Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ဆႏၵမဲေပး အဆင္မေျပ မႈမ်ား ၀ါရွင္တန္ ျမန္မာ သံရံုး ေျဖရွင္း ေပးမည္

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္၊ ျမန္မာသံ႐ံုး။ 
 ႀကိဳတင္မဲ မေပးလိုက္ႏိုင္တဲ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြအတြက္ တခ်ဳိ႔ႏိုင္ငံေတြမွာ ေနာက္ထပ္ ရက္သတ္မွတ္ၿပီး မဲေပးခြင့္ရေအာင္ ေဆာင္ရြက္ေန ခ်ိန္မွာပဲ အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီ ၿမိဳ႕ေတာ္က ျမန္မာသံရံုး အေနနဲ႔လည္း ႀကိဳတင္မဲေပးခြင့္ ေနာက္တႀကိမ္ ထပ္မံ ရရွိေအာင္ ေဆာင္ရြက္ေနေၾကာင္း သံမွဴးႀကီး ဦးမင္းသိမ္းက ေျပာပါတယ္။ ကိုေအာင္ေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မၾကာခင္က ထုတ္ျပန္ထားတဲ့ ျမန္မာသံရံုးရဲ႕ေၾကညာခ်က္ထဲမွာ လြန္ခဲ့တဲ့ ေအာက္တိုဘာ ၁၇၊ ၁၈ တုန္းက ႀကိဳတင္မဲ မေပးႏိုင္တဲ့သူေတြ အတြက္ ေနာက္တႀကိမ္ မဲေပးခြင့္ရေအာင္ ေဆာင္ရြက္ေနတယ္ လို႔ ေဖၚျပ ထားပါတယ္။ ဦးမင္းသိမ္း အေနနဲ႔ အဲဒီကိစၥ နည္းနည္းေလာက္ ရွင္းျပေပး ပါလားခင္ဗ်။

သံမွဴးႀကီး ဦးမင္းသိမ္း။     ။ " ဟုတ္ကဲ့။ က်ေ်နာ္တို႔ ဝါရွင္တန္ၿမိဳ႕ ျမန္မာသံ႐ံုးအေနနဲ႔ ၿပီးခဲ့တဲ့ ၁၇၊ ၁၈ တုန္းက ႀကိဳတင္မဲဆႏၵေပဖို႔ စီစဥ္ခဲ့ရာမွာ တခ်ိဳ႕ မဲမရတဲ့သူေတြ ရွိပါတယ္။ မဲလက္မွတ္မရလို႔ မဲမေပးရတဲ့သူေတြ ရွိပါတယ္။ အဲ့တာ သိပ္ေတာ့ မမ်ားပါဘူး။ သို႔ရာတြင္ သူတို႔ရဲ႕အခြင့္အေရး မဆံုး႐ံႈးေအာင္ဆိုၿပီး က်ေနာ္တို႔က လိုအပ္တဲ့မဲေတြ နဲ႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနကေန တဆင့္ ေရြးေကာက္ပြဲ ေကာ္မရွင္ကို တင္ျပထားပါတယ္။ အဲ့တာေလးပါ။ ဟိုဘက္က ဘာျပန္လာမလဲ ေတာ့ က်ေနာ္တို႔ မသိေသးဘူးေပါ့ေနာ္။ အကယ္လို႔ရရင္ေတာ့ က်ေနာ္တို႔က သက္ဆိုင္ရာ မဲဆႏၵရွင္ေတြဆီကို ဖုန္းဆက္ၿပီးေတာ့ မဲဆႏၵမဲ ျပန္လာေပးႏုိင္ဖို႔ စီစဥ္ေပးမွာပါခင္ဗ်"

ကိုေအာင္ေအာင္။    ။ စက္တင္ဘာလဆန္းပိုင္းတုန္းက ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္မွာ ဒီ ၀ါရွင္တန္ ဒီစီေဒသမွာ ျမန္မာႏိုင္ငံသား ႀကိဳတင္မဲေတာင္းခံထားသူဦးေရ ၁၃၅ ဦး ရွိတယ္လို႔ ေဖၚျပထားပါတယ္။ အခု ႀကိဳတင္မဲမေပးခဲ့ရခဲ့သူ ဘယ္ေလာက္ရွိပါ လဲခင္ဗ်။

သံမွဴးႀကီး ဦးမင္းသိမ္း။     ။"က်ေနာ္တို႔ ပထမဦးဆံုးေပါ့ စၿပီးေတာ့ ပံုစံ(၁၅) တင္တဲ့ ဦးေရက ၁၇၇ဦး ရွိပါတယ္။ ျပန္စာရင္းစစ္ လုိက္ေတာ့ တစ္ဦးက ဆံုးသြားတယ္လို႔ ေျပာတယ္။ အားလံုးေပါင္း ၁၇၆ ဦး က်န္ပါမယ္။ ၁၇၆ဦးမွာ က်ေနာ္တို႔ မဲေတြ စေရာက္တုန္းက စိစစ္လုိက္တုန္းက မဲလံုးဝ မပါတဲ့၊ မဲလက္မွတ္ လံုးဝ မပါတဲ့ သူေတြကို လာမေပးဖို႔ က်ေနာ္တို႔က အေၾကာင္းၾကားလိုက္ပါတယ္။ ၁၃၀ ေက်ာ္ကို က်ေနာ္တို႔ မဲလက္မွတ္  တခ်ိဳ႕တဝက္ပါတယ္၊ အျပည့္ပါတယ္။ အဲ့ဒီ့မဲဆႏၵရွင္ေတြကိုေတာ့ ဖိတ္လိုက္ပါတယ္။ ဖိတ္လိုက္တာက ၁၃၀ေက်ာ္ပါ။ အဲ့ဒီ့မွာ လာေပးတာက ၈၂ ဦးပဲ ရွိပါတယ္။ ေနာက္ အဲ့တာနဲ႔ တို႔ေတြက အားလံုးက ျပန္စိစစ္လိုက္ၿပီးေတာ့ အကုန္လံုး ကိုေတာ့ ျပန္တင္ျပ ထား ပါတယ္။ အေျခအေနကို။ အားလံုးေပါင္း လံုးဝ ဆႏၵမဲ လက္မွတ္ လံုးဝ မရွိလို႔ လာမေပးႏုိင္တဲ့ သူ စာရင္းက အားလံုးေပါင္း ၃၉ေယာက္ ၊ ေနာက္တခါ လက္မွတ္ အျပည့္အစံု မရတဲ့သူက ၂၈ ေယာက္ ၊ ေနာက္ ပံုစံ (၁၅ ) တင္ၿပီးေတာ့ ခြင့္ျပဳခ်က္ မရတာက (၅) ေယာက္၊ အားလံုးေပါင္း က်ေနာ္ထင္တယ္ ၁၇၆ ေယာက္ျဖစ္မယ္။ အဲ့တာကို က်ေနာ္တို႔ အကုန္ျပန္တင္ျပထားပါတယ္ခင္ဗ်။"

ကိုေအာင္ေအာင္။    ။ ဟုတ္ကဲ့။ အခုၿပီးခဲ့တဲ့ရက္ပိုင္း မဲေပးရာမွ ၀ါရွင္တန္ဒီစီ နယူးေယာက္နဲ႔ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေတြမွာ မဲေပးႏိုင္တာေပါ့။ ေနရာသံုးေနရာမွာေပါ့ေလ။ တကယ္လို႔ ေနာက္တႀကိမ္ မဲေပးဖို႔ ျဖစ္လာမယ္ဆိုလ်င္ အဲဒီ ၃ ေနရာလံုးမွာ မဲေပးသြားနိုင္မွာပါလား။

သံမွဴးႀကီး ဦးမင္းသိမ္း။     ။ "က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ ဝါရွင္တန္သံ႐ံုးရဲ႕ လုပ္ပိုင္ခြင့္နဲ႔ပဲ က်ေနာ္တို႔က တင္ထားတာပါ။ အဲ့လိုပဲ အလားတူ က်န္တဲ့ ေကာင္စစ္ဝန္႐ံုးေတြနဲ႔ အျခား႐ံုးေတြကို သီးျခားေမးေစခ်င္ပါတယ္။"

ကိုေအာင္ေအာင္။    ။ ျမန္မာႏိုင္ငံသားေတြ ႀကိဳတင္မဲေပးတာမွာ အဆင္မေျပမႈေတြႀကံဳတာေၾကာင့္ ဒီကိစၥ အေပၚ နားလည္ေပးဖို႔ သံရံုးေတြဘက္က ေမတၱာရပ္ခံေပမယ့္ ဒီကစၥကို အစိုးရဘက္ကေကာ ေရြးေကာက္ပြဲေကာ္မရွင္ဘက္ကေကာ ပူးေပါင္းေဆာင္ရြက္ရမယ့္ ကိစၥအျဖစ္ ေျပာဆိုၾကပါတယ္ ဒီအေပၚ ဦးမင္းသိမ္းအေနနဲ႔ ဘယ္လိုမ်ား ေျဖၾကားရွင္းလိုလိုပါလည္းခင္ဗ်။

သံမွဴးႀကီး ဦးမင္းသိမ္း။     ။ အဲ့တာနဲ႔ပတ္သက္လို႔က က်ေနာ္တို႔ သံ႐ံုးေတြရဲ႕အပိုင္းက သံ႐ံုးေတြရဲ႕ တာဝန္ကို အေကာင္းဆံုး ေဆာင္ရြက္ေနပါတယ္။ ဒီလိုပဲ ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္ကလည္း သူတို႔ရဲ႕ လုပ္ထံုးလုပ္နည္းနဲ႔အညီ လုပ္ေနတာျဖစ္ပါတယ္။ အဲ့လိုပဲ နားလည္ထားပါတယ္။ အဲ့ေတာ့ သူတို႔လည္း အေကာင္းဆံုး လုပ္ေနတဲ့အခ်ိန္မွာ ၾကားထဲမွာ တခုခုျပတ္ေတာက္သြားတဲ့ အတြက္ေၾကာင့္မို႔လို႔ ဒီလိုမ်ိဳး ျဖစ္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဆိုေတာ့ အားလံုး မည္သူ မည္သူမွ အျပစ္မတင္ပဲနဲ႔ အားလံုး အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ေပးမယ္။ ျပန္လုပ္ေပးမယ္ လို႔  ေျပာထားတဲ့အတြက္ေၾကာင့္မို႔လို႔ အဲ့တာေလးကိုေတာ့ နားလည္ေပးဖို႔ ခြင့္လႊတ္ေပးဖို႔ အဲ့တာေလးပဲ က်ေနာ္ တင္ျပခ်င္ပါတယ္ခင္ဗ်။

အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီ ၿမိဳ႕ေတာ္က ျမန္မာသံရံုး က သံမွဳးႀကီး ဦးမင္းသိမ္းကို ကိုေအာင္ေအာင္က ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

ေအာင္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ဆန္ဒမဲပေး အဆင်မပြေ မှုများ ၀ါရှင်တန် မြန်မာ သံရုံး ဖြေရှင်း ပေးမည်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ မြန်မာသံရုံး။ 
 ကြိုတင်မဲ မပေးလိုက်နိုင်တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် တချို့နိုင်ငံတွေမှာ နောက်ထပ် ရက်သတ်မှတ်ပြီး မဲပေးခွင့်ရအောင် ဆောင်ရွက်နေ ချိန်မှာပဲ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံး အနေနဲ့လည်း ကြိုတင်မဲပေးခွင့် နောက်တကြိမ် ထပ်မံ ရရှိအောင် ဆောင်ရွက်နေကြောင်း သံမှူးကြီး ဦးမင်းသိမ်းက ပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မကြာခင်က ထုတ်ပြန်ထားတဲ့ မြန်မာသံရုံးရဲ့ကြေညာချက်ထဲမှာ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၇၊ ၁၈ တုန်းက ကြိုတင်မဲ မပေးနိုင်တဲ့သူတွေ အတွက် နောက်တကြိမ် မဲပေးခွင့်ရအောင် ဆောင်ရွက်နေတယ် လို့ ဖေါ်ပြ ထားပါတယ်။ ဦးမင်းသိမ်း အနေနဲ့ အဲဒီကိစ္စ နည်းနည်းလောက် ရှင်းပြပေး ပါလားခင်ဗျ။

သံမှူးကြီး ဦးမင်းသိမ်း။     ။ " ဟုတ်ကဲ့။ ကျေျနာ်တို့ ဝါရှင်တန်မြို့ မြန်မာသံရုံးအနေနဲ့ ပြီးခဲ့တဲ့ ၁၇၊ ၁၈ တုန်းက ကြိုတင်မဲဆန္ဒပေဖို့ စီစဉ်ခဲ့ရာမှာ တချို့ မဲမရတဲ့သူတွေ ရှိပါတယ်။ မဲလက်မှတ်မရလို့ မဲမပေးရတဲ့သူတွေ ရှိပါတယ်။ အဲ့တာ သိပ်တော့ မများပါဘူး။ သို့ရာတွင် သူတို့ရဲ့အခွင့်အရေး မဆုံးရှုံးအောင်ဆိုပြီး ကျနော်တို့က လိုအပ်တဲ့မဲတွေ နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တဆင့် ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပါတယ်။ အဲ့တာလေးပါ။ ဟိုဘက်က ဘာပြန်လာမလဲ တော့ ကျနော်တို့ မသိသေးဘူးပေါ့နော်။ အကယ်လို့ရရင်တော့ ကျနော်တို့က သက်ဆိုင်ရာ မဲဆန္ဒရှင်တွေဆီကို ဖုန်းဆက်ပြီးတော့ မဲဆန္ဒမဲ ပြန်လာပေးနိုင်ဖို့ စီစဉ်ပေးမှာပါခင်ဗျ"

ကိုအောင်အောင်။    ။ စက်တင်ဘာလဆန်းပိုင်းတုန်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဒီ ၀ါရှင်တန် ဒီစီဒေသမှာ မြန်မာနိုင်ငံသား ကြိုတင်မဲတောင်းခံထားသူဦးရေ ၁၃၅ ဦး ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ အခု ကြိုတင်မဲမပေးခဲ့ရခဲ့သူ ဘယ်လောက်ရှိပါ လဲခင်ဗျ။

သံမှူးကြီး ဦးမင်းသိမ်း။     ။"ကျနော်တို့ ပထမဦးဆုံးပေါ့ စပြီးတော့ ပုံစံ(၁၅) တင်တဲ့ ဦးရေက ၁၇၇ဦး ရှိပါတယ်။ ပြန်စာရင်းစစ် လိုက်တော့ တစ်ဦးက ဆုံးသွားတယ်လို့ ပြောတယ်။ အားလုံးပေါင်း ၁၇၆ ဦး ကျန်ပါမယ်။ ၁၇၆ဦးမှာ ကျနော်တို့ မဲတွေ စရောက်တုန်းက စိစစ်လိုက်တုန်းက မဲလုံးဝ မပါတဲ့၊ မဲလက်မှတ် လုံးဝ မပါတဲ့ သူတွေကို လာမပေးဖို့ ကျနော်တို့က အကြောင်းကြားလိုက်ပါတယ်။ ၁၃၀ ကျော်ကို ကျနော်တို့ မဲလက်မှတ်  တချို့တဝက်ပါတယ်၊ အပြည့်ပါတယ်။ အဲ့ဒီ့မဲဆန္ဒရှင်တွေကိုတော့ ဖိတ်လိုက်ပါတယ်။ ဖိတ်လိုက်တာက ၁၃၀ကျော်ပါ။ အဲ့ဒီ့မှာ လာပေးတာက ၈၂ ဦးပဲ ရှိပါတယ်။ နောက် အဲ့တာနဲ့ တို့တွေက အားလုံးက ပြန်စိစစ်လိုက်ပြီးတော့ အကုန်လုံး ကိုတော့ ပြန်တင်ပြ ထား ပါတယ်။ အခြေအနေကို။ အားလုံးပေါင်း လုံးဝ ဆန္ဒမဲ လက်မှတ် လုံးဝ မရှိလို့ လာမပေးနိုင်တဲ့ သူ စာရင်းက အားလုံးပေါင်း ၃၉ယောက် ၊ နောက်တခါ လက်မှတ် အပြည့်အစုံ မရတဲ့သူက ၂၈ ယောက် ၊ နောက် ပုံစံ (၁၅ ) တင်ပြီးတော့ ခွင့်ပြုချက် မရတာက (၅) ယောက်၊ အားလုံးပေါင်း ကျနော်ထင်တယ် ၁၇၆ ယောက်ဖြစ်မယ်။ အဲ့တာကို ကျနော်တို့ အကုန်ပြန်တင်ပြထားပါတယ်ခင်ဗျ။"

ကိုအောင်အောင်။    ။ ဟုတ်ကဲ့။ အခုပြီးခဲ့တဲ့ရက်ပိုင်း မဲပေးရာမှ ၀ါရှင်တန်ဒီစီ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာ မဲပေးနိုင်တာပေါ့။ နေရာသုံးနေရာမှာပေါ့လေ။ တကယ်လို့ နောက်တကြိမ် မဲပေးဖို့ ဖြစ်လာမယ်ဆိုလျင် အဲဒီ ၃ နေရာလုံးမှာ မဲပေးသွားနိုင်မှာပါလား။

သံမှူးကြီး ဦးမင်းသိမ်း။     ။ "ကျနော်တို့ကတော့ ကျနော်တို့ ဝါရှင်တန်သံရုံးရဲ့ လုပ်ပိုင်ခွင့်နဲ့ပဲ ကျနော်တို့က တင်ထားတာပါ။ အဲ့လိုပဲ အလားတူ ကျန်တဲ့ ကောင်စစ်ဝန်ရုံးတွေနဲ့ အခြားရုံးတွေကို သီးခြားမေးစေချင်ပါတယ်။"

ကိုအောင်အောင်။    ။ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတာမှာ အဆင်မပြေမှုတွေကြုံတာကြောင့် ဒီကိစ္စ အပေါ် နားလည်ပေးဖို့ သံရုံးတွေဘက်က မေတ္တာရပ်ခံပေမယ့် ဒီကစ္စကို အစိုးရဘက်ကကော ရွေးကောက်ပွဲကော်မရှင်ဘက်ကကော ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စအဖြစ် ပြောဆိုကြပါတယ် ဒီအပေါ် ဦးမင်းသိမ်းအနေနဲ့ ဘယ်လိုများ ဖြေကြားရှင်းလိုလိုပါလည်းခင်ဗျ။

သံမှူးကြီး ဦးမင်းသိမ်း။     ။ အဲ့တာနဲ့ပတ်သက်လို့က ကျနော်တို့ သံရုံးတွေရဲ့အပိုင်းက သံရုံးတွေရဲ့ တာဝန်ကို အကောင်းဆုံး ဆောင်ရွက်နေပါတယ်။ ဒီလိုပဲ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်နေတာဖြစ်ပါတယ်။ အဲ့လိုပဲ နားလည်ထားပါတယ်။ အဲ့တော့ သူတို့လည်း အကောင်းဆုံး လုပ်နေတဲ့အချိန်မှာ ကြားထဲမှာ တခုခုပြတ်တောက်သွားတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ အားလုံး မည်သူ မည်သူမှ အပြစ်မတင်ပဲနဲ့ အားလုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ပြန်လုပ်ပေးမယ် လို့  ပြောထားတဲ့အတွက်ကြောင့်မို့လို့ အဲ့တာလေးကိုတော့ နားလည်ပေးဖို့ ခွင့်လွှတ်ပေးဖို့ အဲ့တာလေးပဲ ကျနော် တင်ပြချင်ပါတယ်ခင်ဗျ။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံး က သံမှုးကြီး ဦးမင်းသိမ်းကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment