Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

အခ်ိန္ပိုခိုင္းၿပီး အခ်ိန္ပိုေၾကးမေပးလို႔ အလုပ္သမား ၃ဝဝ ဆႏၵျပ

 ရန္ကုန္တုိင္းေဒသႀကီး စက္မႈဇုန္တစ္ခုက အလုပ္သမားတခ်ဳိ႔ကို ေတြ႔ရစဥ္။ Photo: RFA
 ရန္ကုန္တိုင္းေဒသႀကီး၊ လိႈင္သာယာ စက္မႈဇုန္ ( ၄ ) မွာရွိတဲ့ Lucky Shoes ဖိနပ္စက္ရံုမွာ အခ်ိန္ပိုခိုင္းေစမႈေတြ ရွိၿပီး အခ်ိန္ပိုေၾကးမေပးတာေၾကာင့္ အလုပ္သမား ၃ဝဝ ေလာက္က မေန႔က ဆႏၵျပေနၾကပါတယ္။

အရင္က ထုတ္လုပ္ေပးေနက် ဖိနပ္အေရအတြက္ထက္ပိုၿပီး လုပ္ခိုင္းတာေတြ ရွိေနသလို အလုပ္ခ်ိန္ ၈ နာရီေက်ာ္ သြားတာကို အခ်ိန္ပိုေၾကးမေပးတဲ့အတြက္ ဆႏၵျပတာျဖစ္တယ္လုိ႔ အလုပ္သမား မစႏၵာေအာင္က ေျပာပါတယ္။

"အလုပ္သမားေတြကို အတင္းအဓမၼခိုင္းေနတယ္ေလ၊ ဖိနပ္အရံအေရအတြက္ ဝန္ထမ္းေတြက ၂ဝ ေလာက္ပဲ လုပ္ႏိုင္တယ္ဆိုရင္ အလုပ္ရွင္က ၃ဝ ရေအာင္လုပ္ မရဘူးဆိုရင္ မျပန္ရဘူး၊ အရံအေရတြက္ျပည့္ေအာင္လုပ္ မျပန္တဲ့အခ်ိန္နာရီကို အခ်ိန္ပိုေၾကးေပးပါဆိုေတာ့လည္း အလုပ္ရွင္ကမေပးဘူး၊ အဲ့ဒီလိုမေပးလို႔ ဝန္ထမ္းေတြ ကျပန္မယ္ဆိုရင္ ေနာက္ေန႔အလုပ္ဆင္းရင္ သတိေပးလက္မွတ္ထိုးခိုင္းတယ္၊ ဝန္ထမ္းတစ္ေယာက္က လုပ္ႏိုင္တဲ့အတိုင္းအတာအထိလုပ္မွာေပါ့၊ သူ႔ရဲ႕ခြန္အားနဲ႔ သူႀကိဳးစားပမ္းစားလုပ္တယ္ မခိုမကပ္ပဲနဲ႔ လုပ္လိုက္တဲ့အရံအေရအတြက္ကိုပဲ ဝန္ထမ္းေတြကလုပ္ခ်င္တယ္၊ သူတုိ႔ဘက္ကမျဖစ္ႏိုင္တဲ့ အရံအေရ အတြက္ကို မေတာင္းဆိုပဲနဲ႔ အဲ့ဒီအရံအေရအတြက္ ႏႈန္းထားေတြကို ေလ်ာ့ခ်ေပးဖို႔ေတာင္းဆိုၾကတာပါ"

ဒါ့အျပင္ တစ္ရက္ လုပ္အားခ က်ပ္ ၃၆ဝဝ သတ္မွတ္ၿပီးေနာက္ပိုင္း စက္တင္ဘာလကုန္ကစၿပီး အလုပ္သမားေတြ ကို အရင္ေပးေနက်ျဖစ္တဲ့ လုပ္သက္ေၾကး၊ ေထာက္ပံ့ေၾကး၊ ရွားပါးစရိတ္ စတာေတြကို မေပးေတာ့တဲ့အတြက္ အရင္လုိျပန္ေပးဖို႔ ေတာင္းဆုိေနၾကတာျဖစ္ပါတယ္။

Lucky Shoes ဖိနပ္စက္ရံုဟာ ျပည္တြင္းမွာပဲ ျဖန္႔ခ်ိေရာင္းခ်တာျဖစ္ၿပီး အလုပ္သမားအားလံုးနီးပါးက ဆႏၵျပေန ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
................

 ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA
 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ( ၄ ) မှာရှိတဲ့ Lucky Shoes ဖိနပ်စက်ရုံမှာ အချိန်ပိုခိုင်းစေမှုတွေ ရှိပြီး အချိန်ပိုကြေးမပေးတာကြောင့် အလုပ်သမား ၃ဝဝ လောက်က မနေ့က ဆန္ဒပြနေကြပါတယ်။

အရင်က ထုတ်လုပ်ပေးနေကျ ဖိနပ်အရေအတွက်ထက်ပိုပြီး လုပ်ခိုင်းတာတွေ ရှိနေသလို အလုပ်ချိန် ၈ နာရီကျော် သွားတာကို အချိန်ပိုကြေးမပေးတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ အလုပ်သမား မစန္ဒာအောင်က ပြောပါတယ်။

"အလုပ်သမားတွေကို အတင်းအဓမ္မခိုင်းနေတယ်လေ၊ ဖိနပ်အရံအရေအတွက် ဝန်ထမ်းတွေက ၂ဝ လောက်ပဲ လုပ်နိုင်တယ်ဆိုရင် အလုပ်ရှင်က ၃ဝ ရအောင်လုပ် မရဘူးဆိုရင် မပြန်ရဘူး၊ အရံအရေတွက်ပြည့်အောင်လုပ် မပြန်တဲ့အချိန်နာရီကို အချိန်ပိုကြေးပေးပါဆိုတော့လည်း အလုပ်ရှင်ကမပေးဘူး၊ အဲ့ဒီလိုမပေးလို့ ဝန်ထမ်းတွေ ကပြန်မယ်ဆိုရင် နောက်နေ့အလုပ်ဆင်းရင် သတိပေးလက်မှတ်ထိုးခိုင်းတယ်၊ ဝန်ထမ်းတစ်ယောက်က လုပ်နိုင်တဲ့အတိုင်းအတာအထိလုပ်မှာပေါ့၊ သူ့ရဲ့ခွန်အားနဲ့ သူကြိုးစားပမ်းစားလုပ်တယ် မခိုမကပ်ပဲနဲ့ လုပ်လိုက်တဲ့အရံအရေအတွက်ကိုပဲ ဝန်ထမ်းတွေကလုပ်ချင်တယ်၊ သူတို့ဘက်ကမဖြစ်နိုင်တဲ့ အရံအရေ အတွက်ကို မတောင်းဆိုပဲနဲ့ အဲ့ဒီအရံအရေအတွက် နှုန်းထားတွေကို လျော့ချပေးဖို့တောင်းဆိုကြတာပါ"

ဒါ့အပြင် တစ်ရက် လုပ်အားခ ကျပ် ၃၆ဝဝ သတ်မှတ်ပြီးနောက်ပိုင်း စက်တင်ဘာလကုန်ကစပြီး အလုပ်သမားတွေ ကို အရင်ပေးနေကျဖြစ်တဲ့ လုပ်သက်ကြေး၊ ထောက်ပံ့ကြေး၊ ရှားပါးစရိတ် စတာတွေကို မပေးတော့တဲ့အတွက် အရင်လိုပြန်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

Lucky Shoes ဖိနပ်စက်ရုံဟာ ပြည်တွင်းမှာပဲ ဖြန့်ချိရောင်းချတာဖြစ်ပြီး အလုပ်သမားအားလုံးနီးပါးက ဆန္ဒပြနေ ကြတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment