Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 9, 2015

စိမ္းစားငါးပိမ်ားတြင္ အနၱရာယ္ရိွဆိုးေဆးမ်ား လြန္ခဲ့သည့္ အႏွစ္ ၃၀ ခန္႔ကပင္ သံုးစဲြခဲ့ေၾကာင္း ထုတ္လုပ္သူမ်ား၀န္ခံ


  ဧရာ၀တီတိုင္းေဒသမွ စိမ္းစားငါးပိ ထုတ္လုပ္သူ မ်ားက FDA က ခြင့္မျပဳသည့္ ဆိုးေဆးမ်ားကို လြန္ခဲ့သည့္ အနွစ္ ၃၀ ခန္႔မွစ၍ အသံုးျပဳလာခဲ့ၾကေၾကာင္း၊ လက္ရိွအခိ်န္တြင္ ေျပာင္းလဲရန္ အခက္အခဲမ်ားစြာ ရိွေနေၾကာင္း ျမန္မာ့စားသံုးသူမ်ားသမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္က News Watch ဂ်ာနယ္သို႔ ေအာက္တိုဘာ ၆ ရက္တြင္ ေျပာၾကားခဲ့သည္။

၎က ''ဧရာ၀တီတိုင္းက မွ်င္ငါးပိထဲမွာ ဆိုးေဆးပါတဲ့ကိစၥ။ ဒါကို ဘယ္လို ကင္းစင္ေအာင္လုပ္ၾကမလဲဆိုတာ ထုတ္လုပ္သူေတြရယ္၊ FDA ရယ္၊ အရပ္ ဘက္အဖဲြ႕အစည္းရယ္ အလုပ္ရံုေဆြးေႏြးပဲြ လုပ္ၾကတယ္။ မွ်င္ငါးပိ ထဲမွာ ဆိုးေဆးေပ်ာက္သြားေအာင္လုပ္ မယ္ေပါ့။ ဆိုးေဆးက ေတာ္ေတာ္ေလး ဆိုးဆိုးရြားရြား ျဖစ္ေနတယ္''ဟု ေျပာၾကားခဲ့သည္။ ယင္းေဆြးေႏြးပဲြ၌ လုပ္ငန္းရွင္မ်ားက မွ်င္ငါးပိမ်ားတြင္ ဆိုးေဆးမ်ား ထည့္သြင္းသည္မွာ လြန္ခဲ့သည့္ အႏွစ္ ၃၀ ခန္႔မွ အသံုးျပဳခဲ့ျခင္းေၾကာင့္ မိရိုးဖလာ ရိုးရာလုပ္ရိုးလုပ္စဥ္တခုပင္ျဖစ္ေနေၾကာင္း ဆိုးေဆးမပါဘဲ ထုတ္လုပ္ရန္ အခက္အခဲမ်ားစြာရိွေၾကာင္း ၀န္ခံေျပာၾကားခဲ့ေၾကာင္း ဦးေမာင္ေမာင္က ေျပာၾကားခဲ့ သည္။
FDA က ခြင့္ျပဳတဲ့ အစားအစာထဲမွာထည့္လို႔ရတဲ့ ဆိုးေဆးဆိုတာရိွတယ္။ အခုဟာက ခြင့္မျပဳတဲ့ ဆိုးေဆး ဆိုတာ စက္ရံုသံုး ဆိုးေဆးမို်းေတြကို သူတို႔ေတြက ထည့္သံုးေနၾကတာ။ သူတို႔ေျပာတာကေတာ့ ခြင့္ျပဳ ဆိုးေဆးကို ငါးပိထဲထည့္ၾကည့္တာ အေရာင္က မစဲြဘူးလို႔ ေျပာတယ္။ ဒါေၾကာင့္ FDA ကခြင့္ျပဳတဲ့ ေဆးက အသံုးမ၀င္ဘူး၊ သံုးမရဘူး။ ဒါနဲ႔ ခြင့္မျပဳတဲ့ေဆးကို သံုးလာၾကတယ္။ မသံုးျပန္ရင္လည္း ေဈးကြက္က မ၀ယ္ ဘူး။ ဥပမာ ဆိုးေဆးအႏၱရာယ္ကို နားလည္တဲ့ ဧရာ၀တီတိုင္းက မစားေပမယ့္ တနိုင္ငံလံုး ျဖန္႔ရတဲ့ဟာမ်ဳိး ဆိုရင္ ကုန္သည္က မယူဘူး။ အဲဒီကိစၥေတြ ေဆြးေႏြးျဖစ္တာပါ''ဟု ဆိုသည္။ ယင္းကဲ့သို႔ ထုတ္လုပ္သူမ်ားက ဆိုးေဆးအႏၱရာယ္ကို သိေသာ္လည္း ေစ်းကြက္၏ ေတာင္းဆိုမႈအရ မျဖစ္မေန ထည့္သံုးေနရေၾကာင္း၊ ယင္းအတြက္ ငါးပိထုတ္လုပ္သူမ်ား၊ FDA ႏွင့္ အရပ္ဘက္အဖဲြ႕အစည္းမ်ား ညိွႏိႈင္းအေျဖရွာမႈမ်ား ျပဳလုပ္ျခင္းျဖစ္ ေၾကာင္း ဆိုသည္။

''ေလာေလာဆယ္ေတာ့ အေျဖမေတြ႕ေသးဘူး။ ဒါေပမဲ့ ေနာက္အလုပ္ရံုေဆြးေႏြးပဲြတခုမွာ ေတာ့ အေျဖထြက္မယ္လို႔ ယံုၾကည္တယ္။ ေနာက္အလုပ္ရံုေဆြးေႏြးပဲြက ဒီဇင္ဘာ ပထမအပတ္မွာ လုပ္မယ္လို႔ သေဘာတူခဲ့တယ္။ ကြ်န္ေတာ္တို႔ အရပ္ဘက္အဖဲြ႕အစည္းကေတာ့ တာ၀န္ရိွသူေျပာတာေတြေရာ၊ လုပ္ငန္းရွင္ ေျပာတာေတြေရာ နားေထာင္ေပးျပီး အႀကံျပဳအေျဖရွာေပးႏိုင္မယ္လို႔ ယံုၾကည္ပါတယ္''ဟု ေျပာၾကားခဲ့သည္။ ယင္းအလုပ္ရံုေဆြးေႏြးပဲြအား ေအာက္တိုဘာ ၆ ရက္၌ ဧရာ၀တီတိုင္းေဒသၾကီး ပုသိမ္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ကိုခက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...............................


  ဧရာဝတီတိုင်းဒေသမှ စိမ်းစားငါးပိ ထုတ်လုပ်သူ များက FDA က ခွင့်မပြုသည့် ဆိုးဆေးများကို လွန်ခဲ့သည့် အနှစ် ၃၀ ခန့်မှစ၍ အသုံးပြုလာခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် ပြောင်းလဲရန် အခက်အခဲများစွာ ရှိနေကြောင်း မြန်မာ့စားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က News Watch ဂျာနယ်သို့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

၎င်းက ''ဧရာဝတီတိုင်းက မျှင်ငါးပိထဲမှာ ဆိုးဆေးပါတဲ့ကိစ္စ။ ဒါကို ဘယ်လို ကင်းစင်အောင်လုပ်ကြမလဲဆိုတာ ထုတ်လုပ်သူတွေရယ်၊ FDA ရယ်၊ အရပ် ဘက်အဖွဲ့အစည်းရယ် အလုပ်ရုံဆွေးနွေးပွဲ လုပ်ကြတယ်။ မျှင်ငါးပိ ထဲမှာ ဆိုးဆေးပျောက်သွားအောင်လုပ် မယ်ပေါ့။ ဆိုးဆေးက တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်နေတယ်''ဟု ပြောကြားခဲ့သည်။ ယင်းဆွေးနွေးပွဲ၌ လုပ်ငန်းရှင်များက မျှင်ငါးပိများတွင် ဆိုးဆေးများ ထည့်သွင်းသည်မှာ လွန်ခဲ့သည့် အနှစ် ၃၀ ခန့်မှ အသုံးပြုခဲ့ခြင်းကြောင့် မိရိုးဖလာ ရိုးရာလုပ်ရိုးလုပ်စဉ်တခုပင်ဖြစ်နေကြောင်း ဆိုးဆေးမပါဘဲ ထုတ်လုပ်ရန် အခက်အခဲများစွာရှိကြောင်း ၀န်ခံပြောကြားခဲ့ကြောင်း ဦးမောင်မောင်က ပြောကြားခဲ့ သည်။
FDA က ခွင့်ပြုတဲ့ အစားအစာထဲမှာထည့်လို့ရတဲ့ ဆိုးဆေးဆိုတာရှိတယ်။ အခုဟာက ခွင့်မပြုတဲ့ ဆိုးဆေး ဆိုတာ စက်ရုံသုံး ဆိုးဆေးမိုျးတွေကို သူတို့တွေက ထည့်သုံးနေကြတာ။ သူတို့ပြောတာကတော့ ခွင့်ပြု ဆိုးဆေးကို ငါးပိထဲထည့်ကြည့်တာ အရောင်က မစွဲဘူးလို့ ပြောတယ်။ ဒါကြောင့် FDA ကခွင့်ပြုတဲ့ ဆေးက အသုံးမဝင်ဘူး၊ သုံးမရဘူး။ ဒါနဲ့ ခွင့်မပြုတဲ့ဆေးကို သုံးလာကြတယ်။ မသုံးပြန်ရင်လည်း ဈေးကွက်က မဝယ် ဘူး။ ဥပမာ ဆိုးဆေးအန္တရာယ်ကို နားလည်တဲ့ ဧရာဝတီတိုင်းက မစားပေမယ့် တနိုင်ငံလုံး ဖြန့်ရတဲ့ဟာမျိုး ဆိုရင် ကုန်သည်က မယူဘူး။ အဲဒီကိစ္စတွေ ဆွေးနွေးဖြစ်တာပါ''ဟု ဆိုသည်။ ယင်းကဲ့သို့ ထုတ်လုပ်သူများက ဆိုးဆေးအန္တရာယ်ကို သိသော်လည်း စျေးကွက်၏ တောင်းဆိုမှုအရ မဖြစ်မနေ ထည့်သုံးနေရကြောင်း၊ ယင်းအတွက် ငါးပိထုတ်လုပ်သူများ၊ FDA နှင့် အရပ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းအဖြေရှာမှုများ ပြုလုပ်ခြင်းဖြစ် ကြောင်း ဆိုသည်။

''လောလောဆယ်တော့ အဖြေမတွေ့သေးဘူး။ ဒါပေမဲ့ နောက်အလုပ်ရုံဆွေးနွေးပွဲတခုမှာ တော့ အဖြေထွက်မယ်လို့ ယုံကြည်တယ်။ နောက်အလုပ်ရုံဆွေးနွေးပွဲက ဒီဇင်ဘာ ပထမအပတ်မှာ လုပ်မယ်လို့ သဘောတူခဲ့တယ်။ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းကတော့ တာဝန်ရှိသူပြောတာတွေရော၊ လုပ်ငန်းရှင် ပြောတာတွေရော နားထောင်ပေးပြီး အကြံပြုအဖြေရှာပေးနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲအား အောက်တိုဘာ ၆ ရက်၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment