Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

ျပည္ခုိင္ၿဖိဳးအတြက္ သမၼတေလာင္းေရြးဖုိ႔ မဆံုးျဖတ္ ရေသးဘူးလုိ႔ ဦးေဌးဦးေျပာ

 ေအာက္တိုဘာလ ၁ဝ ရက္ေန႔က ေနျပည္ေတာ္ေကာင္စီနယ္ေျမ လယ္ေဝးၿမိဳ႕ ရန္ေအာင္ျမင္ဘုရားဝင္း စတုဒီသာထမင္း ေကၽြးေမြးလွဴဒါန္းတဲ့ အခမ္းအနားမွာ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ပူးတြဲဥကၠဌ ဦးေဌးဦး ကိုေတြ႔ရစဥ္။ Photo: Win Ko KO latt/RFA
လာမယ့္ေရြးေကာက္ပြဲမွာ ျပည္ေထာင္စုႀကံ႕ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက အႏုိင္ရခဲ့ရင္ေတာင္မွ ဘယ္သူ႔ကုိ သမၼတေရြးခ်ယ္မယ္ဆုိတာ မဆုံးျဖတ္ရေသးဘူးလို႔ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ပူးတြဲဥကၠဌ ဦးေဌးဦးက ဒီကေန႔ ေျပာၾကားလုိက္ပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ လယ္ေဝးၿမိဳ႕ ရန္ေအာင္ျမင္ဘုရားဝင္းမွာ စတုဒီသာထမင္း ေကၽြးေမြးလွဴဒါန္းတဲ့ အခမ္းအနားမွာ ပါတီရဲ႕ပူးတြဲဥကၠဌ ဦးေဌးဦးက ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

"က်ေနာ္ကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ့္ဆႏၵကေတာ့မလုပ္ခ်င္ဘူး၊ ဒီမွာလူထုၾကားထဲမွာ လြတ္လြတ္လပ္လပ္ေနရတာ ပိုၿပီးေကာင္းတယ္ ေပ်ာ္တယ္ လူထုၾကားထဲမွာေနတယ္၊ သို႔ေသာ္လည္းပဲ တာဝန္ေပးလို႔လုပ္ရမယ္ဆိုရင္လည္း က်န္တဲ့သူေတြလုပ္မွာေပါ့၊ လုပ္ႏိုင္မယ့္လူေတြလည္း အမ်ားျပား ရွိပါတယ္၊ အႏိုင္ရရင္ေတာ့ေနာ္ ပါတီကေရြးမွာေပါ့ မဟုတ္ဘူးလား၊ အခုေျပာေနလို႔ ဘယ္ျဖစ္ပါဦး မလဲ ႏိုင္မွမႏိုင္ေသးတာ သူ႔အယူအဆနဲ႔သူေျပာတာ၊ ပါတီရဲ႕မူမွမဟုတ္တာ သူေျပာတာပဲ၊ စိတ္ထဲမွာ သူယူဆလိုက္တဲ့အတိုင္းပဲေျပာတာပဲ၊ ျဖစ္ႏိုင္တာေပါ့ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ဘက္မွာေတာ့ အားသာခ်က္ရွိတယ္၊ အဲ့ဒီအားသာခ်က္ကေတာ့ ဘာလဲဆိုရင္ တစ္ေယာက္ထက္မကရွိတယ္၊ ေရြးႏိုင္တယ္ ေရြး မွာေပါ့ ေရြးႏိုင္ၾကတာေပါ့ အသင့္ေတာ္ဆံုးလူကို ေရြးၾကမွာေပါ့"

လာမယ့္ေရြးေကာက္ပြဲမွာ ႀကံ႕ခုိင္ဖြံ႔ၿဖိဳးေရးပါတီ တနသၤာရီၿမိဳ႕ မဲဆႏၵနယ္ကေန ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္းအျဖစ္ ဝင္ၿပိဳင္မယ့္ အၿငိမ္းစားဒုတိယဗုိလ္ခ်ဳပ္ႀကီး ဦးခင္ေဇာ္ဦးကေတာ့ သူတုိ႔ပါတီအႏုိင္ ရရင္ သမၼတ ဦးသိန္းစိန္ ဆက္လက္တာဝန္ထမ္းေဆာင္မယ္လို႔ အခုလ ၅ ရက္ေန႔က ေျပာၾကားထားပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီမွာ ႏိုင္ငံေတာ္ သမၼတ လုပ္ႏုိင္တဲ့သူအမ်ားအျပားရွိတယ္လို႔လည္း ဦးေဌးဦးက ေျပာပါတယ္။ ဒါ့အျပင္ ဦးေဌးဦးက သူဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ မဲဆႏၵနယ္ ဟသၤာတၿမိဳ႕မွာ အေမရိကန္ သမၼတ အုိဘားမား ျမန္မာနိုင္ငံကို ၂ ႀကိမ္လာေတာ့ ၂ ႀကိမ္ အနမ္းခံရတာေပါ့ဆုိၿပီး စကားကုိ ထည့္ေျပာတာဟာ ဘယ္သူ႔ကိုမွ မရည္ရြယ္ပါဘူးလို႔လည္း ဦးေဌးဦးက ေျပာပါတယ္။

လယ္ေဝးၿမိဳ႕က အဲ့ဒီစတုဒီသာေကၽြးေမြးလွဴဒါန္းပြဲကုိ ႀကံ႕ခုိင္ဖြံ႕ၿဖိဳးေရးပါတီ ပူးတြဲဥကၠဌ ဦးေဌးဦးနဲ႔ အလွဴရွင္ေတြက ပူးေပါင္းလွဴဒါန္းတာျဖစ္ၿပီး ျပည္ခိုင္ၿဖိဳးပါတီ ကုိယ္စားလွယ္ေလာင္းေတြျဖစ္တဲ့ ဦးျမင့္လႈိင္၊ အၿငိမ္းစား ဗုိလ္ခ်ဳပ္ႀကီး ဦးလွေဌးဝင္း၊ အၿငိမ္းစား ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဦးျမင့္စုိးအပါအဝင္ ကုိယ္စားလွယ္ေလာင္းအခ်ိဳ႕ တက္ေရာက္ခဲ့ၾက ၿပီး ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြလည္း တက္ေရာက္ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............................

 အောက်တိုဘာလ ၁ဝ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ရန်အောင်မြင်ဘုရားဝင်း စတုဒီသာထမင်း ကျွေးမွေးလှူဒါန်းတဲ့ အခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး ကိုတွေ့ရစဉ်။ Photo: Win Ko KO latt/RFA
လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ရင်တောင်မှ ဘယ်သူ့ကို သမ္မတရွေးချယ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ရန်အောင်မြင်ဘုရားဝင်းမှာ စတုဒီသာထမင်း ကျွေးမွေးလှူဒါန်းတဲ့ အခမ်းအနားမှာ ပါတီရဲ့ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်ဆန္ဒကတော့မလုပ်ချင်ဘူး၊ ဒီမှာလူထုကြားထဲမှာ လွတ်လွတ်လပ်လပ်နေရတာ ပိုပြီးကောင်းတယ် ပျော်တယ် လူထုကြားထဲမှာနေတယ်၊ သို့သော်လည်းပဲ တာဝန်ပေးလို့လုပ်ရမယ်ဆိုရင်လည်း ကျန်တဲ့သူတွေလုပ်မှာပေါ့၊ လုပ်နိုင်မယ့်လူတွေလည်း အများပြား ရှိပါတယ်၊ အနိုင်ရရင်တော့နော် ပါတီကရွေးမှာပေါ့ မဟုတ်ဘူးလား၊ အခုပြောနေလို့ ဘယ်ဖြစ်ပါဦး မလဲ နိုင်မှမနိုင်သေးတာ သူ့အယူအဆနဲ့သူပြောတာ၊ ပါတီရဲ့မူမှမဟုတ်တာ သူပြောတာပဲ၊ စိတ်ထဲမှာ သူယူဆလိုက်တဲ့အတိုင်းပဲပြောတာပဲ၊ ဖြစ်နိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဘက်မှာတော့ အားသာချက်ရှိတယ်၊ အဲ့ဒီအားသာချက်ကတော့ ဘာလဲဆိုရင် တစ်ယောက်ထက်မကရှိတယ်၊ ရွေးနိုင်တယ် ရွေး မှာပေါ့ ရွေးနိုင်ကြတာပေါ့ အသင့်တော်ဆုံးလူကို ရွေးကြမှာပေါ့"

လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တနင်္သာရီမြို့ မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးကတော့ သူတို့ပါတီအနိုင် ရရင် သမ္မတ ဦးသိန်းစိန် ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ အခုလ ၅ ရက်နေ့က ပြောကြားထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ငံတော် သမ္မတ လုပ်နိုင်တဲ့သူအများအပြားရှိတယ်လို့လည်း ဦးဌေးဦးက ပြောပါတယ်။ ဒါ့အပြင် ဦးဌေးဦးက သူဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် ဟင်္သာတမြို့မှာ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ၂ ကြိမ်လာတော့ ၂ ကြိမ် အနမ်းခံရတာပေါ့ဆိုပြီး စကားကို ထည့်ပြောတာဟာ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးလို့လည်း ဦးဌေးဦးက ပြောပါတယ်။

လယ်ဝေးမြို့က အဲ့ဒီစတုဒီသာကျွေးမွေးလှူဒါန်းပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးနဲ့ အလှူရှင်တွေက ပူးပေါင်းလှူဒါန်းတာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမြင့်လှိုင်၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်စိုးအပါအဝင် ကိုယ်စားလှယ်လောင်းအချို့ တက်ရောက်ခဲ့ကြ ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း တက်ရောက်ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment