Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 12, 2015

သံဃာတခ်ိဳ ့နယ္ေက်ာ္မွဳ ကို ဘယ္သူကအေရးယူမလဲ


 လက္ရိွ မဘသဦးေဆာင္သံဃာတခ်ဳိ႕၏ေျပာဆိုေဟာ ၾကားမႈမ်ားႏွင့္ပတ္သက္၍ ေ၀ဖန္မႈမ်ားျမင့္တက္လ်က္ ရိွသည္။ ထိုသံဃာတခ်ဳိ႕၏ ေဟာေျပာမႈမ်ားသည္ နိုင္ငံေရးအသြင္ေဆာင္ေနျပီး ဖဲြ႕စည္းပံုအေျခခံဥပေဒ ႏွင့္လည္းေကာင္း၊ ေရြးေကာက္ပဲြဆိုင္ရာဥပေဒမ်ားႏွင့္လည္းေကာင္း ညီညြတ္မႈမရိွေၾကာင္း သံုးသပ္ေ၀ဖန္ခ်က္ မ်ားလည္း ထြက္ေပၚလ်က္ရိွသည္။ အစိုးရသည္ ထိုသံဃာမ်ား၏ႏိုင္ငံေရးဆန္သည့္ေဟာေျပာခ်က္မ်ားအေပၚ မသိခ်င္ေယာင္ေဆာင္ေနသည့္အေနအထားတြင္ရိွေနျပီး မဘသဦးေဆာင္ဆရာေတာ္ၾကီးမ်ားအေနျဖင့္လည္း တစံုတရာဟန္႔တား ဆံုးမတားျမစ္မႈျပဳသည္ကို မေတြ႕ရေသးေပ။ ေရြးေကာက္ပဲြသည္ တျဖည္းျဖည္း နီးကပ္ လာေနျပီး ထိုသံဃာမ်ား၏ေဟာေျပာခ်က္မ်ားအေပၚ တားဆီးအေရးယူမႈမ်ဳိး ျပဳလုပ္သြားရန္လိုအပ္ေနသည္။ ေအာက္တိုဘာ ၄ ရက္က မ်ဳိးေစာင့္ဥပေဒေပၚေပါက္လာျခင္း အထိမ္းအမွတ္ဂုဏ္ျပဳၾကဳိဆိုပဲြကို မဘသ(ဗဟို)မွ ဦးေဆာင္ကာ ရန္ကုန္ျမိဳ႕ သု၀ဏၰအားကစားရံုကြင္း(၁)တြင္ ျပဳလုပ္ခဲ့သည္။ ထိုပဲြတြင္ သီတဂူဆရာေတာ္ ေဒါက္တာအရွင္ဥာဏိႆရက ဘာသာ၊ သာသနာေစာင့္ေရွာက္ေရးလုပ္ကိုင္ၾကရာတြင္ သံဃာအခ်ဳိ႕သည္ နယ္ေက်ာ္ေနေၾကာင္း မိန္႔ၾကားခဲ့သည္။ သေဘာက ဘာသာေရးမွနယ္ေက်ာ္ကာ ႏိုင္ငံေရးဘက္သို႔ နယ္ေက်ာ္ ေဆာင္ရြက္ခ်က္မ်ားရိွေနေၾကာင္း သတိေပးမိန္႔ၾကားခဲ့ျခင္းျဖစ္သည္။

သီတဂူဆရာေတာ္ၾကီးသည္ ျမန္မာ သာမက ကမၻာကပါ ေလးစားၾကည္ညိဳခံရသည့္ ပုဂၢိဳလ္ျဖစ္သည့္အေလ်ာက္ သီတဂူဆရာေတာ္ၾကီး၏ မိန္႔ဆိုခ်က္သည္လည္း သံဃာ့အသိုင္းအ၀ိုင္းအတြက္ မ်ားစြာသတိထားစရာျဖစ္သည္။ ထို႔အတူ မႏၱေလးတိုင္း ေဒသၾကီး မဘသအဖဲြ႕ဥကၠ႒ ၀ါခင္းကုန္းဆရာေတာ္ဘဒၵ ႏၱတိကၡကလည္း ''မဘသအေနနဲ႔ မည္သည့္ႏိုင္ငံေရး ကိစၥမွစြက္ဖက္မွာမဟုတ္ဘူး။ ႏိုင္ငံေရးကို တခ်ဳိ႕ပါေနၾကတယ္လို႔ ထင္ေနၾကတယ္။ တခ်ဳိ႕ရွင္ငယ္၊ ရဟန္းငယ္ ေတြက ႏိုင္ငံေရးမွာ ပါ၀င္ကူညီေနတယ္ဆိုတာၾကားတယ္။ ဒါဟာ မဘသရဲ႕ဆံုးျဖတ္ခ်က္နဲ႔လုပ္တာ မဟုတ္ ဘူး။ သူ႔သေဘာနဲ႔သူလုပ္ေနၾကတာ။ ဒါကိုဦးပဥၨင္းတို႔ကေတြ႕ရင္ ဟန္႔တားေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္''ဟု မိန္႔ၾကားခဲ့သည္။ မဘသသံဃာတခ်ဳိ႕ႏိုင္ငံေရးႏွင့္ဘာသာေရးကို ေရာေထြးကာ ပါတီတခ်ဳိ႕ေအာင္ႏိုင္ေရး အတြက္ ကူညီေဆာင္ရြက္ေပးေနသည္ဆိုသည့္အခ်က္ကို ၀န္ခံခဲ့သည့္သေဘာျဖစ္သည္။ ၀န္ခံရံုႏွင့္ေတာ့မျပီး ေပ။ ထိုသံဃာမ်ားအေပၚ အေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္သြားရန္ လိုအပ္ေနသည္။

မဘသဦးေဆာင္သံဃာတပါးျဖစ္သည့္ ဦး၀ီရသူသည္ မ်ဳိးေစာင့္ဥပေဒႏွင့္ပတ္သက္၍ NLD အေပၚ ဆန္႔က်င္ ေ၀ဖန္ခဲ့ျပီး သမၼတဦးသိန္းစိန္ ဒုတိယအၾကိမ္ ဆက္လက္တာ၀န္ထမ္းေဆာင္ႏိုင္ေရးအတြက္ ၀န္းရံေပးသြား မည္ဟု ေျပာဆိုခဲ့သည္။ ''ဘုန္းၾကီးတို႔ ႏုိင္ငံႏွင့္လူမ်ဳိးအတြက္ အေကာင္းဆံုးေရြးခ်ယ္ရမယ္ဆိုရင္ေတာ့ အဲဒါက သမၼတၾကီးဦးသိန္းစိန္ရဲ႕ အစိုးရပါပဲ။ သူတို႔က တံခါးဖြင့္ျပီး ျငိမ္းခ်မ္းေရးႏွင့္ဖံြ႕ျဖိဳးေရးအတြက္ အဆင့္ဆင့္ ေဆာင္ရြက္နိုင္ပါတယ္''ဟု ဦး၀ီရသူက ေအာက္တိုဘာ ၄ ရက္က ရိုက္တာသတင္းဌာနသို႔ မိန္႔ၾကားခဲ့သည္။ ၀ါေခါင္လဆန္း ၁၂ ရက္၊ စက္တင္ဘာ ၁၃ ရက္ ရက္စဲြျဖင့္ NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္မွ အစၥလာမ္ဘာသာ၀င္မ်ားသို႔ ႏႈတ္ခြန္းဆက္စကား'ဟူေသာေခါင္းစဥ္ျဖင့္ ေၾကညာခ်က္အတုတေစာင္ အြန္လိုင္း ေပၚတြင္ ပံ်႕ႏံွ႔ခဲ့သည္။ ထိုေၾကညာခ်က္အတုကို စက္တင္ဘာ ၂၆ ရက္က ေျမာက္ဥကၠလာပျမိဳ႕နယ္၌ မ်ဳိးေစာင့္ဥပေဒေအာင္ပဲြအျဖစ္ ျပဳလုပ္ေသာတရားပဲြတြင္ ဖတ္ၾကားခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ စက္တင္ဘာ ၂၀ ရက္က မႏၱေလးျမဳိ႕၌ျပဳလုပ္ေသာ မ်ဳိးေစာင့္ဥပေဒေအာင္ပဲြတြင္ မဘသအဖဲြ႕၀င္ ဆရာေတာ္တပါးျဖစ္သည့္ ျမေတာင္ဆရာေတာ္က NLD ကို မဲမေပးရန္ မိန္႔ၾကားခဲ့ေၾကာင္းသိရသည္။ ဤလုပ္ေဆာင္ခ်က္မ်ားသည္ ဘာသာေရးႏွင့္ ႏိုင္ငံေရးကိုေရာေထြးေစျပီး ဘာသာေရးကို ႏိုင္ငံေရးတြင္အသံုးခ်ျခင္းအျဖစ္ ႏိုင္ငံေရးေလ့လာ သံုးသပ္သူ အသိုင္းအ၀ိုင္းက ရႈျမင္လ်က္ရိွသည္။

ဤသံဃာတခ်ဳိ႕၏ လုပ္ေဆာင္ခ်က္မ်ားသည္ မည္သည့္ပါတီ၊ မည္သည့္အဖဲြ႕အစည္း၏ လက္ေအာက္ခံမွ မဟုတ္ဟု ေၾကြးေၾကာ္ထားသည့္ မဘသ၏ပံုရိပ္ကို ညႇိဳးႏြမ္းေစသည္။ ႏိုင္ငံေရးကိစၥမ်ားတြင္ ၀င္ေရာက္စြက္ ဖက္မည္မဟုတ္ဟု ေၾကြးေၾကာ္ထားသည့္ မဘသဦးေဆာင္ဆရာေတာ္ၾကီးမ်ားအေနျဖင့္ ထိုသံဃာတခ်ဳိ႕၏ လုပ္ေဆာင္ခ်က္အေပၚ တစံုတရာ ပိတ္ပင္ဟန္႔တားမႈမရိွေသးသည္မွာ ထူးျခားခ်က္ျဖစ္သည္။ မဘသ ဦးေဆာင္ ဆရာေတာ္ၾကီးမ်ားႏွင့္ ဦးသိန္းစိန္အစိုးရအဖဲြ႕တို႔အၾကား ေျပျပစ္စြာရိွေနသည့္ဆက္ဆံေရးကို လူတိုင္းသိသည္။ ဦးသိန္းစိန္အစိုးရအဖဲြ႕ သို႔မဟုတ္ သာသနာေရး၀န္ၾကီးဌာနသည္လည္း ဖဲြ႕စည္းပံုအေျခခံ ဥပေဒႏွင့္ညီညြတ္မႈမရိွသည့္တိုင္ ထိုသံဃာတခ်ဳိ႕၏ လုပ္ေဆာင္ခ်က္အေပၚ တစံုတရာအေရး ယူေဆာင္ရြက္မႈ မရိွေသးသည္ကို ေတြ႕ရသည္။ မေျပးေသာ္ ကန္ရာရိွ၊ ယခုကိစၥသည္ ေရြးေကာက္ပဲြတြင္ ျပည္ခိုင္ျဖိဳးပါတီ၏ ႏိုင္ႏိုင္ေျခကို အတိုင္း အတာတခုအထိ အေထာက္အကူျပဳေစရန္ တမင္သက္သက္မ်ား ခြင့္ျပဳထားေလသလား သံသယရိွစရာျဖစ္လာသည္။

ေရြးေကာက္ပဲြက်င္းပမည့္ရက္ နီးကပ္လာသည္နွင့္အမွ် ဘာသာေရးႏွင့္ ႏိုင္ငံေရး ေရာေထြးသည့္ ေဟာေျပာလႈံ႕ေဆာ္မႈမ်ား ပိုမိုမ်ားျပားလာႏိုင္ေျခရိွေနသည္။ သို႔ေသာ္ လက္ရိွအခိ်န္ထိ အေရး ယူေဆာင္ရြက္မည့္ အေနအထားကိုေတာ့ မေတြ႔ရေသးေပ။

မင္းထင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
........................


 လက်ရှိ မဘသဦးဆောင်သံဃာတချို့၏ပြောဆိုဟော ကြားမှုများနှင့်ပတ်သက်၍ ဝေဖန်မှုများမြင့်တက်လျက် ရှိသည်။ ထိုသံဃာတချို့၏ ဟောပြောမှုများသည် နိုင်ငံရေးအသွင်ဆောင်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့်လည်းကောင်း ညီညွတ်မှုမရှိကြောင်း သုံးသပ်ဝေဖန်ချက် များလည်း ထွက်ပေါ်လျက်ရှိသည်။ အစိုးရသည် ထိုသံဃာများ၏နိုင်ငံရေးဆန်သည့်ဟောပြောချက်များအပေါ် မသိချင်ယောင်ဆောင်နေသည့်အနေအထားတွင်ရှိနေပြီး မဘသဦးဆောင်ဆရာတော်ကြီးများအနေဖြင့်လည်း တစုံတရာဟန့်တား ဆုံးမတားမြစ်မှုပြုသည်ကို မတွေ့ရသေးပေ။ ရွေးကောက်ပွဲသည် တဖြည်းဖြည်း နီးကပ် လာနေပြီး ထိုသံဃာများ၏ဟောပြောချက်များအပေါ် တားဆီးအရေးယူမှုမျိုး ပြုလုပ်သွားရန်လိုအပ်နေသည်။ အောက်တိုဘာ ၄ ရက်က မျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုပွဲကို မဘသ(ဗဟို)မှ ဦးဆောင်ကာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံကွင်း(၁)တွင် ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက ဘာသာ၊ သာသနာစောင့်ရှောက်ရေးလုပ်ကိုင်ကြရာတွင် သံဃာအချို့သည် နယ်ကျော်နေကြောင်း မိန့်ကြားခဲ့သည်။ သဘောက ဘာသာရေးမှနယ်ကျော်ကာ နိုင်ငံရေးဘက်သို့ နယ်ကျော် ဆောင်ရွက်ချက်များရှိနေကြောင်း သတိပေးမိန့်ကြားခဲ့ခြင်းဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် မြန်မာ သာမက ကမ္ဘာကပါ လေးစားကြည်ညိုခံရသည့် ပုဂ္ဂိုလ်ဖြစ်သည့်အလျောက် သီတဂူဆရာတော်ကြီး၏ မိန့်ဆိုချက်သည်လည်း သံဃာ့အသိုင်းအဝိုင်းအတွက် များစွာသတိထားစရာဖြစ်သည်။ ထို့အတူ မန္တလေးတိုင်း ဒေသကြီး မဘသအဖွဲ့ဥက္ကဋ္ဌ ၀ါခင်းကုန်းဆရာတော်ဘဒ္ဒ န္တတိက္ခကလည်း ''မဘသအနေနဲ့ မည်သည့်နိုင်ငံရေး ကိစ္စမှစွက်ဖက်မှာမဟုတ်ဘူး။ နိုင်ငံရေးကို တချို့ပါနေကြတယ်လို့ ထင်နေကြတယ်။ တချို့ရှင်ငယ်၊ ရဟန်းငယ် တွေက နိုင်ငံရေးမှာ ပါ၀င်ကူညီနေတယ်ဆိုတာကြားတယ်။ ဒါဟာ မဘသရဲ့ဆုံးဖြတ်ချက်နဲ့လုပ်တာ မဟုတ် ဘူး။ သူ့သဘောနဲ့သူလုပ်နေကြတာ။ ဒါကိုဦးပဥ္ဇင်းတို့ကတွေ့ရင် ဟန့်တားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု မိန့်ကြားခဲ့သည်။ မဘသသံဃာတချို့နိုင်ငံရေးနှင့်ဘာသာရေးကို ရောထွေးကာ ပါတီတချို့အောင်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေသည်ဆိုသည့်အချက်ကို ၀န်ခံခဲ့သည့်သဘောဖြစ်သည်။ ၀န်ခံရုံနှင့်တော့မပြီး ပေ။ ထိုသံဃာများအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် လိုအပ်နေသည်။

မဘသဦးဆောင်သံဃာတပါးဖြစ်သည့် ဦးဝီရသူသည် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ NLD အပေါ် ဆန့်ကျင် ဝေဖန်ခဲ့ပြီး သမ္မတဦးသိန်းစိန် ဒုတိယအကြိမ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ၀န်းရံပေးသွား မည်ဟု ပြောဆိုခဲ့သည်။ ''ဘုန်းကြီးတို့ နိုင်ငံနှင့်လူမျိုးအတွက် အကောင်းဆုံးရွေးချယ်ရမယ်ဆိုရင်တော့ အဲဒါက သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရပါပဲ။ သူတို့က တံခါးဖွင့်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် အဆင့်ဆင့် ဆောင်ရွက်နိုင်ပါတယ်''ဟု ဦးဝီရသူက အောက်တိုဘာ ၄ ရက်က ရိုက်တာသတင်းဌာနသို့ မိန့်ကြားခဲ့သည်။ ၀ါခေါင်လဆန်း ၁၂ ရက်၊ စက်တင်ဘာ ၁၃ ရက် ရက်စွဲဖြင့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အစ္စလာမ်ဘာသာဝင်များသို့ နှုတ်ခွန်းဆက်စကား'ဟူသောခေါင်းစဉ်ဖြင့် ကြေညာချက်အတုတစောင် အွန်လိုင်း ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ထိုကြေညာချက်အတုကို စက်တင်ဘာ ၂၆ ရက်က မြောက်ဥက္ကလာပမြို့နယ်၌ မျိုးစောင့်ဥပဒေအောင်ပွဲအဖြစ် ပြုလုပ်သောတရားပွဲတွင် ဖတ်ကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် စက်တင်ဘာ ၂၀ ရက်က မန္တလေးမြို့၌ပြုလုပ်သော မျိုးစောင့်ဥပဒေအောင်ပွဲတွင် မဘသအဖွဲ့ဝင် ဆရာတော်တပါးဖြစ်သည့် မြတောင်ဆရာတော်က NLD ကို မဲမပေးရန် မိန့်ကြားခဲ့ကြောင်းသိရသည်။ ဤလုပ်ဆောင်ချက်များသည် ဘာသာရေးနှင့် နိုင်ငံရေးကိုရောထွေးစေပြီး ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချခြင်းအဖြစ် နိုင်ငံရေးလေ့လာ သုံးသပ်သူ အသိုင်းအဝိုင်းက ရှုမြင်လျက်ရှိသည်။

ဤသံဃာတချို့၏ လုပ်ဆောင်ချက်များသည် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမှ မဟုတ်ဟု ကြွေးကြော်ထားသည့် မဘသ၏ပုံရိပ်ကို ညှိုးနွမ်းစေသည်။ နိုင်ငံရေးကိစ္စများတွင် ၀င်ရောက်စွက် ဖက်မည်မဟုတ်ဟု ကြွေးကြော်ထားသည့် မဘသဦးဆောင်ဆရာတော်ကြီးများအနေဖြင့် ထိုသံဃာတချို့၏ လုပ်ဆောင်ချက်အပေါ် တစုံတရာ ပိတ်ပင်ဟန့်တားမှုမရှိသေးသည်မှာ ထူးခြားချက်ဖြစ်သည်။ မဘသ ဦးဆောင် ဆရာတော်ကြီးများနှင့် ဦးသိန်းစိန်အစိုးရအဖွဲ့တို့အကြား ပြေပြစ်စွာရှိနေသည့်ဆက်ဆံရေးကို လူတိုင်းသိသည်။ ဦးသိန်းစိန်အစိုးရအဖွဲ့ သို့မဟုတ် သာသနာရေးဝန်ကြီးဌာနသည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်မှုမရှိသည့်တိုင် ထိုသံဃာတချို့၏ လုပ်ဆောင်ချက်အပေါ် တစုံတရာအရေး ယူဆောင်ရွက်မှု မရှိသေးသည်ကို တွေ့ရသည်။ မပြေးသော် ကန်ရာရှိ၊ ယခုကိစ္စသည် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်နိုင်ခြေကို အတိုင်း အတာတခုအထိ အထောက်အကူပြုစေရန် တမင်သက်သက်များ ခွင့်ပြုထားလေသလား သံသယရှိစရာဖြစ်လာသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးသည့် ဟောပြောလှုံ့ဆော်မှုများ ပိုမိုများပြားလာနိုင်ခြေရှိနေသည်။ သို့သော် လက်ရှိအချိန်ထိ အရေး ယူဆောင်ရွက်မည့် အနေအထားကိုတော့ မတွေ့ရသေးပေ။

မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment