Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

ပအိုဝ္းအမ်ဳိးသားအဖြဲ႕ခ်ဳပ္ပါတီႏွင့္ ျပည္ခို္င္ၿဖိဳးတို႔သည္ မဟာမိတ္ပါတီမ်ားျဖစ္ေၾကာင္း ပအုိဝ္းအမတ္ေလာင္းေျပာ

Byဂြၽန္ခ်စ္ၿငိမ္းOn  Fri, 2015-10-23 06:30Locationေတာင္ႀကီးIssue No.No.895 Friday, October 23, 2015
ပအိုဝ္းအမ်ဳိးသား အဖြဲ႕ခ်ဳပ္ပါတီ (PNO) ႏွင့္ ျပည္ ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရး ပါတီတို႔သည္ မဟာမိတ္ပါတီမ်ားျဖစ္ေၾကာင္း (PNO) မွဝင္ေရာက္ ေရြးခ်ယ္ခံမည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခြန္ဝင္းကိုကေျပာၾကားသည္။

ေအာက္တိုဘာ ၂၂ ရက္က ေတာင္ႀကီးၿမိဳ႕ ကံႀကီးရပ္ကြက္ရွိ ပအိုဝ္းအမ်ဳိးသားဘက္စံုဖြံၿဖိဳးတိုး တက္ေရးကြင္းခန္းမတြင္က်င္းပ ခဲ့သည့္ ပအိုဝ္းအမ်ဳိးသားအဖြဲ႕ခ်ဳပ္ပါတီ (PNO) မွ ၂၀၁၅ ေရြးေကာက္ ပြဲတြင္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအခ်ဳိ႕ႏွင့္ ေဒသခံ ျပည္သူမ်ား ေတြ႕ဆံုပြဲ အၿပီး၌ ၎က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

‘‘လက္ရွိႀကံ႕ခိုင္ေရးပါတီနဲ႔ မဟာမိတ္မလုပ္လို႔မရတဲ့အေန အထားမွာသံုးသပ္မိတယ္။ ကိုယ့္ ရဲ႕ေဒသ ဖြံ႕ၿဖိဳးေရး၊ ကိုယ့္အရပ္ လံုၿခံဳေရးအတြက္ ႀကံ႕ခိုင္ေရး ပါတီနဲ႔ မဟာမိတ္အျဖစ္ေဆာင္ ရြက္ရတာျဖစ္တယ္’’ဟု ဦးခြန္ဝင္း ကိုကေျပာၾကားသည္။

ပအိုဝ္းအမ်ဳိးသားအဖြဲ႕ခ်ဳပ္ သည္ ၿငိမ္းခ်မ္းေရးရယူၿပီးသည့္ ကာလ ကတည္းက ႏိုင္ငံေတာ္ အစိုးရႏွင့္ လက္တြဲေဆာင္ရြက္ခဲ့ ၿပီး မိမိတို႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ တိုးတက္လာသည့္ေက်းဇူး တရားကိုမေမ့သည့္အတြက္ ႀကံ႕ ခိုင္ေရးကို အားေပးရန္၊ မိမိတို႔ပအိုဝ္းအမ်ဳိးသားကိုယ္စားလွယ္ ေလာင္းကိုလည္း ျဖစ္ေျမာက္ ေအာင္တြန္းအားေပးရန္ ဆံုးျဖတ္ထားသည္ဟု ဦးခြန္ဝင္းကိုက ေျပာသည္။

‘‘ပအိုဝ္း ျပည္သူေတြဟာ ႏိုင္ငံေတာ္နဲ႔ ၿငိမ္းခ်မ္းေရး ရယူၿပီး အခုအခ်ိန္ထိ ေဆာင္ရြက္လက္တြဲေနတဲ့အတြက္ ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔ ျပည္သူေတြက ကုိယ့္ကိုအက်ဳိးျပဳမယ့္ပါတီကိုပဲ မဲထည့္ေပးပါလို႔ တြန္းအားေပးတာ ရွိတယ္’’ဟု ဦးခြန္ဝင္းကိုက ေျပာသည္။

ပအိုဝ္းအမ်ဳိးသားအဖြဲ႕ခ်ဳပ္ အေနျဖင့္ ေတာင္ႀကီးၿမိဳ႕ မဲဆႏၵ နယ္ေျမႏွစ္ခုတြင္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္တစ္ေနရာ သာ ဝင္ေရာက္ယွဥ္ၿပိဳင္ထားၿပီး ၎တို႔ မယွဥ္ၿပိဳင္သည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေနရာ၌ ျပည္ခိုင္ၿဖိဳး ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအား မဲထည့္ၾကရန္ ပင္ေလာင္းၿမိဳ႕နယ္မွ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခြန္သိန္းေဖက ေတြ႕ဆံုပြဲတြင္ ပအိုဝ္းဘာသာျဖင့္ ေျပာသည္။

‘‘ဘယ္ပါတီမွာျဖစ္ျဖစ္ မိတ္ ဖက္ပါတီရွိပါတယ္။ ပအိုဝ္းေတြ ရဲ႕လြတ္လပ္ေရးႀကိဳးပမ္းစဥ္ကာ လ၊ ေတာ္လွန္ေရး ႀကိဳးပမ္းစဥ္ ကာလ၊ ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္ ေရးလုပ္တဲ့ ကာလေတြမွာ တပ္ မေတာ္နဲ႔ကင္းလို႔မရပါဘူး။ မဟာ မိတ္ဖက္လုပ္မွ တုိးတက္မယ္။ ကြၽန္းကိုင္းမွီ ကိုင္းကြၽန္းမွီ သေဘာပါပဲ’’ ဟု ပအိုဝ္းအမ်ဳိးသားအဖြဲ႕ ခ်ဳပ္ပါတီ (PNO) ဒုဥကၠ႒ ဦးခြန္ေမာင္ေသာင္းကေျပာသည္။

PNO က အမတ္ေလာင္း ၁၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ထားသည့္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၿမိဳ႕သံုးၿမိဳ႕ ျဖစ္သည့္ ဟိုပံုး၊ ပင္ေလာင္းႏွင့္ ဆီဆိုင္ၿမိဳ႕မ်ား၌ ျပည္ခိုင္ၿဖိဳး ပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိေသာ္လည္း အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကမူ  ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္သည္။

အဆိုပါ ေတြ႕ဆံုပြဲသို႔ ေတာင္ႀကီးၿမိဳ႕နယ္ အတြင္းရွိ ပအိုဝ္းတိုင္းရင္းသား တစ္ေသာင္းခြဲခန္႔ တက္ေရာက္ခဲ့ၾကသည္။
http://www.7daydaily.com/story/49276
........................
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ပြည်ခို်င်ဖြိုးတို့သည် မဟာမိတ်ပါတီများဖြစ်ကြောင်း ပအိုဝ်းအမတ်လောင်းပြော

Byဂျွန်ချစ်ငြိမ်းOn  Fri, 2015-10-23 06:30Locationတောင်ကြီးIssue No.No.895 Friday, October 23, 2015
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) နှင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီတို့သည် မဟာမိတ်ပါတီများဖြစ်ကြောင်း (PNO) မှဝင်ရောက် ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ဝင်းကိုကပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်က တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးတိုး တက်ရေးကွင်းခန်းမတွင်ကျင်းပ ခဲ့သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ ၂၀၁၅ ရွေးကောက် ပွဲတွင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့နှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲ အပြီး၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘လက်ရှိကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်မလုပ်လို့မရတဲ့အနေ အထားမှာသုံးသပ်မိတယ်။ ကိုယ့် ရဲ့ဒေသ ဖွံ့ဖြိုးရေး၊ ကိုယ့်အရပ် လုံခြုံရေးအတွက် ကြံ့ခိုင်ရေး ပါတီနဲ့ မဟာမိတ်အဖြစ်ဆောင် ရွက်ရတာဖြစ်တယ်’’ဟု ဦးခွန်ဝင်း ကိုကပြောကြားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် သည် ငြိမ်းချမ်းရေးရယူပြီးသည့် ကာလ ကတည်းက နိုင်ငံတော် အစိုးရနှင့် လက်တွဲဆောင်ရွက်ခဲ့ ပြီး မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တိုးတက်လာသည့်ကျေးဇူး တရားကိုမမေ့သည့်အတွက် ကြံ့ ခိုင်ရေးကို အားပေးရန်၊ မိမိတို့ပအိုဝ်းအမျိုးသားကိုယ်စားလှယ် လောင်းကိုလည်း ဖြစ်မြောက် အောင်တွန်းအားပေးရန် ဆုံးဖြတ်ထားသည်ဟု ဦးခွန်ဝင်းကိုက ပြောသည်။

‘‘ပအိုဝ်း ပြည်သူတွေဟာ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေး ရယူပြီး အခုအချိန်ထိ ဆောင်ရွက်လက်တွဲနေတဲ့အတွက် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူတွေက ကိုယ့်ကိုအကျိုးပြုမယ့်ပါတီကိုပဲ မဲထည့်ပေးပါလို့ တွန်းအားပေးတာ ရှိတယ်’’ဟု ဦးခွန်ဝင်းကိုက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အနေဖြင့် တောင်ကြီးမြို့ မဲဆန္ဒ နယ်မြေနှစ်ခုတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တစ်နေရာ သာ ဝင်ရောက်ယှဉ်ပြိုင်ထားပြီး ၎င်းတို့ မယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာ၌ ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲထည့်ကြရန် ပင်လောင်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သိန်းဖေက တွေ့ဆုံပွဲတွင် ပအိုဝ်းဘာသာဖြင့် ပြောသည်။

‘‘ဘယ်ပါတီမှာဖြစ်ဖြစ် မိတ် ဖက်ပါတီရှိပါတယ်။ ပအိုဝ်းတွေ ရဲ့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာ လ၊ တော်လှန်ရေး ကြိုးပမ်းစဉ် ကာလ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက် ရေးလုပ်တဲ့ ကာလတွေမှာ တပ် မတော်နဲ့ကင်းလို့မရပါဘူး။ မဟာ မိတ်ဖက်လုပ်မှ တိုးတက်မယ်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သဘောပါပဲ’’ ဟု ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီ (PNO) ဒုဥက္ကဋ္ဌ ဦးခွန်မောင်သောင်းကပြောသည်။

PNO က အမတ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ထားသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့သုံးမြို့ ဖြစ်သည့် ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့များ၌ ပြည်ခိုင်ဖြိုး ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ  ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တောင်ကြီးမြို့နယ် အတွင်းရှိ ပအိုဝ်းတိုင်းရင်းသား တစ်သောင်းခွဲခန့် တက်ရောက်ခဲ့ကြသည်။
http://www.7daydaily.com/story/49276

No comments:

Post a Comment