Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ဟာသခ်ည္းသက္သက္ေျပာသူမဟုတ္၊ ႏုိင္ငံေရးစကားလည္း ေျပာသျဖင့္ ေဟာေျပာခြင့္ပင္ အပိတ္ခံရသူ ေဗလု၀ႏွင့္ ေတြ ့ဆုံေမးျမန္းခန္း


“အနီးစပ္ဆုံးေျပာရရင္ ဟုိတုန္းက ကၽြန္ေတာ္ကုိျမင္ရင္ တခ်ဳိ႕လူေတြက ေဗလု၀ အီသီယုိးပီးယားကလာတဲ့သူ က်ေနတာပဲတဲ့။ ဒါေပမဲ့ ယေန႔အခ်ိန္မွာ အီသီယုိးပီးယားက ဒုံးက်ဥ္လႊတ္ေနၿပီ။ ျပည္သူလူထုရဲ႕ ဘ၀ေတြ အရမ္းေအာင္ျမင္သြားၿပီ . . .”

ႏုိင္ငံေရးပါတီမ်ားမဲဆြယ္စည္းရုံးေရးကာလအတြင္း အႏုပညာေလာကသားအခ်ဳိ႕က မိမိတုိ႔ယုံၾကည္ေထာက္ခံသည့္ပါတီ ေရြးေကာက္ပြဲေအာင္ႏုိင္ေရးအတြက္ တက္တက္ၾကြၾကြ ပါ၀င္အားျဖည့္လာၾကသည္ကုိ ေတြ႔ရသည္။ အထူးသျဖင့္ အာဏာရျပည္ခုိင္ၿဖိဳးပါတီႏွင့္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္တို႔၏ ေဖ်ာေျဖေရးပြဲမ်ား၊ ေဟာေျပာပြဲမ်ားတြင္ အႏုပညာေလာကသားမ်ား ၀န္းရံပါ၀င္အားျဖည့္ေနသည္ကုိ ေတြ႔ရသည္။ NLD ပါတီေအာင္ႏုိင္ေရးအတြက္ က်င္းပသည့္ေဟာေျပာပြဲမ်ားတြင္ ဟာသသရုပ္ေဆာင္ ေဗလု၀ပါ၀င္လာခဲ့ၿပီး ၄င္း၏ NLD ေအာင္ႏုိင္ေရးအတြက္ မဲဆြယ္ေဟာေျပာခ်က္မ်ားအေပၚ လူထုက လႈိက္လႈိက္လွဲလွဲ အားေပးလ်က္ရွိေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ေအာက္တုိဘာ ဒုတိယအပတ္တြင္ နတ္ေမာက္ၿမိဳ႕ နယ္၊ ျမင္းတဲႀကီးေက်းရြာ စာေပေဟာေျပာပြဲတြင္ ေဗလု၀အားေဟာေျပာခြင့္ ပိတ္ပင္ခဲ့ေၾကာင္း သိရသည္။ NLD ေအာင္ႏုိင္ေရးအတြက္ ေဟာေျပာပြဲမ်ား၌ ပါ၀င္လႈပ္ရွားမႈေနသည့္ အႏုပညာရွင္ ေဗလု၀အား News Watch ဂ်ာနယ္က ေအာက္တုိဘာ ၂၈ ရက္ေန႔တြင္ သြားေရာက္ေတြ႔ဆုံေမးျမန္းခဲ့သည္မ်ားကုိ ေကာက္ႏုတ္ေဖာ္ျပလုိက္ပါသည္။

☞ - NLD ေအာင္ႏုိင္ေရးအတြက္ ေဟာေျပာပြဲေတြလႈပ္ရွားေနတယ္ဆုိေတာ့ ဒီေဟာေျပာပြဲေတြ ပါ၀င္ျဖစ္ခဲ့ တာနဲ႔ပတ္သက္ၿပီး ေျပာျပေပးပါအုံး။

➤ - NLD ေအာင္ႏုိင္ေရးကေတာ့ ျပည္သူတေယာက္အေနနဲ႔ေကာ အႏုပညာရွင္တေယာက္အေနနဲ႔ေကာ ဒါကေတာ့ သမုိင္းစာမ်က္ႏွာရဲ႕ ဒီလုိအေျပာင္းအလဲျဖစ္ေနတဲ့ အခ်ိန္အခါမ်ဳိးမွာ ကုိယ္က ေဘးထြက္ထုိင္ေနလုိ႔ မရေတာ့မဘူး။ ကုိယ္ပါ ပါ၀င္စီးဆင္းရ ေတာ့မယ္။ ကုိယ္တုိင္ပါစီးဆင္းတဲ့အခါမွာ လုိအပ္မယ္ထင္လုိ႔ ၀န္းရံလုိက္တာပါ။

☞ - ဘာေၾကာင့္ လုိအပ္တယ္လုိ႔ ေျပာဆုိႏုိင္တာလဲ။ ဒီလို ၀န္းရံမယ္ဆိုျပီးစခဲ့တာကေကာ ဘယ္အခ်ိန္ေလာက္ကလဲဗ်။

➤ - အျပာင္းအလဲကို လူထုအားလုံးက လုိလားေနၾကၿပီေလ။ လူထုအားလုံးက လုိလားေနေတာ့ ကၽြန္ေတာ္တုိ႔ အႏုပညာရွင္ေတြလည္း ၀န္းရံလာၾကတာပါ။ ဘယ္ႏွစ္ႀကိမ္ရိွၿပီဆုိတာေတာ့ မမွတ္မိေတာ့ဘူး။ ကၽြန္ေတာ္တုိ႔က စာေပေဟာေျပာပြဲက စခဲ့တာ။ စာေပေဟာေျပာပြဲဆုိတာကလည္း အနားနီးလာရင္ ဘယ္ရထားပဲစီးစီး ဒီ ဘူတာပဲ ဆုိက္တာပါပဲ။ မဲဆြယ္စည္းရုံးေရးပုံစံ သြားဆုိက္တာပဲ။ ကၽြန္ေတာ္တုိ႔က တြက္ၾကည့္တယ္ေလ။ ကၽြန္ေတာ္က ပါတီ၀င္လည္း မဟုတ္ဘူး။ ၀န္းရံဆိုေတာ့ ကုိယ့္ေခါင္းနဲ႔ကုိယ္ တြက္ရတာ။ ပါတီ (၉၀) ေက်ာ္ရိွတဲ့အထဲမွာ တကယ္ကုိ လူငယ္ပညာတတ္ေတြ သုိင္းသုိင္း၀ုိင္း၀ုိင္းနဲ႔ အစုိးရတရပ္ကုိ ဖြဲ႔စည္းႏုိင္ဖို႔ဆုိတာ NLD ပါတီပဲ ျမင္တာကုိး။ NLD ပါတီပဲျမင္တာဆုိေတာ့ အားနည္းေနတဲ့ ေဒသအခ်ဳိ႕ကုိ ၀င္ေရာက္ၿပီး ၀န္းရံေပးတာေပါ့။ အေျဖက အဲဒါပဲ။

☞ - ေဟာေျပာတဲ့ေနရာမွာ လူထုကုိဘယ္လုိ Message မ်ဳိးေပးၿပီး ေျပာဆုိမဲဆြယ္ခဲ့ပါသလဲ။

➤ - သူတုိ႔က နယ္ေတြမွာဆုိ လက္ရိွ အေၾကာက္တရားေတြ ရိွေနတယ္။ သူတုိ႔ မေၾကာက္ၾကဖုိ႔ ဒါဟာ ျမန္မာျပည္အနာဂတ္ရဲ႕ မ်ဳိးဆက္၊ ဒါတခု။ ကုိယ့္မ်ဳိးဆက္တဆက္ရဲ႕ အနာဂတ္တခုေပါ့။ ဒီအခ်ိန္မွာ ေဘးထြက္ထုိင္ေနမယ္။ ငါနဲ႔ မဆုိင္ဘူးဆုိတာမ်ဳိး မရေတာ့ဘူး။ ကုိယ့္အိမ္ေရွ႕ကုိေရာက္လာတဲ့ ရထားႀကီးတစင္းကုိ အမီလုိက္ရမွာပဲ။ ေနာက္ရထားေတာ့ ေစာင့္မေနနဲ႔ေတာ့။ ေနာက္ ရထားေစာင့္ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီ။ လက္ရိွ ကိုယ့္အိမ္ေရွ႕ေရာက္လာတ့ဲ ရထားတစင္းအေပၚမွာ ဘီးပဲဖက္လုိက္ရ လုိက္ရ။ ေနာက္ဆုံး ေခါင္းမုိးေပၚ တက္လုိက္ရလုိက္ရ လုိက္ရမွာပဲ။ ဒီလုိ အေရႊ႕အေျပာင္းတခုမွာ ကုိယ္ပါ လုိက္ပါစီးဆင္းရမယ္။ ဒီအခ်ိန္မွာ ေဘးထြက္ အေခ်ာင္လုပ္ေနလုိ႔ မရေတာ့ဘူး။ ဒါက ကုိယ့္ႏုိင္ငံက ေတာင္းဆုိထားတာ။ ကုိယ့္ႏုိင္ငံက ေျပာင္းလဲခ်ိန္တန္ၿပီ။ ကၽြန္ေတာ့္စိတ္အထင္ ေနာက္ေတာင္က်ေနၿပီ။ အမ်ားႀကီး ေနာက္က်ေနၿပီ။ အဲဒါေၾကာင့္ ကၽြန္ေတာ္တုိ႔က လုိက္ပါစီးဆင္းျပီး ၀န္းရံလုိက္တာပါ။

☞ - ေဟာေျပာပြဲတုိင္းမွာ တက္ေရာက္လာတဲ့ လူထုပရိတ္သတ္ရဲ႕ အားေပးေထာက္ခံမႈအေျခအေနေလးလဲ ေျပာျပပါအုံး။

➤ - ေဟာတဲ့ေနရာတုိင္းမွာ လူေသာင္းနဲ႔ခ်ီ ရိွပါတယ္။ တခါမွ လူနည္းနည္းေလးနဲ႔ မေဟာခဲ့ဖူးဘူး။ ၿမိတ္မွာေဟာေျပာတာကို ေက်နပ္အားရပါတယ္။ ေဟာေျပာပြဲေတာ္ေတာ္မ်ားမ်ားမွာကေတာ့ အင္နဲ႔အားနဲ႔ ရိွပါတယ္။

☞ - လက္ရိွျမန္မာ့ႏုိင္ငံေရး ပကတိအေျခအေနကုိ ႏုိင္ငံတကာနဲ႔ယွဥ္ၿပီး သုံးသပ္ေပးပါအုံး။

➤ - အနီးစပ္ဆုံးေျပာရရင္ ဟုိတုန္းက ကၽြန္ေတာ္ကုိျမင္ရင္ တခ်ဳိ႕လူေတြက ေဗလု၀ အီသီယုိးပီးယားက လာတဲ့သူ က်ေနတာပဲတဲ့။ ဒါေပမဲ့ ယေန႔အခ်ိန္မွာ အီသီယုိးပီးယားက ဒုံးက်ဥ္လႊတ္ေနၿပီ။ ျပည္သူလူထုရဲ႕ ဘ၀ေတြ အရမ္းေအာင္ျမင္သြားၿပီ။ သူတုိ႔ အရမ္းတုိးတက္သြားၿပီ။ ကၽြန္ေတာ္တုိ႔ ႏုိင္ငံက က်န္ရစ္ခဲ့ၿပီ။ လက္ရိွ ဒီပုံစံအတုိင္းကေတာ့ အီသီယုိးပီးယားထက္ ေနာက္က်သြားၿပီဆုိတာေတာ့ က်ိန္းေသတယ္။

☞ - ဟာသလူရႊင္ေတာ္ေတြရဲ႕ စကားေတြဟာ ေလထဲမွာပဲေပ်ာက္သြားမွာပဲလုိ႔ ပါတီတခုရဲ႕ အမတ္ေလာင္းတဦးကေန မဲဆြယ္ေဟာေျပာပြဲမွာ ေျပာသြားတယ္လုိ႔ သိရပါတယ္။ အဲဒီအေပၚမွာ ဘယ္လုိသုံးသပ္ခ်င္သလဲ။

➤ - ကၽြန္ေတာ္တုိ႔က ေလထဲမွာ မေပ်ာက္ခင္မွာ ျပည္သူ႔ရင္ထဲကုိ အရင္ေရာက္ပါတယ္။ ေလထဲက သြားတာပဲ။ လူထု အမ်ားႀကီးထဲမွာေျပာတာျဖစ္တဲ့အတြက္ေၾကာင့္မုိ႔လို႔ ေလလႈိင္းထဲကေနၿပီးေတာ့ လူထုရင္ထဲကုိ ေရာက္ပါတယ္။ လူထုရင္ထဲကုိ ေရာက္တယ္ဆုိေတာ့ ေလထဲမွာပါပဲ။ လူထုရင္ထဲကုိေရာက္တဲ့အခါမွာ လူထုရင္ထဲကေနၿပီးေတာ့ သူတုိ႔ အမွန္တရားတခု သူတုိ႔ဘယ္သူ႔ကုိ မဲေပးရမဲဆုိတာကုိ သိသြားတာျဖစ္တဲ့အတြက္ေၾကာင့္ ေလထဲကေနသြားတာ မဟုတ္ဘူးလား။ ေလထဲကေနသြားလုိ႔ ရင္ထဲကုိေရာက္ပါတယ္။

☞ - ေဟာေျပာပြဲတခုမွာ ဆရာေဗလု၀က ခ်ဳိမရိွတဲ့လူေတြဆုိရင္ NLD ကုိ မဲေပးပါဆုိတဲ့ပံုစံနဲ႔ လက္ညိဳးႏွစ္ေခ်ာင္းေထာင္ၿပီး ေျပာဆုိေနတဲ့ ဓါတ္ပုံထြက္လာပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ရွင္းျပေပးပါအုံး။

➤ - ကၽြန္ေတာ္တုိ႔က ေဟာေျပာတဲ့ေနရာမွာ တဖက္ကုိပုတ္ခတ္ေျပာဆုိေဟာေျပာမႈေတြ မလုပ္ဘူး။ အဲလုိလုပ္တယ္ဆုိတာ ဥာဏ္ရည္နိမ့္သူေတြလုပ္တဲ့ အလုပ္ပါ။ ကၽြန္ေတာ္ၿမိတ္မွာေဟာခဲ့တာဆုိရင္ အသံဖုိင္ေတြ၊ ဗီြဒီယုိအေခြေတြ ရိွပါတယ္။ ကၽြန္ေတာ္ေျပာတာက ေဘာလုံအသင္းႏွစ္သင္းရိွတယ္ဆုိတာကုိ လက္ညိဳးႏွစ္ေခ်ာင္းေထာင္ၿပီး ေျပာလုိက္တယ္။ အဲဒါကုိ ခ်ဳိဆုိၿပီး ဘယ္သူက ထဖြလုိက္သလဲေတာ့ မသိဘူး။ ကၽြန္ေတာ္ကေတာ့ တဖက္လူေတြကုိ မနစ္နာေစခ်င္ဘူး။ ကၽြန္ေတာ္ ေဟာေျပာတဲ့အခါမွာ ဥာဏ္ရည္နိမ့္တဲ့အလုပ္မ်ိဳး လူတဖက္သားကုိ ႏွိမ္ၿပီးေတာ့ မေျပာတတ္ဘူး။ လက္ညိဳးႏွစ္ေခ်ာင္းေထာင္တယ္ဆုိတာက ေဘာလုံးႏွစ္သင္းရိွတယ္လို႔ ေျပာတာကေန ဘယ္လုိကေန ခ်ဳိျဖစ္သြားလဲ။ အဲဒီ အုိင္ဒီယာ ကၽြန္ေတာ္လည္း မသိဘူး။ အဲတုန္းကေဟာတာက ဒီဘက္မွာတသင္း ရိွတယ္။ ဒီဘက္မွာ တသင္း ရိွတယ္။ ဟုိဘက္အသင္းက တုိက္စစ္အားေကာင္းတယ္။ ဒီဘက္အသင္းက တုိက္စစ္အား မေကာင္းဘူး။ ဒါေပမဲ့ အဲဒီမွာျဖစ္ေနတဲ့ပုံက ၾကားကဒုိင္လုပ္တဲ့သူက အရမ္းဘက္လုိက္တယ္။ အရမ္းဘက္လုိက္တဲ့အခါက်ေတာ့ တဖက္အသင္းက ေျခေထာက္ၾကြရုံပဲရိွေသးတယ္ အ၀ါကဒ္တဲ့။ ဘာလုိ႔ အ၀ါကဒ္ျပတာလဲဆုိရင္ ေျခေထာက္လႈပ္လို႔တဲ့။ ကန္လု႔ုိကုိမရေအာင္ လုပ္တယ္ေပါ့ဗ်ာ။ ဒီလုိ ေလာလုံးအသင္းႏွစ္အသင္းအေၾကာင္းေျပာတာ ဘယ္လုိျဖစ္လုိ႔ ခ်ဳိျဖစ္သြားတာလဲ။

