Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 27, 2015

ဘူးသီးေတာင္ျမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေရႊေမာင္ကို ေငြေၾကးလိမ္လည္မႈျဖင့္ တရားစဲြဆိုမည္ဟုဆို


Shine ကုမၸဏီဥကၠ႒ ေမာင္ေတာျမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေဇာ္၀င္းက ဘူးသီးေတာင္ ျမဳိ႕နယ္ ျပည္ခိုင္ျဖိဳးပါတီသည္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေရႊေမာင္ကို ေငြေၾကးလိမ္လည္မႈျဖင့္ တရားစဲြဆိုမည္ဟု ေျပာၾကားသည္။

''ကြ်န္ေတာ့္ကုမၸဏီကိုလာျပီး အခက္အခဲေတြ အရမ္းရိွလို႔ပါ။ အိမ္ေရာင္းျပီး ျပန္ဆပ္ပါမယ္ ေျပာလို႔ရယ္၊ လႊတ္ ေတာ္ထဲ ေဘးခ်င္းကပ္ထိုင္ ယံုၾကည္ရတယ္ထင္လို႔ ၁၁-၂-၂၀၁၃ ရက္ေန႔က က်ပ္ သိန္း ၁၅၀၊ စုစုေပါင္း ေငြက်ပ္ သိန္း ၃၅၀ ကို Shine Construction Company Ltd ရံုးမွာ ျပန္ဆပ္မယ့္ရက္ အတိအက် လက္မွတ္ေရးထိုးျပီး ေခ်းေပးခဲ့ပါတယ္''ဟု Shine ကုမၸဏီဥကၠ႒ ေမာင္ေတာျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေဇာ္၀င္းက News Watch သို႔ ေျပာၾကားသည္။

ျပန္ဆပ္မည့္ရက္၌ ျပန္မဆပ္သည့္အတြက္ ကုမၸဏီသို႔ လာေရာက္ေပးဆပ္ရန္ ကုမၸဏီမန္ေနဂ်ာဦးစိုးႏိုင္က အေၾကာင္းၾကားေသာ္လည္း တိမ္းေရွာင္ေနေၾကာင္း ဗိုလ္တေထာင္ျမိဳ႕နယ္ (၈) ရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တဆင့္ အေၾကာင္းၾကားေသာ္လည္း လာေရာက္ျခင္းမရိွသျဖင့္ ဦးေရႊေမာင္ အမွတ္ ၂၂၄/၂၂၆၊ အခန္း ၅၀၂၊ ၅ လႊာ ဗိုလ္ေအာင္ေက်ာ္တာ၀ါ၊ ဗိုလ္ေအာင္ေက်ာ္လမ္း၊ ၈ ရပ္ကြက္၊ ဗိုလ္တေထာင္ျမိဳ႕နယ္အား တည္ဆဲဥပေဒ မ်ားအရ အေရးယူသြားမည္ျဖစ္ေၾကာင္း ဦးေအာင္ေဇာ္၀င္းက ေအာက္တိုဘာ ၂၇ ရက္က News Watch ကို ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
....................


Shine ကုမ္ပဏီဥက္ကဋ္ဌ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းက ဘူးသီးတောင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုမည်ဟု ပြောကြားသည်။

''ကျွန်တော့်ကုမ္ပဏီကိုလာပြီး အခက်အခဲတွေ အရမ်းရှိလို့ပါ။ အိမ်ရောင်းပြီး ပြန်ဆပ်ပါမယ် ပြောလို့ရယ်၊ လွှတ် တော်ထဲ ဘေးချင်းကပ်ထိုင် ယုံကြည်ရတယ်ထင်လို့ ၁၁-၂-၂၀၁၃ ရက်နေ့က ကျပ် သိန်း ၁၅၀၊ စုစုပေါင်း ငွေကျပ် သိန်း ၃၅၀ ကို Shine Construction Company Ltd ရုံးမှာ ပြန်ဆပ်မယ့်ရက် အတိအကျ လက်မှတ်ရေးထိုးပြီး ချေးပေးခဲ့ပါတယ်''ဟု Shine ကုမ္ပဏီဥက္ကဋ္ဌ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းက News Watch သို့ ပြောကြားသည်။

ပြန်ဆပ်မည့်ရက်၌ ပြန်မဆပ်သည့်အတွက် ကုမ္ပဏီသို့ လာရောက်ပေးဆပ်ရန် ကုမ္ပဏီမန်နေဂျာဦးစိုးနိုင်က အကြောင်းကြားသော်လည်း တိမ်းရှောင်နေကြောင်း ဗိုလ်တထောင်မြို့နယ် (၈) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် အကြောင်းကြားသော်လည်း လာရောက်ခြင်းမရှိသဖြင့် ဦးရွှေမောင် အမှတ် ၂၂၄/၂၂၆၊ အခန်း ၅၀၂၊ ၅ လွှာ ဗိုလ်အောင်ကျော်တာဝါ၊ ဗိုလ်အောင်ကျော်လမ်း၊ ၈ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်အား တည်ဆဲဥပဒေ များအရ အရေးယူသွားမည်ဖြစ်ကြောင်း ဦးအောင်ဇော်ဝင်းက အောက်တိုဘာ ၂၇ ရက်က News Watch ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment