Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

မာရီလင္မြန္႐ိုးလိုလွခ်င္ရင္

On  Fri, 2015-10-23 06:30Issue No.No.895 Friday, October 23, 2015

မာရီလင္မြန္႐ိုးဆိုတဲ့နာမည္က ေဟာလိဝုဒ္က လူသိအမ်ားဆံုး ဆယ္လီေတြထဲမွာပါဝင္ၿပီး သ႐ုပ္ေဆာင္ေကာင္းျခင္း၊ ညႇိဳ႕အားျပင္းျပင္းဆြဲေဆာင္ႏုိင္ျခင္းနဲ႔ အၿမဲတမ္းေခ်ာေမာလွပေနျခင္း စတဲ့ အခ်က္ေတြေၾကာင့္ လူသိမ်ားခဲ့သူပါ။ သူ႔လိုမ်ိဳး လွပခ်င္သူေတြအတြက္ မာရီလင္မြန္႐ိုးလုပ္တဲ့ အလွအပဆိုင္ရာ အမူအက်င့္ေလးေတြအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

ဆြဲမက္ဖြယ္ရာ ႏႈတ္ခမ္းသားေလးေတြျဖစ္ဖုိ႔အတြက္ မြန္႐ိုးက ႏႈတ္ခမ္းနီအေရာင္ငါးခုသံုး ၿပီး အရိပ္ေဖာ္ဆုိးေလ့ရွိပါသတဲ့။ Shade ေလးေတြဆြဲလိုက္တဲ့အတြက္ ႏႈတ္ခမ္းသားက တစ္ေရာင္တည္းဆုိးထားသလို ျဖစ္မေနဘဲ ဖူးဖူးေလးျဖစ္ေနေစပါတယ္။

ေနာက္ၿပီး မိတ္ကပ္လိမ္းတဲ့အခါမွာလည္း ေအာက္ခံမိတ္ကပ္ မလိမ္းခင္မွာ မြန္႐ိုးက ေရနံဂ်ယ္လီေတြ မ်က္ႏွာတစ္ျပင္လံုးလိမ္းေလ့ရွိပါတယ္။ ဒါေၾကာင့္မို႔ သူ႔အသားအေရဟာ အၿမဲလန္းဆန္း စိုျပည္ေနၿပီး ႐ိုက္ကူးေရးလုပ္ခ်ိန္ မီးေရာင္ေအာက္မွာ လွေနတာေတြ႕ရမွာပါ။ မ်က္ေတာင္တုသံုးတဲ့အခါမွာလည္း မြန္႐ိုးက အရမ္းရွည္လြန္းတဲ့ မ်က္ေတာင္ကို ေရြးခ်ယ္တာနည္းပါတယ္။ မ်က္ေတာင္ကိုရွည္ေနသေယာင္ထင္ ရတဲ့ အရြယ္အစားေလာက္ပဲသံုးၿပီး မ်က္ေတာင္ေကာ့ေဆးမ်ား မ်ား တင္လိုက္တာမ်ိဳးပဲ လုပ္ေလ့ရွိပါတယ္။

ႏွာေခါင္းပံုစံလွဖို႔၊ မ်က္ႏွာက်လွဖို႔အတြက္ကိုလည္း ပါးနီ ေလးနည္းနည္းတုိ႔၊ ေရနံဂ်ယ္လီေလးသုတ္လိုက္ၿပီး ေနာက္ဆံုးမွာ ေပါင္ဒါေလး႐ိုက္ၿပီး ျပင္ဆင္လိုက္တာပါပဲ။ မြန္႐ိုးေခတ္စားခ်ိန္တုန္းက မ်က္အိမ္က်ယ္က်ယ္ ပံုစံကလည္း ေပၚျပဴလာျဖစ္ခဲ့ပါတယ္။ သူက မ်က္သားအတြင္း နားေလာက္ကေန အညိဳ (ဒါမွမဟုတ္) အနက္ေရာင္လိုင္နာဆြဲ လိုက္ၿပီး မ်က္အိမ္က်ယ္သေယာင္ ဖန္တီးလိုက္တာပါ။ ၿပီးေတာ့ အညိဳေဖ်ာ့ေရာင္ လိုင္နာခဲတံေလးသံုးၿပီးေတာ့လည္း ေအာက္ဘက္ မ်က္ေတာင္ ေတြနားကို အရိပ္ေဖာ္ပါေသးတယ္။

အေရျပားဆဲလ္ေသေတြဖယ္ရွားဖို႔အတြက္ ပင္လယ္ဆားနဲ႔ မၾကာခဏေရခ်ိဳးတာမ်ိဳးေတြလုပ္တဲ့အျပင္ သြားေတြအၿမဲတမ္း ျဖဴစင္ေတာက္ေျပာင္ေနဖို႔အတြက္ မုန္႔ဖုတ္ေဆာ္ဒါဘူးေလးကို ေရခ်ိဳးခန္းထဲထားၿပီး အၿမဲသြားတိုက္ ေလ့ရွိတယ္လို႔ ဆုိပါတယ္။

မ်က္ႏွာေဆးေၾကာသန္႔စင္တာကိုေတာ့ မြန္႐ိုးက စေတာ္ ဘယ္ရီသီးေတြကို ႀကိတ္ေျခၿပီး မ်က္ႏွာသန္႔ေဆးအျဖစ္ သံုးပါ တယ္။ စေတာ္ဘယ္ရီမွာပါတဲ့ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိ ေၾကာင့္ မ်က္ႏွာအညစ္အေၾကးေတြ ကင္းစင္ၿပီး ပန္းေရာင္သန္း တဲ့ မ်က္ႏွာေလးပိုင္ဆိုင္ေစလို႔ပါတဲ့။     —Ref: wellnessbin
http://www.7daydaily.com/story/49292
.........................
မာရီလင်မွန်ရိုးလိုလှချင်ရင်

On  Fri, 2015-10-23 06:30Issue No.No.895 Friday, October 23, 2015

မာရီလင်မွန်ရိုးဆိုတဲ့နာမည်က ဟောလိဝုဒ်က လူသိအများဆုံး ဆယ်လီတွေထဲမှာပါဝင်ပြီး သရုပ်ဆောင်ကောင်းခြင်း၊ ညှို့အားပြင်းပြင်းဆွဲဆောင်နိုင်ခြင်းနဲ့ အမြဲတမ်းချောမောလှပနေခြင်း စတဲ့ အချက်တွေကြောင့် လူသိများခဲ့သူပါ။ သူ့လိုမျိုး လှပချင်သူတွေအတွက် မာရီလင်မွန်ရိုးလုပ်တဲ့ အလှအပဆိုင်ရာ အမူအကျင့်လေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ဆွဲမက်ဖွယ်ရာ နှုတ်ခမ်းသားလေးတွေဖြစ်ဖို့အတွက် မွန်ရိုးက နှုတ်ခမ်းနီအရောင်ငါးခုသုံး ပြီး အရိပ်ဖော်ဆိုးလေ့ရှိပါသတဲ့။ Shade လေးတွေဆွဲလိုက်တဲ့အတွက် နှုတ်ခမ်းသားက တစ်ရောင်တည်းဆိုးထားသလို ဖြစ်မနေဘဲ ဖူးဖူးလေးဖြစ်နေစေပါတယ်။

နောက်ပြီး မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အောက်ခံမိတ်ကပ် မလိမ်းခင်မှာ မွန်ရိုးက ရေနံဂျယ်လီတွေ မျက်နှာတစ်ပြင်လုံးလိမ်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူ့အသားအရေဟာ အမြဲလန်းဆန်း စိုပြည်နေပြီး ရိုက်ကူးရေးလုပ်ချိန် မီးရောင်အောက်မှာ လှနေတာတွေ့ရမှာပါ။ မျက်တောင်တုသုံးတဲ့အခါမှာလည်း မွန်ရိုးက အရမ်းရှည်လွန်းတဲ့ မျက်တောင်ကို ရွေးချယ်တာနည်းပါတယ်။ မျက်တောင်ကိုရှည်နေသယောင်ထင် ရတဲ့ အရွယ်အစားလောက်ပဲသုံးပြီး မျက်တောင်ကော့ဆေးများ များ တင်လိုက်တာမျိုးပဲ လုပ်လေ့ရှိပါတယ်။

နှာခေါင်းပုံစံလှဖို့၊ မျက်နှာကျလှဖို့အတွက်ကိုလည်း ပါးနီ လေးနည်းနည်းတို့၊ ရေနံဂျယ်လီလေးသုတ်လိုက်ပြီး နောက်ဆုံးမှာ ပေါင်ဒါလေးရိုက်ပြီး ပြင်ဆင်လိုက်တာပါပဲ။ မွန်ရိုးခေတ်စားချိန်တုန်းက မျက်အိမ်ကျယ်ကျယ် ပုံစံကလည်း ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ သူက မျက်သားအတွင်း နားလောက်ကနေ အညို (ဒါမှမဟုတ်) အနက်ရောင်လိုင်နာဆွဲ လိုက်ပြီး မျက်အိမ်ကျယ်သယောင် ဖန်တီးလိုက်တာပါ။ ပြီးတော့ အညိုဖျော့ရောင် လိုင်နာခဲတံလေးသုံးပြီးတော့လည်း အောက်ဘက် မျက်တောင် တွေနားကို အရိပ်ဖော်ပါသေးတယ်။

အရေပြားဆဲလ်သေတွေဖယ်ရှားဖို့အတွက် ပင်လယ်ဆားနဲ့ မကြာခဏရေချိုးတာမျိုးတွေလုပ်တဲ့အပြင် သွားတွေအမြဲတမ်း ဖြူစင်တောက်ပြောင်နေဖို့အတွက် မုန့်ဖုတ်ဆော်ဒါဘူးလေးကို ရေချိုးခန်းထဲထားပြီး အမြဲသွားတိုက် လေ့ရှိတယ်လို့ ဆိုပါတယ်။

မျက်နှာဆေးကြောသန့်စင်တာကိုတော့ မွန်ရိုးက စတော် ဘယ်ရီသီးတွေကို ကြိတ်ခြေပြီး မျက်နှာသန့်ဆေးအဖြစ် သုံးပါ တယ်။ စတော်ဘယ်ရီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ကြောင့် မျက်နှာအညစ်အကြေးတွေ ကင်းစင်ပြီး ပန်းရောင်သန်း တဲ့ မျက်နှာလေးပိုင်ဆိုင်စေလို့ပါတဲ့။     —Ref: wellnessbin
http://www.7daydaily.com/story/49292
.........................

No comments:

Post a Comment