Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

မဲေဆာက္တြင္ လက္စြမ္းျပသည့္ ျမန္မာ ၁၂ ဘီးကားေမာင္သူကို ထိုင္းဘက္ကအေရးယူ


ပံုစာ - ထိုင္းဘက္၀င္ေရာက္လာတဲ့ ျမန္မာ ၁၂ ဘီးကားကို လာေရာက္စစ္ေဆးေနတဲ့ နေရစြမ္ တပ္မမႉးဗိုလ္ခ်ဳပ္ႏုတ္ဖြန္း ေလးယားက်န္း။ ဓာတ္ပံု - ေတာင္ႀကီးသား (ျမ၀တီ)
ေအာက္တိုဘာ - ၂၂ - ၂၀၁၅

ဒီ ၁၈ ရက္ေန႔မနက္ ၂ နာရီေလာက္က ျမ၀တီၿမိဳ႕ကေန ကုန္ပစၥည္းေတြ တင္ထားတဲ့ ျမန္မာ ၁၂ ဘီၤးကားတစီးဟာ ျမ၀တီၿမိဳ ႔ကေန တရၾကမ္းေမာင္းၿပီး ညဘက္မွာ ပိတ္ထားတဲ့ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး တံတားက အရန္အတားေတြကို ေက်ာ္ျဖတ္ေမာင္ႏွင္ၿပီး ထိုင္းဘက္ျခမ္းက တံတားထိပ္မွာ သြားေရာက္ရပ္တံ့ၿပီး အဖမ္းခံခဲ့ပါတယ္။

အဲဒီ ၁၂ ဘီးကားျဖတ္သန္းသြားခ်ိန္မွာ ျမန္မာဘက္နဲ႔ ထိုင္းဘက္မွာ ထိခိုက္ပ်က္စီးမႈေတြ အမ်ားႀကီးျဖစ္ပြားခဲ့ပါတယ္။

အဲဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ထိုင္းဘက္က နေရစြမ္ တပ္မမႉးဗိုလ္ခ်ဳပ္ႏုတ္ဖြန္ေလးယားက်န္းကိုယ္တိုင္ မဲေဆာက္ကိုအားခ်င္း ကြင္းဆင္းလာရတဲ့ အေနအထားကို ျဖစ္ခဲ့ရပါတယ္။

ထိုင္းဘက္ကတာ၀န္ရိွသူေတြက ျမန္မာ ၁၂ ဘီးကားနဲ႔ ကားေပၚပါလာတဲ့ ပစၥည္းေတြကို မိုင္းရွင္းကရိယာေတြနဲ႔ အေသအခ်ာ စစ္ေဆးခဲ့ရပါတယ္။

ကားေမာင္သူျဖစ္တဲ့ ကိုဆန္းမင္းေအာင္ အသက္ (၁၉) ႏွစ္ကို ထိုင္းအာဏာပိုင္ေတြက မူးယစ္ေဆး၀ါးသံုးစြဲမႈရိွမရိွ စစ္ေဆးခဲ့ရာမွာ သံုးစြဲထားျခင္းမရိ္ွဘဲ အရက္ကိုသာ အလြန္အကၽြံေသာက္သံုး ထားတာကို ေတြ႔ရိွရပါတယ္။

ကိုဆန္းမင္းေအာင္ရဲ ႔ေျပာဆိုခ်က္အရ သူဟာမိခင္ျဖစ္သူနဲ႔ ပတ္သက္ၿပီး အေတာ္ေလးကို ခံစားမႈေတြျပင္းထန္ေနတဲ့ သားတေယာက္ျဖစ္ၿပီး အခုလိုအေနအထားမ်ိဳးျဖစ္သြားရတာျဖစ္တယ္လို႔ ထိုင္းကဘာသာျပန္တဦးရဲ ႔ အဆိုအရ သိရိွရပါတယ္။

ကိုဆန္းမင္းေအာင္ဟာ ထိုင္းကေပးမဲ့ျပစ္ဒဏ္ေတြကို ခံယူၿပီးတာနဲ႔ ျမန္မာႏိုင္ငံကေပးမဲ့ ျပစ္ဒဏ္ေတြကိုလည္း ဆက္လက္ခံယူရမဲ့ အေနအထားေတြရိွႏုိင္တယ္လို႔ ဥပေဒပညာရွင္အခ်ိဳ႔က သံုးသပ္ေျပာဆိုၾကပါတယ္။

အခုေတာ့ ထိုင္းဘက္က ကိုဆန္းမင္းေအာင္ကို အရက္ေသာက္ၿပီးေမာ္ေတာ္ယာဥ္ေမာင္းႏွင္မႈ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္မႈ တရားမ၀င္ပစၥည္းသယ္ေဆာင္မႈေတြနဲ႔ အေရးယူမယ္လို႔ သိရိွရပါတယ္။

ျပစ္ဒဏ္ဘယ္ေလာက္က်ခံရမွာလည္းဆိုတာကို မသိရိွရေသးသလို ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံတာ၀န္ရိွသူေတြ ညိွႏိႈင္းေဆာင္ရြက္မႈေတြ ျပဳလုပ္ေနတယ္လို႔လည္း တာ၀န္ရိွသူတဦးက ဆိုပါတယ္။

သတင္း - ကရင္အမ်ိဳးသား မီဒီယာ
ကရင္အမ်ဳိးသားမီဒီယာ Karen National Media - KNM
https://www.facebook.com/knm.karen
...........................


ပုံစာ - ထိုင်းဘက်ဝင်ရောက်လာတဲ့ မြန်မာ ၁၂ ဘီးကားကို လာရောက်စစ်ဆေးနေတဲ့ နရေစွမ် တပ်မမှူးဗိုလ်ချုပ်နုတ်ဖွန်း လေးယားကျန်း။ ဓာတ်ပုံ - တောင်ကြီးသား (မြဝတီ)
အောက်တိုဘာ - ၂၂ - ၂၀၁၅

ဒီ ၁၈ ရက်နေ့မနက် ၂ နာရီလောက်က မြဝတီမြို့ကနေ ကုန်ပစ္စည်းတွေ တင်ထားတဲ့ မြန်မာ ၁၂ ဘီင်္းကားတစီးဟာ မြဝတီမြို ့ကနေ တရကြမ်းမောင်းပြီး ညဘက်မှာ ပိတ်ထားတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားက အရန်အတားတွေကို ကျော်ဖြတ်မောင်နှင်ပြီး ထိုင်းဘက်ခြမ်းက တံတားထိပ်မှာ သွားရောက်ရပ်တံ့ပြီး အဖမ်းခံခဲ့ပါတယ်။

အဲဒီ ၁၂ ဘီးကားဖြတ်သန်းသွားချိန်မှာ မြန်မာဘက်နဲ့ ထိုင်းဘက်မှာ ထိခိုက်ပျက်စီးမှုတွေ အများကြီးဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိုင်းဘက်က နရေစွမ် တပ်မမှူးဗိုလ်ချုပ်နုတ်ဖွန်လေးယားကျန်းကိုယ်တိုင် မဲဆောက်ကိုအားချင်း ကွင်းဆင်းလာရတဲ့ အနေအထားကို ဖြစ်ခဲ့ရပါတယ်။

ထိုင်းဘက်ကတာဝန်ရှိသူတွေက မြန်မာ ၁၂ ဘီးကားနဲ့ ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကို မိုင်းရှင်းကရိယာတွေနဲ့ အသေအချာ စစ်ဆေးခဲ့ရပါတယ်။

ကားမောင်သူဖြစ်တဲ့ ကိုဆန်းမင်းအောင် အသက် (၁၉) နှစ်ကို ထိုင်းအာဏာပိုင်တွေက မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ စစ်ဆေးခဲ့ရာမှာ သုံးစွဲထားခြင်းမရိ်ှဘဲ အရက်ကိုသာ အလွန်အကျွံသောက်သုံး ထားတာကို တွေ့ရှိရပါတယ်။

ကိုဆန်းမင်းအောင်ရဲ ့ပြောဆိုချက်အရ သူဟာမိခင်ဖြစ်သူနဲ့ ပတ်သက်ပြီး အတော်လေးကို ခံစားမှုတွေပြင်းထန်နေတဲ့ သားတယောက်ဖြစ်ပြီး အခုလိုအနေအထားမျိုးဖြစ်သွားရတာဖြစ်တယ်လို့ ထိုင်းကဘာသာပြန်တဦးရဲ ့ အဆိုအရ သိရှိရပါတယ်။

ကိုဆန်းမင်းအောင်ဟာ ထိုင်းကပေးမဲ့ပြစ်ဒဏ်တွေကို ခံယူပြီးတာနဲ့ မြန်မာနိုင်ငံကပေးမဲ့ ပြစ်ဒဏ်တွေကိုလည်း ဆက်လက်ခံယူရမဲ့ အနေအထားတွေရှိနိုင်တယ်လို့ ဥပဒေပညာရှင်အချို့က သုံးသပ်ပြောဆိုကြပါတယ်။

အခုတော့ ထိုင်းဘက်က ကိုဆန်းမင်းအောင်ကို အရက်သောက်ပြီးမော်တော်ယာဉ်မောင်းနှင်မှု တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု တရားမဝင်ပစ္စည်းသယ်ဆောင်မှုတွေနဲ့ အရေးယူမယ်လို့ သိရှိရပါတယ်။

ပြစ်ဒဏ်ဘယ်လောက်ကျခံရမှာလည်းဆိုတာကို မသိရှိရသေးသလို ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့လည်း တာဝန်ရှိသူတဦးက ဆိုပါတယ်။

သတင်း - ကရင်အမျိုးသား မီဒီယာ
ကရင်အမျိုးသားမီဒီယာ Karen National Media - KNM
https://www.facebook.com/knm.karen

No comments:

Post a Comment