Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

ပင္လယ္ကို ေလွစီးေက်ာ္ျဖတ္မႈေတြ ရွိလာျပန္

​အ​ခု ​ႏွစ္​ဆန္း​ပိုင္း​က ​ပင္​လယ္​ျပင္ ​ျဖတ္​သန္း​တဲ့ ​႐ို​ဟင္​ဂ်ာ ​အ​ေယာက္ ၃၇၀ ​ေသ​ဆံုး ​ခဲ့။ 
 မုတ္သုန္ရာသီ အလြန္ ကာလ ပင္လယ္ျပင္ ပြင့္လင္း ရာသီ ေရာက္လာၿပီ ျဖစ္လို႔ ျမန္မာႏိုင္ငံ က ႐ိုဟင္ဂ်ာ နဲ႔ ဘဂၤလာေဒ့ရွ္ ႏိုင္ငံသားေတြ ဟာ ပင္လယ္ျပင္ ကို ေလွစီး ျဖတ္ေက်ာ္ မႈေတြ အလုံးအရင္းနဲ႔ ထပ္မံ ျပဳလုပ္ လာမွာ ကို စိုးရိမ္ ရတယ္ ဆိုၿပီး ႏိုင္ငံတကာ က ေျပာေနခ်ိန္ မွာပဲ မေလးရွား ႏိုင္ငံ ကို ဝင္သြားတဲ့ ေလွေတြ ရွိလာ ေနၿပီ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ အခုဆို ထိုင္းေရတပ္က ထိုင္းႏိုင္ငံထဲ မဝင္ႏိုင္ေအာင္ ကင္းလွည့္တာေတြ ျပဳလုပ္ ေနပါတယ္။

စက္တင္ဘာ လ တုန္းက ဘဂၤလာေဒ့ရွ္ ႏိုင္ငံသား စုစုေပါင္း ၃၀၀ ေက်ာ္ တင္ထားတဲ့ ေလွ ၂ စင္း မေလးရွား ကို ဝင္ေရာက္ ခဲ့သလို အခု ေအာက္တိုဘာ လ ထဲ မွာလည္း ႐ိုဟင္ဂ်ာ အေယာက္ ၂၀၀ ဝန္းက်င္ တင္ ထားတဲ့ ေလွတစ္စင္းလည္း မေလးရွား ကို ဝင္ သြားတယ္ လို႔ ထိုင္းႏိုင္ငံ မွာ ႐ိုဟင္ဂ်ာ အခြင့္အေရး လုပ္ေဆာင္ေနသူ အဗူကာလမ္ က ဘီဘီစီ ကို ေျပာ ပါတယ္။

ဒါ့အျပင္ ထိုင္းႏိုင္ငံ ထဲ ကိုလည္း အရင္ကလို အလုံးအရင္း နဲ႔ မဟုတ္ေပမယ့္ နည္းနည္းခ်င္း ဝင္ေရာက္ ေနတာ မ်ိဳး ရွိ ေနတုန္းပဲ လို႔ ထိုင္း ေရွ႕ေနမ်ား ေကာင္စီ၊ လူမ်ိဳးစု အခြင့္အေရး ေရွ႕ေန စူရာဖုန္း ေကာင္းက်န္ထြတ္ က ဆိုပါတယ္။

ထိုင္းႏိုင္ငံထဲမွာ လူကုန္ကူးမႈ နဲ႔ ပတ္သက္ၿပီး ဖမ္းဆီးထားသူ အေယာက္ ၉၀ ေက်ာ္ရွိသြားၿပီ ျဖစ္ေပမယ့္ ဆက္စပ္ေနသူ အားလုံးကို မဖမ္း ႏိုင္ေသး တာ ေၾကာင့္ ႐ိုဟင္ဂ်ာ လူကုန္ကူးမႈ ေတြ ဆက္လက္ ရွိေနဆဲပဲ ျဖစ္တယ္ လို႔လည္း ေရွ႕ေန စူရာဖုန္း က ေျပာပါတယ္။

ဒါ့အျပင္ ထိုင္းႏိုင္ငံထဲ ဝင္ေရာက္ခဲ့တဲ့ ႐ိုဟင္ဂ်ာ အေယာက္ ၄၀ဝ ေက်ာ္ဟာ ထိုင္း အခ်ဳပ္ခန္းေတြ ထဲ ခ်ဳပ္ေႏွာင္ ခံထားရတာ ၁ ႏွစ္ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

အင္ဒိုနီးရွား ႏိုင္ငံမွာလည္း ႐ိုဟင္ဂ်ာ ၁၈၀ ဝေက်ာ္ကို ထိန္းသိမ္း ထားပါတယ္။

အခု ႏွစ္ဆန္းပိုင္းက ပင္လယ္ျပင္ ျဖတ္သန္းတဲ့ ႐ိုဟင္ဂ်ာ အေယာက္ ၃၇၀ ေသဆုံး ခဲ့တယ္လို႔ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္း ခ်မ္းသာခြင့္အဖြဲ႕ က အစီရင္ခံစာ ထုတ္ျပန္ ထားပါတယ္။

႐ိုဟင္ဂ်ာ အေရးကို သက္ဆိုင္ရာ ႏိုင္ငံေတြ နဲ႔ ႏိုင္ငံတကာ က ဝိုင္းဝန္း ေျဖရွင္းဖို႔ကိုလည္း အျပည္ျပည္ဆိုင္ရာ လူ႕အခြင့္အေရး အဖြဲ႕ က တိုက္တြန္း ထားပါတယ္။

BBC Burmese
http://www.bbc.com/burmese
......................

​အ​ခု ​နှစ်​ဆန်း​ပိုင်း​က ​ပင်​လယ်​ပြင် ​ဖြတ်​သန်း​တဲ့ ​ရို​ဟင်​ဂျာ ​အ​ယောက် ၃၇၀ ​သေ​ဆုံး ​ခဲ့။
 မုတ်သုန်ရာသီ အလွန် ကာလ ပင်လယ်ပြင် ပွင့်လင်း ရာသီ ရောက်လာပြီ ဖြစ်လို့ မြန်မာနိုင်ငံ က ရိုဟင်ဂျာ နဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတွေ ဟာ ပင်လယ်ပြင် ကို လှေစီး ဖြတ်ကျော် မှုတွေ အလုံးအရင်းနဲ့ ထပ်မံ ပြုလုပ် လာမှာ ကို စိုးရိမ် ရတယ် ဆိုပြီး နိုင်ငံတကာ က ပြောနေချိန် မှာပဲ မလေးရှား နိုင်ငံ ကို ဝင်သွားတဲ့ လှေတွေ ရှိလာ နေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခုဆို ထိုင်းရေတပ်က ထိုင်းနိုင်ငံထဲ မဝင်နိုင်အောင် ကင်းလှည့်တာတွေ ပြုလုပ် နေပါတယ်။

စက်တင်ဘာ လ တုန်းက ဘင်္ဂလာဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၃၀၀ ကျော် တင်ထားတဲ့ လှေ ၂ စင်း မလေးရှား ကို ဝင်ရောက် ခဲ့သလို အခု အောက်တိုဘာ လ ထဲ မှာလည်း ရိုဟင်ဂျာ အယောက် ၂၀၀ ဝန်းကျင် တင် ထားတဲ့ လှေတစ်စင်းလည်း မလေးရှား ကို ဝင် သွားတယ် လို့ ထိုင်းနိုင်ငံ မှာ ရိုဟင်ဂျာ အခွင့်အရေး လုပ်ဆောင်နေသူ အဗူကာလမ် က ဘီဘီစီ ကို ပြော ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ထဲ ကိုလည်း အရင်ကလို အလုံးအရင်း နဲ့ မဟုတ်ပေမယ့် နည်းနည်းချင်း ဝင်ရောက် နေတာ မျိုး ရှိ နေတုန်းပဲ လို့ ထိုင်း ရှေ့နေများ ကောင်စီ၊ လူမျိုးစု အခွင့်အရေး ရှေ့နေ စူရာဖုန်း ကောင်းကျန်ထွတ် က ဆိုပါတယ်။

ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးမှု နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ အယောက် ၉၀ ကျော်ရှိသွားပြီ ဖြစ်ပေမယ့် ဆက်စပ်နေသူ အားလုံးကို မဖမ်း နိုင်သေး တာ ကြောင့် ရိုဟင်ဂျာ လူကုန်ကူးမှု တွေ ဆက်လက် ရှိနေဆဲပဲ ဖြစ်တယ် လို့လည်း ရှေ့နေ စူရာဖုန်း က ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့တဲ့ ရိုဟင်ဂျာ အယောက် ၄၀ဝ ကျော်ဟာ ထိုင်း အချုပ်ခန်းတွေ ထဲ ချုပ်နှောင် ခံထားရတာ ၁ နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာလည်း ရိုဟင်ဂျာ ၁၈၀ ဝကျော်ကို ထိန်းသိမ်း ထားပါတယ်။

အခု နှစ်ဆန်းပိုင်းက ပင်လယ်ပြင် ဖြတ်သန်းတဲ့ ရိုဟင်ဂျာ အယောက် ၃၇၀ သေဆုံး ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ က အစီရင်ခံစာ ထုတ်ပြန် ထားပါတယ်။

ရိုဟင်ဂျာ အရေးကို သက်ဆိုင်ရာ နိုင်ငံတွေ နဲ့ နိုင်ငံတကာ က ဝိုင်းဝန်း ဖြေရှင်းဖို့ကိုလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ က တိုက်တွန်း ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment