘက္သို႔ ထီးျဖဴယိုင္သြားရေလေအာင္ (သို႔မဟုတ္)ၫႊတ္သြားရေလေအာင္ ခပ္သာသာတြန္းလႊတ္လိုက္ျခင္းသာလွ်င္ ျဖစ္ေၾကာင္း ျဖည့္စြက္ဆိုမိန္႔ၾကပါေလသည္။

ထို႔ေၾကာင့္ ထီးကလည္း အလိုရွိေန မင္းႀကီးကလည္း အလိုရွိေနသူ သားေတာ္ငယ္ကေလး ဘုရင္ျဖစ္လာကာ ထီးလိုမင္းလိုမင္းဟူ၍ျဖစ္လာေၾကာင္း၊ သူတည္သည့္ဘုရားကိုလည္း ထီးလိုမင္းလိုဘုရားဟုဆိုေၾကာင္း အဆက္ဆက္ ဆိုခဲ့ၾကပါေလသည္။

ယင္းကိုရည္ရြယ္ကာ ဆရာေတာ္ေရႊကိုင္းသားက ‘‘ဒီမိုကေရ စီနည္းက်ျဖင့္ မင္းအျဖစ္ကိုရရွိခဲ့ေသာ ထီးလိုမင္းလို’’ဟုဆိုလိုက္ ျခင္းျဖစ္ပံုရပါသည္။

(သံုး)
အုပ္တစ္ခ်ပ္ခ်င္းဆီမွာ ရာဇဝင္ရွိတယ္။

ကဗ်ာဆရာစိုင္းဝင္းျမင့္၏ ‘‘ပုဂံ’’ကဗ်ာထဲက ေကာက္ႏုတ္ခ်က္စာသားအခ်ဳိ႕ပင္ျဖစ္ပါသည္။မွန္ပါသည္။ ပုဂံေဒသရွိ ဘုရားအဆူဆူတို႔၏ အုပ္တစ္ခ်ပ္ခ်င္းစီ၌ ရာဇဝင္အပိုင္းအစမ်ား၊ သမုိင္း အခ်ိတ္အဆက္မ်ားရွိႏိုင္ပါသည္။

ထီးလိုမင္းလိုဘုရားရွိ အုပ္ခ်ပ္မ်ားက ထီးလိုမင္းလိုဘုရင္၏ အေၾကာင္းကို မည္မွ်ေဖာ္ျပႏုိင္ၾကေလမလဲ ကြၽန္ေတာ္မေျပာတတ္ပါ။

သို႔ေသာ္ ယခု ၂၀၁၅ ေရြး ေကာက္ပြဲႀကီး၌ ထီးလိုမင္းလို ဘုရင္ျဖစ္လာပံုကဲ့သို႔ ဂမၻီရပုဂံ ရာဇဝင္၊ ပၪၥလက္ပုဂံသမုိင္းဆန္ဆန္မ်ားျဖစ္သြားၾကမည္ကို လူထုကစိုးရိမ္ေနၾကပံုရပါသည္။ ထီးက သူ႔ဘာသာသူ ယုိင္သြားမွာလား၊ သူ႔ဘာသာသူ ေကြးၫြတ္သြားမွာလား။ ဒိုင္လုပ္သူ ခမည္းေတာ္ကေကာ ထီးကိုကိုင္မ်ားကိုင္လို႔ ထိမ်ားထိထားခဲ့ေသးေလသလား။ မေတာ္လို႔ သူကမ်ား သူအာ႐ံုက်ရာတစ္ေယာက္ေယာက္ဆီကို ထီးကုိအသာတြန္းလႊတ္ေပးလိုက္မွျဖင့္။

ေၾသာ္ . . . ေျမနီလမ္းက ဟသၤပဒါးေရာင္ျဖင့္ နီနီေစြးေစြး၊ ထေနာင္းပင္ကေလးေတြက စြတ္စြတ္စိုစို၊ ယြန္းနံ႔တို႔သင္းပ်ံ႕သည့္ ေရွးၿမိဳ႕ေတာ္ေဟာင္း ပုဂံလြင္ျပင္ႀကီးထဲ၌ ထီးလိုမင္းလိုကို ဖူးေျမာ္ရင္း ေတာင္ေတြးေျမာက္ေတြးႏွင့္ အေတြးနယ္ပယ္ကိုခ်ဲ႕ခ်ဲ႕မိခဲ့ပံု ေတြမ်ား။ ။
7day daily
..............................
ထောင်ထားတဲ့ထီးဖြူနဲ့ ဘယ်သူဘုရင်လုပ်မလဲ

(တစ်)
ရွေးကောက်ပွဲနီးသည့်ရက်များအတွင်းမှာမှ ပုဂံသို့ခပ်စိပ် စိပ်ကလေးဆိုသလို ရောက်ဖြစ်ပါသည်။ မြင်းခြံသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ပခုက္ကူသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ချင်းတောင်သို့အသွားတွင်လည်း ပုဂံကခရီး တစ်ထောက်မို့ မူလပထမပုဂံနှင့် အကျွမ်းတဝင်ရှိပြီးသားတွင် လက်ပွန်းတတီးက ထပ်ဆောင်းကာ နွေးနွေးထွေးထွေးရှိလို့မဆုံးသည့်ရက်များပင် ဖြစ်ပါလေသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ရွေးကောက်ပွဲအကြိုရက်များအတွင်း ပုဂံသို့ရောက်သောအခါ ဖျတ်ခနဲအာရုံရောက်သွားမိသည်က ထီးလိုမင်းလိုဘုရားပဲဖြစ်ပါသည်။ ထီးလိုမင်းလိုဘုရင်က ရွေးကောက်တင်မြှောက်သည့် နည်းမျိုးဖြင့် နန်းတက်လာသည် ဟုဆိုကြသည်မဟုတ်လား။

စာအုပ်စင်ပေါ်၌ ဆရာတော်‘‘ရွှေကိုင်းသား’’၏‘‘ပုဂံသွားမှတ်တမ်း’’စာအုပ်ကလေးရှိရာ ထိုစာအုပ်တစ်နေရာတွင် ဆရာတော်က ‘‘ပုဂံရာဇဝင်တွင် ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကို ရရှိခဲ့သော ထီးလိုမင်းလိုခေါ် ဇေယျသိင်္ခနန်းတောင်းများမင်း’’ ဟုထည့်သွင်းရေးသားထားခဲ့ဖူးသည်ကို အမှတ်ရမိ၍ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကိုရရှိတဲ့။

(နှစ်)
မုတ်သုံလေနှင့် မုတ်သုံမိုးကို ရခိုင်ရိုးမကြီးက ဟန့်တားထားလိုက်သဖြင့် Rain Shadow ခေါ် မိုးရိပ်ကျကာ အပူပိုင်းဒေသဖြစ် သွားရသည့် တတ္ထဒေသခေါ်လော လောပူရာအရပ်ပုဂံ၊ အင်္ဂလိပ်- မြန်မာပထမ စစ်ပွဲ(၁၈၂၆)၏ နောက်ဆုံးတိုက်ပွဲကို ပုဂံအနီး၌ တိုက်ခိုက်ခဲ့ကြရာ ဗိုလ်မှူးကြီး ဟက်ဗလော့က ‘‘ခြောက်သွေ့သောအံ့သြမှု’’ဟုမှတ်တမ်းတင်ခဲ့လေသောပုဂံ၊ ကန္တရစစ်စစ်ကြီး မဟုတ်သဖြင့် Semi Desert ခေါ် တစ်ပိုင်းတစ်စ သဲကန္တရဟုလည်း တင်စားညွှန်းဆိုရလေသည့်ပုဂံ၊ မြန်မာပန်းချီကျော် ဆရာမောင်ဒီက ‘‘နတ်ပြည်အပျက်ကြီး’’ဟု ထိထိမိမိသုံးခဲ့လေသည့်ပုဂံ၊ ထို ပုဂံ ရှိ ဘုရားအဆူဆူတို့အနက် ထီးလိုမင်းလိုဘုရားကလည်း ထင်ရှားပါသည်။

အနော်ရထာမှစကာ စောလူး၊ ကျန်စစ်သား၊ အလောင်း စည်သူ၊ နရသူ၊ နရပတိစည်သူတို့ ၏နောက်တွင် ထီးလိုမင်းလိုပါလာပါသည်။

နရပတိစည်သူ၌ သားတော်ငါးပါးရှိပါသည်။ ဇေယျသူရ၊ ရာဇသူရ၊ ဂင်္ဂသူရ၊ ပျံချီနှင့်အငယ် ဆုံးသားထီးလိုမင်းလို။

ထီးလိုမင်းလိုက နာမည်များပါသည်။ ဇေယျသိင်္ခတဲ့။ ဥဇနာ တဲ့။ နန်းတောင်းများတဲ့။ နားတောင်းများတဲ့။ ပါးစပ်ရာဇဝင်များထဲ၌ နန်းတော်ကို ခဏခဏတောင်း သည့်အတွက် နန်းတောင်းများဟု တွင်ကြောင်းဆိုပါသည်။ ထို့ပြင်နားတောင်းတွေအများကြီးရှိသူ ဖြစ်သဖြင့် နားတောင်းများဟုတွင်ကြောင်းလည်း ဆိုပြန်ပါသည်။

သူထီးနန်းရပုံက စိတ်ဝင်စားဖို့ကောင်းပါသည်။ ခမည်းတော် နရပတိစည်သူက မိမိနတ်ရွာမစံမီ မိမိနောက်ဆက်ခံမည့် ဘုရင် (သို့ မဟုတ်) အစိုးရကိုစိတ်ချလက်ချ တည်တည်ငြိမ်ငြိမ်ဖြင့် ကျန်ရစ်ခဲ့စေချင်ပါသည်။ ထို့ကြောင့် မိမိရှိနေစဉ်မှာပင်လျှင် ရွေးကောက် တင်မြှောက်ပွဲလုပ်ပါသည်။

သားတော်ငါးပါးကို ဝိုင်းပတ်ကာ ထိုင်ခိုင်းပါလေသတဲ့။ အလယ်တည့်တည့်တွင် ထီးဖြူကို စိုက်ထူကာ ထောင်ထားပါလေသတဲ့။ အချို့အလိုအရ ဘုရင်က ထီးဖြူကိုထိန်းမတ်ကာကိုင်ထားပါလေသတဲ့။ သို့ဖြင့် ထီးဖြူကို လွှတ်လိုက်လေသောအခါ အငယ် ဆုံးသားတော်ဖြစ်သူ ထီးလိုမင်းလို၏ဘက်ဆီသို့သာ ထီးဖြူကယိုင်လဲ၍သွားပါကြောင်း (သို့မဟုတ်) ညွှတ်၍သွားပါကြောင်း စသည်ဖြင့် ဦးကုလားရာဇဝင်၊ မှန်နန်း ရာဇဝင်တို့ကရေးပါသည်။

ဤတွင်ပါးစပ်ရာဇဝင်ဆရာတို့က ခမည်းတော်နရပတိစည်သူသည် သားတော်အငယ်ဆုံးနန်းရသည်ကိုသာ အလိုရှိသဖြင့် သားတော်ငယ်ဘက်သို့ ထီးဖြူယိုင်သွားရလေအောင် (သို့မဟုတ်)ညွှတ်သွားရလေအောင် ခပ်သာသာတွန်းလွှတ်လိုက်ခြင်းသာလျှင် ဖြစ်ကြောင်း ဖြည့်စွက်ဆိုမိန့်ကြပါလေသည်။

ထို့ကြောင့် ထီးကလည်း အလိုရှိနေ မင်းကြီးကလည်း အလိုရှိနေသူ သားတော်ငယ်ကလေး ဘုရင်ဖြစ်လာကာ ထီးလိုမင်းလိုမင်းဟူ၍ဖြစ်လာကြောင်း၊ သူတည်သည့်ဘုရားကိုလည်း ထီးလိုမင်းလိုဘုရားဟုဆိုကြောင်း အဆက်ဆက် ဆိုခဲ့ကြပါလေသည်။

ယင်းကိုရည်ရွယ်ကာ ဆရာတော်ရွှေကိုင်းသားက ‘‘ဒီမိုကရေ စီနည်းကျဖြင့် မင်းအဖြစ်ကိုရရှိခဲ့သော ထီးလိုမင်းလို’’ဟုဆိုလိုက် ခြင်းဖြစ်ပုံရပါသည်။

(သုံး)
အုပ်တစ်ချပ်ချင်းဆီမှာ ရာဇဝင်ရှိတယ်။

ကဗျာဆရာစိုင်းဝင်းမြင့်၏ ‘‘ပုဂံ’’ကဗျာထဲက ကောက်နုတ်ချက်စာသားအချို့ပင်ဖြစ်ပါသည်။မှန်ပါသည်။ ပုဂံဒေသရှိ ဘုရားအဆူဆူတို့၏ အုပ်တစ်ချပ်ချင်းစီ၌ ရာဇဝင်အပိုင်းအစများ၊ သမိုင်း အချိတ်အဆက်များရှိနိုင်ပါသည်။

ထီးလိုမင်းလိုဘုရားရှိ အုပ်ချပ်များက ထီးလိုမင်းလိုဘုရင်၏ အကြောင်းကို မည်မျှဖော်ပြနိုင်ကြလေမလဲ ကျွန်တော်မပြောတတ်ပါ။

သို့သော် ယခု ၂၀၁၅ ရွေး ကောက်ပွဲကြီး၌ ထီးလိုမင်းလို ဘုရင်ဖြစ်လာပုံကဲ့သို့ ဂမ္ဘီရပုဂံ ရာဇဝင်၊ ပ ဉ္စလက်ပုဂံသမိုင်းဆန်ဆန်များဖြစ်သွားကြမည်ကို လူထုကစိုးရိမ်နေကြပုံရပါသည်။ ထီးက သူ့ဘာသာသူ ယိုင်သွားမှာလား၊ သူ့ဘာသာသူ ကွေးညွတ်သွားမှာလား။ ဒိုင်လုပ်သူ ခမည်းတော်ကကော ထီးကိုကိုင်များကိုင်လို့ ထိများထိထားခဲ့သေးလေသလား။ မတော်လို့ သူကများ သူအာရုံကျရာတစ်ယောက်ယောက်ဆီကို ထီးကိုအသာတွန်းလွှတ်ပေးလိုက်မှဖြင့်။

သြော် . . . မြေနီလမ်းက ဟင်္သပဒါးရောင်ဖြင့် နီနီစွေးစွေး၊ ထနောင်းပင်ကလေးတွေက စွတ်စွတ်စိုစို၊ ယွန်းနံ့တို့သင်းပျံ့သည့် ရှေးမြို့တော်ဟောင်း ပုဂံလွင်ပြင်ကြီးထဲ၌ ထီးလိုမင်းလိုကို ဖူးမြော်ရင်း တောင်တွေးမြောက်တွေးနှင့် အတွေးနယ်ပယ်ကိုချဲ့ချဲ့မိခဲ့ပုံ တွေများ။ ။
7day daily

No comments:

Post a Comment