☞ - ဟုတ္ကဲ့ ဆရာေဗလု၀အေနနဲ႔ ဘာမ်ား ျဖည့္စြက္ၿပီးေ ေျပာခ်င္ပါေသးလဲ။

➤ - လက္ရိွအေနအထားကလည္း စာဖတ္ပရိတ္သတ္လည္း သိေနၾကတာပဲ။ ကုိယ့္အေၾကာင္းကုိ သိေနၾကတာပဲ။ ကုိယ္ဘယ္ ဘ၀ေရာက္ေနလဲ။ ဒီလုိပါပဲ လူတေယာက္ကေတာ့ ဆင္းရဲတြင္းထဲမွာ ၿငိမ္ထုိင္မေနခ်င္ၾကဘူး။ အေျပာင္းအလဲတခုေတာ့ လုိခ်င္ၾကတာပဲ။ တပ္မက္ၾကတာပဲ။ အဲေတာ့ အေရႊ႕အေျပာင္းတခုျဖစ္ေအာင္ ဘ၀တခု အေျပာင္းအလဲတခုျဖစ္ေအာင္ ဘာလုပ္မလဲဆုိေတာ့ အခုေရြးေကာက္ပဲြဆုိတာ ႏုိင္ငံတႏုိင္ငံရဲ႕ အေရးႀကီးတဲ့အခ်ိန္ေပါ့။ အဲေတာ့ ျပည္သူျပည္သားတေယာက္ အေနနဲ႔ ဘယ္သူပဲျဖစ္ျဖစ္ ၀င္ေရာက္ပူးေပါင္းစီးဆင္းၾကပါ။ ကိုယ့္ရဲ႕ တန္ဖုိးရိွတဲ့ မဲတျပားကုိ ကုိယ့္မွာရိွတဲ့ မဲတျပားနဲ႔ ကုိယ္ႀကိဳက္ႏွစ္သက္ပါတီကုိ မဲေပးရမယ္။ ဒါပါပဲ။

ဟုတ္ကဲ့ ဆရာေဗလု၀ကို ေက်းဇူးတင္ပါတယ္။

(လင္းလင္းေအာင္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
။.............................


“အနီးစပ်ဆုံးပြောရရင် ဟိုတုန်းက ကျွန်တော်ကိုမြင်ရင် တချို့လူတွေက ဗေလုဝ အီသီယိုးပီးယားကလာတဲ့သူ ကျနေတာပဲတဲ့။ ဒါပေမဲ့ ယနေ့အချိန်မှာ အီသီယိုးပီးယားက ဒုံးကျဉ်လွှတ်နေပြီ။ ပြည်သူလူထုရဲ့ ဘဝတွေ အရမ်းအောင်မြင်သွားပြီ . . .”

နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးရေးကာလအတွင်း အနုပညာလောကသားအချို့က မိမိတို့ယုံကြည်ထောက်ခံသည့်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တက်တက်ကြွကြွ ပါ၀င်အားဖြည့်လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ဖျောဖြေရေးပွဲများ၊ ဟောပြောပွဲများတွင် အနုပညာလောကသားများ ၀န်းရံပါ၀င်အားဖြည့်နေသည်ကို တွေ့ရသည်။ NLD ပါတီအောင်နိုင်ရေးအတွက် ကျင်းပသည့်ဟောပြောပွဲများတွင် ဟာသသရုပ်ဆောင် ဗေလုဝပါ၀င်လာခဲ့ပြီး ၄င်း၏ NLD အောင်နိုင်ရေးအတွက် မဲဆွယ်ဟောပြောချက်များအပေါ် လူထုက လှိုက်လှိုက်လှဲလှဲ အားပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယအပတ်တွင် နတ်မောက်မြို့ နယ်၊ မြင်းတဲကြီးကျေးရွာ စာပေဟောပြောပွဲတွင် ဗေလုဝအားဟောပြောခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။ NLD အောင်နိုင်ရေးအတွက် ဟောပြောပွဲများ၌ ပါ၀င်လှုပ်ရှားမှုနေသည့် အနုပညာရှင် ဗေလုဝအား News Watch ဂျာနယ်က အောက်တိုဘာ ၂၈ ရက်နေ့တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

☞ - NLD အောင်နိုင်ရေးအတွက် ဟောပြောပွဲတွေလှုပ်ရှားနေတယ်ဆိုတော့ ဒီဟောပြောပွဲတွေ ပါ၀င်ဖြစ်ခဲ့ တာနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။

➤ - NLD အောင်နိုင်ရေးကတော့ ပြည်သူတယောက်အနေနဲ့ကော အနုပညာရှင်တယောက်အနေနဲ့ကော ဒါကတော့ သမိုင်းစာမျက်နှာရဲ့ ဒီလိုအပြောင်းအလဲဖြစ်နေတဲ့ အချိန်အခါမျိုးမှာ ကိုယ်က ဘေးထွက်ထိုင်နေလို့ မရတော့မဘူး။ ကိုယ်ပါ ပါ၀င်စီးဆင်းရ တော့မယ်။ ကိုယ်တိုင်ပါစီးဆင်းတဲ့အခါမှာ လိုအပ်မယ်ထင်လို့ ၀န်းရံလိုက်တာပါ။

☞ - ဘာကြောင့် လိုအပ်တယ်လို့ ပြောဆိုနိုင်တာလဲ။ ဒီလို ၀န်းရံမယ်ဆိုပြီးစခဲ့တာကကော ဘယ်အချိန်လောက်ကလဲဗျ။

➤ - အပြာင်းအလဲကို လူထုအားလုံးက လိုလားနေကြပြီလေ။ လူထုအားလုံးက လိုလားနေတော့ ကျွန်တော်တို့ အနုပညာရှင်တွေလည်း ၀န်းရံလာကြတာပါ။ ဘယ်နှစ်ကြိမ်ရှိပြီဆိုတာတော့ မမှတ်မိတော့ဘူး။ ကျွန်တော်တို့က စာပေဟောပြောပွဲက စခဲ့တာ။ စာပေဟောပြောပွဲဆိုတာကလည်း အနားနီးလာရင် ဘယ်ရထားပဲစီးစီး ဒီ ဘူတာပဲ ဆိုက်တာပါပဲ။ မဲဆွယ်စည်းရုံးရေးပုံစံ သွားဆိုက်တာပဲ။ ကျွန်တော်တို့က တွက်ကြည့်တယ်လေ။ ကျွန်တော်က ပါတီဝင်လည်း မဟုတ်ဘူး။ ၀န်းရံဆိုတော့ ကိုယ့်ခေါင်းနဲ့ကိုယ် တွက်ရတာ။ ပါတီ (၉၀) ကျော်ရှိတဲ့အထဲမှာ တကယ်ကို လူငယ်ပညာတတ်တွေ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ဖို့ဆိုတာ NLD ပါတီပဲ မြင်တာကိုး။ NLD ပါတီပဲမြင်တာဆိုတော့ အားနည်းနေတဲ့ ဒေသအချို့ကို ၀င်ရောက်ပြီး ၀န်းရံပေးတာပေါ့။ အဖြေက အဲဒါပဲ။

☞ - ဟောပြောတဲ့နေရာမှာ လူထုကိုဘယ်လို Message မျိုးပေးပြီး ပြောဆိုမဲဆွယ်ခဲ့ပါသလဲ။

➤ - သူတို့က နယ်တွေမှာဆို လက်ရှိ အကြောက်တရားတွေ ရှိနေတယ်။ သူတို့ မကြောက်ကြဖို့ ဒါဟာ မြန်မာပြည်အနာဂတ်ရဲ့ မျိုးဆက်၊ ဒါတခု။ ကိုယ့်မျိုးဆက်တဆက်ရဲ့ အနာဂတ်တခုပေါ့။ ဒီအချိန်မှာ ဘေးထွက်ထိုင်နေမယ်။ ငါနဲ့ မဆိုင်ဘူးဆိုတာမျိုး မရတော့ဘူး။ ကိုယ့်အိမ်ရှေ့ကိုရောက်လာတဲ့ ရထားကြီးတစင်းကို အမီလိုက်ရမှာပဲ။ နောက်ရထားတော့ စောင့်မနေနဲ့တော့။ နောက် ရထားစောင့်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ လက်ရှိ ကိုယ့်အိမ်ရှေ့ရောက်လာတဲ့ ရထားတစင်းအပေါ်မှာ ဘီးပဲဖက်လိုက်ရ လိုက်ရ။ နောက်ဆုံး ခေါင်းမိုးပေါ် တက်လိုက်ရလိုက်ရ လိုက်ရမှာပဲ။ ဒီလို အရွှေ့အပြောင်းတခုမှာ ကိုယ်ပါ လိုက်ပါစီးဆင်းရမယ်။ ဒီအချိန်မှာ ဘေးထွက် အချောင်လုပ်နေလို့ မရတော့ဘူး။ ဒါက ကိုယ့်နိုင်ငံက တောင်းဆိုထားတာ။ ကိုယ့်နိုင်ငံက ပြောင်းလဲချိန်တန်ပြီ။ ကျွန်တော့်စိတ်အထင် နောက်တောင်ကျနေပြီ။ အများကြီး နောက်ကျနေပြီ။ အဲဒါကြောင့် ကျွန်တော်တို့က လိုက်ပါစီးဆင်းပြီး ၀န်းရံလိုက်တာပါ။

☞ - ဟောပြောပွဲတိုင်းမှာ တက်ရောက်လာတဲ့ လူထုပရိတ်သတ်ရဲ့ အားပေးထောက်ခံမှုအခြေအနေလေးလဲ ပြောပြပါအုံး။

➤ - ဟောတဲ့နေရာတိုင်းမှာ လူသောင်းနဲ့ချီ ရှိပါတယ်။ တခါမှ လူနည်းနည်းလေးနဲ့ မဟောခဲ့ဖူးဘူး။ မြိတ်မှာဟောပြောတာကို ကျေနပ်အားရပါတယ်။ ဟောပြောပွဲတော်တော်များများမှာကတော့ အင်နဲ့အားနဲ့ ရှိပါတယ်။

☞ - လက်ရှိမြန်မာ့နိုင်ငံရေး ပကတိအခြေအနေကို နိုင်ငံတကာနဲ့ယှဉ်ပြီး သုံးသပ်ပေးပါအုံး။

➤ - အနီးစပ်ဆုံးပြောရရင် ဟိုတုန်းက ကျွန်တော်ကိုမြင်ရင် တချို့လူတွေက ဗေလုဝ အီသီယိုးပီးယားက လာတဲ့သူ ကျနေတာပဲတဲ့။ ဒါပေမဲ့ ယနေ့အချိန်မှာ အီသီယိုးပီးယားက ဒုံးကျဉ်လွှတ်နေပြီ။ ပြည်သူလူထုရဲ့ ဘဝတွေ အရမ်းအောင်မြင်သွားပြီ။ သူတို့ အရမ်းတိုးတက်သွားပြီ။ ကျွန်တော်တို့ နိုင်ငံက ကျန်ရစ်ခဲ့ပြီ။ လက်ရှိ ဒီပုံစံအတိုင်းကတော့ အီသီယိုးပီးယားထက် နောက်ကျသွားပြီဆိုတာတော့ ကျိန်းသေတယ်။

☞ - ဟာသလူရွှင်တော်တွေရဲ့ စကားတွေဟာ လေထဲမှာပဲပျောက်သွားမှာပဲလို့ ပါတီတခုရဲ့ အမတ်လောင်းတဦးကနေ မဲဆွယ်ဟောပြောပွဲမှာ ပြောသွားတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်သလဲ။

➤ - ကျွန်တော်တို့က လေထဲမှာ မပျောက်ခင်မှာ ပြည်သူ့ရင်ထဲကို အရင်ရောက်ပါတယ်။ လေထဲက သွားတာပဲ။ လူထု အများကြီးထဲမှာပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လေလှိုင်းထဲကနေပြီးတော့ လူထုရင်ထဲကို ရောက်ပါတယ်။ လူထုရင်ထဲကို ရောက်တယ်ဆိုတော့ လေထဲမှာပါပဲ။ လူထုရင်ထဲကိုရောက်တဲ့အခါမှာ လူထုရင်ထဲကနေပြီးတော့ သူတို့ အမှန်တရားတခု သူတို့ဘယ်သူ့ကို မဲပေးရမဲဆိုတာကို သိသွားတာဖြစ်တဲ့အတွက်ကြောင့် လေထဲကနေသွားတာ မဟုတ်ဘူးလား။ လေထဲကနေသွားလို့ ရင်ထဲကိုရောက်ပါတယ်။

☞ - ဟောပြောပွဲတခုမှာ ဆရာဗေလုဝက ချိုမရှိတဲ့လူတွေဆိုရင် NLD ကို မဲပေးပါဆိုတဲ့ပုံစံနဲ့ လက်ညိုးနှစ်ချောင်းထောင်ပြီး ပြောဆိုနေတဲ့ ဓါတ်ပုံထွက်လာပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါအုံး။

➤ - ကျွန်တော်တို့က ဟောပြောတဲ့နေရာမှာ တဖက်ကိုပုတ်ခတ်ပြောဆိုဟောပြောမှုတွေ မလုပ်ဘူး။ အဲလိုလုပ်တယ်ဆိုတာ ဉာဏ်ရည်နိမ့်သူတွေလုပ်တဲ့ အလုပ်ပါ။ ကျွန်တော်မြိတ်မှာဟောခဲ့တာဆိုရင် အသံဖိုင်တွေ၊ ဗွီဒီယိုအခွေတွေ ရှိပါတယ်။ ကျွန်တော်ပြောတာက ဘောလုံအသင်းနှစ်သင်းရှိတယ်ဆိုတာကို လက်ညိုးနှစ်ချောင်းထောင်ပြီး ပြောလိုက်တယ်။ အဲဒါကို ချိုဆိုပြီး ဘယ်သူက ထဖွလိုက်သလဲတော့ မသိဘူး။ ကျွန်တော်ကတော့ တဖက်လူတွေကို မနစ်နာစေချင်ဘူး။ ကျွန်တော် ဟောပြောတဲ့အခါမှာ ဉာဏ်ရည်နိမ့်တဲ့အလုပ်မျိုး လူတဖက်သားကို နှိမ်ပြီးတော့ မပြောတတ်ဘူး။ လက်ညိုးနှစ်ချောင်းထောင်တယ်ဆိုတာက ဘောလုံးနှစ်သင်းရှိတယ်လို့ ပြောတာကနေ ဘယ်လိုကနေ ချိုဖြစ်သွားလဲ။ အဲဒီ အိုင်ဒီယာ ကျွန်တော်လည်း မသိဘူး။ အဲတုန်းကဟောတာက ဒီဘက်မှာတသင်း ရှိတယ်။ ဒီဘက်မှာ တသင်း ရှိတယ်။ ဟိုဘက်အသင်းက တိုက်စစ်အားကောင်းတယ်။ ဒီဘက်အသင်းက တိုက်စစ်အား မကောင်းဘူး။ ဒါပေမဲ့ အဲဒီမှာဖြစ်နေတဲ့ပုံက ကြားကဒိုင်လုပ်တဲ့သူက အရမ်းဘက်လိုက်တယ်။ အရမ်းဘက်လိုက်တဲ့အခါကျတော့ တဖက်အသင်းက ခြေထောက်ကြွရုံပဲရှိသေးတယ် အဝါကဒ်တဲ့။ ဘာလို့ အဝါကဒ်ပြတာလဲဆိုရင် ခြေထောက်လှုပ်လို့တဲ့။ ကန်လု့ုိကိုမရအောင် လုပ်တယ်ပေါ့ဗျာ။ ဒီလို လောလုံးအသင်းနှစ်အသင်းအကြောင်းပြောတာ ဘယ်လိုဖြစ်လို့ ချိုဖြစ်သွားတာလဲ။

☞ - ဟုတ်ကဲ့ ဆရာဗေလုဝအနေနဲ့ ဘာများ ဖြည့်စွက်ပြီးေ ပြောချင်ပါသေးလဲ။

➤ - လက်ရှိအနေအထားကလည်း စာဖတ်ပရိတ်သတ်လည်း သိနေကြတာပဲ။ ကိုယ့်အကြောင်းကို သိနေကြတာပဲ။ ကိုယ်ဘယ် ဘဝရောက်နေလဲ။ ဒီလိုပါပဲ လူတယောက်ကတော့ ဆင်းရဲတွင်းထဲမှာ ငြိမ်ထိုင်မနေချင်ကြဘူး။ အပြောင်းအလဲတခုတော့ လိုချင်ကြတာပဲ။ တပ်မက်ကြတာပဲ။ အဲတော့ အရွှေ့အပြောင်းတခုဖြစ်အောင် ဘဝတခု အပြောင်းအလဲတခုဖြစ်အောင် ဘာလုပ်မလဲဆိုတော့ အခုရွေးကောက်ပွဲဆိုတာ နိုင်ငံတနိုင်ငံရဲ့ အရေးကြီးတဲ့အချိန်ပေါ့။ အဲတော့ ပြည်သူပြည်သားတယောက် အနေနဲ့ ဘယ်သူပဲဖြစ်ဖြစ် ၀င်ရောက်ပူးပေါင်းစီးဆင်းကြပါ။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ မဲတပြားကို ကိုယ့်မှာရှိတဲ့ မဲတပြားနဲ့ ကိုယ်ကြိုက်နှစ်သက်ပါတီကို မဲပေးရမယ်။ ဒါပါပဲ။

ဟုတ်ကဲ့ ဆရာဗေလုဝကို ကျေးဇူးတင်ပါတယ်။

(လင်းလင်းအောင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment