Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 16, 2015

သေႏၶတားေဆးမ်ား အလြန္အကြၽံသံုးစြဲမႈေၾကာင့္ ေသြးပ်စ္ခဲလာႏုိင္

သေႏၶတားေဆး အလြန္အကြၽံ အသံုးျပဳေသာ အမ်ိဳးသမီးမ်ားသည္ ႏွလံုးေသြးေၾကာဆိုင္ရာ ျပႆနာမ်ားျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မား ျခင္းႏွင့္အတူ ေသြးပ်စ္ခဲလာႏိုင္ေျခမ်ားေၾကာင္း ဆရာဝန္မ်ားက သတိေပးလိုက္သည္။

သေႏၶတားေဆးေသာက္ေဆးမ်ားကို အလြန္အကြၽံအသံုးျပဳမႈ၊ ကိုယ္ခံအားေျပာင္းလဲမႈႏွင့္ ခႏၶာကိုယ္ေရာင္ရမ္းမႈျဖစ္ေစေသာ အေၾကာင္းရင္းမ်ားၾကား ဆက္စပ္မႈရွိေၾကာင္း ဆရာဝန္မ်ား၏ေျပာ ၾကားခ်က္အရ သိရသည္။
သေႏၶတားေဆးေသာက္ေဆးမ်ား လြန္ကဲစြာ အသံုးျပဳျခင္းႏွင့္ ျပင္းထန္ေသာကိုယ္ခံအားကစဥ့္ကလ်ားျဖစ္မႈ၊ ခႏၶာကိုယ္ေရာင္ရမ္း မႈတို႔ၾကား ဆက္စပ္မႈရွိၿပီး အမ်ိဳးသမီးမ်ား၏ရာသီစက္ဝန္းကို မူမမွန္ျဖစ္ေစကာ အခ်ိန္မတိုင္မီ ဓမၼတာလာျခင္းႏွင့္ ဓမၼတာလာစဥ္ ေသြး ဆင္းမႈမ်ားျခင္း(သို႔မဟုတ္)နာက်င္ျခင္းကို ခံစားရတတ္ေၾကာင္း သားဖြားမီးယပ္ဆရာဝန္ ဘန္ဒီကာရွင္ဟာက ေျပာသည္။
သေႏၶတားေဆးေသာက္ေဆးမ်ားအသံုးျပဳသည့္ အမ်ိဳးသမီး မ်ားပိုမ်ားလာၿပီး သေႏၶတားေဆးေသာက္ေဆးမ်ားေၾကာင့္ ျဖစ္ေပၚ လာေသာက်န္းမာေရးဆိုင္ရာ ႐ႈပ္ေထြးမႈမ်ားတြင္ ရင္သားေပ်ာ့တြဲ လာျခင္းႏွင့္ အေရျပားဓာတ္မတည့္ျဖစ္မႈမ်ားမွာ ထင္ရွားလာ ေၾကာင္း သိရသည္။
အေရျပားဓာတ္မတည့္ျဖစ္ျခင္း၊ ရင္သားမ်ားေပ်ာ့တြဲက်လာ ျခင္းႏွင့္ ဓမၼတာလာခ်ိန္ မူမမွန္ျခင္းတို႔မွာ သေႏၶတားေဆးေသာက္ သံုးမႈလြန္ကဲေသာအမ်ိဳးသမီးမ်ားၾကား ေတြ႕ေနက်လကၡဏာမ်ား ျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ အမ်ိဳးသမီးမ်ားသေႏၶတားေဆးေသာက္သံုးမႈေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ အႏၲရာယ္မွာ ၎၏ကိုယ္ကာယႀကံ႕ခိုင္မႈႏွင့္ ေဘးပတ္ဝန္းက်င္ အေျခအေနမ်ားအေပၚ မူတည္ေၾကာင္း သိရ သည္။ အမ်ိဳးသမီးတစ္ဦး၏ခႏၶာကိုယ္အေလးခ်ိန္ႏွင့္ အသက္အရြယ္တို႔မွာလည္း သေႏၶတားေဆးမ်ားေသာက္သံုးမႈပမာဏကို အဆံုးအ ျဖတ္ေပးရာတြင္ အဓိကက်ေသာအခ်က္မ်ားျဖစ္သည္။
—Ref: TOI
.....
သန္ဓေတားဆေးများ အလွန်အကျွံသုံးစွဲမှုကြောင့် သွေးပျစ်ခဲလာနိုင်


သန္ဓေတားဆေး အလွန်အကျွံ အသုံးပြုသော အမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဖြစ်နိုင်သည့် အန္တရာယ်မြင့်မား ခြင်းနှင့်အတူ သွေးပျစ်ခဲလာနိုင်ခြေများကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။


သန္ဓေတားဆေးသောက်ဆေးများကို အလွန်အကျွံအသုံးပြုမှု၊ ကိုယ်ခံအားပြောင်းလဲမှုနှင့် ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်စေသော အကြောင်းရင်းများကြား ဆက်စပ်မှုရှိကြောင်း ဆရာဝန်များ၏ပြော ကြားချက်အရ သိရသည်။

သန္ဓေတားဆေးသောက်ဆေးများ လွန်ကဲစွာ အသုံးပြုခြင်းနှင့် ပြင်းထန်သောကိုယ်ခံအားကစဉ့်ကလျားဖြစ်မှု၊ ခန္ဓာကိုယ်ရောင်ရမ်း မှုတို့ကြား ဆက်စပ်မှုရှိပြီး အမျိုးသမီးများ၏ရာသီစက်ဝန်းကို မူမမှန်ဖြစ်စေကာ အချိန်မတိုင်မီ ဓမ္မတာလာခြင်းနှင့် ဓမ္မတာလာစဉ် သွေး ဆင်းမှုများခြင်း(သို့မဟုတ်)နာကျင်ခြင်းကို ခံစားရတတ်ကြောင်း သားဖွားမီးယပ်ဆရာဝန် ဘန်ဒီကာရှင်ဟာက ပြောသည်။

သန္ဓေတားဆေးသောက်ဆေးများအသုံးပြုသည့် အမျိုးသမီး များပိုများလာပြီး သန္ဓေတားဆေးသောက်ဆေးများကြောင့် ဖြစ်ပေါ် လာသောကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးမှုများတွင် ရင်သားပျော့တွဲ လာခြင်းနှင့် အရေပြားဓာတ်မတည့်ဖြစ်မှုများမှာ ထင်ရှားလာ ကြောင်း သိရသည်။

အရေပြားဓာတ်မတည့်ဖြစ်ခြင်း၊ ရင်သားများပျော့တွဲကျလာ ခြင်းနှင့် ဓမ္မတာလာချိန် မူမမှန်ခြင်းတို့မှာ သန္ဓေတားဆေးသောက် သုံးမှုလွန်ကဲသောအမျိုးသမီးများကြား တွေ့နေကျလက္ခဏာများ ဖြစ်ကြောင်း သိရသည်။

သို့သော် အမျိုးသမီးများသန္ဓေတားဆေးသောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မှာ ၎င်း၏ကိုယ်ကာယကြံ့ခိုင်မှုနှင့် ဘေးပတ်ဝန်းကျင် အခြေအနေများအပေါ် မူတည်ကြောင်း သိရ သည်။ အမျိုးသမီးတစ်ဦး၏ခန္ဓာကိုယ်အလေးချိန်နှင့် အသက်အရွယ်တို့မှာလည်း သန္ဓေတားဆေးများသောက်သုံးမှုပမာဏကို အဆုံးအ ဖြတ်ပေးရာတွင် အဓိကကျသောအချက်များဖြစ်သည်။

—Ref: TOI

http://7daydaily.com/story/48825

No comments:

Post a Comment