Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 16, 2015

ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးေမာင္ေအးေၾကာင့္ ပ်က္ျပယ္ခဲ့ရသည့္ ႏိုင္ငံ့ဥေသွ်ာင္ အိပ္မက္ တခုအေၾကာင္း။

ေနျပည္ေတာ္ရွိ ေမြးျမဴေရး၊ ေရလုပ္ငန္းႏွင့္ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးေရး ဝန္ႀကီးဌာနအနီး ရာဇသဂၤဟလမ္း၏ တိတ္ဆိတ္ေသာ လမ္းေထာင့္တခုတြင္ ႐ံုးအမွတ္ ၃၇ တည္ရွိပါသည္။ မၾကာေသးခင္က ထိုေနရာသို႔ ဧရာဝတီက သြားေရာက္ခဲ့သည့္ အခ်ိန္တြင္ ႐ံုးဝင္းတခုလံုးက ဟင္းလင္းျဖစ္ေနသည့္အသြင္ ရွိေသာ္လည္း ပင္မ ဝင္ေပါက္တြင္ လက္နက္ အျပည့္အစံု တပ္ဆင္ထားသည့္ ရဲတပ္ဖြဲ႔ဝင္မ်ား ေစာင့္ၾကပ္ေနၿပီး ဓာတ္ပံုမ႐ိုက္ရန္ တားျမစ္ခဲ့ၾကသည္။

ယခင္ အာဏာရွင္ေဟာင္း ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊႏွင့္ သူ၏ လက္ေထာက္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးတို႔ ဦးေဆာင္ ဖြဲ႔စည္းရန္ စီစဥ္ခဲ့သည့္ “ႏိုင္ငံ့ဥေသွ်ာင္အဖြဲ႔” ၏ ႐ံုးခ်ဳပ္ အျဖစ္ အသံုးျပဳမည့္ ေနရာ ျဖစ္ေၾကာင္း ျပည္တြင္း ထုတ္ Tomorrow သတင္းဂ်ာနယ္က ေဆာင္းပါးတပုဒ္တြင္ ေဖာ္ျပခဲ့သည့္ေနရာမွာ ဤေနရာ ျဖစ္ပါသည္။

သို႔ေသာ္လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးက အဆိုပါ ဖြဲ႔စည္းမည့္ “ႏိုင္ငံ့ဥေသွ်ာင္အဖြဲ႔” ပါဝင္ရန္ ျငင္းဆန္ခဲ့သည့္ အတြက္ အစီအစဥ္ ပ်က္ခဲ့ရသည္ဟု သိရသည္။

အင္တာနက္ေပၚမွ Google ေျမပံုတြင္ ၾကည့္လွ်င္ ႐ံုးအမွတ္ ၃၇ က အမွတ္ ၁ စက္မႈဝန္ႀကီးဌာန အတြင္းတြင္ ပါဝင္ေနသလို ထင္ရသည္။ ႐ံုးဖုန္းနံပါတ္သို႔ ေခၚၾကည့္သည့္ အခါတြင္ မေရမရာ ျပန္ၾကားမႈမ်ားသာ ရရွိခဲ့သည္။

႐ံုးအမွတ္ ၃၇ သည္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊ ဦးေဆာင္မည့္ ေကာင္စီအဖြဲ႔ တခုအတြက္ ျဖစ္သည္ ဆိုေသာ သတင္းကို စစ္ဘက္မွ အရင္းအျမစ္တခုက အတည္ျပဳေပးခဲ့ပါသည္။ အစည္းေဝးခန္းမ တခုႏွင့္ က်ယ္ျပန္႔ေသာ ေမာ္ေတာ္ကား ရပ္နားရန္ ေနရာတခု ပါဝင္ကာ ယခုအခ်ိန္တြင္ အလြတ္အတိုင္း ရွိေနသည္ဟု သူက ေျပာပါသည္။ အေဆာက္အအံု အတြက္ အနာဂတ္ အစီအစဥ္ကေတာ့ မေသခ်ာေသးပါ။

ထိုအေဆာက္အအံုႏွင့္ ပတ္သက္၍ လက္ရွိ တာဝန္ထမ္းေဆာင္ဆဲ အစိုးရအရာရွိႀကီး အမ်ားအျပားကို က်ေနာ္ ေျပာၾကည့္သည့္ အခါ သူတို႔လည္း သိၾကပံုရပါသည္။ မွန္ပါသည္။ “ႏိုင္ငံ့ဥေသွ်ာင္အဖြဲ႔” တခု ဖြဲ႔စည္းရန္ အစီအစဥ္ ရွိခဲ့သည္ဟု ဝန္ႀကီး တေယာက္က ေျပာျပပါသည္။ သို႔ေသာ္လည္း အေကာင္အထည္ ေပၚမလာခဲ့ဟု ဆိုပါသည္။

ထို႔ေၾကာင့္ ၂၀၁၁ ခုႏွစ္မွစ၍ “ႏိုင္ငံ့ဦးေသွ်ာင္အဖြဲ႔” ေနရာတြင္ အဖြဲ႔ဝင္ ၁၁ ဦး ပါဝင္သည့္ “အမ်ိဳးသား ကာကြယ္ေရး ႏွင့္ လံုၿခံဳေရးေကာင္စီ” ျဖင့္ အစားထိုးခဲ့ျခင္း ျဖစ္ႏိုင္ ပါသည္။ သမၼတ၊ ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ ဒုတိယ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ လႊတ္ေတာ္ဥကၠ႒ ၂ ဦး၊ ဒုတိယသမၼတ ၂ ဦးႏွင့္ ဝန္ႀကီး ၄ ဦးတို႔ ပါဝင္သည့္ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လံုၿခံဳေရးေကာင္စီက အေရးေပၚအေျခအေန တခုတြင္ အဓိကေနရာတြင္ရွိသည့္ ျမန္မာႏိုင္ငံ၏ အျမင့္ဆံုးအဖြဲ႔ ျဖစ္သည္။

႐ံုးအမွတ္ ၃၇ သည္ ေရပန္းဥယ်ာဥ္ အနီးတြင္ ရွိသည့္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊ၏ ေနအိမ္ႏွင့္ မ်ားစြာ မေဝးလွပါ။ တိုင္းျပည္၏ ႏိုင္ငံေရး အသြင္ကူးေျပာင္းမႈကို အာဏာရွင္ေဟာင္းႀကီးက သူ၏ေနအိမ္မွ စီမံခန္႔ခြဲႏိုင္ရန္ ရည္ရြယ္ထား ခဲ့ပံုရသည္ဟု သတင္းရင္းျမစ္မ်ားက ေျပာပါသည္။

ႏိုင္ငံတခု အေနျဖင့္ ႏိုင္ငံေရး အေျပာင္းအလဲ ျပဳလုပ္သည့္ ကာလအတြင္းတြင္ လမ္းၫႊန္မည့္ နာယက စနစ္တခု ထားရွိျခင္းက မမွားယြင္းေၾကာင္း အစိုးရဌာနမ်ားတြင္ ေရာက္ရွိေနသည့္ စစ္ဘက္ အရာရွိေဟာင္း တဦးက က်ေနာ့္ကို ေျပာပါသည္။

“တ႐ုတ္ သို႔မဟုတ္ ေျမာက္ကိုရီးယား သို႔မဟုတ္ စင္ကာပူႏိုင္ငံေတြလို ျမန္မာႏိုင္ငံမွာ ဦးေဆာင္လမ္းၫႊန္မႈ လိုအပ္ ပါတယ္” ဟု သူက စီးကရက္မီးခိုးေငြ႔ မ်ားၾကားမွ ေျပာသည္။

သူက ေျမာက္ကိုရီးယားကို ထည့္သြင္း ရည္ၫႊန္းျခင္းက စူးစမ္းခ်င္စရာ ျဖစ္သည္။

ေျမာက္ကိုရီးယားမွ အလုပ္သမားပါတီက ၿပံဳယမ္းၿမိဳ႕တြင္ ႐ံုးခန္း ၃၉ ဟု ေခၚသည့္ လွ်ိဳ႕ဝွက္ ေနရာတခု ထားရွိၿပီး အေမရိကန္ ဘ႑ာေရးဌာနက ထိုေနရာကို တရားမဝင္ စီးပြားေရး လုပ္ငန္းမ်ားႏွင့္ ဆက္သြယ္မႈ ရွိေနၿပီး တရားမဝင္ ေငြေၾကးမ်ား စီမံခန္႔ခြဲျခင္းႏွင့္ ေခါင္းေဆာင္မ်ား အတြက္ ေငြရွာျခင္းမ်ား ျပဳလုပ္ေနသည့္ ေျမာက္ကိုရီးယား အစိုးရ၏ လွ်ိဳ႕ဝွက္ဌာနခြဲတခု အျဖစ္ သတ္မွတ္ထားသည္။

ျမန္မာ စစ္တပ္ေခါင္းေဆာင္မ်ားက ေျမာက္ကိုရီးယား အစိုးရ၏ စိတ္ကူးအတိုင္း လိုက္လုပ္ျခင္းလား ဟု ေမးခြန္း ထုတ္ခ်င္စရာ ျဖစ္ပါသည္။ ၁၉၉၀ ျပည့္ ႏွစ္မ်ားအတြင္း ၂ ႏိုင္ငံလံုးကို ႏိုင္ငံတကာက ဖယ္ၾကဥ္ထားခ်ိန္တြင္ သူတို႔၏ ဆက္ဆံေရး ပိုမိုခိုင္မာခဲ့ၾက သည္။

ကာလရွည္ၾကာ ႀကိဳတင္ႀကံစည္ထားမႈ

အစိုးရ တာဝန္ရွိသူမ်ားႏွင့္ စစ္ဘက္ထိပ္တန္း အရာရွိမ်ားက စစ္အစိုးရ ေခါင္းေဆာင္ေဟာင္း ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊ သည္ သူ၏ ဩဇာအရွိန္အဝါကို အသံုးျပဳျခင္း မရွိေတာ့ေၾကာင္း အခိုင္အမာ ေျပာၾကားခဲ့ၾကသည္။ သို႔ေသာ္လည္း ႏွစ္ပတ္လည္ အခမ္းအနားမ်ားႏွင့္ အခါႀကီး ရက္ႀကီးမ်ားတြင္ အစိုးရ ထိပ္တန္းအရာရွိမ်ားက သူ႔ကို သြားေရာက္ ေတြ႔ဆံု ဂါရဝျပဳေနၾကဆဲ ျဖစ္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊ၏ ေနအိမ္သို႔ ပံုမွန္ သြားေရာက္ေလ့ ရွိသူမ်ားထဲတြင္ လက္ရွိ သမၼတ ဦးသိန္းစိန္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္၊ လႊတ္ေတာ္ဥကၠ႒မ်ားျဖစ္သည့္ သူရ ဦးေရႊမန္းႏွင့္ ဦးခင္ေအာင္ျမင့္တို႔ အျပင္ ဦးေရႊမန္းကို ဖယ္ရွားၿပီးေနာက္ အာဏာရ ႀကံ့ခိုင္ေရးပါတီ၏ ပူးတြဲဥကၠ႒ ျဖစ္လာေသာ ဦးေဌးဦးတို႔ အပါအဝင္ ျဖစ္သည္။

ႏိုင္ငံေရးအရ သေဘာထား တင္းမာသူ တဦးအျဖစ္ အမ်ားက သိၾကၿပီး ျမန္မာႏိုင္ငံမွ အခ်မ္းသာ ဆံုးသူမ်ားတြင္ အပါအဝင္ ျဖစ္သည္ဟု ယူဆရသည့္ ကြယ္လြန္သူ စက္မႈဝန္ႀကီးေဟာင္း ဦးေအာင္ေသာင္းမွာလည္း ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊ၏ လက္ရင္း တပည့္ တေယာက္ျဖစ္သည္။ အဘယ္ေၾကာင့္နည္း။ အာဏာကို ဆက္လက္ရယူ ထားရန္ အျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊ၏ ႏိုင္ငံေရးႏွင့္ ဘ႑ာေရး တည္ၿငိမ္မႈ ရွိရန္ ဦးေအာင္ေသာင္း ကဲ့သို႔ေသာ သူမ်ားက အေထာက္အကူ ေပးႏိုင္မည္ ျဖစ္ေသာေၾကာင့္ပင္။

ယခင္ စစ္အစိုးရ ေခါင္းေဆာင္ေဟာင္းကို ေလးစားေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က RFA အသံလႊင့္ဌာနႏွင့္ ျပဳလုပ္သည့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ မၾကာေသးမီက ေျပာၾကားခဲ့သည္။ လက္ရွိ အစိုးရအေပၚ ဆက္လက္၍ ဩဇာလႊမ္းမိုးေနျခင္း မရွိေၾကာင္းလည္း အေလးအနက္ ေျပာၾကားခဲ့သည္။

ဩဂုတ္လ အတြင္းက ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရး ပါတီဥကၠ႒ သူရဦးေရႊမန္းကို ရာထူးမွ ညတြင္းခ်င္း ဖယ္ရွားလိုက္သည့္ ျဖစ္ရပ္ ေနာက္ပိုင္းတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊက ဆက္လက္ ဩဇာလႊမ္းမိုးေနျခင္း ရွိ၊ မရွိႏွင့္ ပတ္သက္၍ ျငင္းခံုမႈမ်ား ျပန္လည္ေပၚထြက္ လာခဲ့သည္။

ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ကဲ့သို႔ေသာ တျခားအာဏာ ရွင္မ်ားသည္ ႏိုင္ငံေရး စင္ျမင့္ေပၚမွ ထြက္ခြာသြားခဲ့ရၿပီး ေနာက္ပိုင္းတြင္ ၎တို႔၏ ဩဇာအရွိန္အဝါကို ဆက္လက္ အသံုးခ်ခဲ့ၾကသည္။ ၁၉၈၈ ခုႏွစ္ ႏိုင္ငံေရး ကေသာင္းကနင္း အေျခအေနမ်ားေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း အာဏာစြန္႔လႊတ္ခဲ့ရ ေသာ္လည္း ေနာက္ထပ္ ၄ ႏွစ္ၾကာသည့္ အခ်ိန္ စစ္အစိုးရေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ကို ရာထူးမွ ဖယ္ရွားခဲ့သည့္ ကိစၥတြင္ အဓိက ေနရာမွ ပါဝင္ခဲ့သည္ဟု သိရသည္။

သို႔ေသာ္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊက ရာထူးမွ အတင္းအက်ပ္ ဖယ္ရွားခံခဲ့ရျခင္း မဟုတ္ပါ။ သူ၏ ဆုတ္ခြာမႈ အတြက္ စနစ္တက် ႀကိဳတင္စီစဥ္ခဲ့သည္။ ထို႔ေၾကာင့္ ကြ်မ္းက်င္သည့္ ႏိုင္ငံေရး စစ္တုရင္ သမားတဦးဟု ရန္ကုန္ အေျခစိုက္ သံတမန္တခ်ိဳ႕၏ ခ်ီးမြမ္းျခင္း ကိုပင္ ခံခဲ့ရ၏။

ဆုတ္ခြာေရး မဟာဗ်ဴဟာ၏ နိဂံုး

ထိုသို႔ ဆိုပါလွ်င္ “ႏိုင္ငံ့ဥေသွ်ာင္အဖြဲ႔” ဖြဲ႔မည့္ အစီအစဥ္က မည္သို႔ ျဖစ္သြားပါ သနည္း။

မသမာမႈမ်ားစြာ ရွိခဲ့သည္ဟု အမ်ားစုက ယံုၾကည္ၾကသည့္ ၂၀၁၀ ေရြးေကာက္ပြဲ ေနာက္ပိုင္း ၂၀၁၁ ခုႏွစ္ မတ္လတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊက ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ၿဖိဳးေရးေကာင္စီ (SPDC) ကို ဖ်က္သိမ္း၍ အရပ္သား အမည္ခံ အစိုးရသစ္၏ လက္သို႔ တရားဝင္အာဏာ လႊဲေျပာင္းေပးခဲ့သည္။

၁၉၉၀ ႏွစ္မ်ား အတြင္းက စစ္႐ံုးခ်ဳပ္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊ၏ လက္ေအာက္၌ စစ္ဦးစီး အရာရွိ အျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့ဖူးေသာ သူ႔ အေပၚတြင္ သစၥာရွိသည့္ ဗိုလ္ခ်ဳပ္ႀကီးသိန္းစိန္ထံသို႔ အုပ္ခ်ဳပ္ေရး အာဏာလႊဲေျပာင္း ေပးခဲ့ သည္။ ယခု အခ်ိန္တြင္ ျမန္မာႏိုင္ငံမွ အေရးပါသည့္ ႏိုင္ငံေရး ေနရာတြင္ရွိေနသူ အားလံုး နီးပါးမွာ စစ္အရာရွိ ေဟာင္းမ်ား ျဖစ္ၾကသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊက ႏိုင္ငံေရးမွာ အရွင္ထြက္ ထြက္ခ်င္၊ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ေနထိုင္ခဲ့ရေသာ အာဏာရွင္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းႏွင့္ စစ္ေထာက္လွမ္းေရး အႀကီးအကဲေဟာင္း ဗိုလ္ခ်ဳပ္ ႀကီးခင္ၫြန္႔ တို႔ကဲ့သို႔ အျဖစ္မ်ိဳးကို ေရွာင္ရွားခ်င္ခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊက သူ အာဏာ မရွိေတာ့သည့္ ေနာက္ပိုင္းတြင္ “ ကေလးေတြ အတြက္ စိုးရိမ္တယ္” ဟု အစည္းအေဝး တခုတြင္ ေျပာခဲ့ဖူးေၾကာင္း ယခင္စစ္ အစိုးရအဖြဲ႔ဝင္ ေဟာင္းတဦးက ျပန္ေျပာျပသည္။ သူအေသးစိတ္ ရွင္းျပခဲ့ျခင္း မရွိသည့္အတြက္ အဆိုပါ အစည္းအေဝးသို႔ တက္ေရာက္ခဲ့ သူမ်ားမွာ သူ႔စကားကို တိတ္ဆိတ္စြာ အဓိပၸာယ္ ေဖာ္ၾကည့္ခဲ့ၾကရသည္။

သို႔ေသာ္လည္း အာဏာကို ေနာက္ကြယ္မွ ခ်ဳပ္ကိုင္ႏိုင္မည့္ အဖြဲ႔အစည္းတခု ဖြဲ႔စည္းခ်င္သည့္ အာဏာရွင္ ႀကီး၏ ဆႏၵမွာ ခိုင္မာေသာ ခုခံျငင္းဆန္မႈႏွင့္ ႀကံဳေတြ႔ခဲ့ရသည္ဟု သိရသည္။

Tomorrow သတင္းဂ်ာနယ္၏ ေဖာ္ျပခ်က္ အရ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊႏွင့္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအး အပါအဝင္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ၿဖိဳးေရးေကာင္စီ (SPDC) မွ ထိပ္တန္း အဖြဲ႔ဝင္ ၅ ဦးပါဝင္မည့္ “ႏိုင္ငံ့ဥေသွ်ာင္အဖြဲ႔” ဖြဲ႔စည္းေရးမွာ စစ္အစိုးရ၏ ဒုတိယေခါင္းေဆာင္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးေၾကာင့္ ေနာက္ဆံုး တြင္ ပ်က္ျပားခဲ့ရသည္ဟု သိရသည္။

ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအး ဆုတ္ခြာသြားမႈ

စိတ္ဝင္စားစရာ ေကာင္းသည္မွာ Tomorrow ဂ်ာနယ္ပါ အဆိုပါ ေဆာင္းပါးတြင္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးကို သူရဲေကာင္းတဦး၊ စစ္သားစစ္စစ္ တဦးအျဖစ္ ပံုေဖာ္ထားျခင္း ျဖစ္သည္။ စစ္တပ္ကို ဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လိႈင္ႏွင့္ သူ၏လက္ေထာက္ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးဝင္းတို႔ လက္သို႔ တရားဝင္လႊဲေျပာင္း ေပးလိုက္ၿပီး ေနာင္ပိုင္းတြင္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးေမာင္ေအးက စိတ္အား ထက္သန္စြာျဖင့္ ရာထူးက အနားယူဖို႔ အတြက္ အထုပ္အပိုး ျပင္ေတာ့သည္ဟု အဆိုပါဂ်ာနယ္က ဆိုသည္။

စစ္တကၠသိုလ္ အပတ္စဥ္ ၁ မွ ၁၉၅၉ ခုႏွစ္တြင္ ေက်ာင္းဆင္းခဲ့ၿပီး တိုက္ပြဲ အေတြ႔အႀကံဳမ်ားသည့္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးကို အရက္ အလြန္အကြ်ံ ေသာက္ျခင္းႏွင့္ ေဂါက္႐ိုက္ရသည္ကို ႏွစ္ၿခိဳက္ျခင္းမ်ားေၾကာင့္ လူသိမ်ားသည္။ ျမန္မာႏိုင္ငံမွ ကုန္သြယ္ေရးမူဝါဒ ေကာင္စီ၏ အႀကီးအကဲ ျဖစ္ေသာ္လည္း ႏိုင္ငံေရး အရ လိမၼာပါးနပ္မႈ ရွိျခင္းမ်ိဳးကို မျမင္ေတြ႔ခဲ့ရပါ။ သူက ကာကြယ္ေရးႏွင့္ လံုၿခံဳေရးကိစၥမ်ားႏွင့္သာ အကြ်မ္းတဝင္ ရွိသည္ကို ေတြ႔ရသည္။

တႏိုင္ငံလံုး အတိုင္းအတာျဖင့္ ေပၚေပါက္ခဲ့ ေသာ ဒီမိုကေရစီ ေတာင္းဆို ဆႏၵျပမႈမ်ားကို အၾကမ္းဖက္ ႏွိမ္နင္းခဲ့သည့္ ၁၉၈၈ ခုႏွစ္တြင္ ဒု ဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးက ဗိုလ္မႉးခ်ဳပ္ ရာထူးျဖင့္ ရွမ္းျပည္နယ္ အေျခစိုက္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၌ တိုင္းမႉး အျဖစ္ တာဝန္ထမ္းေဆာင္ေနခဲ့သည္။ ၁၉၉၂ ခုႏွစ္တြင္ သူ႔ကို ရန္ကုန္သို႔ ျပန္လည္ေခၚယူခဲ့ၿပီး ကာကြယ္ေရး ဦးစီးခ်ဳပ္ (ၾကည္း) ႏွင့္ စစ္အစိုးရ၏ ဒုတိယေခါင္းေဆာင္ ျဖစ္လာသည္။

ထိုသို႔ ျပဳလုပ္လိုက္ျခင္းက ရည္ရြယ္ခ်က္ႀကီးမားေသာ စစ္ေထာက္လွမ္းေရး အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန္႔ ထိပ္ဆံုးေနရာသို႔ ေရာက္ရွိလာမည့္ အလားအလာေၾကာင့္ ထိပ္တန္း စစ္အရာရွိမ်ား ၾကားတြင္ တင္းမာမႈမ်ား ျမင့္တက္ လာေနသည္ကို ေျဖေလွ်ာ့ႏိုင္ရန္ လိမၼာပါးနပ္စြာ ေဆာင္ရြက္လိုက္ျခင္း ျဖစ္သည္ဟု ယူဆၾကသည္။ ဒု ဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအး စစ္တပ္၏ ဒုတိယ ေခါင္းေဆာင္ျဖစ္လာျခင္းေၾကာင့္ ထိပ္ပိုင္း စစ္ေခါင္းေဆာင္မ်ား ၾကားတြင္ ယာယီ ေျပၿငိမ္းမႈ ရရွိခဲ့သည္ကေတာ့ အမွန္ျဖစ္ပါသည္။

ဒုဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးက သူ႔ကိုယ္သူ ႏိုင္ငံေရးသမားဟု မခံယူဘဲ စစ္သားအျဖစ္သာ သေဘာထားသည္။ ထို႔ေၾကာင့္ သူက ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊ၏ လက္ေထာက္အေနျဖင့္ သူ၏အာဏာကို ၿခိမ္းေျခာက္မႈ ျဖစ္မလာႏိုင္ သည့္ ေရြးခ်ယ္မႈတခု ျဖစ္ခဲ့သည္။

Tomorrow သတင္းဂ်ာနယ္၏ အဆိုအရ ေနျပည္ေတာ္၌ ေနာက္ဆံုး ျပဳလုပ္သည့္ ႏႈတ္ဆက္ပြဲတြင္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးက တျခားသူမ်ားက အာဏာကို တြယ္ဖက္ထားၾကေသာ္လည္း သူ႔ အေနျဖင့္ အလားတူ အမွားတခုကို ထပ္ၿပီး လုပ္ေတာ့မည္မဟုတ္၊ သမိုင္းမွာ ထပ္မမွားသင့္ေတာ့ ဟု အႀကီးတန္း အရာရွိမ်ားကို ေျပာၾကားခဲ့သည္ဟု သိရသည္။ ဖြဲ႔စည္းရန္ စီစဥ္ထားသည့္ “ႏိုင္ငံ့ဥေသွ်ာင္အဖြဲ႔” ပ်က္ျပားခဲ့ရျခင္းတြင္ ထိုအေၾကာင္းလည္း တစိတ္တပိုင္း ပါဝင္သည္ဟု ယူဆရပါသည္။

“ငါတို႔ ႏိုင္ငံေရးကေန အၿပီးအပိုင္ ထြက္သြားသင့္ၿပီ” ဟု ဒုဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးက သူ၏ အရာရွိမ်ားကို ေျပာခဲ့သည္ဟု ဆိုသည္။

ဒုဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအး၏ ဆန္႔က်င္မႈေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊကလည္း သူ႔ကို အာဏာမက္သည့္ ဗိုလ္ခ်ဳပ္ႀကီး တဦးအျဖစ္ အထင္အျမင္ မခံခ်င္ေသာေၾကာင့္ “ႏိုင္ငံ့ဥေသွ်ာင္အဖြဲ႔” ဖြဲ႔စည္းေရးကို စြန္႔လႊတ္ လိုက္သည္ ဟု Tomorrow ဂ်ာနယ္က ေဖာ္ျပခဲ့သည္။

ေနျပည္ေတာ္မွ ထြက္ခြာခဲ့ၿပီးေနာက္ သူ၏ ဇာတိ စစ္ကိုင္းတိုင္း၊ ကန္႔ဘလူၿမိဳ႕နယ္သို႔ ဒုဗိုလ္ခ်ဳပ္ မႉးႀကီး ေမာင္ေအး ျပန္သြားခဲ့ၿပီး ဘုန္းႀကီးဝတ္ခဲ့သည္။ ဘုန္းႀကီးဘဝျဖင့္ ရက္သတၱပတ္ အေတာ္ၾကာ ေနခဲ့ၿပီးမွ လူထြက္၍ သူ အႀကိဳက္ဆံုး ေနရာမ်ား ျဖစ္သည့္ ကခ်င္ျပည္နယ္ ပူတာအိုႏွင့္ မႏၲေလးတိုင္း ျပင္ဦးလြင္ ကဲ့သို႔ေသာ ေနရာမ်ားသို႔ ဒု ဗိုလ္ခ်ဳပ္မႉး ႀကီး ေမာင္ေအး သြားေရာက္ လည္ပတ္ေနခဲ့သည္။

ေနျပည္ေတာ္ရွိ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊ၏ ကိုယ္ပိုင္ ၿခံဝန္းအနီးတြင္ သူ၏ မိသားစုမ်ား အတြက္ ေဆာက္လုပ္ ထားေသာ ခမ္းနားထည္ဝါသည့္ အိမ္ႀကီးသို႔ ဒုဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအး မျပန္ခဲ့ပါ။ ၂၀၁၂ ခုႏွစ္ ေလျဖတ္သည့္ ေရာဂါ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည့္ အတြက္ စင္ကာပူႏိုင္ငံသို႔ သြားေရာက္ ေဆးကုသခဲ့ရၿပီး ထိုအခ်ိန္မွ စ၍ ဘီးတပ္ ကုလားထိုင္ ေပၚတြင္ ေနခဲ့ရသည္။

သက္ေသာင့္သက္သာ အၿငိမ္းစား

ဒုဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးကဲ့သို႔ မဟုတ္ဘဲ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊကေတာ့ ေနျပည္ေတာ္မွ သစ္ပင္သစ္ေတာမ်ား ဝိုင္းရံေနသည့္ သူ႔၏ အိမ္တြင္ ေပ်ာ္ရႊင္ေနပံု ရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေရႊႏွင့္ သူ၏ မိသားစုက ေနျပည္ေတာ္အစြန္ရွိ Mt. Pleasant ဟိုတယ္သို႔ မၾကာခဏ လာေရာက္တတ္သည္ဟု သိရသည္။ ဟိုတယ္ရွိရာ ေတာင္ကုန္းထိပ္မွ ေန၍ လြန္ခဲ့ေသာ ဆယ္စုႏွစ္ တခုက သူ၏ အမိန္႔ျဖင့္ တည္ေဆာက္ခဲ့သည့္ ၿမိဳ႕ေတာ္ကို အေပၚစီးမွ ျမင္ေတြ႔ႏိုင္သည္။

သူႏွင့္ သူ၏ မိသားစုဝင္မ်ား ေခတၲလာေရာက္ ေနထိုင္သည့္ အခ်ိန္တြင္ လက္နက္ကိုင္ အေစာင့္အၾကပ္မ်ားစြာ လိုက္ပါလာၿပီး ဟိုတယ္၏ ေမွ်ာ္စင္ေပၚသို႔ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေရႊ ေရာက္ရွိေနလွ်င္ အေဆာက္အအံု အတြင္းသို႔ မည္သူမွ် ဝင္ခြင့္ မရွိပါ။

တခ်ိန္က ဂုဏ္သေရရွိ ႏိုင္ငံျခားဧည့္သည္မ်ား၊ ဝန္ႀကီးမ်ားႏွင့္ အတူလာေရာက္ခဲ့သည့္ အဆိုပါ ေမွ်ာ္စင္ထိပ္တြင္ ေန႔လယ္စာ စားရသည္ကို သူ ႏွစ္သက္သည္။ တိုင္းျပည္၏ အုပ္ခ်ဳပ္ေရး ဗဟိုဌာနကို အင္အားေကာင္းသည့္ အေဝးၾကည့္ မွန္ေျပာင္းတခုျဖင့္ အေပၚစီးက ၾကည့္ေနေသာ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေရႊကို မၾကာခဏ ျမင္ရတတ္သည္ ဟု ဟိုတယ္ဝန္ထမ္းမ်ားႏွင့္ အရာရွိမ်ားက ေျပာၾကသည္။

သူ႔ေခတ္အလြန္ ႏိုင္ငံေရးကို ႀကီးၾကပ္သူ တေယာက္အေနျဖင့္ ထဲထဲဝင္ဝင္ ပိုမိုပတ္သက္ရန္ အစီအစဥ္မ်ား ရွိေကာင္း ရွိေနႏိုင္သလို စစ္အစိုးရ ေခါင္းေဆာင္ေဟာင္းႀကီးက အၿငိမ္းစားဘဝကို ေစာင့္ၾကည့္ျခင္းျဖင့္ ႐ိုး႐ိုးရွင္းရွင္း အခ်ိန္ျဖဳန္း ေနျခင္းလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါသည္။

(ဧရာဝတီ အဂၤလိပ္ပိုင္းတြင္ ေဖာ္ျပခဲ့ေသာ ေအာင္ေဇာ္၏ House of Schemes:Office No. 37 in Naypyidaw ကို ႏိုင္မင္းသြင္ ဘာသာျပန္ဆိုသည္။ ေအာင္ေဇာ္သည္ ဧရာ၀တီ သတင္းဌာနကို တည္ေထာင္ခဲ့သူ ျဖစ္သည္။)
Irrawaddy
...................................
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကြောင့် ပျက်ပြယ်ခဲ့ရသည့် နိုင်ငံ့ဥသျှောင် အိပ်မက် တခုအကြောင်း။

နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနီး ရာဇသင်္ဂဟလမ်း၏ တိတ်ဆိတ်သော လမ်းထောင့်တခုတွင် ရုံးအမှတ် ၃၇ တည်ရှိပါသည်။ မကြာသေးခင်က ထိုနေရာသို့ ဧရာဝတီက သွားရောက်ခဲ့သည့် အချိန်တွင် ရုံးဝင်းတခုလုံးက ဟင်းလင်းဖြစ်နေသည့်အသွင် ရှိသော်လည်း ပင်မ ဝင်ပေါက်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပြီး ဓာတ်ပုံမရိုက်ရန် တားမြစ်ခဲ့ကြသည်။

ယခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဦးဆောင် ဖွဲ့စည်းရန် စီစဉ်ခဲ့သည့် “နိုင်ငံ့ဥသျှောင်အဖွဲ့” ၏ ရုံးချုပ် အဖြစ် အသုံးပြုမည့် နေရာ ဖြစ်ကြောင်း ပြည်တွင်း ထုတ် Tomorrow သတင်းဂျာနယ်က ဆောင်းပါးတပုဒ်တွင် ဖော်ပြခဲ့သည့်နေရာမှာ ဤနေရာ ဖြစ်ပါသည်။

သို့သော်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက အဆိုပါ ဖွဲ့စည်းမည့် “နိုင်ငံ့ဥသျှောင်အဖွဲ့” ပါဝင်ရန် ငြင်းဆန်ခဲ့သည့် အတွက် အစီအစဉ် ပျက်ခဲ့ရသည်ဟု သိရသည်။

အင်တာနက်ပေါ်မှ Google မြေပုံတွင် ကြည့်လျှင် ရုံးအမှတ် ၃၇ က အမှတ် ၁ စက်မှုဝန်ကြီးဌာန အတွင်းတွင် ပါဝင်နေသလို ထင်ရသည်။ ရုံးဖုန်းနံပါတ်သို့ ခေါ်ကြည့်သည့် အခါတွင် မရေမရာ ပြန်ကြားမှုများသာ ရရှိခဲ့သည်။

ရုံးအမှတ် ၃၇ သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်မည့် ကောင်စီအဖွဲ့ တခုအတွက် ဖြစ်သည် ဆိုသော သတင်းကို စစ်ဘက်မှ အရင်းအမြစ်တခုက အတည်ပြုပေးခဲ့ပါသည်။ အစည်းဝေးခန်းမ တခုနှင့် ကျယ်ပြန့်သော မော်တော်ကား ရပ်နားရန် နေရာတခု ပါဝင်ကာ ယခုအချိန်တွင် အလွတ်အတိုင်း ရှိနေသည်ဟု သူက ပြောပါသည်။ အဆောက်အအုံ အတွက် အနာဂတ် အစီအစဉ်ကတော့ မသေချာသေးပါ။

ထိုအဆောက်အအုံနှင့် ပတ်သက်၍ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အစိုးရအရာရှိကြီး အများအပြားကို ကျနော် ပြောကြည့်သည့် အခါ သူတို့လည်း သိကြပုံရပါသည်။ မှန်ပါသည်။ “နိုင်ငံ့ဥသျှောင်အဖွဲ့” တခု ဖွဲ့စည်းရန် အစီအစဉ် ရှိခဲ့သည်ဟု ဝန်ကြီး တယောက်က ပြောပြပါသည်။ သို့သော်လည်း အကောင်အထည် ပေါ်မလာခဲ့ဟု ဆိုပါသည်။

ထို့ကြောင့် ၂၀၁၁ ခုနှစ်မှစ၍ “နိုင်ငံ့ဦးသျှောင်အဖွဲ့” နေရာတွင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် “အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ” ဖြင့် အစားထိုးခဲ့ခြင်း ဖြစ်နိုင် ပါသည်။ သမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ဒုတိယသမ္မတ ၂ ဦးနှင့် ဝန်ကြီး ၄ ဦးတို့ ပါဝင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီက အရေးပေါ်အခြေအနေ တခုတွင် အဓိကနေရာတွင်ရှိသည့် မြန်မာနိုင်ငံ၏ အမြင့်ဆုံးအဖွဲ့ ဖြစ်သည်။

ရုံးအမှတ် ၃၇ သည် ရေပန်းဥယျာဉ် အနီးတွင် ရှိသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေအိမ်နှင့် များစွာ မဝေးလှပါ။ တိုင်းပြည်၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို အာဏာရှင်ဟောင်းကြီးက သူ၏နေအိမ်မှ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ထား ခဲ့ပုံရသည်ဟု သတင်းရင်းမြစ်များက ပြောပါသည်။

နိုင်ငံတခု အနေဖြင့် နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်သည့် ကာလအတွင်းတွင် လမ်းညွှန်မည့် နာယက စနစ်တခု ထားရှိခြင်းက မမှားယွင်းကြောင်း အစိုးရဌာနများတွင် ရောက်ရှိနေသည့် စစ်ဘက် အရာရှိဟောင်း တဦးက ကျနော့်ကို ပြောပါသည်။

“တရုတ် သို့မဟုတ် မြောက်ကိုရီးယား သို့မဟုတ် စင်ကာပူနိုင်ငံတွေလို မြန်မာနိုင်ငံမှာ ဦးဆောင်လမ်းညွှန်မှု လိုအပ် ပါတယ်” ဟု သူက စီးကရက်မီးခိုးငွေ့ များကြားမှ ပြောသည်။

သူက မြောက်ကိုရီးယားကို ထည့်သွင်း ရည်ညွှန်းခြင်းက စူးစမ်းချင်စရာ ဖြစ်သည်။

မြောက်ကိုရီးယားမှ အလုပ်သမားပါတီက ပြံုယမ်းမြို့တွင် ရုံးခန်း ၃၉ ဟု ခေါ်သည့် လျှို့ဝှက် နေရာတခု ထားရှိပြီး အမေရိကန် ဘဏ္ဍာရေးဌာနက ထိုနေရာကို တရားမဝင် စီးပွားရေး လုပ်ငန်းများနှင့် ဆက်သွယ်မှု ရှိနေပြီး တရားမဝင် ငွေကြေးများ စီမံခန့်ခွဲခြင်းနှင့် ခေါင်းဆောင်များ အတွက် ငွေရှာခြင်းများ ပြုလုပ်နေသည့် မြောက်ကိုရီးယား အစိုးရ၏ လျှို့ဝှက်ဌာနခွဲတခု အဖြစ် သတ်မှတ်ထားသည်။

မြန်မာ စစ်တပ်ခေါင်းဆောင်များက မြောက်ကိုရီးယား အစိုးရ၏ စိတ်ကူးအတိုင်း လိုက်လုပ်ခြင်းလား ဟု မေးခွန်း ထုတ်ချင်စရာ ဖြစ်ပါသည်။ ၁၉၉၀ ပြည့် နှစ်များအတွင်း ၂ နိုင်ငံလုံးကို နိုင်ငံတကာက ဖယ်ကြဉ်ထားချိန်တွင် သူတို့၏ ဆက်ဆံရေး ပိုမိုခိုင်မာခဲ့ကြ သည်။

ကာလရှည်ကြာ ကြိုတင်ကြံစည်ထားမှု

အစိုးရ တာဝန်ရှိသူများနှင့် စစ်ဘက်ထိပ်တန်း အရာရှိများက စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် သူ၏ ဩဇာအရှိန်အဝါကို အသုံးပြုခြင်း မရှိတော့ကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။ သို့သော်လည်း နှစ်ပတ်လည် အခမ်းအနားများနှင့် အခါကြီး ရက်ကြီးများတွင် အစိုးရ ထိပ်တန်းအရာရှိများက သူ့ကို သွားရောက် တွေ့ဆုံ ဂါရဝပြုနေကြဆဲ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေအိမ်သို့ ပုံမှန် သွားရောက်လေ့ ရှိသူများထဲတွင် လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်သည့် သူရ ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့ အပြင် ဦးရွှေမန်းကို ဖယ်ရှားပြီးနောက် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်လာသော ဦးဌေးဦးတို့ အပါအဝင် ဖြစ်သည်။

နိုင်ငံရေးအရ သဘောထား တင်းမာသူ တဦးအဖြစ် အများက သိကြပြီး မြန်မာနိုင်ငံမှ အချမ်းသာ ဆုံးသူများတွင် အပါအဝင် ဖြစ်သည်ဟု ယူဆရသည့် ကွယ်လွန်သူ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း တပည့် တယောက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အာဏာကို ဆက်လက်ရယူ ထားရန် အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရှိရန် ဦးအောင်သောင်း ကဲ့သို့သော သူများက အထောက်အကူ ပေးနိုင်မည် ဖြစ်သောကြောင့်ပင်။

ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်းကို လေးစားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က RFA အသံလွှင့်ဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် မကြာသေးမီက ပြောကြားခဲ့သည်။ လက်ရှိ အစိုးရအပေါ် ဆက်လက်၍ ဩဇာလွှမ်းမိုးနေခြင်း မရှိကြောင်းလည်း အလေးအနက် ပြောကြားခဲ့သည်။

ဩဂုတ်လ အတွင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရာထူးမှ ညတွင်းချင်း ဖယ်ရှားလိုက်သည့် ဖြစ်ရပ် နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆက်လက် ဩဇာလွှမ်းမိုးနေခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ငြင်းခုံမှုများ ပြန်လည်ပေါ်ထွက် လာခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း ကဲ့သို့သော တခြားအာဏာ ရှင်များသည် နိုင်ငံရေး စင်မြင့်ပေါ်မှ ထွက်ခွာသွားခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတို့၏ ဩဇာအရှိန်အဝါကို ဆက်လက် အသုံးချခဲ့ကြသည်။ ၁၉၈၈ ခုနှစ် နိုင်ငံရေး ကသောင်းကနင်း အခြေအနေများကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာစွန့်လွှတ်ခဲ့ရ သော်လည်း နောက်ထပ် ၄ နှစ်ကြာသည့် အချိန် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ရာထူးမှ ဖယ်ရှားခဲ့သည့် ကိစ္စတွင် အဓိက နေရာမှ ပါဝင်ခဲ့သည်ဟု သိရသည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရာထူးမှ အတင်းအကျပ် ဖယ်ရှားခံခဲ့ရခြင်း မဟုတ်ပါ။ သူ၏ ဆုတ်ခွာမှု အတွက် စနစ်တကျ ကြိုတင်စီစဉ်ခဲ့သည်။ ထို့ကြောင့် ကျွမ်းကျင်သည့် နိုင်ငံရေး စစ်တုရင် သမားတဦးဟု ရန်ကုန် အခြေစိုက် သံတမန်တချို့၏ ချီးမွမ်းခြင်း ကိုပင် ခံခဲ့ရ၏။

ဆုတ်ခွာရေး မဟာဗျူဟာ၏ နိဂုံး

ထိုသို့ ဆိုပါလျှင် “နိုင်ငံ့ဥသျှောင်အဖွဲ့” ဖွဲ့မည့် အစီအစဉ်က မည်သို့ ဖြစ်သွားပါ သနည်း။

မသမာမှုများစွာ ရှိခဲ့သည်ဟု အများစုက ယုံကြည်ကြသည့် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ၂၀၁၁ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ကို ဖျက်သိမ်း၍ အရပ်သား အမည်ခံ အစိုးရသစ်၏ လက်သို့ တရားဝင်အာဏာ လွှဲပြောင်းပေးခဲ့သည်။

၁၉၉၀ နှစ်များ အတွင်းက စစ်ရုံးချုပ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်အောက်၌ စစ်ဦးစီး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသော သူ့ အပေါ်တွင် သစ္စာရှိသည့် ဗိုလ်ချုပ်ကြီးသိန်းစိန်ထံသို့ အုပ်ချုပ်ရေး အာဏာလွှဲပြောင်း ပေးခဲ့ သည်။ ယခု အချိန်တွင် မြန်မာနိုင်ငံမှ အရေးပါသည့် နိုင်ငံရေး နေရာတွင်ရှိနေသူ အားလုံး နီးပါးမှာ စစ်အရာရှိ ဟောင်းများ ဖြစ်ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံရေးမှာ အရှင်ထွက် ထွက်ချင်၊ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသော အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ကြီးခင်ညွန့် တို့ကဲ့သို့ အဖြစ်မျိုးကို ရှောင်ရှားချင်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ အာဏာ မရှိတော့သည့် နောက်ပိုင်းတွင် “ ကလေးတွေ အတွက် စိုးရိမ်တယ်” ဟု အစည်းအဝေး တခုတွင် ပြောခဲ့ဖူးကြောင်း ယခင်စစ် အစိုးရအဖွဲ့ဝင် ဟောင်းတဦးက ပြန်ပြောပြသည်။ သူအသေးစိတ် ရှင်းပြခဲ့ခြင်း မရှိသည့်အတွက် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့ သူများမှာ သူ့စကားကို တိတ်ဆိတ်စွာ အဓိပ္ပာယ် ဖော်ကြည့်ခဲ့ကြရသည်။

သို့သော်လည်း အာဏာကို နောက်ကွယ်မှ ချုပ်ကိုင်နိုင်မည့် အဖွဲ့အစည်းတခု ဖွဲ့စည်းချင်သည့် အာဏာရှင် ကြီး၏ ဆန္ဒမှာ ခိုင်မာသော ခုခံငြင်းဆန်မှုနှင့် ကြံုတွေ့ခဲ့ရသည်ဟု သိရသည်။

Tomorrow သတင်းဂျာနယ်၏ ဖော်ပြချက် အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအဝင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) မှ ထိပ်တန်း အဖွဲ့ဝင် ၅ ဦးပါဝင်မည့် “နိုင်ငံ့ဥသျှောင်အဖွဲ့” ဖွဲ့စည်းရေးမှာ စစ်အစိုးရ၏ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် နောက်ဆုံး တွင် ပျက်ပြားခဲ့ရသည်ဟု သိရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဆုတ်ခွာသွားမှု

စိတ်ဝင်စားစရာ ကောင်းသည်မှာ Tomorrow ဂျာနယ်ပါ အဆိုပါ ဆောင်းပါးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို သူရဲကောင်းတဦး၊ စစ်သားစစ်စစ် တဦးအဖြစ် ပုံဖော်ထားခြင်း ဖြစ်သည်။ စစ်တပ်ကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် သူ၏လက်ထောက် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းတို့ လက်သို့ တရားဝင်လွှဲပြောင်း ပေးလိုက်ပြီး နောင်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက စိတ်အား ထက်သန်စွာဖြင့် ရာထူးက အနားယူဖို့ အတွက် အထုပ်အပိုး ပြင်တော့သည်ဟု အဆိုပါဂျာနယ်က ဆိုသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၁ မှ ၁၉၅၉ ခုနှစ်တွင် ကျောင်းဆင်းခဲ့ပြီး တိုက်ပွဲ အတွေ့အကြံုများသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို အရက် အလွန်အကျွံ သောက်ခြင်းနှင့် ဂေါက်ရိုက်ရသည်ကို နှစ်ခြိုက်ခြင်းများကြောင့် လူသိများသည်။ မြန်မာနိုင်ငံမှ ကုန်သွယ်ရေးမူဝါဒ ကောင်စီ၏ အကြီးအကဲ ဖြစ်သော်လည်း နိုင်ငံရေး အရ လိမ္မာပါးနပ်မှု ရှိခြင်းမျိုးကို မမြင်တွေ့ခဲ့ရပါ။ သူက ကာကွယ်ရေးနှင့် လုံခြံုရေးကိစ္စများနှင့်သာ အကျွမ်းတဝင် ရှိသည်ကို တွေ့ရသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်ခဲ့ သော ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းခဲ့သည့် ၁၉၈၈ ခုနှစ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဗိုလ်မှူးချုပ် ရာထူးဖြင့် ရှမ်းပြည်နယ် အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၌ တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သူ့ကို ရန်ကုန်သို့ ပြန်လည်ခေါ်ယူခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် စစ်အစိုးရ၏ ဒုတိယခေါင်းဆောင် ဖြစ်လာသည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းက ရည်ရွယ်ချက်ကြီးမားသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာမည့် အလားအလာကြောင့် ထိပ်တန်း စစ်အရာရှိများ ကြားတွင် တင်းမာမှုများ မြင့်တက် လာနေသည်ကို ဖြေလျှော့နိုင်ရန် လိမ္မာပါးနပ်စွာ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်တပ်၏ ဒုတိယ ခေါင်းဆောင်ဖြစ်လာခြင်းကြောင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များ ကြားတွင် ယာယီ ပြေငြိမ်းမှု ရရှိခဲ့သည်ကတော့ အမှန်ဖြစ်ပါသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက သူ့ကိုယ်သူ နိုင်ငံရေးသမားဟု မခံယူဘဲ စစ်သားအဖြစ်သာ သဘောထားသည်။ ထို့ကြောင့် သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ထောက်အနေဖြင့် သူ၏အာဏာကို ခြိမ်းခြောက်မှု ဖြစ်မလာနိုင် သည့် ရွေးချယ်မှုတခု ဖြစ်ခဲ့သည်။

Tomorrow သတင်းဂျာနယ်၏ အဆိုအရ နေပြည်တော်၌ နောက်ဆုံး ပြုလုပ်သည့် နှုတ်ဆက်ပွဲတွင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက တခြားသူများက အာဏာကို တွယ်ဖက်ထားကြသော်လည်း သူ့ အနေဖြင့် အလားတူ အမှားတခုကို ထပ်ပြီး လုပ်တော့မည်မဟုတ်၊ သမိုင်းမှာ ထပ်မမှားသင့်တော့ ဟု အကြီးတန်း အရာရှိများကို ပြောကြားခဲ့သည်ဟု သိရသည်။ ဖွဲ့စည်းရန် စီစဉ်ထားသည့် “နိုင်ငံ့ဥသျှောင်အဖွဲ့” ပျက်ပြားခဲ့ရခြင်းတွင် ထိုအကြောင်းလည်း တစိတ်တပိုင်း ပါဝင်သည်ဟု ယူဆရပါသည်။

“ငါတို့ နိုင်ငံရေးကနေ အပြီးအပိုင် ထွက်သွားသင့်ပြီ” ဟု ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက သူ၏ အရာရှိများကို ပြောခဲ့သည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဆန့်ကျင်မှုကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း သူ့ကို အာဏာမက်သည့် ဗိုလ်ချုပ်ကြီး တဦးအဖြစ် အထင်အမြင် မခံချင်သောကြောင့် “နိုင်ငံ့ဥသျှောင်အဖွဲ့” ဖွဲ့စည်းရေးကို စွန့်လွှတ် လိုက်သည် ဟု Tomorrow ဂျာနယ်က ဖော်ပြခဲ့သည်။

နေပြည်တော်မှ ထွက်ခွာခဲ့ပြီးနောက် သူ၏ ဇာတိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်သို့ ဒုဗိုလ်ချုပ် မှူးကြီး မောင်အေး ပြန်သွားခဲ့ပြီး ဘုန်းကြီးဝတ်ခဲ့သည်။ ဘုန်းကြီးဘဝဖြင့် ရက်သတ္တပတ် အတော်ကြာ နေခဲ့ပြီးမှ လူထွက်၍ သူ အကြိုက်ဆုံး နေရာများ ဖြစ်သည့် ကချင်ပြည်နယ် ပူတာအိုနှင့် မန္တလေးတိုင်း ပြင်ဦးလွင် ကဲ့သို့သော နေရာများသို့ ဒု ဗိုလ်ချုပ်မှူး ကြီး မောင်အေး သွားရောက် လည်ပတ်နေခဲ့သည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ပိုင် ခြံဝန်းအနီးတွင် သူ၏ မိသားစုများ အတွက် ဆောက်လုပ် ထားသော ခမ်းနားထည်ဝါသည့် အိမ်ကြီးသို့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး မပြန်ခဲ့ပါ။ ၂၀၁၂ ခုနှစ် လေဖြတ်သည့် ရောဂါ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည့် အတွက် စင်ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသခဲ့ရပြီး ထိုအချိန်မှ စ၍ ဘီးတပ် ကုလားထိုင် ပေါ်တွင် နေခဲ့ရသည်။

သက်သောင့်သက်သာ အငြိမ်းစား

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကဲ့သို့ မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ နေပြည်တော်မှ သစ်ပင်သစ်တောများ ဝိုင်းရံနေသည့် သူ့၏ အိမ်တွင် ပျော်ရွှင်နေပုံ ရသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သူ၏ မိသားစုက နေပြည်တော်အစွန်ရှိ Mt. Pleasant ဟိုတယ်သို့ မကြာခဏ လာရောက်တတ်သည်ဟု သိရသည်။ ဟိုတယ်ရှိရာ တောင်ကုန်းထိပ်မှ နေ၍ လွန်ခဲ့သော ဆယ်စုနှစ် တခုက သူ၏ အမိန့်ဖြင့် တည်ဆောက်ခဲ့သည့် မြို့တော်ကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။

သူနှင့် သူ၏ မိသားစုဝင်များ ခေတ္တလာရောက် နေထိုင်သည့် အချိန်တွင် လက်နက်ကိုင် အစောင့်အကြပ်များစွာ လိုက်ပါလာပြီး ဟိုတယ်၏ မျှော်စင်ပေါ်သို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ရောက်ရှိနေလျှင် အဆောက်အအုံ အတွင်းသို့ မည်သူမျှ ဝင်ခွင့် မရှိပါ။

တချိန်က ဂုဏ်သရေရှိ နိုင်ငံခြားဧည့်သည်များ၊ ဝန်ကြီးများနှင့် အတူလာရောက်ခဲ့သည့် အဆိုပါ မျှော်စင်ထိပ်တွင် နေ့လယ်စာ စားရသည်ကို သူ နှစ်သက်သည်။ တိုင်းပြည်၏ အုပ်ချုပ်ရေး ဗဟိုဌာနကို အင်အားကောင်းသည့် အဝေးကြည့် မှန်ပြောင်းတခုဖြင့် အပေါ်စီးက ကြည့်နေသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို မကြာခဏ မြင်ရတတ်သည် ဟု ဟိုတယ်ဝန်ထမ်းများနှင့် အရာရှိများက ပြောကြသည်။

သူ့ခေတ်အလွန် နိုင်ငံရေးကို ကြီးကြပ်သူ တယောက်အနေဖြင့် ထဲထဲဝင်ဝင် ပိုမိုပတ်သက်ရန် အစီအစဉ်များ ရှိကောင်း ရှိနေနိုင်သလို စစ်အစိုးရ ခေါင်းဆောင်ဟောင်းကြီးက အငြိမ်းစားဘဝကို စောင့်ကြည့်ခြင်းဖြင့် ရိုးရိုးရှင်းရှင်း အချိန်ဖြုန်း နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော အောင်ဇော်၏ House of Schemes:Office No. 37 in Naypyidaw ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်ခဲ့သူ ဖြစ်သည်။)
Irrawaddy

No comments:

Post a Comment