Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ေယာကၡမေလာင္းနွင့္ အဆင္ေျပလိုလွ်င္ မာေရေက်ာေရသာ ဆက္ဆံပါဟု အၾကံျပဳ

ေယာကၡမေလာင္း၏ ခ်စ္ခင္ နွစ္သက္ခံလိုပါက လက္ေဆာင္မ်ားေပးျပီး မေခ်ာ့ဘဲ သူ၏သား၊ သမီး ျဖစ္သူအား ေပ်ာ္ရႊင္ေအာင္ ထားနိုင္မည့္ဟု ကိုယ့္ ကိုယ္ကိုယ္ ယံုၾကည္မႈ အျပည့္ျဖင့္ ဆက္ဆံပါဟု ပညာရွင္ တစ္ဦးက သုေတသနျပဳေလ့လာျပီး အၾကံျပဳလိုက္ျပီ ျဖစ္သည္။

ေယာကၡမေလာင္း ခ်စ္လာေရး လုပ္ေဆာင္ရာတြင္ အဆိုးဆံုး နည္းလမ္းမွာ ကိုယ့္ခ်စ္သူအား ကိုယ့္ေကာင္းေၾကာင္းကို ေျပာခိုင္းျခင္း ျဖစ္ေၾကာင္း ပညာရွင္က ေျပာဆိုခဲ့သည္။

သားသမီးမ်ားသည္ မိဘမ်ား မနွစ္သက္သည့္ လက္တဲဲြေဖာ္ကို ေရြးခ်ယ္နိုင္ေျခ ပိုမ်ားေၾကာင္း ပါေမာကၡ မီနဲေလာက္စ္ အပိုစတိုလိုက သုေတသန စာတမ္း တစ္ေစာင္ ေရးသားျပီး ေထာက္ျပသည္။ သားသမီးမ်ားသည္ သူတို႔အတြက္ ဆဲြေဆာင္မႈ ရိွသူကို ေရြးခ်ယ္ေလ့ ရိွေသာ္လည္း မိဘမ်ားကမူ လူမႈေရး ေနာက္ခံနွင့္ အရည္အခ်င္းရိွမရိွ တို႔ကို အေလးထားေလ့ ရိွသည္။

ပါေမာကၡ အပိုစတိုလိုသည္ ဂရိ-ဆိုက္ပရပ္စ္သား ၇၃၈ ဦးတို႔အား ေလ့လာမႈျပဳလုပ္ခဲ့ရာ ေယာကၡမအား သူတို႔၏ သားသမီးနွင့္ သင့္ေလ်ာ္သူ ျဖစ္ေၾကာင္း ရဲ၀ံ့စြာ ထုတ္ေဖာ္တတ္သူမ်ားနွင့္ ေယာကၡမမ်ား၊ ခ်စ္သူ၏ ေဆြမိ်ဳးမ်ားနွင့္ ထိပ္တိုက္ ေတြ႔ဆံုျခင္းမျပဳဘဲ လိမၼာပါးနပ္စြာ ေနထိုင္တတ္သူမ်ားသည္ ေယာကၡမ၏ ခ်စ္ခင္နွစ္သက္ျခင္းကို ခံရေလ့ရိွေၾကာင္း ေတြ႔ရိွခဲ့သည္။

သို႔ေသာ္ လက္ေဆာင္မ်ားေပးသည့္ နည္းလမ္းနွင့္ ခ်စ္သူအား ကိုယ့္ေကာင္းေၾကာင္းကို ကိုယ္စားေျပာခို္င္းသည့္ နည္းလမ္းမ်ားသည္ ထိေရာက္မႈ အနည္းဆံုး ျဖစ္ေၾကာင္း ေတြ႔ရိွခဲ့သည္။

ကိုယ့္ ကိုယ္ကိုယ္ ယံုၾကည္မႈ အျပည့္ပါေသာ နည္းလမ္းကို သံုးသူမ်ားသည္ ေယာကၡထီးမ်ားထက္ ေယာကၡမမ်ားနွင့္ ပိုမိုအဆင္ေျပ တတ္ေၾကာင္းကိုလည္း ေတြ႔ရိွခဲ့သည္။ ယခုေလ့လာမႈသည္ ျပီးျပည့္စံုမႈ မရိွေၾကာင္း ပညာရွင္က ၀န္ခံထားသည္။

ေလ့လာမႈတြင္ အေလ့လာခံဘက္က တင္ျပေသာ အခ်က္အလက္မ်ားနွင့္ ယဥ္ေက်းမႈ တစ္ခုကိုသာ အေျခခံထားသျဖင့္ ယဥ္ေက်းမႈကဲြလွ်င္ ကဲြသေလာက္ ရလဒ္မ်ားလည္း ကဲြျပားနိုင္ေၾကာင္း သတိေပးထားသည္။
messenger news journal
...................
ယောက္ခမလောင်းနှင့် အဆင်ပြေလိုလျှင် မာရေကျောရေသာ ဆက်ဆံပါဟု အကြံပြု

ယောက္ခမလောင်း၏ ချစ်ခင် နှစ်သက်ခံလိုပါက လက်ဆောင်များပေးပြီး မချော့ဘဲ သူ၏သား၊ သမီး ဖြစ်သူအား ပျော်ရွှင်အောင် ထားနိုင်မည့်ဟု ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ဆက်ဆံပါဟု ပညာရှင် တစ်ဦးက သုတေသနပြုလေ့လာပြီး အကြံပြုလိုက်ပြီ ဖြစ်သည်။

ယောက္ခမလောင်း ချစ်လာရေး လုပ်ဆောင်ရာတွင် အဆိုးဆုံး နည်းလမ်းမှာ ကိုယ့်ချစ်သူအား ကိုယ့်ကောင်းကြောင်းကို ပြောခိုင်းခြင်း ဖြစ်ကြောင်း ပညာရှင်က ပြောဆိုခဲ့သည်။

သားသမီးများသည် မိဘများ မနှစ်သက်သည့် လက်တဲဲွဖော်ကို ရွေးချယ်နိုင်ခြေ ပိုများကြောင်း ပါမောက္ခ မီနဲလောက်စ် အပိုစတိုလိုက သုတေသန စာတမ်း တစ်စောင် ရေးသားပြီး ထောက်ပြသည်။ သားသမီးများသည် သူတို့အတွက် ဆွဲဆောင်မှု ရှိသူကို ရွေးချယ်လေ့ ရှိသော်လည်း မိဘများကမူ လူမှုရေး နောက်ခံနှင့် အရည်အချင်းရှိမရှိ တို့ကို အလေးထားလေ့ ရှိသည်။

ပါမောက္ခ အပိုစတိုလိုသည် ဂရိ-ဆိုက်ပရပ်စ်သား ရ၃၈ ဦးတို့အား လေ့လာမှုပြုလုပ်ခဲ့ရာ ယောက္ခမအား သူတို့၏ သားသမီးနှင့် သင့်လျော်သူ ဖြစ်ကြောင်း ရဲဝံ့စွာ ထုတ်ဖော်တတ်သူများနှင့် ယောက္ခမများ၊ ချစ်သူ၏ ဆွေမျိုးများနှင့် ထိပ်တိုက် တွေ့ဆုံခြင်းမပြုဘဲ လိမ္မာပါးနပ်စွာ နေထိုင်တတ်သူများသည် ယောက္ခမ၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရလေ့ရှိကြောင်း တွေ့ရှိခဲ့သည်။

သို့သော် လက်ဆောင်များပေးသည့် နည်းလမ်းနှင့် ချစ်သူအား ကိုယ့်ကောင်းကြောင်းကို ကိုယ်စားပြောခို်င်းသည့် နည်းလမ်းများသည် ထိရောက်မှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ပါသော နည်းလမ်းကို သုံးသူများသည် ယောက္ခထီးများထက် ယောက္ခမများနှင့် ပိုမိုအဆင်ပြေ တတ်ကြောင်းကိုလည်း တွေ့ရှိခဲ့သည်။ ယခုလေ့လာမှုသည် ပြီးပြည့်စုံမှု မရှိကြောင်း ပညာရှင်က ၀န်ခံထားသည်။

လေ့လာမှုတွင် အလေ့လာခံဘက်က တင်ပြသော အချက်အလက်များနှင့် ယဉ်ကျေးမှု တစ်ခုကိုသာ အခြေခံထားသဖြင့် ယဉ်ကျေးမှုကွဲလျှင် ကွဲသလောက် ရလဒ်များလည်း ကွဲပြားနိုင်ကြောင်း သတိပေးထားသည်။
messenger news journal

No comments:

Post a Comment