Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 15, 2015

ေဒၚစု ရခိုင္ျပည္နယ္ ခရီးစဥ္ အႀကိဳ လံုၿခံဳေရး ေဆာင္ရြက္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ျပည္နယ္ ခရီးစဥ္အတြင္း NLD အေနနဲ႔ လံုျခံဳေရးကို တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ ထားတယ္လို႔ သံတြဲခရိုင္ NLD ဥကၠ႒က ေျပာပါတယ္။ ဒါ့အျပင္ အာဏာပိုင္ေတြ အေနနဲ႔ ပူးေပါင္းၿပီး ခရီးစဥ္ အတြင္း ဆူပူမွဳေတြမျဖစ္ေအာင္ ထိန္းသိမ္းသြားမယ္လို႔ NLD ကေျပာပါတယ္။ ရခိုင္ျပည္နယ္ သံတြဲ ၊ ေတာင္ကုတ္၊ ဂြၿမိဳ႕ေတြဆီ မဲဆြယ္ စည္းရံုးေရး သြားမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုျခံဳေရး အေျခအေနေတြ အေၾကာင္း ရခိုင္ျပည္နယ္ သံတြဲကို ေရာက္ေနတဲ့ ဗြီအိုေအသတင္းေထာက္ ကိုစည္သူက ေျပာျပေပးမွာပါ။

မနက္ျဖန္ ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာ ရခိုင္ျပည္နယ္ ကို ေရာက္ လာမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုျခံဳေရးကို အထူးအေလးထားၿပီး တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္သြားမယ္လို႔ သံတြဲခရိုင္ NLD ဥကၠ႒ ဦး၀င္းႏိုင္က ေျပာပါတယ္။

“ လံုၿခံဳေရးကို က်ေနာ္တို႔ေတာ္ေတာ္ႀကီးကို တင္းတင္းက်ပ္က်ပ္ လုပ္ထားပါတယ္။ ဒါေပမယ့္ စိုးရိမ္စိတ္ ကေတာ့ ခုနကလည္း အေမရိကန္သံရံုးက လွမ္းေမး တယ္ေပါ့ေနာ္။ စိုးရိမ္စိတ္ကေတာ့ ရွိပါတယ္။ စိုးရိမ္တာကေတာ့ အထူးစိုးရိမ္ တာေပါ့ေနာ္။ ဒါေပမယ့္ ျဖစ္လာတယ္ဆိုတဲ့ ျပႆနာ ႀကီးႀကီးမားမား မျဖစ္လာေအာင္ ထိန္းထားရမယ္ေလ။ တကယ္လို႔ ျပႆနာ ႀကီးႀကီးမားမားျဖစ္လာခဲ့ရင္ ထပ္ၿပီးေတာ့ ကိုယ့္ျပည္မွာ အမဲစက္တခု ထပ္ၿပီးေတာ့ စြန္းသြားရင္ ပိုၿပီးေတာ့ ငါးခုံးမ တေကာင္ေၾကာင့္ တေလွလံုးပုတ္၊ ရခိုင္ျပည္သူျပည္သားေတြ အားလံုး ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေမွ်ာ္လင့္ေနတယ္။ ဘာလို႔လဲဆိုေတာ့ အခုေရြးေကာက္ပြဲ campaign ကာလ ေရာက္လာတဲ့ အခါမွာ ႏိုင္ငံေရး ေရခ်ိန္ ေတာ္ေတာ္ေလး တက္လာတာကိုေတြ႔ရတာေပါ့ေနာ္။ အဲဒါေၾကာင့္ စိုးေတာ့ စိုးရိမ္တယ္။ ႀကီးႀကီးမားမားျပႆနာလည္း မျဖစ္ဘူးလို႔ ထင္ပါတယ္။”

အာဏာပိုင္ အဖြဲ႔အစည္းေတြနဲ႔ လည္း ပူးေပါင္းေဆာင္ရြက္ သြားမယ္လို႔ ဦး၀င္ႏိုင္က ဆက္ေျပာပါတယ္။

“အာဏာပိုင္ေတြဘက္ကလည္း ရပ္မိရပ္ဖေတြနဲ႔ေတြ႔ဆံုၿပီးေတာ့ ဒီလိုျပႆနာမ်ိဳးေတြ မျဖစ္ရေအာင္၊ ဒါမ်ိဳးေတြ လုပ္ႏိုင္ေျခ ရွိခဲ့ရင္လည္း ထိန္းထိန္းသိမ္းသိမ္းနဲ႔ မျဖစ္ေအာင္ ထိန္းၿပီး သူတို႔ကလည္း ေျပာဆိုထားတာ ရွိပါတယ္တဲ့။”

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုျခံဳေရးကို အနီးကပ္လံုျခံဳေရးအဖြဲ႔ေတြအျပင္ ေဒသ NLD အဖြဲ႔၀င္ အင္အား (၇၀၀) ေက်ာ္နဲ႔ လည္း လံုျခံုေရး တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ သြားမယ္လို႔ သံတြဲခရိုင္ NLD က ေျပာပါတယ္။

ဒါ့အျပင္ သံတြဲၿမိဳ႕ အတြင္း စီတန္း လွည့္လည္တာနဲ႕ ဆူပူအၾကမ္းဖက္မွဳေတြ မလုပ္ၾကဖို႔ သံတြဲၿမိဳ႕ အေထြေထြ အုပ္ခ်ဳပ္ေရးမွဳးရံုးက ဒီကေန႔ ရက္စြဲနဲ႔ ေဒသႏၱရ အမိန္႔ေၾကညာ ခ်က္တစ္ခု ထုတ္ျပန္လိုက္ပါတယ္။ ဒီေၾကညာခ်က္ ဟာ ေအာက္တိုဘာလ (၁၅) ရက္ေန႔ ကေန ႏို၀င္ဘာလ (၁၁) ရက္ေန႔ထိ အက်ံုး၀င္မွာျဖစ္ပါတယ္။

ဘာသာေရး လူမ်ိဳးေရး မတူညီမွဳေတြ အၾကား အကဲဆတ္တဲ့ ရခိုင္ျပည္နယ္ ေဒသ မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုျခံဳေရးကို အထူးစိုးရိမ္ေနၾကတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ျပည္နယ္ ခရီးစဥ္အတြက္ ေရွ႕ေျပးေရာက္ ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ အနီးကပ္လံုျခံဳေရးအဖြဲ႔ကို ဒီကေန႕ ေတာင္ကုတ္ၿမိဳ႕ ကို သြားတဲ့ လမ္းမွာ အုပ္ခ်ဳပ္ေရး ၀န္ထမ္းေတြက သတိေပးတားဆီးခဲ့တယ္လို႕ လံုျခံဳေရး အဖြဲ႔၀င္တစ္ဦးျဖစ္တဲ့ လင္းလင္းက သူ႔ရဲ႕ လူမွဳကြန္ယက္စာမ်က္နွာ Facebook မွာေဖာ္ျပခဲ့ပါတယ္။

လံုျခံဳေရးအဖြဲ႔သားေတြထဲက တခ်ိဳ႕ကို အစၥလာမ္ဘာသာ၀င္ေတြလို႔ သတင္းလႊင့္ ထားတာေၾကာင့္ သတိနဲ႔သြားႏိုင္ဖို႔ အသိေပးေျပာၾကားတာသာျဖစ္တယ္လို႔ လံုျခံဳေရး အဖြဲ႔၀င္တစ္ဦးက ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ဟာ မနက္ျဖန္ ေအာက္တိုဘာလ (၁၆)ရက္ေန႔မွာ ေတာင္ကုတ္ၿမိဳ႕မွာ မဲဆြယ္ စည္းရံုး ေဟာေျပာ မွာျဖစ္ၿပီးေတာ့ ေအာက္တိုဘာလ (၁၇) ရက္ေန႔မွာ သံတြဲၿမိဳ႕၊ ေအာက္တိုဘာလ (၁၈) ရက္ေန႔မွာ ဂြ ၿမို႕ေတြမွာ မဲဆြယ္စ ည္းရံုး ေဟာေျပာပြဲေတြ ျပဳလုပ္သြားမွာျဖစ္ၿပီးေတာ့ ဂြ ၿမိဳ႕ကေန ဧရာ၀တီတိုင္း ငါးသိုင္းေခ်ာင္းၿမိဳ႕ ကို ကားလမ္းကေန သြားေရာက္ဖို႕ စီစဥ္ထားတယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ထုတ္ျပန္ထားပါတယ္။

Voa burmese
...................................
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း NLD အနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက် ထားတယ်လို့ သံတွဲခရိုင် NLD ဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေ အနေနဲ့ ပူးပေါင်းပြီး ခရီးစဉ် အတွင်း ဆူပူမှုတွေမဖြစ်အောင် ထိန်းသိမ်းသွားမယ်လို့ NLD ကပြောပါတယ်။ ရခိုင်ပြည်နယ် သံတွဲ ၊ တောင်ကုတ်၊ ဂွမြို့တွေဆီ မဲဆွယ် စည်းရုံးရေး သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြံုရေး အခြေအနေတွေ အကြောင်း ရခိုင်ပြည်နယ် သံတွဲကို ရောက်နေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူက ပြောပြပေးမှာပါ။

မနက်ဖြန် အောက်တိုဘာလ (၁၆) ရက်နေ့မှာ ရခိုင်ပြည်နယ် ကို ရောက် လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြံုရေးကို အထူးအလေးထားပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်လို့ သံတွဲခရိုင် NLD ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။

“ လုံခြံုရေးကို ကျနော်တို့တော်တော်ကြီးကို တင်းတင်းကျပ်ကျပ် လုပ်ထားပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ် ကတော့ ခုနကလည်း အမေရိကန်သံရုံးက လှမ်းမေး တယ်ပေါ့နော်။ စိုးရိမ်စိတ်ကတော့ ရှိပါတယ်။ စိုးရိမ်တာကတော့ အထူးစိုးရိမ် တာပေါ့နော်။ ဒါပေမယ့် ဖြစ်လာတယ်ဆိုတဲ့ ပြဿနာ ကြီးကြီးမားမား မဖြစ်လာအောင် ထိန်းထားရမယ်လေ။ တကယ်လို့ ပြဿနာ ကြီးကြီးမားမားဖြစ်လာခဲ့ရင် ထပ်ပြီးတော့ ကိုယ့်ပြည်မှာ အမဲစက်တခု ထပ်ပြီးတော့ စွန်းသွားရင် ပိုပြီးတော့ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်၊ ရခိုင်ပြည်သူပြည်သားတွေ အားလုံး ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်နေတယ်။ ဘာလို့လဲဆိုတော့ အခုရွေးကောက်ပွဲ campaign ကာလ ရောက်လာတဲ့ အခါမှာ နိုင်ငံရေး ရေချိန် တော်တော်လေး တက်လာတာကိုတွေ့ရတာပေါ့နော်။ အဲဒါကြောင့် စိုးတော့ စိုးရိမ်တယ်။ ကြီးကြီးမားမားပြဿနာလည်း မဖြစ်ဘူးလို့ ထင်ပါတယ်။”

အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဦးဝင်နိုင်က ဆက်ပြောပါတယ်။

“အာဏာပိုင်တွေဘက်ကလည်း ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံပြီးတော့ ဒီလိုပြဿနာမျိုးတွေ မဖြစ်ရအောင်၊ ဒါမျိုးတွေ လုပ်နိုင်ခြေ ရှိခဲ့ရင်လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ မဖြစ်အောင် ထိန်းပြီး သူတို့ကလည်း ပြောဆိုထားတာ ရှိပါတယ်တဲ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြံုရေးကို အနီးကပ်လုံခြံုရေးအဖွဲ့တွေအပြင် ဒေသ NLD အဖွဲ့ဝင် အင်အား (၇၀၀) ကျော်နဲ့ လည်း လုံခြံုရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက် သွားမယ်လို့ သံတွဲခရိုင် NLD က ပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့ အတွင်း စီတန်း လှည့်လည်တာနဲ့ ဆူပူအကြမ်းဖက်မှုတွေ မလုပ်ကြဖို့ သံတွဲမြို့ အထွေထွေ အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့ ရက်စွဲနဲ့ ဒေသန္တရ အမိန့်ကြေညာ ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ဟာ အောက်တိုဘာလ (၁၅) ရက်နေ့ ကနေ နိုဝင်ဘာလ (၁၁) ရက်နေ့ထိ အကျံုးဝင်မှာဖြစ်ပါတယ်။

ဘာသာရေး လူမျိုးရေး မတူညီမှုတွေ အကြား အကဲဆတ်တဲ့ ရခိုင်ပြည်နယ် ဒေသ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြံုရေးကို အထူးစိုးရိမ်နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွက် ရှေ့ပြေးရောက် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနီးကပ်လုံခြံုရေးအဖွဲ့ကို ဒီကနေ့ တောင်ကုတ်မြို့ ကို သွားတဲ့ လမ်းမှာ အုပ်ချုပ်ရေး ၀န်ထမ်းတွေက သတိပေးတားဆီးခဲ့တယ်လို့ လုံခြံုရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လင်းလင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ Facebook မှာဖော်ပြခဲ့ပါတယ်။

လုံခြံုရေးအဖွဲ့သားတွေထဲက တချို့ကို အစ္စလာမ်ဘာသာဝင်တွေလို့ သတင်းလွှင့် ထားတာကြောင့် သတိနဲ့သွားနိုင်ဖို့ အသိပေးပြောကြားတာသာဖြစ်တယ်လို့ လုံခြံုရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် အောက်တိုဘာလ (၁၆)ရက်နေ့မှာ တောင်ကုတ်မြို့မှာ မဲဆွယ် စည်းရုံး ဟောပြော မှာဖြစ်ပြီးတော့ အောက်တိုဘာလ (၁၇) ရက်နေ့မှာ သံတွဲမြို့၊ အောက်တိုဘာလ (၁၈) ရက်နေ့မှာ ဂွ မြို့တွေမှာ မဲဆွယ်စ ည်းရုံး ဟောပြောပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ဂွ မြို့ကနေ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ ကို ကားလမ်းကနေ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Voa burmese

No comments:

Post a Comment