Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

အမႈိက္ကား ေမာင္းသမားရဲ႕သား ခ်ဳလာေလာင္ေကာင္း တကၠသိုလ္မွ ဘြဲ႔ရ


 ထိုင္းနိုင္ငံရဲ႕အထင္ကရတကၠသိုလ္ၾကီးျဖစ္တဲ့ ခ်ဳလာေလာင္ေကာင္းတကၠသိုလ္မွ ဘြဲ႔ရခဲ့သူက အမႈိက္ကားေမာင္းသမားဖခင္ရဲ႕ ေက်းဇူးဂုဏ္ကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ရွိခိုးကန္ေတာ့ေနတဲ့ဓါတ္ပံုကို သူ႔ရဲ႕ေဖ့ဘုတ္ေပၚ တင္ခဲ့တယ္။ သူ႕ဖခင္အေၾကာင္းကို အခုလိုလည္း ေရးသားထားပါတယ္။

“ငယ္ငယ္တုန္းက အေဖေၾကာင့္ အခါခါ ရွက္စိတ္ျဖစ္မိတယ္။ ငါ့အေဖက ဘာလို႔ သူမ်ားေတြရဲ႕အေဖေတြလို ရဲ၀တ္စံု၊ စစ္သား၀တ္စံုေတြ မ၀တ္ရတာလဲ။ ၾကီးလာတဲ့အခါမွ အေဖနဲ႔ ကြ်န္ေတာ့္မွာ တူညီတဲ့ စိတ္ကူးအိပ္မက္တခု ရွိေနတယ္ဆိုတာ သိခဲ့ရတယ္။ အေဖဟာ ေက်ာင္းသားဘ၀ကို ၄ တန္းနဲ႔ အဆံုးသတ္ခဲ့ရတယ္။ သူျဖစ္ခ်င္တာ သူ႕သားကို ပညာတက္ေျမာက္ေအာင္ သင္ၾကားေပးဖို႔ျဖစ္တယ္လို႔ အေဖ ေျပာဖူးတယ္။ အဲဒီတုန္းက ကြ်န္ေတာ္က စစ္သားျဖစ္ခ်င္ခဲ့တာ။ သို႔ေသာ္ ကြ်န္ေတာ္ စစ္သား မျဖစ္ခဲ့ဘူး။ (ဒါနဲ႔ပတ္သက္လို႔) အေဖ ဘာမွမျဖစ္ဘူးလို႔ထင္ခဲ့ေပမယ့္ သူ က်ိတ္ျပီး ငိုေၾကြးခဲ့တယ္ဆိုတာကို ေနာင္မွာ သိခဲ့ရတယ္။


တကၠသိုလ္၀င္ခြင့္စာေမးပြဲ ေအာင္စာရင္းထြက္ေတာ့ ေအာင္စာရင္းၾကည့္ဖို႔ဆိုျပီး အေဖ ခြင့္တရက္ယူခဲ့တယ္။ အဲဒီတုန္းက အေဖဟာ ၀မ္းသာလြန္းလို႔ မ်က္ရည္မက်ေအာင္ မနည္းထိန္းခဲ့ရတာ မွတ္မိေနေသးတယ္။ ကြ်န္ေတာ္တို႔ မိသားစုေလးအတြက္ေတာ့ တကယ့္ကို ၀မ္းသာဂုဏ္ယူျဖစ္ခဲ့ရတဲ့ အခါသမယေလးပါပဲ။ ကြ်န္ေတာ္ စတုတၳႏွစ္ေရာက္ေတာ့ အေဖကေမးတယ္။ သူ႔လိုလူကို အေဖေတာ္ရတာ ျခိဳးျခံေခြ်တာျပီး သံုးစြဲရတဲ့အတြက္ ရွက္တဲ့စိတ္ ျဖစ္သလားတဲ့။ ကြ်န္ေတာ္ ဘာမွ ျပန္မေျပာနိုင္ခဲ့ဘူး။ အစစအရာရာမွာ ကူညီပံ့ပိုးေပးတဲ့ ဒီလိုဖခင္မ်ဳိးရွိတာ အေဖ့ကို ကြ်န္ေတာ္ ေက်းဇူးတင္တယ္။ ကြ်န္ေတာ္တို႔ရဲ႕ေအာင္ျမင္မႈနဲ႔အတူ အေဖ ေပ်ာ္ရႊင္ပါေစ။ ရွက္စရာမလိုေတာ့ဘူး အေဖ။ ကြ်န္ေတာ္ အေဖ့အတြက္ ဂုဏ္ယူတယ္”လို႔ ကာယကံရွင္ရဲ႕ ေဖ့ဘုတ္မွာ ေရးသားထားပါတယ္။

ရည္ညႊန္း - ဘန္ေကာက္ပို႔စ္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...........................

 ထိုင်းနိုင်ငံရဲ့အထင်ကရတက္ကသိုလ်ကြီးဖြစ်တဲ့ ချုလာလောင်ကောင်းတက္ကသိုလ်မှ ဘွဲ့ရခဲ့သူက အမှိုက်ကားမောင်းသမားဖခင်ရဲ့ ကျေးဇူးဂုဏ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ရှိခိုးကန်တော့နေတဲ့ဓါတ်ပုံကို သူ့ရဲ့ဖေ့ဘုတ်ပေါ် တင်ခဲ့တယ်။ သူ့ဖခင်အကြောင်းကို အခုလိုလည်း ရေးသားထားပါတယ်။

“ငယ်ငယ်တုန်းက အဖေကြောင့် အခါခါ ရှက်စိတ်ဖြစ်မိတယ်။ ငါ့အဖေက ဘာလို့ သူများတွေရဲ့အဖေတွေလို ရဲဝတ်စုံ၊ စစ်သားဝတ်စုံတွေ မဝတ်ရတာလဲ။ ကြီးလာတဲ့အခါမှ အဖေနဲ့ ကျွန်တော့်မှာ တူညီတဲ့ စိတ်ကူးအိပ်မက်တခု ရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ အဖေဟာ ကျောင်းသားဘဝကို ၄ တန်းနဲ့ အဆုံးသတ်ခဲ့ရတယ်။ သူဖြစ်ချင်တာ သူ့သားကို ပညာတက်မြောက်အောင် သင်ကြားပေးဖို့ဖြစ်တယ်လို့ အဖေ ပြောဖူးတယ်။ အဲဒီတုန်းက ကျွန်တော်က စစ်သားဖြစ်ချင်ခဲ့တာ။ သို့သော် ကျွန်တော် စစ်သား မဖြစ်ခဲ့ဘူး။ (ဒါနဲ့ပတ်သက်လို့) အဖေ ဘာမှမဖြစ်ဘူးလို့ထင်ခဲ့ပေမယ့် သူ ကျိတ်ပြီး ငိုကြွေးခဲ့တယ်ဆိုတာကို နောင်မှာ သိခဲ့ရတယ်။



တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထွက်တော့ အောင်စာရင်းကြည့်ဖို့ဆိုပြီး အဖေ ခွင့်တရက်ယူခဲ့တယ်။ အဲဒီတုန်းက အဖေဟာ ၀မ်းသာလွန်းလို့ မျက်ရည်မကျအောင် မနည်းထိန်းခဲ့ရတာ မှတ်မိနေသေးတယ်။ ကျွန်တော်တို့ မိသားစုလေးအတွက်တော့ တကယ့်ကို ၀မ်းသာဂုဏ်ယူဖြစ်ခဲ့ရတဲ့ အခါသမယလေးပါပဲ။ ကျွန်တော် စတုတ္ထနှစ်ရောက်တော့ အဖေကမေးတယ်။ သူ့လိုလူကို အဖေတော်ရတာ ခြိုးခြံချွေတာပြီး သုံးစွဲရတဲ့အတွက် ရှက်တဲ့စိတ် ဖြစ်သလားတဲ့။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ အစစအရာရာမှာ ကူညီပံ့ပိုးပေးတဲ့ ဒီလိုဖခင်မျိုးရှိတာ အဖေ့ကို ကျွန်တော် ကျေးဇူးတင်တယ်။ ကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့အတူ အဖေ ပျော်ရွှင်ပါစေ။ ရှက်စရာမလိုတော့ဘူး အဖေ။ ကျွန်တော် အဖေ့အတွက် ဂုဏ်ယူတယ်”လို့ ကာယကံရှင်ရဲ့ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

ရည်ညွှန်း - ဘန်ကောက်ပို့စ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment