Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 4, 2015

ဘဂၤလာေဒ့ရွ္ ထိပ္တန္းလူကုန္ကူး ေခါင္းေဆာင္ တစ္ဦးကို ျမန္မာနယ္စပ္အနီးတြင္ ဖမ္းဆီး


 ရန္ကုန္၊ ေအာက္တိုဘာ ၄

 လူကုန္ကူးမႈႏွင့္ ပတ္သက္၍ ဘဂၤလာေဒ့ရွ္က အလိုရွိေနသူ လူကုန္ကူး ေခါင္းေဆာင္ တစ္ဦးကို ဘဂၤလာေဒ့ရွ္ ရဲတပ္ဖြဲ႕က ျမန္မာ နယ္စပ္အနီးရွိ ဆာပူရ္ရီ (ဆင္မျဖဴကၽြန္း)တြင္ ဖမ္းဆီးလိုက္သည္ဟု BD news 24 တြင္ ေဖာ္ျပသည္။

တက္ကနက္ (ရခိုင္အေခၚ ကယုေခ်ာင္းျမိဳ႕) ရဲစခန္းမွဴး Md Ataur Rahman Khandker က လူကုန္ကူး ေခါင္းေဆာင္ မူဟာမတ္ ဟာဆိမ္း ( Mohammad Hashem) (၄၆) ႏွစ္ကို ဖမ္းဆီးျပီးေနာက္ သူ႕မွာ ႏိုင္ငံတကာလူကုန္ကူးမႈ အဖြဲ႕၏ ၁၁ ေယာက္ ေျမာက္ အဖြဲ႕၀င္ ျဖစ္သည္ဟု ထုတ္ေဖာ္ ေျပာဆိုသည္။

အဖမ္းခံရသူမွာ ေကာ့စ္ဘဇားခရိုင္၊ တက္ကနက္ျမိဳ႕တြင္ လူကုန္ကူးမႈ အမူ ၂၀ ျဖင့္ စြပ္စြဲခံထားရသူ ျဖစ္ျပီး ဘဂၤလာေဒ့ရွ္ ျပည္ထဲေရးစာရင္းတြင္ ပါ၀င္သူ ျဖစ္သည္ဟု ဆုိသည္။

ယခု အဖမ္းခံရသူ ဟာဆိမ္မွာ လူကုန္ကူးသူမ်ားကို ႏွိမ္ႏွင္းစဥ္ကတည္းက ထြက္ေျပးေနသူ တစ္ဦးျဖစ္ျပီး ဆာပူရ္ရီ ကၽြန္းကို ျပန္လာစဥ္ ေစ်းအနီးတ၀ုိက္ကုိ သတင္းအရ ရွာေဖြစဥ္ ဖမ္းဆီးမိခဲ့သည္ဟု ရဲက ေျပာသည္။

ေမာင္ေအး (ေကာ့စ္ဘဇား)
Arakan State
https://www.facebook.com/NarinjaraNews
......................................................................................................

 လူကုန်ကူးမှုနှင့် ပတ်သက်၍ ဘင်္ဂလာဒေ့ရှ်က အလိုရှိနေသူ လူကုန်ကူး ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့က မြန်မာ နယ်စပ်အနီးရှိ ဆာပူရ်ရီ (ဆင်မဖြူကျွန်း)တွင် ဖမ်းဆီးလိုက်သည်ဟု BD news 24 တွင် ဖော်ပြသည်။

တက်ကနက် (ရခိုင်အခေါ် ကယုချောင်းမြို့) ရဲစခန်းမှူး Md Ataur Rahman Khandker က လူကုန်ကူး ခေါင်းဆောင် မူဟာမတ် ဟာဆိမ်း ( Mohammad Hashem) (၄၆) နှစ်ကို ဖမ်းဆီးပြီးနောက် သူ့မှာ နိုင်ငံတကာလူကုန်ကူးမှု အဖွဲ့၏ ၁၁ ယောက် မြောက် အဖွဲ့ဝင် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသည်။

အဖမ်းခံရသူမှာ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့တွင် လူကုန်ကူးမှု အမူ ၂၀ ဖြင့် စွပ်စွဲခံထားရသူ ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးစာရင်းတွင် ပါ၀င်သူ ဖြစ်သည်ဟု ဆိုသည်။

ယခု အဖမ်းခံရသူ ဟာဆိမ်မှာ လူကုန်ကူးသူများကို နှိမ်နှင်းစဉ်ကတည်းက ထွက်ပြေးနေသူ တစ်ဦးဖြစ်ပြီး ဆာပူရ်ရီ ကျွန်းကို ပြန်လာစဉ် စျေးအနီးတဝိုက်ကို သတင်းအရ ရှာဖွေစဉ် ဖမ်းဆီးမိခဲ့သည်ဟု ရဲက ပြောသည်။

မောင်အေး (ကော့စ်ဘဇား)
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment