Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

အိမ္ကိုထားခဲ့ျပီး ခရီးထြက္တဲ့အခါ ပန္းပင္ေတြ သူ႔တို႔ဘာသာ ေရေလာင္းေပးေနမယ့္ နည္းစနစ္



အိမ္ကို ထားခဲ့ျပီး အားလပ္ရက္ အပန္းေျဖခရီး မထြက္ခင္ အိမ္မႈကိစၥလုပ္စရာ မ်ားစြာရိွပါတယ္။ ဥပမာ ေရခဲေသတၱာ ရွင္းလင္းတာ၊ အမႈိက္ေတြသြန္တာ စသျဖင့္ေပါ့။ သုိ႔ေသာ္ မျဖစ္မေနလုပ္မယ့္ ေနာက္တစ္ခ်က္က အနည္းဆုံး ပန္းပင္ စုိက္ပ်ဳိးရာသီကာလအတြင္း မိတ္ေဆြတစ္ေယာက္ေယာက္ သုိ႔မဟုတ္ မိသားစုဝင္ တစ္ေယာက္ေယာက္ကို အပင္ေတြထိန္းသိမ္းေရေလာင္းေပးဖုိ႔ အကူအညီေတာင္းရျခင္းပဲျဖစ္တယ္။
ခရီးထြက္ေနစဥ္ ပန္းပင္ေတြအားလုံးႏြမ္းေျခာက္ကုန္တာထက္ စိတ္ပ်က္စရာ ဘာမွမရိွေတာ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ DIY self-watering system ေခၚ ကိုယ္တုိင္ေရေလာင္းစနစ္ေၾကာင့္ တာဝန္တစ္ခုုနဲ႔ ကင္းလြတ္လုိ႔ ရသြားပါျပီ။ အဲဒါအတြက္ အဖုံးပါတဲ့ ပုလင္းတစ္လုံးေလးပဲ လုိပါတယ္။
စမလုပ္ခင္မွာ ပန္းအုိးအားလုံးရိွေျမၾကီးကို ေရစိုရြဲေနေစဖုိ႔ လုိအပ္ပါတယ္။ ေနာက္ ပုလင္းေတြ စုေဆာင္းထားရပါမယ္။ အဖုံးပါတဲ့ ဘယ္ပုလင္းမ်ဳိးမဆုိ အသုံးျပဳႏုိင္တယ္။ ၈ - ၁၂ ေအာင္စဆန္႔ ပုလင္းေတြဟာ ပန္းအိုးအေသးမ်ား အတြက္ ေကာင္းေကာင္းအသုံးျပဳႏုိင္ေၾကာင္း သိထားရပါမယ္။ ဝုိင္ပုလင္းတစ္လုံးက ပန္းအုိးအၾကီးမ်ားအတြက္ လုိအပ္တဲ့ ေရပမာဏ လုံလုံေလာက္ေလာက္ေပးစြမ္းႏုိင္ပါတယ္။
ပုလင္းကို ေရအျပည့္ျဖည့္ျပီး အဖုံးျပန္ဖုံးပါ။ ျပီးေတာ့ ပုလင္းကို ေဇာက္ထုိးေမွာက္ျပီး ေျမၾကီးထဲ ႏွစ္လက္မခန္႔ျမဳပ္ဝင္ေအာင္ ထုိးစိုက္ပါ။ ေလာင္းခဲ့တဲ့ေရေတြ ခန္းေျခာက္သြားတဲ့အခါ အဲဒီပုလင္းမွ ေျမၾကီးထဲ အစုိဓာတ္မ်ား တျဖည္းျဖည္း စိမ့္ဝင္ေစသြားပါလိမ့္မယ္။ 
Ref: yahoo
http://www.trend.com.mm/2015/09/29/lifestyle-7757
................................................................

အိမ်ကိုထားခဲ့ပြီး ခရီးထွက်တဲ့အခါ ပန်းပင်တွေ သူ့တို့ဘာသာ ရေလောင်းပေးနေမယ့် နည်းစနစ်

Victor.PaaTung
   အိမ်ကို ထားခဲ့ပြီး အားလပ်ရက် အပန်းဖြေခရီး မထွက်ခင် အိမ်မှုကိစ္စလုပ်စရာ များစွာရှိပါတယ်။ ဥပမာ ရေခဲသေတ္တာ ရှင်းလင်းတာ၊ အမှိုက်တွေသွန်တာ စသဖြင့်ပေါ့။ သို့သော် မဖြစ်မနေလုပ်မယ့် နောက်တစ်ချက်က အနည်းဆုံး ပန်းပင် စိုက်ပျိုးရာသီကာလအတွင်း မိတ်ဆွေတစ်ယောက်ယောက် သို့မဟုတ် မိသားစုဝင် တစ်ယောက်ယောက်ကို အပင်တွေထိန်းသိမ်းရေလောင်းပေးဖို့ အကူအညီတောင်းရခြင်းပဲဖြစ်တယ်။
ခရီးထွက်နေစဉ် ပန်းပင်တွေအားလုံးနွမ်းခြောက်ကုန်တာထက် စိတ်ပျက်စရာ ဘာမှမရှိတော့ပါဘူး။ ဒါပေမယ့် အခုတော့ DIY self-watering system ခေါ် ကိုယ်တိုင်ရေလောင်းစနစ်ကြောင့် တာဝန်တစ်ခုုနဲ့ ကင်းလွတ်လို့ ရသွားပါပြီ။ အဲဒါအတွက် အဖုံးပါတဲ့ ပုလင်းတစ်လုံးလေးပဲ လိုပါတယ်။
စမလုပ်ခင်မှာ ပန်းအိုးအားလုံးရှိမြေကြီးကို ရေစိုရွဲနေစေဖို့ လိုအပ်ပါတယ်။ နောက် ပုလင်းတွေ စုဆောင်းထားရပါမယ်။ အဖုံးပါတဲ့ ဘယ်ပုလင်းမျိုးမဆို အသုံးပြုနိုင်တယ်။ ၈ - ၁၂ အောင်စဆန့် ပုလင်းတွေဟာ ပန်းအိုးအသေးများ အတွက် ကောင်းကောင်းအသုံးပြုနိုင်ကြောင်း သိထားရပါမယ်။ ဝိုင်ပုလင်းတစ်လုံးက ပန်းအိုးအကြီးများအတွက် လိုအပ်တဲ့ ရေပမာဏ လုံလုံလောက်လောက်ပေးစွမ်းနိုင်ပါတယ်။
ပုလင်းကို ရေအပြည့်ဖြည့်ပြီး အဖုံးပြန်ဖုံးပါ။ ပြီးတော့ ပုလင်းကို ဇောက်ထိုးမှောက်ပြီး မြေကြီးထဲ နှစ်လက်မခန့်မြုပ်ဝင်အောင် ထိုးစိုက်ပါ။ လောင်းခဲ့တဲ့ရေတွေ ခန်းခြောက်သွားတဲ့အခါ အဲဒီပုလင်းမှ မြေကြီးထဲ အစိုဓာတ်များ တဖြည်းဖြည်း စိမ့်ဝင်စေသွားပါလိမ့်မယ်။ 
Ref: yahoo

No comments:

Post a Comment