Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 25, 2015

မီဒီယာတွေကိုစိန်ခေါ်လိုက်တဲ့ ဇော်မိုးထက်

မှားသွားလျှင် ၊ ရိုင်းသွားလျှင် ခွှင့်လွှတ်ပါ လို့ မြန်မာပြည်မှ မီဒီယာ အားလုံးကို ပြေပါရစေ....
Global Witness က ကမ္ဘာသိအောင် ဖွင့်ချပြီးမှ မောင်မင်းကြီးသား မီဒီယာမျိုးစုံက ရေးလိုက်ကြ ၊ ပြောလိုက်ကြတာ အလုအယက်ဗျာ ။ကျနော်ကတော့ ခင်ဗျားတို့အစားရှက်ပ ။ ခင်ဗျားတို့ပေးမဲ့ ဆင်ခြေ ကျနော်ကြိုသိပါတယ် ။ ကျနော်တို့က ပြည်သူ သိသင့်တယ်ထင်တာ တင်ပြရမှာပဲလို့ ပြောကြအုံးမှာပါပဲ ။
ဖော်ပြသတင်းဆိုတာထက် ဖော်ထုတ်သတင်းလေးတွေ တင်ပြကြပါအုံးလို့ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ် ။
ဖားကန့်ကျောက်စိမ်းလုပ်ငန်း နှင့်ပတ်သက်လို့ ပြည်သူအပေါ်မှာ ဘယ်လောက်များ တာဝန်ကျေခဲ့ပြီလဲလို့ မေးချင်ပါတယ် ။
ကောက်စားသတင်းတွေနဲ့ပဲ ဝေဆာနေတဲ့ ခင်ဗျားတို့ ပြည်တွင်း မီဒီယာတွေအပေါ် ပြည်သူတွေဘယ်လိုအားကိုးရမလဲ ။
ရေးလိုက်တဲ့ လက်ပတောင်းကိစ္စ ပလူကိုပျံနေတာပဲဗျာ ။ ဖားကန့်ကျောက်စိမ်းတွင်းဒေသကလဲ လက်ပတောင်းထက်တော့ တန်ဘိုးမလျော့ပါဘူး။ ဖားကန့်မှာ တိုက်ပွဲဖြစ်မှ၊ ကျင်းပိလို့ လူသေမှ ၊ စစ်တပ်က အရပ်သားပစ်သတ်မှ ၊ သမ္မကြီးလာမှ ၊ ဒေါ်အောင်ဆန်းစုကြည်လာမှ ၊ ကိုမင်ူကိုနိုင်လာမှ သတင်းဖော်ပြတတ်ကြတာလားလို့ အားနာစွာ မေးခွန်းထုပ်ချင်ပါတယ် ။
မြန်မာတစ်နိုင်ငံလုံးအကျိုးများမဲ့ သတင်းတွေကို ချပြပေးလိုက်မယ် ။
ရှင်းရှင်းပြောရရင် ခင်ဗျားတို့ မီဒီယာတွေကို ချဲလင့် လုပ်တာပဲ ။
၁ ။ သတ္တုတွင်းဝန်ကြီးဌာနက ချမှတ်ထားသော ဥပဒေတွေကို တူးဖော်ရေးကုမ္မဏီတွေက ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာတွေ ။
၂ ။ သတ်မှတ်
လုပ်ကွက် ဧရိယာကို ကျော်နင်းတူးဖော်လုပ်ကိုင်နေမှုတွေ ။
၃ ။ ကုမ္မဏီ ဝန်ထမ်များကို တရားမဝင် တရုတ်နိုင်ငံသားခန့်ထားမှုတွေ ။
၎ ။ လုပ်ငန်ခွင်သုံး လိုင်စင်မဲ့ စက်ယန္တရားများကို သက်ဆိုင်ရာ အာဏာပိုင်များက အဘယ်ကြောင့် ခွင့်ပြုထားမှုတွေ ။
၅ ။ ကျောက်စိမ်းတွင်းများတွင် မဖြစ်မနေ အသုံးပြုရသော ဖောက်ခွဲရေးပစ္စည်းများကို မည်သည့်အဖွဲ့အစည်းတွေက ရောင်းစားနေသလဲ ။
၆ ။ ဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် လိုင်စင်မဲ့ မော်တော်ယဉ်များကို ဖားကန့်ဒေသ တစ်ခုလုံးကို အဘယ်ကြောင့် ခွင့်ထားသလဲ ။
၇ ။ တရားမဝင် လုပ်ငန်းများဖြစ်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၊ လောင်းကစား နှင့် အနှိပ်ခန်း ၊ ပြည့်တန်ဆာလုပ်ငန်းများ ကို အရေးယူမှုတွေ ဘာကြောင့်မရှိရတာလဲ ။
၈ ။ ကျောက်စိမ်းကုမ္မဏီတွင်လုပ်ကိုင်နေသော ဝန်ထမ်းများကို ကြိုတင်မဲထည့်ခိုင်းရန် လက်ရှိအာဏာရပါတီနှင့် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများ လုပ်ဆောင်နေမှု ။
၉ ။ ကျောက်စိမ်းကယ်ရီ လုပ်ငန်း လုပ်ဆောင်ပေးနေသော လုပ်ငန်းရှင်များ ကျောက်စိမ်းရုံး( ဖားကန့်) အာဏာပိုင်များ ကြားက မရိုးသားသော ကယ်ရီပို့ဆောင်မှု အများအပြားကြီးထွားလာနေတာတွေကို ဘယ်လိုဖော်ထုတ်ရမည်လဲ ။
၁၀ ။ တရုတ်ပြည်သို့ တရားမဝင်လမ်းကြောင်းများဖြစ်သည့် လွယ်ဂျယ် ၊ ကန်ပိုင်တီး ၊ ပန်ဝါ လမ်းကြောင်းများမှ ကျောက်စိမ်းအရိုငိးတုံးများကို ဘယ်ပုဂ္ဂိုလ် ၊ ဘယ်အဖွဲ့အစည်းတွေက ပို့ဆောင်နေပါသလဲ ။
၁၁ ။ ကျောက်စိမ်းလုပ်ကွက်များကို ဘယ်လိုပုဂ္ဂိုလ်တွေက ရောင်းစားနေသလံ ။
၁၁ ။ KIA က ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီတစ်ခုကို တစ်နှစ်စာအတွက် သိန်းထောင်ငွေ ပေးဆောင်နေမှုမှာ ကုမ္မဏီများက ကျေနပိမှု ရှိကြပါရဲ့ လား ။
အထက်ပါအကြောင်းအရာတွေကို ဖော်ထုတ်ပေးနိုင်ပါသလား ။
ပြည်တွင်းမီဒီယာကြီး ဘယ်လောက်စွမ်းသလဲ မြည်းစမ်းကြည့်ချင်လို့ပါ ။
လက်ရှိဖြစ်နေဆဲ သတင်းဖြစ်ကြောင်း ရဲရဲကြီး အာမခံ ပါသည် ။
ဖိတ်ခေါ်ပါတယ် ဖားကန့်ကို ကိုရွှေမီဒီကြီးတွေကို ။
သတင်းသမားများ အတွက်နေစရာ အိမ် တစ်လုံးပေးမည် ။ကျန်တာကိုယ့်စရိတ်ကို စိုက် ။
ပရော်ဖက်ရှင်နယ်သုံး ကင်မရာ တစ်လုံး ၊ လက်တော့ ၊ အသံဖမ်းစက် ငှားပေးအုံးမည် ။မှတ်ချက် ။ ပစ္စည်းများပျက်လျှင် လျော်ပေးရပါမည် ။
သတင်းယူလိုသည့် အဖွဲ့အစည်း ၊ အစိုးရ ရုံး ၊ ကုမ္မဏီများကို အားရင် အားသလို လိုက်ပါ ပို့ဆောင်ပေးအုံးမည် ။
ဘယ်ပါတီ ၊ ဘယ်အဖွဲ့ အစည်း နဲ့ မှ မပတ်သက်တဲ့ 
ဇော်မိုးထက်
နိုင်ငံသားစီစစ်ရေး ကဒ်ပြားအမှတ် ၉ / ကပတ ( နိုင် ) ၁၈၀၇၂၆ ။
ဖုန်း - ၀၉ ၈၆၁၄၈၂၂
၀၉ ၇၉၄၇၉၃၇၀၀

No comments:

Post a Comment