Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

ေတာင္သမန္အင္းအတြင္း အမည္မသိအမ်ိဳးသားတစ္ဦးအေလာင္းေတြ႕

Byေမာင္တာOn  Fri, 2015-10-23 06:30LocationမႏၲေလးIssue No.No.895 Friday, October 23, 2015
အမရပူရၿမိဳ႕နယ္ ေတာင္သမန္အင္းအတြင္း ေရနစ္ ေသဆံုးေနသည့္ အမည္မသိအမ်ိဳး သားတစ္ဦးအေလာင္းကို ေအာက္တိုဘာ ၂၂ ရက္ နံနက္က ေတြ႕ရွိခဲ့ေၾကာင္း     အမရပူရၿမိဳ႕နယ္ ရဲစခန္းမွ သတင္းရရွိသည္။

ေတာင္သမန္ေက်းရြာ ဦးေရႊ ေတာင္တံတားထိပ္ ေတာင္သမန္ အင္းစပ္တြင္ ေရနစ္ေသဆံုးေနၿပီး ပုပ္ပြေနသည့္ အသက္ (၄၀) ခန္႔ အရြယ္ အမ်ိဳးသားတစ္ဦး  အ ေလာင္းကို ေတြ႕ရွိခဲ့ၿပီး ေသမႈေသ ခင္းျဖင့္     အမႈဖြင့္စစ္ေဆးေန ေၾကာင္း   အမရပူရၿမိဳ႕နယ္ ရဲ စခန္းမွ တာ၀န္ရွိသူတစ္ဦးကေျပာၾကားသည္။

‘‘အေလာင္းက ပုပ္ပြၿပီး ေတာ္ေတာ္ပ်က္ေနပါၿပီ။ ျပင္ပ ဒဏ္ရာမေတြ႕ဘဲ ေသဆံုးေနတာ ပါ။ မႈခင္းဆရာ၀န္ေတြ ရင္ခဲြစစ္ ေဆးတဲ့အခါမွာလည္း ျပင္ပဒဏ္ ရာတစ္စံုတစ္ရာမေတြ႕ရဘဲ ေရ နစ္ေသဆံုးတဲ့အေနအထားေတြ႕ ရပါတယ္။ ေသမႈေသခင္းဖြင့္ၿပီး ဆက္လက္ေဆာင္ရြက္ေနပါ တယ္’’ဟု အထက္ပါတာ၀န္ရွိသူ က ေျပာသည္။

မႏၲေလးခ႐ုိင္အတြင္း လူ ေသအေလာင္းေတြ႕ရွိမႈမ်ားဆက္ တုိက္ျဖစ္ပြားေနၿပီး ၿပီးခဲ့သည့္ ေအာက္တုိဘာ ၆ ရက္က ပုသိမ္ ႀကီးၿမိဳ႕နယ္ ရန္ကင္းေတာင္အ တက္ ကားလမ္းေဘးတြင္ ေသ ဆံုးေနသည့္ အသက္ (၄၀)ခန္႔အ ရြယ္   အမ်ိဳးသားတစ္ဦး   အ ေလာင္းကုိ ခရီးေဆာင္အိတ္ျဖင့္ ထည့္ကာ လာေရာက္စြန္႔ပစ္ထား မႈ ျဖစ္ပြားခဲ့သည္။

ထို႔အတူ ၿပီးခဲ့သည့္ စက္ တင္ဘာ ၂၈ ရက္ကလည္း အမရ ပူရၿမိဳ႕နယ္ စစ္ကိုင္း-မႏၲေလး ကားလမ္းေဘးတြင္ အမ်ဳိးသမီး တစ္ဦး အေလာင္းကို ေတြ႕ရွိခဲ့ သည္။ အဆုိပါ အမ်ိဳးသမီးအ ေလာင္းႏွင့္ပတ္သက္၍ ခင္ပြန္း ျဖစ္သူက ျပစ္မႈက်ဴးလြန္ျခင္းျဖစ္ ကာ   အမႈမွန္ေဖာ္ထုတ္ႏုိင္ခဲ့ၿပီး တရားခံဖမ္းဆီးရမိေရး ဆက္ လက္ေဆာင္ရြက္ေနေၾကာင္း အမရပူရၿမိဳ႕နယ္ ရဲတပ္ဖဲြ႕တာ၀န္ ရွိသူတစ္ဦးကေျပာသည္။
http://www.7daydaily.com/story/49285
...............................
တောင်သမန်အင်းအတွင်း အမည်မသိအမျိုးသားတစ်ဦးအလောင်းတွေ့

Byမောင်တာOn  Fri, 2015-10-23 06:30Locationမန္တလေးIssue No.No.895 Friday, October 23, 2015
အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း ရေနစ် သေဆုံးနေသည့် အမည်မသိအမျိုး သားတစ်ဦးအလောင်းကို အောက်တိုဘာ ၂၂ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း     အမရပူရမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

တောင်သမန်ကျေးရွာ ဦးရွှေ တောင်တံတားထိပ် တောင်သမန် အင်းစပ်တွင် ရေနစ်သေဆုံးနေပြီး ပုပ်ပွနေသည့် အသက် (၄၀) ခန့် အရွယ် အမျိုးသားတစ်ဦး  အ လောင်းကို တွေ့ရှိခဲ့ပြီး သေမှုသေ ခင်းဖြင့်     အမှုဖွင့်စစ်ဆေးနေ ကြောင်း   အမရပူရမြို့နယ် ရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

‘‘အလောင်းက ပုပ်ပွပြီး တော်တော်ပျက်နေပါပြီ။ ပြင်ပ ဒဏ်ရာမတွေ့ဘဲ သေဆုံးနေတာ ပါ။ မှုခင်းဆရာဝန်တွေ ရင်ခွဲစစ် ဆေးတဲ့အခါမှာလည်း ပြင်ပဒဏ် ရာတစ်စုံတစ်ရာမတွေ့ရဘဲ ရေ နစ်သေဆုံးတဲ့အနေအထားတွေ့ ရပါတယ်။ သေမှုသေခင်းဖွင့်ပြီး ဆက်လက်ဆောင်ရွက်နေပါ တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။

မန္တလေးခရိုင်အတွင်း လူ သေအလောင်းတွေ့ရှိမှုများဆက် တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်က ပုသိမ် ကြီးမြို့နယ် ရန်ကင်းတောင်အ တက် ကားလမ်းဘေးတွင် သေ ဆုံးနေသည့် အသက် (၄၀)ခန့်အ ရွယ်   အမျိုးသားတစ်ဦး   အ လောင်းကို ခရီးဆောင်အိတ်ဖြင့် ထည့်ကာ လာရောက်စွန့်ပစ်ထား မှု ဖြစ်ပွားခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် စက် တင်ဘာ ၂၈ ရက်ကလည်း အမရ ပူရမြို့နယ် စစ်ကိုင်း-မန္တလေး ကားလမ်းဘေးတွင် အမျိုးသမီး တစ်ဦး အလောင်းကို တွေ့ရှိခဲ့ သည်။ အဆိုပါ အမျိုးသမီးအ လောင်းနှင့်ပတ်သက်၍ ခင်ပွန်း ဖြစ်သူက ပြစ်မှုကျူးလွန်ခြင်းဖြစ် ကာ   အမှုမှန်ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေး ဆက် လက်ဆောင်ရွက်နေကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့တာဝန် ရှိသူတစ်ဦးကပြောသည်။

No comments:

Post a Comment