Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 16, 2015

ၿမန္မာ့သမုိင္းထဲက သခြားသီးစားလုိ႔ ဒုကၡမ်ားခဲ့တဲ့ဘုရင္ ႏွစ္ပါး

ဒီတစ္ခါေတာ့ ၿမန္မာ့သမုိင္းထဲက သခြားသီးစားလုိ႔ ဒုကၡမ်ားခဲ့တဲ့ဘုရင္ ႏွစ္ပါး အေႀကာင္းကုိ ဗဟုသုတအၿဖစ္ေၿပာၿပခ်င္ပါတယ္။

တစ္ပါးကေတာ့ ပုဂံေခတ္က သိန္းခုိမင္း (သကၠရာဇ္ ၂၆၃ မွ ၂၇၉ ခုႏွစ္ ) ၿဖစ္ပါတယ္။ တစ္ေန႔ သိန္းခုိမင္းဟာ အမဲလုိက္ရင္း ေနာက္လုိက္ေနာက္ပါမ်ားနဲ႔ လူခ်င္းကြဲသြားခဲ့ပါတယ္။
ေမာလည္းေမာ ေရလည္းအလြန္ငတ္လွခ်ိန္မွာ လူသူမေတြ႔ရတဲ့ သခြားခင္းတစ္ခင္းကုိေတြ႔ပါတယ္။ ၀မ္းသာအားရနဲ႔ သခြားခင္းထဲ၀င္
ကာ သခြားသီးမ်ားကုိ အားရပါးရ စားပစ္ပါတယ္။ ဒါကုိ ယာရွင္က
ေတြ႔ၿပီး ဘုရင္ဟုမထင္ သူခုိးဟု ထင္ကာ တူရြင္း နဲ႔ခုတ္တာေႀကာင့္
ေနရာ မွာတင္ ပြဲခ်င္းၿပီးသြားပါတယ္။ အေဖာ္ကြဲသြားေသာ ေနာက္လုိက္
ေနာက္ပါမ်ား ေရာက္လာမွ ၿပည့္ရွင္မင္းကုိ သတ္မိေႀကာင္းသိပါတယ္။ အဲဒီေခတ္က ဘုရင္ကုိသတ္ရင္ဘုရင္ၿဖစ္ဆုိတဲ့ ထုံးစံေႀကာင့္ ယာရွင္ဟာ ဘုရင္ၿဖစ္သြားပါတယ္။ ေတာင္သူႀကီးမင္း ေခၚ ေညာင္ဦးေစာရဟန္းမင္း ဆုိတဲ့ အမည္နဲ႔ပါ။

သခြားသီးေႀကာင့္ ဒုကၡမ်ားခဲ့တဲ့ ေနာက္မင္းတစ္ပါးကေတာ့ ေသေတာ့မေသပါ သုိ႔
ေသာ္ ယာရွင္နဲ႔ နပန္းလုံးလုိက္ရပါတယ္။

သူကေတာ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်ရဲ႕သားေတာ္ႀကီး
ေနာင္ေတာ္ႀကီး ေခၚ ဒီပဲယင္းမင္း ၿဖစ္ပါတယ္။ ေနာင္ေတာ္ႀကီးဟာ ဘုရင္ၿဖစ္ေသာ္လည္း မ၀ံ့ႀကြားတတ္ပဲ ႏွိမ့္ခ်ေသာမာနၿဖင့္ ရုိးရုိးစား ရုိးရုိးေနတတ္သူၿဖစ္ပါတယ္။ ရံဖန္ရံခါ မိမိ၏ ေနာက္လုိက္မ်ားႏွင့္ မန္က်ည္းေတာ ၊ မန္က်ည္းပင္ ေအာက္မ်ား၌ ဆား ၊ ငါးပိ စသည္တုိ႔ႏွင့္ မန္းက်ည္းသီးမ်ားကုိ ေထာင္းထု စားေသာက္ေနေလ့ရွိပါတယ္။
မူးမတ္မ်ားက “ထုိသုိ႔စားၿခင္းကုိ ေရွာင္ႀကဥ္ေတာ္မႈပါ ၊ ဂုဏ္ႏွင့္ မေလ်ာ္ပါ” ဟု ေလွ်ာက္တဲ့အခါ “ငါ ဒီလုိမန္က်ည္းသီး စားၿခင္းဟာ တုိင္းၿပည္ကုိ တစ္စုံတစ္ရာ ၀န္ေလးပါသေလာ” ဟုၿပန္ေမးပါတယ္။ “တုိင္းၿပည္၌ကား ၀န္မေလးပါ” ဟု မူးမတ္တုိ႔ကေလွ်ာက္သည့္အခါ “တုိင္းၿပည္၀န္ေလး
သည့္ ကိစၥကို ငါေရွာင္အံ ၊ ၀န္မေလးသည့္ ကိစၥကုိကား မတားၿမစ္ လုိႀကပါႏွင့္ ၊ ငါႀကဳိက္တတ္သည္ကုိ စားပါရေစ” ဟု အခြင့္ပန္ ၿပန္ေၿပာပါတယ္။

ေနာင္ေတာ္ႀကီးမင္းဟာ ေရႊဘုိ ႏွင့္ စစ္ကုိင္း ႏွစ္ရပ္လုံးတြင္ေၿပာင္း၍ စံေလ့ရွိပါတယ္။ ၿမင္းေကာင္းလည္း ရွိတာေႀကာင့္ “ငါစစ္ကုိင္းသြားဦး
မည္ ၊ ေရႊဘုိသြားဦးမည္ ” ဟု မိန္႔ကာ ၿမင္းစီး၍ ရုတ္တရက္ ထြက္ေတာ္
မူ တတ္ပါတယ္။ ေနာက္လုိက္ေနာက္ပါတုိ႔မွာ ကပ်ာကသီၿမင္းၿပင္၍ လုိက္ေသာ္ မမီသည္က မ်ားပါတယ္။

တစ္ခါေသာ္ စစ္ကုိင္းမွ ေရႊဘုိသို႔အၿပန္ ေနာက္လုိက္ေနာက္ပါတုိ႔မွာ
ေ၀းလံစြာက်န္ရစ္ၿပီး ေရႊဘုိမွ ၁၄ မုိင္အကြာ ေခါေတာအရပ္ သုိ႔
ေရာက္လာပါတယ္။ သခြားခင္းတစ္ခင္းကုိေတြ႔၍ ဆာေလာင္ေနသည္
ႏွင့္ ၿမင္းကိုယာခင္းအၿပင္ဘက္တြက္ခ်ိတ္ကာ ယာရွင္ေယာက်္ားထံ သခြားသီးစားပါရေစ ဟု ေကာင္းမြန္စြာေတာင္း၏။

ယာရွင္ကလည္း မင္းၿဖစ္ေႀကာင္း မသိဘဲ “အလုိရွိသမွ်စားေလ ၊
အပင္ ၊ အႏြယ္ ၊ အကင္း တို႔ကိုကား မပ်က္ေစႏွင့္ ” ဟု ဆုိပါ တယ္။ ေနာင္ေတာ္ႀကီးကာ သခြားသီးကုိ ၿဖတ္၍ မဆြတ္ပဲ ဆြဲ၍
ဆြတ္သၿဖင့္ အပြင့္ ၊ အကင္း တုိ႔ အတန္ငယ္ပ်က္သြားပါတယ္။ ယာရွင္ၿမင္ေသာ္ “နင္က စားရုံစား ၊ မဖ်က္ပါႏွင့္ဟု ငါေၿပာလ်က္ ဖ်က္ရသေလာ ” ဟု ေဒါသၿဖစ္ကာ သတ္မည္ ပုတ္မည္ ၿပဳပါတယ္။ ေနာင္ေတာ္ႀကီးကလည္း တစ္စုံတစ္ရာ အမ်က္မထြက္ပဲ “နင္ေယာက်္ားေကာင္း ဆုိေသာ္ သတ္ႀကအံ” ဟု ဆုိ၍ ႏွစ္ေယာက္ သားလုံးေထြးသတ္ပုတ္ႀကပါတယ္။ က်န္းမာသန္စြမ္းေသာ ေနာင္ေတာ္ ႀကီးအား ယာရွင္မႏုိင္ပါေလ ၊ အခါခါေအာက္က်၏ ။ အတန္ႀကာေသာ္ ယာရွင္လည္း ေမာလွတာေႀကာင့္ ဘာမွမတတ္ႏုိင္ပဲ ဘယ္လုိလူလဲ
ေတြးကာ ထုိင္ႀကည့္ေနရပါတယ္။ ေနာင္ေတာ္ႀကီးကား ၿပံဳးၿပဳံးရယ္ရယ္
ႏွင့္ သခြားသီး စားၿမဲစားေနပါတယ္။

ထုိစဥ္ ယာရွင္၏မိန္းမ ထမင္းပုိ႔ေရာက္လာတာကို ေနာင္ေတာ္ႀကီး
ေတြ႔ေတာ့ “ေယာက္ဖ ၊ ငါလည္းမထင္းစားပါရေစ” ဟု ခြင့္ေတာင္းရာ ယာရွင္လည္း ေဒါသထြက္ေနတာေႀကာင့္ “မစားရဘူး ၊ နင့္ကုိမေကြ်းႏုိင္” ဟု ဆုိပါတယ္။ ယာရွင္မိန္းမက မိမိေယာက်္ားအား လက္ကုတ္ကာ “ယာအၿပင္ဘက္မွာ ေရႊကေတာင္ႏွင့္ ၿမင္းေကာင္းတစ္စီး ခ်ိတ္ထား
သည္ကုိ ငါေတြ႔ခဲ့သည္။ လူသာမည မဟုတ္ ၊ မင္းၿဖစ္ပုံရသည္ ၊ ေတြ႔ကရာမေၿပာႏွင့္” ဟု တီးတုိးေၿပာပါတယ္။ ေနာက္လုိက္ေနာက္
ပါ တုိ႔မီလာ၍ ေရွ႕ေတာ္တြင္ ဒူးေထာက္ႀကမွ မင္းၿဖစ္ေႀကာင္း သိရွိကာ ေႀကာက္လန္႔ကုန္ၿပီး ရွိခုိးေတာင္းပန္ပါတယ္။

ေနာင္ေတာ္ဘုရားလည္း ျပံဳးရယ္လ်က္ ” သင္တို႔က ေတာင္းပန္ရန္ မရွိ ၊ သင့္သခြားကိုလည္း ငါ စားရသည္။ သတ္ပုတ္ၾကသည္ မွာလည္း သေဘာ တူျဖစ္သည္။ ငါကား မင္းျဖစ္သည္ မွန္၏။ သို႔ေသာ္ မေၾကာက္လင့္။ ယခု သင္၏ သခြားမ်ားသည္ အလြန္ အရသာရွိ၏။ ငါ စံရာ ေရႊဘိုသို႔ တစ္ခါ
ေလာက္ လာေရာက္ဆက္ပါဘိ ” ဟု မိန္႔ေတာ္မူပါတယ္။

လအတန္ၾကာေသာ္ ယာရွင္သည္ ေကာင္းနိုးရာရာ သခြားသီးမ်ားကို ဆြတ္ခူးထမ္းေဆာင္လ်က္ ေရႊဘိုသို႔ သြားေရာက္၍ ေနာင္ေတာ္
ႀကီးဘုရားအား ဆက္သေလ၏။ ေနာင္ေတာ္ဘုရားလည္း ယာရွင္ကို
မေမ့ဘဲ အလုိရွိရာကုိေတာင္းေစတဲ့အခါ ယာရွင္က ” သူႀကီး၏ အာ
ဏာမွ လြတ္လိုပါသည္ ” ဟုေလွ်ာက္တင္ပါတယ္။ ” ဤအတြက္ကား ရစိမ့္မည္ ၊ အျခား အလိုရွိသည္ကိုလည္း ေတာင္းဦးေလာ့ ” ဟု မိန္႔ေသာ္လည္း ဤတစ္ခုကိုရလ်ွင္ ေက်နပ္ေသာ ယာရွင္သည္ ထပ္
၍ မေတာင္းေတာ့တာေႀကာင့္ သူႀကီးအာဏာမွလြတ္ေစမည့္ စာခြ်န္လႊာကိုလက္မွတ္ထုိးကာ ယာရွင္ရဲ႕ေက်းဇူးကို ဆပ္လုိက္ပါေတာ့
တယ္။

Ref:
ျမန္မာ႔ဂုဏ္ရည္ ရာဇ၀င္ဖတ္စာ – အမ်ိဳးသားပညာ၀န္ ဦးဖုိးက်ား
ၿမန္မာ့သမုိင္းထဲက အထင္ကရ ဇာတ္ေကာင္မ်ား – ေမာင္ႀကည္သန္႔
ၿမန္မာ့စြယ္စုံက်မ္း

From ayesay
..............................
မြန်မာ့သမိုင်းထဲက သခွားသီးစားလို့ ဒုက္ခများခဲ့တဲ့ဘုရင် နှစ်ပါး

ဒီတစ်ခါတော့ မြန်မာ့သမိုင်းထဲက သခွားသီးစားလို့ ဒုက္ခများခဲ့တဲ့ဘုရင် နှစ်ပါး အကြောင်းကို ဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။

တစ်ပါးကတော့ ပုဂံခေတ်က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မှ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။ တစ်နေ့ သိန်းခိုမင်းဟာ အမဲလိုက်ရင်း နောက်လိုက်နောက်ပါများနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။
မောလည်းမော ရေလည်းအလွန်ငတ်လှချိန်မှာ လူသူမတွေ့ရတဲ့ သခွားခင်းတစ်ခင်းကိုတွေ့ပါတယ်။ ၀မ်းသာအားရနဲ့ သခွားခင်းထဲဝင်
ကာ သခွားသီးများကို အားရပါးရ စားပစ်ပါတယ်။ ဒါကို ယာရှင်က
တွေ့ပြီး ဘုရင်ဟုမထင် သူခိုးဟု ထင်ကာ တူရွင်း နဲ့ခုတ်တာကြောင့်
နေရာ မှာတင် ပွဲချင်းပြီးသွားပါတယ်။ အဖော်ကွဲသွားသော နောက်လိုက်
နောက်ပါများ ရောက်လာမှ ပြည့်ရှင်မင်းကို သတ်မိကြောင်းသိပါတယ်။ အဲဒီခေတ်က ဘုရင်ကိုသတ်ရင်ဘုရင်ဖြစ်ဆိုတဲ့ ထုံးစံကြောင့် ယာရှင်ဟာ ဘုရင်ဖြစ်သွားပါတယ်။ တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း ဆိုတဲ့ အမည်နဲ့ပါ။

သခွားသီးကြောင့် ဒုက္ခများခဲ့တဲ့ နောက်မင်းတစ်ပါးကတော့ သေတော့မသေပါ သို့
သော် ယာရှင်နဲ့ နပန်းလုံးလိုက်ရပါတယ်။

သူကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့သားတော်ကြီး
နောင်တော်ကြီး ခေါ် ဒီပဲယင်းမင်း ဖြစ်ပါတယ်။ နောင်တော်ကြီးဟာ ဘုရင်ဖြစ်သော်လည်း မဝံ့ကြွားတတ်ပဲ နှိမ့်ချသောမာနဖြင့် ရိုးရိုးစား ရိုးရိုးနေတတ်သူဖြစ်ပါတယ်။ ရံဖန်ရံခါ မိမိ၏ နောက်လိုက်များနှင့် မန်ကျည်းတော ၊ မန်ကျည်းပင် အောက်များ၌ ဆား ၊ ငါးပိ စသည်တို့နှင့် မန်းကျည်းသီးများကို ထောင်းထု စားသောက်နေလေ့ရှိပါတယ်။
မူးမတ်များက “ထိုသို့စားခြင်းကို ရှောင်ကြဉ်တော်မှုပါ ၊ ဂုဏ်နှင့် မလျော်ပါ” ဟု လျှောက်တဲ့အခါ “ငါ ဒီလိုမန်ကျည်းသီး စားခြင်းဟာ တိုင်းပြည်ကို တစ်စုံတစ်ရာ ၀န်လေးပါသလော” ဟုပြန်မေးပါတယ်။ “တိုင်းပြည်၌ကား ၀န်မလေးပါ” ဟု မူးမတ်တို့ကလျှောက်သည့်အခါ “တိုင်းပြည်ဝန်လေး
သည့် ကိစ္စကို ငါရှောင်အံ ၊ ၀န်မလေးသည့် ကိစ္စကိုကား မတားမြစ် လိုကြပါနှင့် ၊ ငါကြိုက်တတ်သည်ကို စားပါရစေ” ဟု အခွင့်ပန် ပြန်ပြောပါတယ်။

နောင်တော်ကြီးမင်းဟာ ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံးတွင်ပြောင်း၍ စံလေ့ရှိပါတယ်။ မြင်းကောင်းလည်း ရှိတာကြောင့် “ငါစစ်ကိုင်းသွားဦး
မည် ၊ ရွှေဘိုသွားဦးမည် ” ဟု မိန့်ကာ မြင်းစီး၍ ရုတ်တရက် ထွက်တော်
မူ တတ်ပါတယ်။ နောက်လိုက်နောက်ပါတို့မှာ ကပျာကသီမြင်းပြင်၍ လိုက်သော် မမီသည်က များပါတယ်။

တစ်ခါသော် စစ်ကိုင်းမှ ရွှေဘိုသို့အပြန် နောက်လိုက်နောက်ပါတို့မှာ
ဝေးလံစွာကျန်ရစ်ပြီး ရွှေဘိုမှ ၁၄ မိုင်အကွာ ခေါတောအရပ် သို့
ရောက်လာပါတယ်။ သခွားခင်းတစ်ခင်းကိုတွေ့၍ ဆာလောင်နေသည်
နှင့် မြင်းကိုယာခင်းအပြင်ဘက်တွက်ချိတ်ကာ ယာရှင်ယောကျ်ားထံ သခွားသီးစားပါရစေ ဟု ကောင်းမွန်စွာတောင်း၏။

ယာရှင်ကလည်း မင်းဖြစ်ကြောင်း မသိဘဲ “အလိုရှိသမျှစားလေ ၊
အပင် ၊ အနွယ် ၊ အကင်း တို့ကိုကား မပျက်စေနှင့် ” ဟု ဆိုပါ တယ်။ နောင်တော်ကြီးကာ သခွားသီးကို ဖြတ်၍ မဆွတ်ပဲ ဆွဲ၍
ဆွတ်သဖြင့် အပွင့် ၊ အကင်း တို့ အတန်ငယ်ပျက်သွားပါတယ်။ ယာရှင်မြင်သော် “နင်က စားရုံစား ၊ မဖျက်ပါနှင့်ဟု ငါပြောလျက် ဖျက်ရသလော ” ဟု ဒေါသဖြစ်ကာ သတ်မည် ပုတ်မည် ပြုပါတယ်။ နောင်တော်ကြီးကလည်း တစ်စုံတစ်ရာ အမျက်မထွက်ပဲ “နင်ယောကျ်ားကောင်း ဆိုသော် သတ်ကြအံ” ဟု ဆို၍ နှစ်ယောက် သားလုံးထွေးသတ်ပုတ်ကြပါတယ်။ ကျန်းမာသန်စွမ်းသော နောင်တော် ကြီးအား ယာရှင်မနိုင်ပါလေ ၊ အခါခါအောက်ကျ၏ ။ အတန်ကြာသော် ယာရှင်လည်း မောလှတာကြောင့် ဘာမှမတတ်နိုင်ပဲ ဘယ်လိုလူလဲ
တွေးကာ ထိုင်ကြည့်နေရပါတယ်။ နောင်တော်ကြီးကား ပြုံးပြုံးရယ်ရယ်
နှင့် သခွားသီး စားမြဲစားနေပါတယ်။

ထိုစဉ် ယာရှင်၏မိန်းမ ထမင်းပို့ရောက်လာတာကို နောင်တော်ကြီး
တွေ့တော့ “ယောက်ဖ ၊ ငါလည်းမထင်းစားပါရစေ” ဟု ခွင့်တောင်းရာ ယာရှင်လည်း ဒေါသထွက်နေတာကြောင့် “မစားရဘူး ၊ နင့်ကိုမကျွေးနိုင်” ဟု ဆိုပါတယ်။ ယာရှင်မိန်းမက မိမိယောကျ်ားအား လက်ကုတ်ကာ “ယာအပြင်ဘက်မှာ ရွှေကတောင်နှင့် မြင်းကောင်းတစ်စီး ချိတ်ထား
သည်ကို ငါတွေ့ခဲ့သည်။ လူသာမည မဟုတ် ၊ မင်းဖြစ်ပုံရသည် ၊ တွေ့ကရာမပြောနှင့်” ဟု တီးတိုးပြောပါတယ်။ နောက်လိုက်နောက်
ပါ တို့မီလာ၍ ရှေ့တော်တွင် ဒူးထောက်ကြမှ မင်းဖြစ်ကြောင်း သိရှိကာ ကြောက်လန့်ကုန်ပြီး ရှိခိုးတောင်းပန်ပါတယ်။

နောင်တော်ဘုရားလည်း ပြံုးရယ်လျက် ” သင်တို့က တောင်းပန်ရန် မရှိ ၊ သင့်သခွားကိုလည်း ငါ စားရသည်။ သတ်ပုတ်ကြသည် မှာလည်း သဘော တူဖြစ်သည်။ ငါကား မင်းဖြစ်သည် မှန်၏။ သို့သော် မကြောက်လင့်။ ယခု သင်၏ သခွားများသည် အလွန် အရသာရှိ၏။ ငါ စံရာ ရွှေဘိုသို့ တစ်ခါ
လောက် လာရောက်ဆက်ပါဘိ ” ဟု မိန့်တော်မူပါတယ်။

လအတန်ကြာသော် ယာရှင်သည် ကောင်းနိုးရာရာ သခွားသီးများကို ဆွတ်ခူးထမ်းဆောင်လျက် ရွှေဘိုသို့ သွားရောက်၍ နောင်တော်
ကြီးဘုရားအား ဆက်သလေ၏။ နောင်တော်ဘုရားလည်း ယာရှင်ကို
မမေ့ဘဲ အလိုရှိရာကိုတောင်းစေတဲ့အခါ ယာရှင်က ” သူကြီး၏ အာ
ဏာမှ လွတ်လိုပါသည် ” ဟုလျှောက်တင်ပါတယ်။ ” ဤအတွက်ကား ရစိမ့်မည် ၊ အခြား အလိုရှိသည်ကိုလည်း တောင်းဦးလော့ ” ဟု မိန့်သော်လည်း ဤတစ်ခုကိုရလျှင် ကျေနပ်သော ယာရှင်သည် ထပ်
၍ မတောင်းတော့တာကြောင့် သူကြီးအာဏာမှလွတ်စေမည့် စာချွန်လွှာကိုလက်မှတ်ထိုးကာ ယာရှင်ရဲ့ကျေးဇူးကို ဆပ်လိုက်ပါတော့
တယ်။

Ref:
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – အမျိုးသားပညာဝန် ဦးဖိုးကျား
မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

From ayesay

No comments:

Post a Comment