Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 4, 2015









ဘေးအိမ်က အိမ်နားနီးခြင်း ညီအကိုနှစ်ယောက်ရဲ့ကလေးတွေ အော်ဟစ်ပြီး ဆော့ကစားနေကြချိန်မှာ ၊ ချည်ထားတဲ့ ကြိုးတွေကို ဘယ်လို ဖြည်သလဲတော့ မသိဘူး ၊ လွတ်လာတယ် ... ဆော့ကစားနေတဲ့ ကလေးတွေကို ဆူညံလို့ဆိုပြီး ၊ အိမ်ဝိုင်းထဲအထိ ဝင်ပြီး ဓါးနဲ့ထိုးခုတ်ပစ်ပါတယ် ... ကလေးငယ်(၄)ဦးက နေရာမှာတင် အသတ်ခံလိုက်ရပြီးတော့ ၊ စည်းရိုးကိုကျော်ပြီး ထွက်ပြေးတဲ့ ကလေးတစ်ယောက်ကိုတော့ နောက်က လိုက်ပြီး သတ်ခဲ့တယ် ...ကလေးတွေရဲ့အဒေါ်ဖြစ်သူ အိမ်ထဲမှာ အိပ်နေတဲ့ အသက်(၃၃)နှစ်အရွယ် ကိုယ်ဝန်(၇)လ လွယ်ထားတဲ့ အမျိုးသမီးက,တော့ အသံတွေကြားလို့ ထကြည့်ရာမှာ သူ့ရဲ့ ဓါးချက်ကြောင့် မျက်နှာမှာ ဓါးခုတ်ရာ ဒဏ်ရာ တော်တော် ရခဲ့တယ် ... အဲဒါ အကိုအကြီးရဲ့မိန်းမပဲ ဖြစ်ပါတယ် ... သေသွားတဲ့ ကလေးအများစုက (၅)နှစ်က,နေ (၈)နှစ်အတွင်း ရှိကြပြီး ၊ မိန်းကလေးက,တော့ (၈)နှစ်အရွယ် ဖြစ်ပါတယ် ၊ (၃)နှစ်အရွယ်လောက် ကလေးငယ် တစ်ယောက်လည်း ပါပါသေးတယ် ... သူ့ကို အိမ်နားနီးချင်းတွေက ဝိုင်းဝန်းထိုးနှက်ပြီး ဖမ်းဆီးခဲ့ရပါတယ် ...သေဆုံးသွားခဲ့တဲ့ ကလေးငယ်(၅)ဦးရဲ့ ရုပ်အလောင်းတွေကို,တော့ သူတို့ရဲ့ရွာသင်္ချိုင်းမှာ စက်တင်ဘာ(၂၉)ရက်နေ့က မီးသဂြိုလ် ခဲ့တယ်လို့ သိရပါတယ် ...
* The unfolding of the drug - alcohol made frantic !! Killing five dead / sick pointed impunity | Daily News. *
"Limelight lack of medicine - eating, drinking, doing crazy !! Killing five dead / sick pointed impunity. Said psychiatrist accused of killing five children dead of schizophrenia drugs - alcohol made relapses. Accelerate the delivery team for a reason - to treat the victims family. It even lean psychopath impunity Monday, September 28, 2558 at 16:43 pm. Group: Crime Keywords: five bodies of slain drug bust on 28 Sep guide. Plant pure simple drag keypad. The Deputy Director of the Department of Mental Health Ministry of Public Health He mentioned the case of Mr. Valdemar color me feel schizophrenic patients. Murder, five children dead in Chiang Mai. That. Preliminary information is that schizophrenic patients are admitted to hospital because of recurrent Suanprung alcohol. Then it got better to leave the hospital back home with their parents last two months I have received medicines on 19 September at which the appointments that are relative to placebo. instead But the patient did not travel to the doctor but somehow. Symptoms and testimony from relatives of patients, onset irritable anxiety. Restless for about one week, so there is a high possibility that the patient is not taking medication as prescribed. With a drink with. It exacerbation This is the fourth time with relapsing however. We have a mental health crisis teams to the area to investigate the cause of more then. Along with remedies for the victims families. And heal the community This will be followed by a period of several years, MD., Said because this species moves to justice then. It is an ongoing process and through the testing process for mental health consciousness before and during the crime is committed. However, because the incident occurred The patient must undergo social responsibility, such as the detention without a sense of independence. Coupled with treatment Not that schizophrenic patients will not get any penalty, however, because the images are sent to child victims through social media a lot. So I want to beg them to stop sending the image with the camera. Due to aggravate the mental state of a relative who fell victim to depression. And aggravated social hatred in schizophrenic patients more. Which is not beneficial to anyone. Reporters asked why patients with schizophrenia is caused among children. Because many years ago was a psychiatric patient in the murder of children as MD. Plant said pure autonomic nervous system is not functioning normally. The head of schizophrenic patients to hear voices all the time. When Cocks noisy horns that patients can not have comprehension. It is encouraging patients to commit to something. To stop them to have. By not choosing the way Despite everything calms down However, patients will still hear those sounds continuously for about one hour, but patients will not go out on another point, however, cause increase in schizophrenia patients can coexist with society. In the past, it was common to all. He must have taken care of the family. And to help monitor Do not let the lack of medicines and care not a stimulus such as alcohol, drugs, etc., and there are now up. The. The. Health is to protect the safety of patients and societies. So no matter who, if found defective. Could prompt health authorities to bring maintenance. The Associated Press ... Calls for executions 'Bastards rave' killing five children dead / dying fall as well. "Young disease" relapse Chainsaw Horror five children dead body ".
credit Ko Zaw from his facebook.
...............................................................................................................................

 ရှောင်လေဝေးဝေး မူးယစ်ဆေး 
********************************
ထိုင်းနိုင်ငံက သတင်းစာတွေထဲမှာတော့ သူ့နံမည်ကို " အာစဖ စီဝူးဝါး " လို့ ရေးသားထားပါတယ် .... သစ်ထူးလွင်ထဲမှာတော့ " လီစော " လို့ ရေးထားတာကို တွေ့ရတယ် ... နောက် မြန်မာသတင်း တစ်ခုမှာတော့ " အာစပတ် " လို့ ရေးပြန်တယ် ... တချို့သတင်းတွေမှာတော့ "နိုင်းကောက်ဖ် " လို့ ရေးပြန်တယ် ... သတင်းတွေထဲမှာ သူ့ရဲ့ နံမည်အမျိုးမျိုးဖြစ်နေကြတာက,တော့ ထိုင်းအသံထွက်ကို မြန်မာလို မှန်ကန်အောင် မထွက်နိုင်ကြတာက တကြောင်း ၊ သူ့သူငယ်ချင်းတွေရဲ့ အမျိုးမျိုး ခေါ်ဝေါ်ကြတာက တကြောင်းတို့ကြောင့် ဖြစ်နိုင်ပါတယ် ... မြန်မာတွေမှာ အရပ်ရှည်သူကို အရှည်ကြီး ၊ အစားကြီးသူကို ဝက်ပုပ် ၊ ဗိုက်ကလေး ၊ သံသပိတ် စသည်ဖြင့် နံမည်ပြောင်တွေ ပေးထားသလိုမျိုး ဖြစ်ပါတယ် ... ကျနော် သူ့ကို သိနေတာတော့ နည်းနည်းလေး ကြာပါပြီ ... သူ့ကို ကျနော်တို့က " လောဝူး " လို့ ခေါ်ကြပါတယ် ၊ အိမ်နံမည်ပေါ့ လေ ... မှတ်ပုံတင်ထဲက နံမည်အမှန်က "လီစော် အာစဖ စီဝ" ဖြစ်ပါတယ် ... သူ့မိဘတွေက လားရှိုးနယ်ဘက်က ကိုးကန့်တွေပါ ... ထိုင်းကို ရွှေ့ပြောင်း သွားတာ နှစ်ပေါင်းများစွာ ကြာပါပြီ ... ထိုင်းတောင်ပေါ်သား မှတ်ပုံတင်ကဒ်ကို ကိုင်ဆောင်ထားပြီး နိုင်ငံသားအဖြစ် ရပါတယ် ... သူဟာ ရုပ်နည်းနည်းဖြောင့်သူဖြစ်ပြီး ၊ အရပ်အမောင်း (၆)ပေ ကျော်ကာ အလွန်ပဲသန်မာ တောင့်တင်းသူ ဖြစ်ပါတယ် ... အမျိုးသမီးတွေရဲ့ ချစ်ခင်မှုကိုလည်း ခံရပြီး မျက်နှာပန်းပွင့်သူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ် ... စိတ်သဘောထားကောင်းမွန်ပြီး အေးဆေးသူတစ်ယောက်လည်း ဖြစ်ပါတယ် ... ထိုင်းနဲ့ မလေး နယ်စပ်က စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ စားပွဲထိုးအလုပ် လုပ်ကိုင်ရင်း မြန်မာပြည်သူတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ် ...၂၀၁၄ ခုနှစ်အတွင်းတုန်းက သူ့ကိုယ်သူ သတ်သေဖို့ တစ်ကြိမ် ကြိုးစားခဲ့ဖူးသေးပါတယ် ... နောက်ပိုင်းတော့ သူ့ရဲ့နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်လို့ ၊ အိမ်ထောင်ဟာလည်း ကွဲသွားခဲ့ပါတယ် ...

ဒီလိုလူတစ်ယောက် ပျက်စီးသွားစေ တာက,တော့ မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်သွားတာကြောင့်ပဲ ဖြစ်ပါတယ် ... အပေါင်းအသင်းမက်မောသူ တစ်ယောက်ပီပီ ဆေးစွဲပြီး ထင်ရာမြင်ရာ လုပ်ကိုင်ခဲ့တာတွေဟာ သူ့ရဲ့ ဘဝကို အမိုက်အမှောင်ထဲ ရောက်သထက် ရောက်စေခဲ့ပါတယ် ... သတင်းတွေထဲမှာတော့ စိတ်ကစင့်ကလျားဖြစ်ပြီး ဦးဏှောက်သိပ်မမှန်တော့လို့ ဆေးရုံမှာ ဆေးသွားကုပြီးအပြန် ၊ အိမ်မှာ (၂)လ လောက် ပြန်လာနေတယ်လို့ ဆိုပါတယ် ... (၉)လပိုင်း (၁၉)ရက်နေ့မှာ ဆရာဝန်ဆီကို ဆေးသွားယူဖို့ ချိန်းထားပေမယ့် ၊ ကိုယ်တိုင်မသွားပဲ တခြားသူတစ်ဦးကို သွားယူခိုင်းခဲ့တယ်လို့ သိရပါတယ် ... အိမ်မှာ ပြန်လာနေုပြီး (၁)ပတ်နောက်ပိုင်းမှာ စိတ္တဇဖြစ်ပြီး ၊ ဆရာဝန်ပေးတဲ့ဆေးကိုလည်း မသောက် ၊ အရက်ကိုပဲ ဖိပြီး သောက်နေခဲ့တယ်လို့ သူ့မိသားစုတွေက ပြောကြောင်း သတင်းတွေမှာ ရေးသားထားပါတယ် ... ဒီအတောအတွင်း စိတ်ဖောက်တာ (၃)ကြိမ်လောက် ရှိပြီး ၊ (၄)ကြိမ်မြောက်မှာ အခုလို ဖြစ်ပွားသွားပါသတဲ့ ... ဆရာဝန်တွေက,တော့ မူးယစ်ဆေး သုံးစွဲလို့ ဖြစ်တာလား ၊ ဆေးမသောက်လို့ ဖြစ်တာလား သေချာအဖြေရှာ စစ်ဆေးနေတာမို့ အမှုက ကြာဦးမယ်လို့ ဆိုပါတယ် ....

သတင်းတွေထဲမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချာပရာကန်မြို့နယ် ပန်းမိုင်နောင်ဗိုအုပ်စု တုန်ဂျော် (တချို့က တုံဂျိုဟု အသံထွက်သည်) ကျေးရွာ ၊ အိမ်အမှတ်(၂၄၁)မှာ စက်တင်ဘာ(၂၇)ရက်နေ့က ဖြစ်ပွားတာလို့ ပါပါတယ် ... သူတို့ရွာက လူအများစုက ဝက်တွေ ငါးတွေမွေးတယ် ၊ တောင်ယာစိုက်ပျိုးရေး လုပ်ကြတယ် ... နှစ်သစ်ကူးဆိုရင် အိမ်တွေမှာ ကိုယ်တိုင် ဝက်ပေါ်ကြတယ် ၊ ငါးကင်ကြက်ကင်တွေ လုပ်ကြတယ် ... သူဆိုရင် လူကောင်က ကြီးတော့ တစ်ခါတည်းနဲ့ ကြက်နှစ်ကောင်ကို ကုန်အောင် စားနိုင်ပါတယ် ... သူတို့မိသားစုဟာ သာမာန်လက်လုပ်လက်စား မိသားစုတစ်စုပဲ ဖြစ်ပါတယ် ...

အဲဒီနေ့က ရွာထဲမှာ ရင်းနီးတဲ့ မင်္ဂလာဆောင်တစ်ခုရှိတော့ သူ့ကိုပဲ ထားခဲ့ပြီး အားလုံးသွားခဲ့ကြပါတယ် ... သူ့ကို ဒီအတိုင်း ထားခဲ့တာတော့ မဟုတ်ဘူး ၊ ကြိုးတုတ်ပြီးမှ ထားခဲ့တာပါတဲ့ ... စိတ်မမှန်တဲ့ကာလက အလွန်ပဲ ကြာမြင့်လာတော့ သူ့ကို သိပ်ပြီး ဂရုမစိုက်နိုင်တော့တဲ့ သဘောတွေပဲ ဖြစ်မယ်လို့ ထင်ပါတယ် ... အခင်းဖြစ်ပွားတဲ့ သူတို့ရဲ့ဘေးအိမ်ဟာ အိမ်အသစ်ဆောက်ပြီးတာ မကြာသေးပါဘူး ... မျိုးနွယ်လည်းတူတော့ မိသားစုဝင်တွေလို ရင်းနှီးခင်မင်ကြပါတယ် ... 
~ ဖြစ်ပွားပုံကို ပြောပြရမယ်ဆိုရင်တော့ ...

ဘေးအိမ်က အိမ်နားနီးခြင်း ညီအကိုနှစ်ယောက်ရဲ့ကလေးတွေ အော်ဟစ်ပြီး ဆော့ကစားနေကြချိန်မှာ ၊ ချည်ထားတဲ့ ကြိုးတွေကို ဘယ်လို ဖြည်သလဲတော့ မသိဘူး ၊ လွတ်လာတယ် ... ဆော့ကစားနေတဲ့ ကလေးတွေကို ဆူညံလို့ဆိုပြီး ၊ အိမ်ဝိုင်းထဲအထိ ဝင်ပြီး ဓါးနဲ့ထိုးခုတ်ပစ်ပါတယ် ... ကလေးငယ်(၄)ဦးက နေရာမှာတင် အသတ်ခံလိုက်ရပြီးတော့ ၊ စည်းရိုးကိုကျော်ပြီး ထွက်ပြေးတဲ့ ကလေးတစ်ယောက်ကိုတော့ နောက်က လိုက်ပြီး သတ်ခဲ့တယ် ...ကလေးတွေရဲ့အဒေါ်ဖြစ်သူ အိမ်ထဲမှာ အိပ်နေတဲ့ အသက်(၃၃)နှစ်အရွယ် ကိုယ်ဝန်(၇)လ လွယ်ထားတဲ့ အမျိုးသမီးက,တော့ အသံတွေကြားလို့ ထကြည့်ရာမှာ သူ့ရဲ့ ဓါးချက်ကြောင့် မျက်နှာမှာ ဓါးခုတ်ရာ ဒဏ်ရာ တော်တော် ရခဲ့တယ် ... အဲဒါ အကိုအကြီးရဲ့မိန်းမပဲ ဖြစ်ပါတယ် ... သေသွားတဲ့ ကလေးအများစုက (၅)နှစ်က,နေ (၈)နှစ်အတွင်း ရှိကြပြီး ၊ မိန်းကလေးက,တော့ (၈)နှစ်အရွယ် ဖြစ်ပါတယ် ၊ (၃)နှစ်အရွယ်လောက် ကလေးငယ် တစ်ယောက်လည်း ပါပါသေးတယ် ... သူ့ကို အိမ်နားနီးချင်းတွေက ဝိုင်းဝန်းထိုးနှက်ပြီး ဖမ်းဆီးခဲ့ရပါတယ် ...သေဆုံးသွားခဲ့တဲ့ ကလေးငယ်(၅)ဦးရဲ့ ရုပ်အလောင်းတွေကို,တော့ သူတို့ရဲ့ရွာသချႋုင်းမှာ စက်တင်ဘာ(၂၉)ရက်နေ့က မီးသဂြိုလ် ခဲ့တယ်လို့ သိရပါတယ် ...

မူးယစ်ဆေးရဲ့သားကောင် ၊ စိတ်ဖောက်ပြန်နေတဲ့ သူ့ကို ရဲတွေက ဖန်မြို့နယ်ဆေးရုံကို ခေါ်သွားပြီး စစ်ဆေးနေကြပါတယ် .... သူကျူးလွန်ခဲ့တဲ့ ပြစ်မှုဟာ အလွန်ပဲ ကြမ်းတမ်းရက်စက်လွန်းပြီး လူမဆန်ပါဘူး ... သေစားသေစေ အမိန့်နဲ့တောင် မကြေနိုင် ပါဘူး ... သူကိုယ်တိုင်က,လည်း လူမှန်း မသိ ၊ သူ့ရဲ့ မိသားစုဝင်တွေလည်း အားလုံးဒုက္ခရောက် ၊ တဖက်က လည်း သားသမီးတွေသေလို့ ပူဆွေးကြ ၊ သူ့ရဲ့အမေဟာလည်း ဒီမြင်ကွင်းတွေကြောင့် သွက်သွက်ခါအောင် ရူးသွားပြီး ဆေးရုံကို ပို့လိုက်ရ ... အားလုံးရဲ့ အရင်းအမြစ်ကို ဆန်းစစ်လိုက်ရင် အဓိက ဇာတ်ကောင်ဟာ မူးယစ်ဆေးကို အလွန်အကျွံ သုံးစွဲခဲ့လို့ပါပဲ ... ဒါ့ကြောင့် လူငယ်လူရွယ်များအနေနဲ့ မူးယစ်ဆေးဝါးကို အထူးပဲ ရှောင်ကြဉ်ကြဖို့ မှာကြားလိုပါတယ် ... မိဘများအနေနဲ့လည်း မိမိအိမ်ရဲ့ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူများ ရှိနေခဲ့လျင် မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ ၊ သားသမီးများကိုချည်း ထားခဲ့ပြီး ဘယ်ကိုမှမသွားကြဖို့ အထူးပဲ တိုက်တွန်းအပ်ပါတယ် ... 
( အများ သင်္ခန်းစာယူနိုင်စေရန် ဘယ်သူ့မှ ခွင့်မတောင်းပဲ ဖွင့်ချလိုက်ပါတယ် ... ကာယကံရှင်များနဲ့ သူ့ဆွေမျိုးတွေကိုတော့ အားနာပါတယ် ၊ ခွင့်လွှတ်ပေးပါ .....

Credit ~ မောင်လွမ်းနောင် ( MGN ) ~

ထိုင်းသတင်းကို ဝင်ကြည့်လိုလျင် အောက်က Link ထဲမှာ ဝင်ကြည့်နိုင်ပါတယ် ...
http://www.dailynews.co.th/crime/350964
ဗဟုသုတ ဗီတာမင် ပို့စ်ပေါင်းချုပ် 

No comments:

Post a Comment