Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

"တကယ္ေတာ့ ရခုိင္ေတြလည္း နစ္နာမႈေတြ အမ်ားႀကီးရွိတဲ့အတြက္ ကၽြန္မ အဲဒီလုိ ေ၀ဖန္ျပစ္တင္ ေျပာဆုိတာမ်ဳိး မလုပ္ႏုိင္ပါဘူး" ဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား


 မဘသအဖြဲ႕မွ အမ်ဳိးသားေရး၀ါဒီ ဘုန္းႀကီးမ်ားက NLD သည္ ဗုဒၶဘာသာကုိ လံုေလာက္စြာ ကာကြယ္ေစာင့္ေရွာက္မႈ မရွိဟု ေ၀ဖန္ေျပာၾကားလ်က္ ရွိၾကသည္ ။ ထုိသုိ႔ ေျပာၾကားမႈမ်ားမွာ စုိးရိမ္ဖြယ္ျဖစ္ေသာ္လည္း အေျခခံ ဥပေဒတြင္ ဘာသာေရးႏွင့္ ႏုိင္ငံေရး ေရာေႏွာျခင္း မျပဳရန္ တားျမစ္ထား သျဖင့္ ပါတီအေနျဖင့္ တံု႔ျပန္ရန္ ခက္ခဲသည္ ဟု ေဒၚေအာင္ဆန္းစုၾကည္ က အိႏိၵယတူေဒးတီဗီမွ အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။

အိႏိၵယတူေဒး တီဗီႏွင့္ ျပဳလုပ္သည့္ အင္တာဗ်ဴးတြင္ ႏုိင္ငံေရးတြင္ ဘာသာေရး ပါ၀င္မႈ ျမင့္တက္လာမႈတြင္ အစုိးရ၏ မူ၀ါဒႏွင့္ ပါ၀င္ ပတ္သက္မႈ အေၾကာင္း ေမးျမန္းသည့္အခါ ေဒၚေအာင္ဆန္းစုၾကည္က “NLD ကုိ တုိက္ခုိက္ဖုိ႔ ဘာသာေရးကုိ အသံုးခ်ေနသူေတြဟာ ဥပေဒနဲ႔ မညီေပမယ့္ အစုိးရက အေရးယူေဆာင္ရြက္မႈ မရွိပါဘူး” ဟု ေျဖၾကား ခဲ့သည္ ။

ေဒၚေအာင္ဆန္းစုၾကည္သည္ ေရြးေကာက္ပြဲမတုိင္မီ ယခုလေႏွာင္းပုိင္းတြင္ ရခုိင္ျပည္နယ္သုိ႔ သြားေရာက္ရန္ စီစဥ္ထားသည္ ။

NLD ပါတီ၏ လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္း စာရင္းတြင္ အစၥလာမ္ ဘာသာ၀င္ တစ္ဦးမွ် မပါ၀င္သည့္ ကိစၥႏွင့္ပတ္သက္၍ ေမးျမန္းရာ တြင္ ေရြးေကာက္ပြဲတြင္ ဘာသာေရး က ျပသ၁နာ တစ္ရပ္ျဖစ္ေနျခင္းကုိ စိတ္မေကာင္းစရာ ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျဖၾကားခဲ့သည္ ။

ဘဂၤါလီမြတ္ဆလင္မ်ားႏွင့္ ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္က ထုတ္ေဖာ္ေျပာၾကားမႈ နည္းပါးသည္ဟု အင္တာဗ်ဴးသူက ဆုိေသာ အခါ ေဒၚေအာင္ဆန္းစုၾကည္က “ကၽြန္မ အဲဒီအေၾကာင္း ကုိ ေျပာၾကား ခဲ့ေပမယ့္ ေ၀ဖန္လုိသူေတြက စိတ္မ၀င္စားၾက တာပါ ။ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ သူတုိ႔က ကၽြန္မကုိ ရခုိင္ေတြ ကုိ ေ၀ဖန္ျပစ္တင္ ေျပာဆုိတာမ်ဳိး လုပ္ေစခ်င္ၾကပါတယ္ ။ အမွန္တကယ္က ရခုိင္ေတြလည္း နစ္နာမႈေတြ အမ်ားႀကီးရွိတဲ့အတြက္ ကၽြန္မ အဲဒီလုိ ေ၀ဖန္ျပစ္တင္ ေျပာဆုိတာမ်ဳိး မလုပ္ႏုိင္ပါဘူး ။ ဒီျပသ၁နာေတြက ဆယ္စုႏွစ္မ်ားစြာ အုပ္ခ်ဳပ္ခဲ့တဲ့ အာဏာရွင္အစုိးရေတြရဲ႕ မူ၀ါဒနဲ႔ ေဆာင္ရြက္ခ်က္ေတြေၾကာင့္ ျဖစ္ေပၚ လာတာပါ” ဟု ေျပာၾကားခဲ့သည္။

“ကၽြန္မ ဒီမီးပြားေတြ ထပ္မျပန္႔ေစခ်င္ပါဘူး ။ လူေတြက မီးထုိးေပးမယ့္ အျပစ္တင္ စကားေတြ ၾကားခ်င္ၾကပါတယ္ ။ ကၽြန္မက အျပစ္တင္ ေျပာဆို တာမ်ဳိး လုပ္မွာ မဟုတ္ပါဘူး ” ဟု ေဒၚေအာင္ဆန္းစုၾကည္က ထပ္ေလာင္း ေျပာၾကားသည္ ။

"က်မဟာ လက္ေတြ႔က်က် နိဳင္ငံေရးသမားပါ ၿပယုဂ္ပံုရိပ္မဟုတ္ပါဘူး။
ေ၀ဖန္သူေတြက က်မကို အခုမွေ၀ဖန္တာမဟုတ္ပါဘူး။ အရင္ကတည္း က ေ၀ဖန္ႀကတာပါပဲ။ အရင္က က်မဟာ သိပ္ေခါင္းမာလြန္းတယ္၊ ေဆြးေႏြး တိုင္ပင္ညိွႏွိဳင္းေရးေတြကို လုပ္ရမယ္႔ နိဳင္ငံေရးသမားေကာင္းမၿဖစ္နိဳင္ဘူး လို႔ေ၀ဖန္ခဲ႔ႀကတယ္။ အခုက်ေတာ႔ က်မဟာ သိပ္ နိဳင္ငံေရးသမားဆန္ လြန္းတယ္ စံေတြအားလံုး ပစ္ခ်ၿပီး တဖက္ကိုဆက္ဆံတယ္လို႔ ေ၀ဖန္ ႀကၿပန္ေရာ။" ဟု သူမက ဆုိသည္။

ထုိ႔အျပင္ “ကၽြန္မတုိ႔ေတြရဲ႕တာ၀န္က လူ႕အဖြဲ႕အစည္း ၂ ခု ကုိ ဆန္႔က်င္ ဘက္ ျဖစ္ေအာင္လုပ္ဖုိ႔ မဟုတ္ဘဲ ျပန္လည္ သင့္ျမတ္ဖုိ႔ ျဖစ္ ပါတယ္။ ရွည္လ်ားတဲ့ အနာဂတ္ ရွိေနတဲ့ အတြက္ ေနာက္ခံျပသ၁နာေတြ ကုိ ေျဖရွင္းေနစဥ္မွာ ဒီလမ္းေၾကာင္းအတုိင္း သြားေနဖုိ႔ လုိပါတယ္” ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့သည္ ။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
.......................

 မဘသအဖွဲ့မှ အမျိုးသားရေးဝါဒီ ဘုန်းကြီးများက NLD သည် ဗုဒ္ဓဘာသာကို လုံလောက်စွာ ကာကွယ်စောင့်ရှောက်မှု မရှိဟု ဝေဖန်ပြောကြားလျက် ရှိကြသည် ။ ထိုသို့ ပြောကြားမှုများမှာ စိုးရိမ်ဖွယ်ဖြစ်သော်လည်း အခြေခံ ဥပဒေတွင် ဘာသာရေးနှင့် နိုင်ငံရေး ရောနှောခြင်း မပြုရန် တားမြစ်ထား သဖြင့် ပါတီအနေဖြင့် တုံ့ပြန်ရန် ခက်ခဲသည် ဟု ဒေါ်အောင်ဆန်းစုကြည် က အိန္ဒိယတူဒေးတီဗီမှ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အိန္ဒိယတူဒေး တီဗီနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် နိုင်ငံရေးတွင် ဘာသာရေး ပါ၀င်မှု မြင့်တက်လာမှုတွင် အစိုးရ၏ မူဝါဒနှင့် ပါ၀င် ပတ်သက်မှု အကြောင်း မေးမြန်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က “NLD ကို တိုက်ခိုက်ဖို့ ဘာသာရေးကို အသုံးချနေသူတွေဟာ ဥပဒေနဲ့ မညီပေမယ့် အစိုးရက အရေးယူဆောင်ရွက်မှု မရှိပါဘူး” ဟု ဖြေကြား ခဲ့သည် ။

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲမတိုင်မီ ယခုလနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားသည် ။

NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတွင် အစ္စလာမ် ဘာသာဝင် တစ်ဦးမျှ မပါ၀င်သည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ တွင် ရွေးကောက်ပွဲတွင် ဘာသာရေး က ပြသ၁နာ တစ်ရပ်ဖြစ်နေခြင်းကို စိတ်မကောင်းစရာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည် ။

ဘင်္ဂါလီမွတ်ဆလင်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားမှု နည်းပါးသည်ဟု အင်တာဗျူးသူက ဆိုသော အခါ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ အဲဒီအကြောင်း ကို ပြောကြား ခဲ့ပေမယ့် ဝေဖန်လိုသူတွေက စိတ်မဝင်စားကြ တာပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျွန်မကို ရခိုင်တွေ ကို ဝေဖန်ပြစ်တင် ပြောဆိုတာမျိုး လုပ်စေချင်ကြပါတယ် ။ အမှန်တကယ်က ရခိုင်တွေလည်း နစ်နာမှုတွေ အများကြီးရှိတဲ့အတွက် ကျွန်မ အဲဒီလို ဝေဖန်ပြစ်တင် ပြောဆိုတာမျိုး မလုပ်နိုင်ပါဘူး ။ ဒီပြသ၁နာတွေက ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်အစိုးရတွေရဲ့ မူဝါဒနဲ့ ဆောင်ရွက်ချက်တွေကြောင့် ဖြစ်ပေါ် လာတာပါ” ဟု ပြောကြားခဲ့သည်။

“ကျွန်မ ဒီမီးပွားတွေ ထပ်မပြန့်စေချင်ပါဘူး ။ လူတွေက မီးထိုးပေးမယ့် အပြစ်တင် စကားတွေ ကြားချင်ကြပါတယ် ။ ကျွန်မက အပြစ်တင် ပြောဆို တာမျိုး လုပ်မှာ မဟုတ်ပါဘူး ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားသည် ။

"ကျမဟာ လက်တွေ့ကျကျ နိုင်ငံရေးသမားပါ ပြယုဂ်ပုံရိပ်မဟုတ်ပါဘူး။
ဝေဖန်သူတွေက ကျမကို အခုမှဝေဖန်တာမဟုတ်ပါဘူး။ အရင်ကတည်း က ဝေဖန်ကြတာပါပဲ။ အရင်က ကျမဟာ သိပ်ခေါင်းမာလွန်းတယ်၊ ဆွေးနွေး တိုင်ပင်ညှိနှိုင်းရေးတွေကို လုပ်ရမယ့် နိုင်ငံရေးသမားကောင်းမဖြစ်နိုင်ဘူး လို့ဝေဖန်ခဲ့ကြတယ်။ အခုကျတော့ ကျမဟာ သိပ် နိုင်ငံရေးသမားဆန် လွန်းတယ် စံတွေအားလုံး ပစ်ချပြီး တဖက်ကိုဆက်ဆံတယ်လို့ ဝေဖန် ကြပြန်ရော။" ဟု သူမက ဆိုသည်။

ထို့အပြင် “ကျွန်မတို့တွေရဲ့တာဝန်က လူ့အဖွဲ့အစည်း ၂ ခု ကို ဆန့်ကျင် ဘက် ဖြစ်အောင်လုပ်ဖို့ မဟုတ်ဘဲ ပြန်လည် သင့်မြတ်ဖို့ ဖြစ် ပါတယ်။ ရှည်လျားတဲ့ အနာဂတ် ရှိနေတဲ့ အတွက် နောက်ခံပြသ၁နာတွေ ကို ဖြေရှင်းနေစဉ်မှာ ဒီလမ်းကြောင်းအတိုင်း သွားနေဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည် ။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment