Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 3, 2015

ေသသြားတဲ့ေၾကာင္ကို ဒရုန္းေလယာဥ္အျဖစ္ ေျပာင္းခဲ့တဲ့သူက ယခုအခါ ႏြားရဟတ္ယာဥ္ လုပ္ဖုိ ့ စီစဥ္ေန




Bart Jansen ဆုိတာ ဒတ္ခ်္လူမ်ိဳးအႏုပညာရွင္တစ္ေယာက္ျဖစ္ျပီး သိပ္မၾကာေသးခင္က ေသသြားတဲ့ သူ ့ေၾကာင္ရဲ့ အတြင္းကလီစာေတြကို ထုတ္ျပီး ေၾကာင္ဒရုန္းေလယာဥ္လုပ္ခဲ့သူျဖစ္ပါတယ္။
ဒီ ရီမုတ္ကြန္ထရိုးေၾကာင္ေသဟာ Janses တီထြင္ႏိုင္စြမ္းရဲ့ အျမည္းသေဘာမ်ိဳးသာျဖစ္ေသးျပီး အခုအခါမွာ သူဟာ ပုိမုိၾကီးမားျပီး ပိုမိုက္တဲ့ ထူးဆန္းေထြလာတီထြင္မွဳတစ္ခုနဲ ့ျပန္လာပါျပီ။ ဒါကေတာ့ ႏြားဟယ္လီ ေကာ္ပတာျဖစ္ပါတယ္။ ႏြားေသကေန လုပ္မယ့္ ရဟတ္ယာဥ္ပါတဲ့။
Jansen ဟာ သူ ့ရဲ့ သူငယ္ခ်င္း၊ အင္ဂ်င္နီယာ Arjen Beltman ရဲ့ အကူအညီကို ရယူျပီး၊ သူတုိ ့ႏွစ္ဦးစားဟာ လူတ္စေယာက္စီးနင္းလုိက္ပါႏိုင္တဲ့ တိရိစာၦန္အေကာင္ၾကီးတစ္ေကာင္ပုံစံ ေလယာဥ္ကို တီထြင္ဖုိ ့ လုပ္ေဆာင္ေနၾကပါ တယ္။ “ ႏြားဆုိရင္ေတာ့ လူတစ္ေယာက္ဆန္ ့မွာပဲ။ ဒါေၾကာင့္ ႏြားကလည္း ေရြးစရာအေကာင္ေတြထဲက တစ္ေကာင္ပဲ။ တကယ္တမ္းလည္း ကၽြန္ေတာ္တုိ ့ႏြားကိုပဲ သုံးျဖစ္သြားႏိုင္ပါတယ္” လုိ ့Jansen က Business Insider ၀က္ဘ္ဆုိဒ္က ေျပာၾကားခဲ့ပါတယ္။
၂၀၁၂ ခုႏွစ္တုန္းက၊ Jansen ဟာ သူ ့ရဲ့ အိမ္ေမြးေၾကာင္ေလး Orville ေသဆုံးသြားျပီးေနာက္ ေၾကာင္ေသ ကို ေရခဲေသတၱာထဲ ေျခာက္လၾကာ ထည့္သိမ္းကာ၊ Orville ရဲ့ ကို္ယ္ထဲ စက္ေတြ ထည့္တပ္ကာ၊ ေျခလက္ ေလးေခ်ာင္းစီ မွာ ဒလက္ေလးခုေလး တပ္ျပီး ေၾကာင္ေသကို ပ်ံေအာင္လုပ္ခဲ့ပါတယ္။
Ref: Metro 
http://www.trend.com.mm/2015/10/02/tech-7789
........................................................................................................

သေသွားတဲ့ကြောင်ကို ဒရုန်းလေယာဉ်အဖြစ် ပြောင်းခဲ့တဲ့သူက ယခုအခါ နွားရဟတ်ယာဉ် လုပ်ဖို ့ စီစဉ်နေ

ye wint 
  Bart Jansen ဆိုတာ ဒတ်ချ်လူမျိုးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာသေးခင်က သေသွားတဲ့ သူ ့ကြောင်ရဲ့ အတွင်းကလီစာတွေကို ထုတ်ပြီး ကြောင်ဒရုန်းလေယာဉ်လုပ်ခဲ့သူဖြစ်ပါတယ်။
ဒီ ရီမုတ်ကွန်ထရိုးကြောင်သေဟာ Janses တီထွင်နိုင်စွမ်းရဲ့ အမြည်းသဘောမျိုးသာဖြစ်သေးပြီး အခုအခါမှာ သူဟာ ပိုမိုကြီးမားပြီး ပိုမိုက်တဲ့ ထူးဆန်းထွေလာတီထွင်မှုတစ်ခုနဲ ့ပြန်လာပါပြီ။ ဒါကတော့ နွားဟယ်လီ ကော်ပတာဖြစ်ပါတယ်။ နွားသေကနေ လုပ်မယ့် ရဟတ်ယာဉ်ပါတဲ့။
Jansen ဟာ သူ ့ရဲ့ သူငယ်ချင်း၊ အင်ဂျင်နီယာ Arjen Beltman ရဲ့ အကူအညီကို ရယူပြီး၊ သူတို ့နှစ်ဦးစားဟာ လူတ်စယောက်စီးနင်းလိုက်ပါနိုင်တဲ့ တိရိစ္ဆာန်အကောင်ကြီးတစ်ကောင်ပုံစံ လေယာဉ်ကို တီထွင်ဖို ့ လုပ်ဆောင်နေကြပါ တယ်။ “ နွားဆိုရင်တော့ လူတစ်ယောက်ဆန် ့မှာပဲ။ ဒါကြောင့် နွားကလည်း ရွေးစရာအကောင်တွေထဲက တစ်ကောင်ပဲ။ တကယ်တမ်းလည်း ကျွန်တော်တို ့နွားကိုပဲ သုံးဖြစ်သွားနိုင်ပါတယ်” လို ့Jansen က Business Insider ၀က်ဘ်ဆိုဒ်က ပြောကြားခဲ့ပါတယ်။
၂၀၁၂ ခုနှစ်တုန်းက၊ Jansen ဟာ သူ ့ရဲ့ အိမ်မွေးကြောင်လေး Orville သေဆုံးသွားပြီးနောက် ကြောင်သေ ကို ရေခဲသေတ္တာထဲ ခြောက်လကြာ ထည့်သိမ်းကာ၊ Orville ရဲ့ ကို်ယ်ထဲ စက်တွေ ထည့်တပ်ကာ၊ ခြေလက် လေးချောင်းစီ မှာ ဒလက်လေးခုလေး တပ်ပြီး ကြောင်သေကို ပျံအောင်လုပ်ခဲ့ပါတယ်။
Ref: Metro 

No comments:

Post a Comment