Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

တုိယုိတာ ကုမၸဏီ သံုးႏွစ္အတြင္း အစီးေရ ၇၅၀ ေက်ာ္ ေရာင္းခ်ၿပီးဟုဆို

ByမိုးညိဳOn
ရန္ကုန္ၿမိဳ႕တြင္ အ ေရာင္းျပခန္းဖြင့္လွစ္ထားသည့္ တုိယုိတာကားကုမၸဏီသည္ သံုး ႏွစ္အတြင္း အစီးေရ ၇၅၀ ေက်ာ္ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း တုိယုိ တာ၏ ျမန္မာျပည္ကုိယ္စားလွယ္ TTAS ကုမၸဏီ အေထြေထြမန္ေန ဂ်ာ ဦးမ်ိဳးျမင့္သိန္းက ေျပာသည္။

၂၀၁၃ မွ စတင္ၿပီး ရန္ကုန္ ၿမိဳ႕တြင္ အေရာင္းျပခန္းဖြင့္လွစ္ခဲ့သည့္ အဆိုပါတုိယုိတာကား ကုမၸဏီက ၂၀၁၃ တြင္ ၃၂၄ စီး ၂၀၁၄ တြင္ ၁၄၆ စီး၊ ၂၀၁၅ ပထမကုိးလပတ္တြင္ ၂၈၇ စီးအထိ ေရာင္းခ်ၿပီးျဖစ္သည္ဟု ဆုိသည္။

လက္ရိွတြင္ တုိယိုတာသည္ ရန္ကုန္ၿမိဳ႕၌ အေရာင္းျပခန္းႏွစ္ခုကုိ ဖြင့္လွစ္ထားၿပီး ကမၻာေအးဘု ရားလမ္းႏွင့္ အလံုလမ္းတို႔တြင္ ကားအေရာင္းျပခန္းႏွင့္ ဆားဗစ္ စင္တာကို ဖြင့္လွစ္ထားသည္။

လက္ရိွတြင္ တုိယုိတာက ဟုိင္းလတ္၊ ဟုိက္ေအ့စ္၊ ပရာဒို၊ လန္ခ႐ူဇာ၊ ကန္မရီ၊ ေကာ္႐ုိလာ၊ အယ္လ္ဖက္အစရိွေသာ ေနာက္ဆံုးထြက္ရိွထားသည့္ ေမာ္ဒယ္ သစ္မ်ားကုိ ေရာင္းခ်ေနၿပီး ေနာက္ဆံုးထုတ္ေမာ္ဒယ္အျဖစ္ ဟုိင္းလတ္အမ်ိဳးအစား REVO အမည္ျဖင့္ ကားအမ်ိဳးအစားသစ္ကုိ စတင္မိတ္ဆက္တင္သြင္းေန ၿပီျဖစ္သည္။

စီးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရး ၀န္ႀကီးဌာနက Brand New အေရာင္းျပခန္းတစ္ ခုလွ်င္ တစ္ႏွစ္အတြင္း အစီးေရ ၃၀၀ အထိ တင္သြင္းရန္ ခြင့္ျပဳ ထားေသာ္လည္း Brand New အေရာင္းျပခန္းအမ်ားစုသည္ အေရအတြက္ကို ပုိမိုတုိးျမႇင့္တင္ သြင္းလိုၾကသည္။

၂၀၁၃ တြင္ ရန္ကုန္၌ စ တင္ဖြင့္လွစ္ခဲ့သည့္ ဖို႔ဒ္ကား ကု မၸဏီမွ ၂၀၁၄ အတြင္း ကားအစီး ေရ ၆၅၀ ေက်ာ္ေရာင္းခ်ႏုိင္ခဲ့ ေၾကာင္း သတင္းထုတ္ျပန္ထား သည္။ ထို႔အျပင္ ရန္ကုန္တြင္ ၂၀၁၄ ႏို၀င္ဘာ၌ ဖြင့္လွစ္ခဲ့သည့္BMW ကားအေရာင္းျပခန္းက ေလးလအတြင္း ကားအစီးေရ ၁၃၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Brand New ကားေစ်း ကြက္သည္ တစ္ပတ္ရစ္ကားေစ်း ကြက္ကို မမီႏုိင္ေသးေသာ္လည္း Brand New ကားမ်ား ၀ယ္ယူပါ က ဆားဗစ္ရျခင္း၊ အာမခံခ်က္ ေပးျခင္းတုိ႔ေၾကာင့္ ေနာက္ပိုင္းတြင္ ျမန္မာျပည္ေစ်းကြက္၌ Brand New ကားေစ်းကြက္က ဦးေဆာင္လာႏိုင္ေၾကာင္း ေအာ္တိုကားအေရာင္းျပခန္းမွ အေရာင္းမန္ေနဂ်ာ တစ္ဦးက သံုးသပ္သည္။ လက္ရိွတြင္ ရန္ကုန္ၿမိဳ႕၌ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ ဖြင့္လွစ္ထားသည့္ ႏုိင္ငံျခား ကားကုမၸဏီ ၁၆ ခုရိွၿပီး အစီးေရ ၂,၅၀၀ ေက်ာ္တင္ သြင္းထားေၾကာင္း ေမာ္ေတာ္ ယာဥ္တင္သြင္းမႈဆုိင္ရာ ႀကီးၾကပ္မႈေကာ္မတီ၏ စာရင္းမ်ားမွ သိရသည္။
http://7daydaily.com/story/48986
.........................
တိုယိုတာ ကုမ္ပဏီ သုံးနှစ်အတွင်း အစီးရေ ရ၅၀ ကျော် ရောင်းချပြီးဟုဆို

ByမိုးညိုOn
ရန်ကုန်မြို့တွင် အ ရောင်းပြခန်းဖွင့်လှစ်ထားသည့် တိုယိုတာကားကုမ္ပဏီသည် သုံး နှစ်အတွင်း အစီးရေ ရ၅၀ ကျော်ရောင်းချခဲ့ပြီးဖြစ်ကြောင်း တိုယို တာ၏ မြန်မာပြည်ကိုယ်စားလှယ် TTAS ကုမ္ပဏီ အထွေထွေမန်နေ ဂျာ ဦးမျိုးမြင့်သိန်းက ပြောသည်။

၂၀၁၃ မှ စတင်ပြီး ရန်ကုန် မြို့တွင် အရောင်းပြခန်းဖွင့်လှစ်ခဲ့သည့် အဆိုပါတိုယိုတာကား ကုမ္ပဏီက ၂၀၁၃ တွင် ၃၂၄ စီး ၂၀၁၄ တွင် ၁၄၆ စီး၊ ၂၀၁၅ ပထမကိုးလပတ်တွင် ၂၈၇ စီးအထိ ရောင်းချပြီးဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် တိုယိုတာသည် ရန်ကုန်မြို့၌ အရောင်းပြခန်းနှစ်ခုကို ဖွင့်လှစ်ထားပြီး ကမ္ဘာအေးဘု ရားလမ်းနှင့် အလုံလမ်းတို့တွင် ကားအရောင်းပြခန်းနှင့် ဆားဗစ် စင်တာကို ဖွင့်လှစ်ထားသည်။

လက်ရှိတွင် တိုယိုတာက ဟိုင်းလတ်၊ ဟိုက်အေ့စ်၊ ပရာဒို၊ လန်ခရူဇာ၊ ကန်မရီ၊ ကော်ရိုလာ၊ အယ်လ်ဖက်အစရှိသော နောက်ဆုံးထွက်ရှိထားသည့် မော်ဒယ် သစ်များကို ရောင်းချနေပြီး နောက်ဆုံးထုတ်မော်ဒယ်အဖြစ် ဟိုင်းလတ်အမျိုးအစား REVO အမည်ဖြင့် ကားအမျိုးအစားသစ်ကို စတင်မိတ်ဆက်တင်သွင်းနေ ပြီဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက Brand New အရောင်းပြခန်းတစ် ခုလျှင် တစ်နှစ်အတွင်း အစီးရေ ၃၀၀ အထိ တင်သွင်းရန် ခွင့်ပြု ထားသော်လည်း Brand New အရောင်းပြခန်းအများစုသည် အရေအတွက်ကို ပိုမိုတိုးမြှင့်တင် သွင်းလိုကြသည်။

၂၀၁၃ တွင် ရန်ကုန်၌ စ တင်ဖွင့်လှစ်ခဲ့သည့် ဖို့ဒ်ကား ကု မ္ပဏီမှ ၂၀၁၄ အတွင်း ကားအစီး ရေ ၆၅၀ ကျော်ရောင်းချနိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထား သည်။ ထို့အပြင် ရန်ကုန်တွင် ၂၀၁၄ နိုဝင်ဘာ၌ ဖွင့်လှစ်ခဲ့သည့်BMW ကားအရောင်းပြခန်းက လေးလအတွင်း ကားအစီးရေ ၁၃၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Brand New ကားစျေး ကွက်သည် တစ်ပတ်ရစ်ကားစျေး ကွက်ကို မမီနိုင်သေးသော်လည်း Brand New ကားများ ၀ယ်ယူပါ က ဆားဗစ်ရခြင်း၊ အာမခံချက် ပေးခြင်းတို့ကြောင့် နောက်ပိုင်းတွင် မြန်မာပြည်စျေးကွက်၌ Brand New ကားစျေးကွက်က ဦးဆောင်လာနိုင်ကြောင်း အော်တိုကားအရောင်းပြခန်းမှ အရောင်းမန်နေဂျာ တစ်ဦးက သုံးသပ်သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ လာရောက်ရင်းနှီးမြှုပ်နှံ ဖွင့်လှစ်ထားသည့် နိုင်ငံခြား ကားကုမ္ပဏီ ၁၆ ခုရှိပြီး အစီးရေ ၂,၅၀၀ ကျော်တင် သွင်းထားကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စာရင်းများမှ သိရသည်။
http://7daydaily.com/story/48986

No comments:

Post a Comment