Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

တစ္ေန႔ အလုပ္လုပ္ခ်ိန္ ၆ နာရီအျဖစ္ ေျပာင္းလဲ သတ္မွတ္ေတာ့မယ္ ဆီြဒင္ႏုိင္ငံ




ဆီြဒင္ႏုိင္ငံဟာ တစ္ေန႔အလုပ္လုပ္ခ်ိန္ ၆ နာရီအျဖစ္ ေျပာင္းလဲသတ္မွတ္ေတာ့မွာ ျဖစ္ပါတယ္။
ေလ့လာမႈမ်ားအရ က်န္းမာေရး၊ စိတ္ေပ်ာ္ရႊင္မႈနဲ႔ ကုန္ထုတ္လုပ္ႏုိင္မႈစြမ္းအား ထိခုိက္နစ္နာမႈ ရိွေစတယ္ဆုိသည့္တုိင္ ဆီြဒင္ႏုိင္ငံတစ္လႊား စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ပိုမုိတုိေတာင္းတဲ့ အလုပ္လုပ္ခ်ိန္ ေျပာင္းလဲခဲ့ၾကျပီးျဖစ္ျပီး အမ်ားစုမွာ ေျပာင္းလဲေဆာင္ရြက္ေနၾကဆဲ ျဖစ္ပါတယ္။
Gothenburg ျမိဳ႕ရိွ Toyota Service Centre ေတြဆုိရင္ တစ္ေန႔ ၆ နာရီ အလုပ္လုပ္ခ်ိန္ကို လြန္ခဲ့တဲ့ ၁၃ ႏွစ္ကတည္းက ေျပာင္းလဲသတ္မွတ္ခဲ့ျပီး ဝန္ထမ္းမ်ား ပုိမိုေပ်ာ္ရႊင္မႈ၊ အလုပ္ထဲမွာ ဝန္ထမ္း အဝင္အထြက္ႏႈန္း ပိုမုိေလွ်ာ့နည္းျခင္းနဲ႔ အံ့ၾသသင့္စရာ မရိွတာက ယင္းကုမၸဏီမွာ အလုပ္ဝင္လုပ္မယ့္ ဝန္ထမ္းသစ္မ်ား စည္းရုံးလြယ္ျခင္း စတာေတြျဖစ္ပါတယ္။ အက်ဳိးျမတ္မ်ားလည္း ၂၅% ျမင့္တက္လာခဲ့ပါတယ္။
တစ္ေန႔ ၈ နာရီ အလုပ္လုပ္ခ်ိန္ဆုိတာ ခင္ဗ်ားတုိ႔ထင္သေလာက္ အက်ဳိးမရိွေၾကာင္း Stockholm app တီထြင္ေရးသားသူ Filimundus ရဲ႕ CEO ျဖစ္သူ Linus Feldt က Fast Company ကို ေျပာျပခဲ့ပါတယ္။
၈ နာရီၾကာ အလုပ္ထဲ အာရုံစူးစုိက္ေနဖုိ႔ဆုိတာ အင္မတန္ ခက္ခဲတဲ့ စိန္ေခၚမႈၾကီးတစ္ခုျဖစ္ပါတယ္။ လုပ္ငန္းတာဝန္ေတြ ႏုိင္ႏုိင္နင္းနင္းကိုင္တြယ္ ေျဖရွင္းဖုိ႔အတြက္ ခံႏုိင္ရည္ရိွေအာင္ တျခားအစီအစဥ္ေတြ၊ အနားယူခ်ိန္ေတြ ကြ်ႏု္ပ္တုိ႔ ေပါင္းထည့္ၾကရပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အလုပ္အျပင္ မိမိကုိယ္ပုိင္ဘဝကို စီမံခန္႔ခြဲဖုိ႔ အခက္အခဲ ရိွလာပါတယ္။
အလုပ္လုပ္ခ်ိန္ ပိုနည္းလာေလ ဝန္ထမ္းေတြ ေပ်ာ္ရႊင္မႈပုိရျပီး အခ်ိန္တိုအတြင္း အလုပ္ကို အတူ ျပီးေျမာက္ေစဖုိ႔ အားအင္ေတြ ပိုမိုရရိွၾကတယ္။ ကုန္ထုတ္လုပ္မႈ စြမ္းအားပုိအားေကာင္းလာတဲ့ အေၾကာင္းကိစၥေတြမွာ ဝန္ထမ္းမ်ား ေကာင္းေကာင္းမြန္မြန္ နားရျပီး ေပ်ာ္ရႊင္မႈ ပိုရၾကတာေၾကာင့္ ဝန္ထမ္းမ်ားရဲ႕ မေက်နပ္မႈ တုိင္တမ္းခ်က္မ်ား တစ္ဟုန္ထုိးေလ်ာ့က်သြားေၾကာင္း Feldt က ဆိုပါတယ္။ 
Ref: Metro
http://www.trend.com.mm/2015/10/01/news-7777
.......................................................................................................

တစ်နေ့ အလုပ်လုပ်ချိန် ၆ နာရီအဖြစ် ပြောင်းလဲ သတ်မှတ်တော့မယ် ဆွီဒင်နိုင်ငံ

Victor.PaaTung 
ဆွီဒင်နိုင်ငံဟာ တစ်နေ့အလုပ်လုပ်ချိန် ၆ နာရီအဖြစ် ပြောင်းလဲသတ်မှတ်တော့မှာ ဖြစ်ပါတယ်။
လေ့လာမှုများအရ ကျန်းမာရေး၊ စိတ်ပျော်ရွှင်မှုနဲ့ ကုန်ထုတ်လုပ်နိုင်မှုစွမ်းအား ထိခိုက်နစ်နာမှု ရှိစေတယ်ဆိုသည့်တိုင် ဆွီဒင်နိုင်ငံတစ်လွှား စီးပွားရေးလုပ်ငန်းများအနေဖြင့် ပိုမိုတိုတောင်းတဲ့ အလုပ်လုပ်ချိန် ပြောင်းလဲခဲ့ကြပြီးဖြစ်ပြီး အများစုမှာ ပြောင်းလဲဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။
Gothenburg မြို့ရှိ Toyota Service Centre တွေဆိုရင် တစ်နေ့ ၆ နာရီ အလုပ်လုပ်ချိန်ကို လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဝန်ထမ်းများ ပိုမိုပျော်ရွှင်မှု၊ အလုပ်ထဲမှာ ဝန်ထမ်း အဝင်အထွက်နှုန်း ပိုမိုလျှော့နည်းခြင်းနဲ့ အံ့သြသင့်စရာ မရှိတာက ယင်းကုမ္ပဏီမှာ အလုပ်ဝင်လုပ်မယ့် ဝန်ထမ်းသစ်များ စည်းရုံးလွယ်ခြင်း စတာတွေဖြစ်ပါတယ်။ အကျိုးမြတ်များလည်း ၂၅% မြင့်တက်လာခဲ့ပါတယ်။
တစ်နေ့ ၈ နာရီ အလုပ်လုပ်ချိန်ဆိုတာ ခင်ဗျားတို့ထင်သလောက် အကျိုးမရှိကြောင်း Stockholm app တီထွင်ရေးသားသူ Filimundus ရဲ့ CEO ဖြစ်သူ Linus Feldt က Fast Company ကို ပြောပြခဲ့ပါတယ်။
၈ နာရီကြာ အလုပ်ထဲ အာရုံစူးစိုက်နေဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တွေ နိုင်နိုင်နင်းနင်းကိုင်တွယ် ဖြေရှင်းဖို့အတွက် ခံနိုင်ရည်ရှိအောင် တခြားအစီအစဉ်တွေ၊ အနားယူချိန်တွေ ကျွနု်ပ်တို့ ပေါင်းထည့်ကြရပါတယ်။ တစ်ချိန်တည်းမှာပဲ အလုပ်အပြင် မိမိကိုယ်ပိုင်ဘဝကို စီမံခန့်ခွဲဖို့ အခက်အခဲ ရှိလာပါတယ်။
အလုပ်လုပ်ချိန် ပိုနည်းလာလေ ဝန်ထမ်းတွေ ပျော်ရွှင်မှုပိုရပြီး အချိန်တိုအတွင်း အလုပ်ကို အတူ ပြီးမြောက်စေဖို့ အားအင်တွေ ပိုမိုရရှိကြတယ်။ ကုန်ထုတ်လုပ်မှု စွမ်းအားပိုအားကောင်းလာတဲ့ အကြောင်းကိစ္စတွေမှာ ဝန်ထမ်းများ ကောင်းကောင်းမွန်မွန် နားရပြီး ပျော်ရွှင်မှု ပိုရကြတာကြောင့် ဝန်ထမ်းများရဲ့ မကျေနပ်မှု တိုင်တမ်းချက်များ တစ်ဟုန်ထိုးလျော့ကျသွားကြောင်း Feldt က ဆိုပါတယ်။ 

Ref: Metro
http://www.trend.com.mm/2015/10/01/news-7777

No comments:

Post a Comment