Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 4, 2015
Ref: Chinadaily
Trend Myanmar
..........................................
တရုတ်တက္ကသိုလ်တစ်ခုမှ သမီးရည်းစားချိန်းတွေ့နည်း သင်တန်း ပို့ချ
Victor.PaaTung on 2015-10-05 11:16  
တရုတ်နိုင်ငံမှာ ယောကျ်ားနဲ့ မိန်းမအချိုးအစား မညီမျှမှုမြင့်တက်လာနေခြင်းကို အရွယ်ရောက် လူငယ်တွေရဲ့မိဘတွေသာမက သူတို့ကျောင်းများကပါ စိတ်ပူနေကြပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းရှိ Tianjin တက္ကသိုလ်က ကျောင်းသားများအား သမီးရည်းစား ချိန်းတွေ့ခြင်းနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုပေးကာ တရုတ်ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဖီဆန်ခဲ့ပါတယ်။
သင်ကြားချိန် ၃၂ နာရီနဲ့ ခရစ်ဒစ်ဒ် ၂ ခုပါဝင်တဲ့ ယင်းသင်တန်းကို Queqiaohui ခေါ် ကျောင်းသားအသင်းအဖွဲ့တစ်ခုမှ ပို့ချပေးခြင်းဖြစ်ပါတယ်။ ယင်းအဖွဲ့က သူငယ်ချင်း မိတ်ဆွေဖွဲ့ခြင်းနဲ့ သမီးရည်းစားချိန်းတွေ့ခြင်းတွေမှာ အထူးပြုလေ့လာနေတဲ့အဖွဲ့ဖြစ်ပါတယ်။ လူမှုရေး ကျင့်ဝတ်သင်တန်းနဲ့ ချစ်သူချင်း ချိန်းတွေ့ခြင်း အပါအဝင် သီအိုရီ သဘောတရားနဲ့ လက်တွေ့ကျတဲ့ အတတ်ပညာတွေကို သင်ကြားပေးပါတယ်။
သင်တန်းလာတက်သူတွေအနေနဲ့ မိမိချစ်သူရည်းစားများနဲ့ ရန်ဖြစ်ခြင်း သို့မဟုတ် ကောင်းမွန်တဲ့ ချစ်သူဘဝတစ်ခု ပုံဖော်ခြင်းဖြင့် အပြင်လက်တွေ့သမီးရည်းစားချိန်းတွေ့ခြင်းကို ကျင့်သုံးပြီး အကျိုးသက်ရောက်စေကြပါတယ်။ သင်တန်းမှာ အမှတ်ပြည့်ရနိုင်ဖို့ ဖြစ်နိုင်ပါတယ်။
Ref: Chinadaily
No comments:
Post a Comment