Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ဒီခ်ဳပ္ႏုိင္လွ်င္ သမၼတေလာင္း ဘယ္သူျဖစ္မလဲ

‘‘အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အစုိးရတက္လာရင္ ကၽြန္မပဲ ဦး ေဆာင္ၿပီးေတာ့ ပဲ့ကုိင္သြားမွာပဲ ဆုိတာ ပြင့္ပြင့္လင္းလင္းေျပာပါရ ေစ’’ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့သည္။

မၾကာေသးမီ ရက္မ်ားက က်င္းပခဲ့ေသာ အမ်ဳိးသားဒီမုိ ကေရစီအဖြဲ႕ခ်ဳပ္၏ ေရြး ေကာက္ပြဲေအာင္ႏုိင္ေရးမဲဆြယ္ ေဟာေျပာပြဲမ်ားတြင္ မၾကာခဏ ဆုိသလုိ အထက္ပါစကားမ်ားကို ေဒၚေအာင္ဆန္းစုၾကည္က ထည့္ သြင္းေျပာၾကားခဲ့သည္။

ေရြးေကာက္ပြဲသုိ႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ၾကမည့္ ႏုိင္ငံေရးပါတီ မ်ားအနက္ လူထုေထာက္ခံမႈရွိ သည့္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္ အႏုိင္ရရွိပါက ဖြဲ႕စည္းမည့္အ စုိးရအဖြဲ႕ ေခါင္းေဆာင္သမၼတ ေလာင္းကိုအမ်ားျပည္သူစိတ္၀င္ စားေနခ်ိန္တြင္ ေဒၚေအာင္ဆန္းစု ၾကည္က သူ ေရြးခ်ယ္ခန္႔အပ္မည့္ သမၼတေလာင္းမည္သူျဖစ္မည္ကို အရိပ္အႁမြက္ထုတ္ေဖာ္ေျပာျခင္းျဖစ္သည္။

‘‘သူ(ေဒၚေအာင္ဆန္းစု ၾကည္)ေျပာစကားေတြအရေတာ့ သမၼတေလာင္းဟာ သူ႔ရဲ႕ၾသဇာကို လက္ခံၿပီးလုိက္နာႏုိင္မယ့္သူမ်ဳိးပဲ ျဖစ္မယ္’’ဟု အမ်ဳိးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္အေၾကာင္း သုံးသပ္ ေဆာင္းပါးမ်ားေရးသားေနသူ ႏုိင္ငံေရးေဆာင္းပါးရွင္ ေဒါက္တာရန္မ်ဳိးသိမ္းက ေျပာသည္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္သည္ ေရြးေကာက္ပြဲတြင္ႏုိင္ ေျခရာခုိင္ႏႈန္းမ်ားေနေသာ္လည္း ပါတီေခါင္းေဆာင္ေဒၚေအာင္ ဆန္းစုၾကည္သည္ တပ္မေတာ္အ စုိးရ ေရးဆြဲခဲ့ေသာ လက္ရွိ ဖြဲ႕စည္းပုံအေျခခံဥပေဒေၾကာင့္ သမၼတျဖစ္ေရးအခက္ႀကံဳေနသည္။

လႊတ္ေတာ္အတြင္းတြင္ လည္း ေဒၚေအာင္ဆန္းစုၾကည္ အား သမၼတျဖစ္ပုိင္ခြင့္ ပိတ္ပင္ ထားသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၅၉(စ)ျပင္ဆင္ေရးမွာေအာင္ ျမင္မႈမရွိခဲ့သည့္အတြက္ သူ႔ အ ေနျဖင့္ မည္သူ႔ကုိ ပါတီ၏သမၼတ ေလာင္းအျဖစ္ေရြးခ်ယ္တင္ ေျမႇာက္မည္ကို ျပည္တြင္းျပည္ပ ျမန္မာ့ႏုိင္ငံေရးေလ့လာသူမ်ားက စိတ္၀င္တစားေစာင့္ၾကည့္ေနၾက သည္။

ေရြးေကာက္ပြဲေအာင္ႏုိင္ပါ က ပါတီက ဖြဲ႕စည္းမည့္အစုိးရအ ဖြဲ႕၏ ေခါင္းေဆာင္ျဖစ္ေသာ သမၼ တေလာင္းကို ေဒၚေအာင္ဆန္းစု ၾကည္က ခန္႔အပ္ရာတြင္ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရးဆုိင္ရာ ကိစၥရပ္မ်ားတြင္လည္း ကၽြမ္းက်င္ ႏွံ႔စပ္သူ၊ အုပ္ခ်ဳပ္ေရးပုိင္းဆုိင္ရာ အေတြ႕အႀကံဳရွိသူႏွင့္ သူ၏လမ္း ၫႊန္မႈကို လုိက္နာႏုိင္ေသာသူျဖစ္ လိမ့္မည္ဟု ႏုိင္ငံေရးေလ့လာသူ မ်ားက သုံးသပ္ၾကသည္။

‘‘အဓိကကေတာ့ သူ(ေဒၚ ေအာင္ဆန္းစုၾကည္)ရဲ႕ ယုံၾကည္ ကုိးစားသူျဖစ္မယ္။ အဲဒီလုိလူမ်ဳိးက ပါတီ၀င္ထဲကလည္းျဖစ္ႏုိင္တယ္။ ျပင္ပကလည္းျဖစ္ႏုိင္တယ္။ ပါတီ၀င္မဟုတ္ဘူးဆုိလည္း သမၼတ ေလာင္းလ်ာထားခါနီးမွ ပါတီ၀င္လုပ္လုိက္လည္းရတယ္’’ဟု ေဒါက္တာရန္မ်ဳိးသိမ္းက သုံးသပ္သည္။

ေဒၚေအာင္ဆန္းစုၾကည္က ပါတီ၏ သမၼတေလာင္း ခန္႔အပ္ရာတြင္ ပါတီ၀င္ျဖစ္ၿပီးအရပ္သားစစ္စစ္သာ ေရြးခ်ယ္မည္ျဖစ္ကာ သူ ေရြးခ်ယ္မည့္သူသည္ ပါတီမူ၀ါဒလုိက္နာႏုိင္သူျဖစ္ရမည္ကို ေအာက္တုိဘာလ ၁၁ရက္က ရန္ကုန္တုိင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္အတြင္း ျပဳလုပ္ခဲ့ေသာ မဲဆြယ္ေဟာေျပာပြဲ၌ ထည့္သြင္း ေျပာၾကားခဲ့သည္။

ပါတီ၀င္ျဖစ္ၿပီး အရပ္သား ျဖစ္သူကို သမၼတခန္႔မည္ဟု ေဒၚ ေအာင္ဆန္းစုၾကည္၏ေျပာၾကား ခ်က္သည္ အေစာပုိင္းသတင္း ထြက္ေပၚခဲ့ေသာ ျပည္ေထာင္စု ႀကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၀င္ သူရဦးေရႊမန္းအား ပါတီ၏သမၼတေလာင္းအျဖစ္ တင္ေျမႇာက္မည္ဆုိေသာအခ်က္ကို ေခ်ဖ်က္လုိက္ျခင္းလည္းျဖစ္သည္ဟုအမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္၏ မဟာမိတ္ပါတီတစ္ခုျဖစ္သည့္ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္အေထြေထြအတြင္းေရးမွဴးဦးစုိင္း ၫြန္႔လြင္ကသုံးသပ္သည္။

‘‘အေစာက ေကာလာဟလ သတင္းထြက္ေနတဲ့ ၿပိဳင္ဘက္ပါ တီက ေခါင္းေဆာင္တစ္ေယာက္ ကို သမၼတေလာင္းတင္ေျမႇာက္ မယ္ဆုိတဲ့အခ်က္ကိုေခ်ဖ်က္ လိုက္တာပါ’’ဟု ဦးစုိင္းၫြန္႔လြင္ ကဆုိသည္။

လက္ရွိအမ်ဳိးသားဒီမုိကေရ စီအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ပုိင္းမ်ား ပါ၀င္ေသာ ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕တြင္ေဒၚေအာင္ဆန္း စုအပါအ၀င္ ၁၅ဦးရွိေနသည္။ အဆိုပါပုဂၢဳိလ္မ်ားသည္ ပါတီစတင္ တည္ေထာင္ခဲ့စဥ္ကတည္းကပင္ ပါ၀င္ခဲ့သူမ်ားျဖစ္ၿပီး ႏုိင္ငံေရးအရ ဖိႏွိပ္မႈမ်ားႀကံဳေတြ႕ရစဥ္ကပင္ ပါ တီရပ္တည္ရွင္သန္ႏုိင္ေရးအ တြက္ ႀကံ႕ႀကံ႕ခံႀကိဳးပမ္းလုပ္ေဆာင္ခဲ့ၾကသူမ်ားျဖစ္သည္။

သုိ႔ေသာ္ယင္းဗဟုိအလုပ္အမႈေဆာင္အဖြဲ႕ထဲမွ တစ္ဦးဦးကိုသမၼတေလာင္းအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္က ေရြးခ်ယ္ျခင္းရွိ၊မရွိကိုမူခန္႔မွန္းရခက္ေနသည္ဟုအမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ လက္တြဲေဆာင္ရြက္ဖူးသည့္မိတ္ဖက္ပါတီမ်ား၏ ေခါင္းေဆာင္အခ်ဳိ႕ထံမွ သိရသည္။

‘‘သူတုိ႔နဲ႔ႏုိင္ငံေရးေဆြးေႏြးမႈ ေတြလုပ္ေနေပမယ့္ ပါတီေခါင္း ေဆာင္ပုိင္းထဲက ဘယ္သူ႔ကိုသမၼ တေလာင္းခန္႔မယ္ဆုိေတာ့ ကၽြန္ ေတာ္တုိ႔လည္း ခန္႔မွန္းရခက္ တယ္’’ဟု ဦးစုိင္းၫြန္႔လြင္ကေျပာ သည္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္ပါတီ၀င္မ်ားထဲက သမၼတ ေလာင္းအျဖစ္ခန္႔အပ္မည့္သူကို ေလ့လာၾကည့္ရာတြင္ ခန္႔မွန္းရ ခက္ေနေသာ္လည္း ပါတီနာယက ဦးတင္ဦးသည္တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္တာ၀န္ထမ္း ေဆာင္ဖူးေသာေၾကာင့္ အုပ္ခ်ဳပ္ ေရးပုိင္းဆုိင္ရာအေတြ႕အႀကံဳ ေကာင္းေကာင္းရွိသူျဖစ္သည့္အ ျပင္ တပ္မေတာ္၌ တာ၀န္ထမ္း ေဆာင္စဥ္က အမည္ပ်က္မရွိ ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ၏ ေလးစားအားကုိးမႈကိုလည္း ခံ ထားရသူတစ္ဦးျဖစ္သည့္အတြက္ ျဖစ္ႏုိင္ေျခရွိေၾကာင္းရခုိင္အမ်ဳိး သားပါတီဗဟိုအလုပ္အမႈေဆာင္ ဦးေအးသာေအာင္ကေျပာသည္။

‘‘ဦးတင္ဦးက အသက္အ ရြယ္တစ္ခုပဲ ေထာက္ျပစရာရွိ တာ။ က်န္တဲ့အရည္အခ်င္းကသူ႔ မွာအကုန္ရွိတယ္။ ေအာက္ေျခပါ တီ၀င္အမ်ားစုကလည္း သူ႔ကို ေထာက္ခံတာမ်ားတယ္။ ေနာက္ ၿပီ တပ္ကလာတဲ့သူျဖစ္ေတာ့လက္ ရွိတပ္မေတာ္ေခါင္းေဆာင္ေတြနဲ႔ ေျပာဆုိေဆြးေႏြးမယ္ဆုိရင္လည္း နယ္ပယ္တူခ်င္းျဖစ္ေတာ့အဆင္ ေျပႏုိင္တယ္’’ဟု ႏုိင္ငံေရးကိစၥရပ္ မ်ားတြင္ အမ်ဳိးသားဒီမုိကေရစီအ ဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ပုိင္းမ်ားႏွင့္ ေဆြးေႏြးမႈအေတြ႕အႀကံဳမ်ားရွိ သည့္ ဦးေအးသာေအာင္ကဆုိ သည္။

လာမည့္ႏုိ၀င္ဘာ ၈ရက္တြင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ကို ကုိယ္စားျပဳၿပီး ၀င္ေရာက္ယွဥ္ၿပိဳင္ ၾကမည့္လႊတ္ေတာ္ကုိယ္စားလွယ္ ေလာင္းတစ္ေထာင္ေက်ာ္အနက္ပညာတတ္အရည္အခ်င္းရွိသူ မ်ား မ်ားစြာပါ၀င္ေနသည့္အတြက္ အဆုိပါလႊတ္ေတာ္ကုိယ္စားလွယ္ ေလာင္းမ်ားထဲကလည္း သမၼတ ေလာင္းကိုေရြးခ်ယ္ႏုိင္ေျခရွိသည္ ဟု ႏုိင္ငံေရးေလ့လာသူမ်ားကသုံး သပ္ျပန္သည္။

ေဒါက္တာရန္မ်ဳိးသိမ္းကမူ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ လက္ရွိပါတီ၏ ဗဟုိအလုပ္အမႈ ေဆာင္အဖြဲ႕၀င္မ်ားထဲမွ သမၼတ ေလာင္းအျဖစ္ေရြးခ်ယ္တင္ ေျမႇာက္ျခင္းသည္ ျဖစ္ႏုိင္ေျခအ လြန္နည္းပါးေၾကာင္းသုံးသပ္ သည္။

ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ပါတီ၀င္ျဖစ္ခဲ့ၿပီး ၁၉၉၀အေထြ ေထြေရြးေကာက္ပြဲအႏုိင္ရလႊတ္ ေတာ္ကုိယ္စားလွယ္တစ္ဦးျဖစ္ သည့္ ဦးေဒးဗစ္လွျမင့္ကမူ ေရြး ေကာက္ပြဲရလဒ္ကိုၾကည့္ၿပီးမွသာ သမၼတေလာင္းမည္သူျဖစ္မည္ကို ခန္႔မွန္းႏုိင္လိမ့္မည္ဟု ေျပာသည္။

‘‘ေရြးေကာက္ပြဲမွာအျပတ္အ သတ္ႏုိင္ရင္ေတာ့ NLDက သမၼ တေလာင္းကို ဘယ္သူတင္မလဲ ဆုိတာ သူတိုိ႔ပါတီဗဟုိအလုပ္အမႈ ေဆာင္အဖြဲ႕အစည္းအေ၀းေခၚၿပီး ဆုံးျဖတ္လုိ႔ရတယ္။ အကယ္၍ မွန္းသေလာက္မႏုိင္ရင္ေတာ့ တ ျခားပါတီေတြနဲ႔ အစုိးရဖြဲ႕ႏုိင္ဖို႔ပူး ေပါင္းရမယ္။ အဲဒီက်ရင္ ဘယ္သူ႕ကို သမၼတတင္မယ္ဆုိတာေတာ့ ပူူးေပါင္းမယ့္ ပါတီေတြရဲ႕သေဘာ ထားလည္းပါလာလိမ့္မယ္’’ဟု ဦး ေဒးဗစ္လွျမင့္ကဆုိသည္။

ျပင္ပတြင္ ပါတီ၏သမၼတ ေလာင္းႏွင့္ပတ္သက္၍ ေ၀ဖန္သုံးသပ္ေ၀ဖန္မႈမ်ားရွိေနေသာ္ လည္း လက္ရွိအခ်ိန္တြင္ ပါတီကို ဦးေဆာင္ေနသူေဒၚေအာင္ဆန္းစု ပင္ျဖစ္ကာ ေရြးေကာက္ပြဲေအာင္ ႏုိင္ပါက ပါတီက ဖြဲ႕စည္းမည့္အစိုး ရအဖြဲ႕ကို ေခါင္းေဆာင္မည့္သူမွာ လည္း ေဒၚေအာင္ဆန္္းစုၾကည္ပင္ ျဖစ္ေၾကာင္းအမ်ဳိးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႕၀င္ ဦး၀င္းထိန္ကေျပာသည္။

ေရြးေကာက္ပြဲတြင္ အမ်ဳိး သားဒီမုိကေရစီအဖြဲ႕ခ်ဳပ္တစ္ႏုိင္ ငံလုံးအတုိင္းအတာျဖင့္ အႏုိင္ရခဲ့ ပါက အစုိးရဖြဲ႕ႏုိင္မည္ျဖစ္ကာ အစုိးရအဖြဲ႕ေခါင္းေဆာင္သမၼ တေလာင္းအျဖစ္ ေဒၚေအာင္ ဆန္းစုၾကည္က မည္သူ႔ကို ေရြး ခ်ယ္မည္လဲဆုိသည္မွာ ကမၻာကေရာ ျမန္မာကပါ ေစာင့္ၾကည့္ေန ေသာ အေျဖတစ္ခုျဖစ္သည္။

7day daily
........................
ဒီချုပ်နိုင်လျှင် သမ္မတလောင်း ဘယ်သူဖြစ်မလဲ



‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာရင် ကျွန်မပဲ ဦး ဆောင်ပြီးတော့ ပဲ့ကိုင်သွားမှာပဲ ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါရ စေ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မကြာသေးမီ ရက်များက ကျင်းပခဲ့သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ရွေး ကောက်ပွဲအောင်နိုင်ရေးမဲဆွယ် ဟောပြောပွဲများတွင် မကြာခဏ ဆိုသလို အထက်ပါစကားများကို ဒေါ်အောင်ဆန်းစုကြည်က ထည့် သွင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များအနက် လူထုထောက်ခံမှုရှိ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်ရရှိပါက ဖွဲ့စည်းမည့်အ စိုးရအဖွဲ့ ခေါင်းဆောင်သမ္မတ လောင်းကိုအများပြည်သူစိတ်ဝင် စားနေချိန်တွင် ဒေါ်အောင်ဆန်းစု ကြည်က သူ ရွေးချယ်ခန့်အပ်မည့် သမ္မတလောင်းမည်သူဖြစ်မည်ကို အရိပ်အမြွက်ထုတ်ဖော်ပြောခြင်းဖြစ်သည်။

‘‘သူ(ဒေါ်အောင်ဆန်းစု ကြည်)ပြောစကားတွေအရတော့ သမ္မတလောင်းဟာ သူ့ရဲ့သြဇာကို လက်ခံပြီးလိုက်နာနိုင်မယ့်သူမျိုးပဲ ဖြစ်မယ်’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အကြောင်း သုံးသပ် ဆောင်းပါးများရေးသားနေသူ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရွေးကောက်ပွဲတွင်နိုင် ခြေရာခိုင်နှုန်းများနေသော်လည်း ပါတီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်သည် တပ်မတော်အ စိုးရ ရေးဆွဲခဲ့သော လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် သမ္မတဖြစ်ရေးအခက်ကြုံနေသည်။

လွှတ်တော်အတွင်းတွင် လည်း ဒေါ်အောင်ဆန်းစုကြည် အား သမ္မတဖြစ်ပိုင်ခွင့် ပိတ်ပင် ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးမှာအောင် မြင်မှုမရှိခဲ့သည့်အတွက် သူ့ အ နေဖြင့် မည်သူ့ကို ပါတီ၏သမ္မတ လောင်းအဖြစ်ရွေးချယ်တင် မြှောက်မည်ကို ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေးလေ့လာသူများက စိတ်ဝင်တစားစောင့်ကြည့်နေကြ သည်။

ရွေးကောက်ပွဲအောင်နိုင်ပါ က ပါတီက ဖွဲ့စည်းမည့်အစိုးရအ ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော သမ္မ တလောင်းကို ဒေါ်အောင်ဆန်းစု ကြည်က ခန့်အပ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ကျွမ်းကျင် နှံ့စပ်သူ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတွေ့အကြံုရှိသူနှင့် သူ၏လမ်း ညွှန်မှုကို လိုက်နာနိုင်သောသူဖြစ် လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူ များက သုံးသပ်ကြသည်။

‘‘အဓိကကတော့ သူ(ဒေါ် အောင်ဆန်းစုကြည်)ရဲ့ ယုံကြည် ကိုးစားသူဖြစ်မယ်။ အဲဒီလိုလူမျိုးက ပါတီဝင်ထဲကလည်းဖြစ်နိုင်တယ်။ ပြင်ပကလည်းဖြစ်နိုင်တယ်။ ပါတီဝင်မဟုတ်ဘူးဆိုလည်း သမ္မတ လောင်းလျာထားခါနီးမှ ပါတီဝင်လုပ်လိုက်လည်းရတယ်’’ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ သမ္မတလောင်း ခန့်အပ်ရာတွင် ပါတီဝင်ဖြစ်ပြီးအရပ်သားစစ်စစ်သာ ရွေးချယ်မည်ဖြစ်ကာ သူ ရွေးချယ်မည့်သူသည် ပါတီမူဝါဒလိုက်နာနိုင်သူဖြစ်ရမည်ကို အောက်တိုဘာလ ၁၁ရက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း ပြုလုပ်ခဲ့သော မဲဆွယ်ဟောပြောပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ပါတီဝင်ဖြစ်ပြီး အရပ်သား ဖြစ်သူကို သမ္မတခန့်မည်ဟု ဒေါ် အောင်ဆန်းစုကြည်၏ပြောကြား ချက်သည် အစောပိုင်းသတင်း ထွက်ပေါ်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် သူရဦးရွှေမန်းအား ပါတီ၏သမ္မတလောင်းအဖြစ် တင်မြှောက်မည်ဆိုသောအချက်ကို ချေဖျက်လိုက်ခြင်းလည်းဖြစ်သည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာမိတ်ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးစိုင်း ညွန့်လွင်ကသုံးသပ်သည်။

‘‘အစောက ကောလာဟလ သတင်းထွက်နေတဲ့ ပြိုင်ဘက်ပါ တီက ခေါင်းဆောင်တစ်ယောက် ကို သမ္မတလောင်းတင်မြှောက် မယ်ဆိုတဲ့အချက်ကိုချေဖျက် လိုက်တာပါ’’ဟု ဦးစိုင်းညွန့်လွင် ကဆိုသည်။

လက်ရှိအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများ ပါ၀င်သော ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင်ဒေါ်အောင်ဆန်း စုအပါအဝင် ၁၅ဦးရှိနေသည်။ အဆိုပါပုဂ္ဂိုလ်များသည် ပါတီစတင် တည်ထောင်ခဲ့စဉ်ကတည်းကပင် ပါ၀င်ခဲ့သူများဖြစ်ပြီး နိုင်ငံရေးအရ ဖိနှိပ်မှုများကြံုတွေ့ရစဉ်ကပင် ပါ တီရပ်တည်ရှင်သန်နိုင်ရေးအ တွက် ကြံ့ကြံ့ခံကြိုးပမ်းလုပ်ဆောင်ခဲ့ကြသူများဖြစ်သည်။

သို့သော်ယင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှ တစ်ဦးဦးကိုသမ္မတလောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခြင်းရှိ၊မရှိကိုမူခန့်မှန်းရခက်နေသည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လက်တွဲဆောင်ရွက်ဖူးသည့်မိတ်ဖက်ပါတီများ၏ ခေါင်းဆောင်အချို့ထံမှ သိရသည်။

‘‘သူတို့နဲ့နိုင်ငံရေးဆွေးနွေးမှု တွေလုပ်နေပေမယ့် ပါတီခေါင်း ဆောင်ပိုင်းထဲက ဘယ်သူ့ကိုသမ္မ တလောင်းခန့်မယ်ဆိုတော့ ကျွန် တော်တို့လည်း ခန့်မှန်းရခက် တယ်’’ဟု ဦးစိုင်းညွန့်လွင်ကပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များထဲက သမ္မတ လောင်းအဖြစ်ခန့်အပ်မည့်သူကို လေ့လာကြည့်ရာတွင် ခန့်မှန်းရ ခက်နေသော်လည်း ပါတီနာယက ဦးတင်ဦးသည်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တာဝန်ထမ်း ဆောင်ဖူးသောကြောင့် အုပ်ချုပ် ရေးပိုင်းဆိုင်ရာအတွေ့အကြံု ကောင်းကောင်းရှိသူဖြစ်သည့်အ ပြင် တပ်မတော်၌ တာဝန်ထမ်း ဆောင်စဉ်က အမည်ပျက်မရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ လေးစားအားကိုးမှုကိုလည်း ခံ ထားရသူတစ်ဦးဖြစ်သည့်အတွက် ဖြစ်နိုင်ခြေရှိကြောင်းရခိုင်အမျိုး သားပါတီဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်ကပြောသည်။

‘‘ဦးတင်ဦးက အသက်အ ရွယ်တစ်ခုပဲ ထောက်ပြစရာရှိ တာ။ ကျန်တဲ့အရည်အချင်းကသူ့ မှာအကုန်ရှိတယ်။ အောက်ခြေပါ တီဝင်အများစုကလည်း သူ့ကို ထောက်ခံတာများတယ်။ နောက် ပြီ တပ်ကလာတဲ့သူဖြစ်တော့လက် ရှိတပ်မတော်ခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးမယ်ဆိုရင်လည်း နယ်ပယ်တူချင်းဖြစ်တော့အဆင် ပြေနိုင်တယ်’’ဟု နိုင်ငံရေးကိစ္စရပ် များတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများနှင့် ဆွေးနွေးမှုအတွေ့အကြံုများရှိ သည့် ဦးအေးသာအောင်ကဆို သည်။

လာမည့်နို၀င်ဘာ ၈ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင် ကြမည့်လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ထောင်ကျော်အနက်ပညာတတ်အရည်အချင်းရှိသူ များ များစွာပါ၀င်နေသည့်အတွက် အဆိုပါလွှတ်တော်ကိုယ်စားလှယ် လောင်းများထဲကလည်း သမ္မတ လောင်းကိုရွေးချယ်နိုင်ခြေရှိသည် ဟု နိုင်ငံရေးလေ့လာသူများကသုံး သပ်ပြန်သည်။

ဒေါက်တာရန်မျိုးသိမ်းကမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များထဲမှ သမ္မတ လောင်းအဖြစ်ရွေးချယ်တင် မြှောက်ခြင်းသည် ဖြစ်နိုင်ခြေအ လွန်နည်းပါးကြောင်းသုံးသပ် သည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ခဲ့ပြီး ၁၉၉၀အထွေ ထွေရွေးကောက်ပွဲအနိုင်ရလွှတ် တော်ကိုယ်စားလှယ်တစ်ဦးဖြစ် သည့် ဦးဒေးဗစ်လှမြင့်ကမူ ရွေး ကောက်ပွဲရလဒ်ကိုကြည့်ပြီးမှသာ သမ္မတလောင်းမည်သူဖြစ်မည်ကို ခန့်မှန်းနိုင်လိမ့်မည်ဟု ပြောသည်။

‘‘ရွေးကောက်ပွဲမှာအပြတ်အ သတ်နိုင်ရင်တော့ NLDက သမ္မ တလောင်းကို ဘယ်သူတင်မလဲ ဆိုတာ သူတိို့ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်လို့ရတယ်။ အကယ်၍ မှန်းသလောက်မနိုင်ရင်တော့ တ ခြားပါတီတွေနဲ့ အစိုးရဖွဲ့နိုင်ဖို့ပူး ပေါင်းရမယ်။ အဲဒီကျရင် ဘယ်သူ့ကို သမ္မတတင်မယ်ဆိုတာတော့ ပူူးပေါင်းမယ့် ပါတီတွေရဲ့သဘော ထားလည်းပါလာလိမ့်မယ်’’ဟု ဦး ဒေးဗစ်လှမြင့်ကဆိုသည်။

ပြင်ပတွင် ပါတီ၏သမ္မတ လောင်းနှင့်ပတ်သက်၍ ဝေဖန်သုံးသပ်ဝေဖန်မှုများရှိနေသော် လည်း လက်ရှိအချိန်တွင် ပါတီကို ဦးဆောင်နေသူဒေါ်အောင်ဆန်းစု ပင်ဖြစ်ကာ ရွေးကောက်ပွဲအောင် နိုင်ပါက ပါတီက ဖွဲ့စည်းမည့်အစိုး ရအဖွဲ့ကို ခေါင်းဆောင်မည့်သူမှာ လည်း ဒေါ်အောင်ဆန််းစုကြည်ပင် ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် အနိုင်ရခဲ့ ပါက အစိုးရဖွဲ့နိုင်မည်ဖြစ်ကာ အစိုးရအဖွဲ့ခေါင်းဆောင်သမ္မ တလောင်းအဖြစ် ဒေါ်အောင် ဆန်းစုကြည်က မည်သူ့ကို ရွေး ချယ်မည်လဲဆိုသည်မှာ ကမ္ဘာကရော မြန်မာကပါ စောင့်ကြည့်နေ သော အဖြေတစ်ခုဖြစ်သည်။

7day daily

No comments:

Post a Comment