Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 29, 2015

အစုိးရပုိင္ပစၥည္း မသံုးစြဲဖုိ႔ ကုိယ္စားလွယ္ေလာင္းေတြကုိ ညႊန္ၾကားထားေၾကာင္း ဦးေဌးဦး ေျပာၾကား

ေအာက္တိုဘာလ ၁ဝ ရက္ေန႔က ေနျပည္ေတာ္ေကာင္စီနယ္ေျမ လယ္ေဝးၿမိဳ႕ ရန္ေအာင္ျမင္ဘုရားဝင္း စတုဒီသာထမင္း ေကၽြးေမြးလွဴဒါန္းတဲ့ အခမ္းအနားမွာ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ပူးတြဲဥကၠဌ ဦးေဌးဦး ကိုေတြ႔ရစဥ္။ Photo: Win Ko KO latt/RFA
လက္ရွိအစိုးရအဖြဲ႔၀င္ေတြထဲက ေရြးေကာက္ပဲြ၀င္မယ့္ ၾကံ့ခိုင္ဖံြ႔ၿဖိဳးေရးပါတီ ကုိယ္စားလွယ္ေလာင္းေတြအေနနဲ႔ မဲဆြယ္စည္းရံုးရာမွာ အစိုးရဌာနဆုိင္ရာ ပစၥည္းေတြ အေဆာင္အေယာင္ေတြ မသံုးဖို႔ ညႊန္ၾကားထားတယ္လို႔ ပါတီရဲ့ ပူးတြဲဥကၠဌ ဦးေဌးဦးက ေျပာပါတယ္။

ဧရာ၀တီတုိင္းေဒသႀကီး ဟသာၤတၿမဳိ႕နယ္ နတ္ေမာ္ဘုရားပြဲအလွဴကို လာေရာက္စဥ္ သတင္းမီဒီယာသမားေတြက အစိုးရ၀န္ႀကီးေတြ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္းရံုးတာေတြမွာ အစိုးရဌာနဆုိင္ရာ အေဆာင္အေယာင္ေတြ သံုးစဲြေနတာနဲ႔ပတ္သက္ၿပီး ေမးျမန္းခ်က္အေပၚ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

"က်ေနာ္တို႔ပါတီကို ယံုၾကည္လို႔ဝင္ထားတဲ့ ဒါမွမဟုတ္ရင္လည္း အရင္ကတည္းကဝင္ထားတဲ့ အစိုးရထဲပါတဲ့ ပုဂၢိဳလ္ေတြ သူတို႔က ႏႈတ္ထြက္စရာေတာ့ မလိုဘူး၊ အစိုးရတာဝန္က ႏႈတ္ထြက္လို႔မရဘူး၊ အစိုးရေတာ့ရွိေနဦး မွာပဲ သုိ႔ေသာ္လည္း အဲဒီအစိုးရက ေပးထားတဲ့ အေဆာင္အေယာင္ေတြကို ဒီလိုမသံုးရဘူးဆိုတဲ့ဥစၥာကို အစိုးရရဲ႕အဖြဲ႕အစည္းျဖစ္တဲ့အတြက္ အစုိးရကလည္း ညႊန္ၾကားႏိုင္တယ္၊ သမၼတကလည္း ညႊန္ၾကားႏိုင္တယ္၊ သူတို႔ မဲဆြယ္စည္းရံုးတဲ့လုပ္ငန္းေတြ လုပ္မယ္ဆိုလို႔ရွိရင္ေတာ့ အစိုးရ အေဆာင္အေယာင္ေတြ ဘာမွမသံုးပါနဲ႔ အရွိန္အဝါေတြလည္း မသံုးပါနဲ႔ဆိုၿပီး က်ေနာ္တို႔ ေၾကညာထားတယ္"

ဒါ့အျပင္ ၾကံ့ခိုင္ဖံ႔ြၿဖိဳးေရးပါတီဟာ အစိုးရရဲ့ လုပ္ေဆာင္ခ်က္ေတြကို ပါတီလုပ္ေဆာင္ခ်က္အျဖစ္ ေျပာဆို မဲဆြယ္ေနတာမ်ိဳးမဟုတ္ဘဲ အစိုးရလုပ္ေဆာင္ေပးႏိုင္ေအာင္ ပါတီဘက္က တင္ျပေဆာင္ရြက္ေပးၿပီး ပူးေပါင္းေဆာင္ရြက္ေပးတဲ့အဆင့္သာ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။ ၾကံ့ခိုင္ဖံ႔ြၿဖိဳးေရးပါတီက လာမယ့္ ေရြးေကာက္ပဲြမွာ ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၁၁၃၄ ေယာက္ ၀င္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အဲဒီထဲမွာ ဒုတိယသမၼတ ၂ဦး၊ ျပည္ေထာင္စု၀န္ႀကီးေတြ၊ ဒုတိယ၀န္ႀကီးေတြ၊ တုိင္းနဲ႔ျပည္နယ္ ၀န္ႀကီးခ်ဳပ္ေတြနဲ႔ တပ္မေတာ္အဆင့္ျမင့္အရာရွိေတြလည္း ပါ၀င္ပါတယ္။

ဒီအေတာအတြင္း ေနျပည္ေတာ္ ဒကိၡဏသီရိၿမိဳ႕နယ္မွာ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ႀကံ့ခုိင္ဖြံ႔ၿဖိဳးေရးပါတီကုိယ္စားလွယ္ လယ္ယာစိုက္ပ်ဳိးေရးနဲ႔ဆည္ေျမာင္း၀န္ႀကီး ဦးျမင့္လႈိင္ကုိ မဲေပးရင္ လွ်ပ္စစ္မီတာပံုးေတြ ခ်ထားေပးမယ္ဆုိၿပီး ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြက ေဒသခံေတြကို မေန႔က ေခၚယူေျပာဆုိခဲ့တယ္လို႔ ေက်းရြာသားေတြက ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese/
.................
 အောက်တိုဘာလ ၁ဝ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ရန်အောင်မြင်ဘုရားဝင်း စတုဒီသာထမင်း ကျွေးမွေးလှူဒါန်းတဲ့ အခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး ကိုတွေ့ရစဉ်။ Photo: Win Ko KO latt/RFA
လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲက ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ အစိုးရဌာနဆိုင်ရာ ပစ္စည်းတွေ အဆောင်အယောင်တွေ မသုံးဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် နတ်မော်ဘုရားပွဲအလှူကို လာရောက်စဉ် သတင်းမီဒီယာသမားတွေက အစိုးရဝန်ကြီးတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေမှာ အစိုးရဌာနဆိုင်ရာ အဆောင်အယောင်တွေ သုံးစွဲနေတာနဲ့ပတ်သက်ပြီး မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ပါတီကို ယုံကြည်လို့ဝင်ထားတဲ့ ဒါမှမဟုတ်ရင်လည်း အရင်ကတည်းကဝင်ထားတဲ့ အစိုးရထဲပါတဲ့ ပုဂ္ဂိုလ်တွေ သူတို့က နှုတ်ထွက်စရာတော့ မလိုဘူး၊ အစိုးရတာဝန်က နှုတ်ထွက်လို့မရဘူး၊ အစိုးရတော့ရှိနေဦး မှာပဲ သို့သော်လည်း အဲဒီအစိုးရက ပေးထားတဲ့ အဆောင်အယောင်တွေကို ဒီလိုမသုံးရဘူးဆိုတဲ့ဥစ္စာကို အစိုးရရဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရကလည်း ညွှန်ကြားနိုင်တယ်၊ သမ္မတကလည်း ညွှန်ကြားနိုင်တယ်၊ သူတို့ မဲဆွယ်စည်းရုံးတဲ့လုပ်ငန်းတွေ လုပ်မယ်ဆိုလို့ရှိရင်တော့ အစိုးရ အဆောင်အယောင်တွေ ဘာမှမသုံးပါနဲ့ အရှိန်အဝါတွေလည်း မသုံးပါနဲ့ဆိုပြီး ကျနော်တို့ ကြေညာထားတယ်"

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပါတီလုပ်ဆောင်ချက်အဖြစ် ပြောဆို မဲဆွယ်နေတာမျိုးမဟုတ်ဘဲ အစိုးရလုပ်ဆောင်ပေးနိုင်အောင် ပါတီဘက်က တင်ပြဆောင်ရွက်ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အဆင့်သာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၄ ယောက် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီထဲမှာ ဒုတိယသမ္မတ ၂ဦး၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ တပ်မတော်အဆင့်မြင့်အရာရှိတွေလည်း ပါ၀င်ပါတယ်။

ဒီအတောအတွင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို မနေ့က ခေါ်ယူပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/

No comments:

Post a Comment