Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 26, 2015

အင္းတေကာ္တြင္ ပုဒ္မ ၁၈ ျဖင့္ ဖမ္းခံရသူမ်ား သမၼတႏွင့္ ေတြ႔ဆံုႏိုင္ရန္ ဆက္လက္ထြက္ခြာ

ေဇာ္ခမ္းဟိန္း
 ေအာက္တိုဘာ ၂၆ ။                      ။ စစ္မွန္သည့္ၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ ပုဒ္မ ၁၇ (၁) ျဖင့္ ဖမ္းဆီးခံရသူမ်ားအား အျမန္ဆံုးလႊတ္ေပးရန္ သမၼတထံ သြားေရာက္ ေတာင္းဆိုသည့္ ေဒၚနန္းမူခမ္းႏွင့္ အဖြဲ႔သည္ ပဲခူးတိုင္း အင္းတေကာ္ၿမိဳ႕၌ ပုဒ္မ ၁၈ ျဖင့္ ဖမ္းဆီးခံရေသာ္လည္း ဒဏ္ေငြေဆာင္ၿပီး ေနျပည္ေတာ္သို႔ ဆက္လက္ထြက္ခြာေနသည္ ဟု ယင္းအဖြဲ႔မွ သိရသည္။

ေနျပည္ေတာ္၌ သမၼတအားေတြ႔ဆံုရန္ႀကိဳးစားမည့္ လမ္းေလွ်ာက္အဖြဲ႔သည္ ေအာက္တိုဘာ ၁၆ ရက္ေန႔က ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕မွ ရန္ကုန္သို႔ ကားျဖင့္ထြက္လာျခင္းျဖစ္ၿပီး ၁၇ ရက္ေန႔ နံနက္ ၇ နာရီတြင္ ေထာက္ၾကန္႔ အမွတ္ (၃) လမ္းဆံုမွ စတင္လမ္းေလွ်ာက္ထြက္လာခဲ့သည္။

ေအာက္တိုဘာ ၁၈ ရက္ေန႔တြင္ ခြင့္ျပဳမိန္႔ မတင္ဘဲ နယ္ေက်ာ္ျဖတ္၍ ပုဒ္မ ၁၈ ျဖင့္ အင္းတေကာ္ ရဲစခန္း၏ အေရးယူျခင္းကို ခံရသည္ဟု လမ္းေလွ်ာက္အဖြဲေခါင္းေဆာင္ ေဒၚနန္းမူခမ္းက မဇၥ်ိမသို႔ ေအာက္တိုဘာ ၂၆ ရက္ေန႔က ေျပာၾကားသည္။

''၁၈ ရက္ေန႔က အင္းတေကာ္ရဲစခန္းမွာ ဖမ္းခံရတယ္။ ၁၉ ရက္ေန႔ တရားရံုးတင္တယ္။ ၂၀ ရက္ေန႔ အမိန္႔ခ်တယ္။ ဒဏ္ေငြ တစ္ေသာင္းေဆာင္ၿပီး ၿပီးသြားတယ္။ လမ္းတေလွ်ာက္ ခြင့္ျပဳမိန္႔တင္တာနဲ႔ အင္းတေကာ္မွာ ၈ ရက္ ၾကာသြားတယ္။ ဒီမနက္ စထြက္လာတာ ဘုရားႀကီးမွာ ညအိပ္နားပါမယ္။'' ဟု ၄င္းက ဆိုသည္။

လမ္းတေလွ်ာက္ ခြင့္ျပဳမိန္႔တင္ရာတြင္ ေရတာရွည္ၿမိဳ႕နယ္မွာ ခြင့္ျပဳမိန္႔အတင္မခံဘဲ ဒိုက္ဦး၊ ေက်ာက္တံခါး၊ ပ်ဥ္ပံုႀကီးႏွင့္ ေညာင္ေလးပင္ၿမိဳ႕နယ္မ်ားသာ ခြင့္ျပဳမိန္႔ရၿပီး က်န္ၿမိဳ႕နယ္မ်ားက အေၾကာင္းမျပန္ေသးေၾကာင္း သိရသည္။

နယ္ေျမမကြၽမ္းက်င္မႈ၊ က်န္းမာေရးႏွင့္ အျခားအခက္အခဲမ်ားရွိေနေသာ္လည္း ေနျပည္ေတာ္ထိ အေရာက္သြားကာ သမၼတႏွင့္ေတြ႔ဆံုလွ်င္ စစ္မွန္သည့္ၿငိမ္းခ်မ္းေရးအတြက္ ပုဒ္မ ၁၇ (၁) ဖ်က္သိမ္း ေပးရန္၊ NCA စာခ်ဳပ္ေနာက္ဆက္တြဲပါ အခန္း ၁၆၊ အပိုဒ္ ၂၄ (က)၊ (ခ)၊ (ဂ) တို႔ကို အဓိကထား ေတာင္းဆိုသြားမည္ဟု ေဒၚနန္းမူခမ္းက ေျပာသည္။

လမ္းေလွ်ာက္အဖြဲ႔တြင္ ေဒၚနန္းမူခမ္း၊ ေဒၚနန္းေမရီ၊ ဦးထြန္း၊ ေစာတင္၀၊ ေစာဒီးဒီး (မသန္စြမ္း) တို႔ လမ္းဆက္ေလွ်ာက္ေနၿပီး အဖြဲ႔၀င္တစ္ဦးျဖစ္သူ ဦးမ်ိဳးစိုင္းမွာမူ က်န္းမာေရးေၾကာင့္ ဘားအံသို႔ ျပန္သြားခဲ့သည္။

ယင္းလမ္းေလွ်ာက္အဖြဲ႔သည္ ၈၈ ကရင္မ်ိဳးဆက္ေက်ာင္းသားအစည္းအရံုး ဥကၠ႒ ဦးေစာေမာင္ႀကီး အား မတရားအသင္းဆက္သြယ္မႈျဖင့္ ဖမ္းဆီးသည္ကို ဆန္႔က်င္သူမ်ားလည္းျဖစ္သည္။

မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇ (၁) ျဖင့္ ဘားအံအက်ဥ္းေထာင္တြင္ ဖမ္းခံေနရေသာ ဦးေစာေမာင္ႀကီး၏ ဇနီးျဖစ္သူ ေဒၚနန္းျမရီက NCA လက္မွတ္ထိုးသည့္အဖဲြ႔မ်ားကို မတရာအသင္းမွ ပယ္ဖ်က္ၿပီးျဖစ္၍ ၁၇ (၁) ႏွင့္ ဖမ္းထားသူမ်ားကို ျပန္လႊတ္ေပးသင့္သည္ဟု ေျပာသည္။

''စာရင္းအရ ေကာ့ကရိတ္ၿမိဳ႕နယ္မွာ ၁၇ (၁) နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္က်ေနသူ ၁၄ ဦးရွိၿပီး၊ ကရင္ တစ္ျပည္နယ္လံုးမွာ အေယာက္ ၃၀ ေက်ာ္ ရွိပါတယ္။ NCA လက္မွတ္ထိုးတဲ့အဖြဲ႔ေတြကို မတရား အသင္းက ပယ္ဖ်က္ၿပီးျဖစ္လို႔ မတရားအသင္းနဲ႔ဆက္သြယ္တယ္လို႔ ဖမ္းထားတဲ့ ဦးေစာေမာင္ႀကီးနဲ႔ တျခားသူေတြကို အျမန္ဆံုးလႊတ္ေပးသင့္ပါတယ္။'' ဟု ေဒၚနန္းျမရီက မဇၥ်ိမသို႔ ေျပာသည္။

၈၈ ကရင္မ်ိဳးဆက္ေက်ာင္းသားအစည္းအရံုး ဥကၠ႒ ဦးေစာေမာင္ႀကီးအား ၾသဂုတ္လ ၇ ရက္၊ ည ၁၀ နာရီခြဲ အခ်ိန္ ရံုးခန္း၌ လက္နက္မ်ားရွိသည္ဟု လာေရာက္ရွာေဖြရာ မေတြ႔ရဘဲ DKBA ႏွင့္ ဆက္သြယ္သည္ဟုဆိုကာ ပုဒ္မ ၁၇ (၁) ျဖင့္ ဖမ္းဆီးထားၿပီး လာမည့္ ၃၀ ရက္ေန႔တြင္ ရံုးထုတ္မည္ ဟုဆိုသည္။

- See more at: http://mizzimaburmese.com/article/6552#sthash.gb5ExxWI.szeRQono.dpuf
.........................
အင်းတကော်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းခံရသူများ သမ္မတနှင့် တွေ့ဆုံနိုင်ရန် ဆက်လက်ထွက်ခွာ
သတင်း  ပြည်တွင်း
ဇော်ခမ်းဟိန်း


 အောက်တိုဘာ ၂၆ ။                      ။ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရန်နှင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံရသူများအား အမြန်ဆုံးလွှတ်ပေးရန် သမ္မတထံ သွားရောက် တောင်းဆိုသည့် ဒေါ်နန်းမူခမ်းနှင့် အဖွဲ့သည် ပဲခူးတိုင်း အင်းတကော်မြို့၌ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသော်လည်း ဒဏ်ငွေဆောင်ပြီး နေပြည်တော်သို့ ဆက်လက်ထွက်ခွာနေသည် ဟု ယင်းအဖွဲ့မှ သိရသည်။

နေပြည်တော်၌ သမ္မတအားတွေ့ဆုံရန်ကြိုးစားမည့် လမ်းလျှောက်အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှ ရန်ကုန်သို့ ကားဖြင့်ထွက်လာခြင်းဖြစ်ပြီး ၁၇ ရက်နေ့ နံနက် ရ နာရီတွင် ထောက်ကြန့် အမှတ် (၃) လမ်းဆုံမှ စတင်လမ်းလျှောက်ထွက်လာခဲ့သည်။

အောက်တိုဘာ ၁၈ ရက်နေ့တွင် ခွင့်ပြုမိန့် မတင်ဘဲ နယ်ကျော်ဖြတ်၍ ပုဒ်မ ၁၈ ဖြင့် အင်းတကော် ရဲစခန်း၏ အရေးယူခြင်းကို ခံရသည်ဟု လမ်းလျှောက်အဖွဲခေါင်းဆောင် ဒေါ်နန်းမူခမ်းက မဇ္စျိမသို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောကြားသည်။

''၁၈ ရက်နေ့က အင်းတကော်ရဲစခန်းမှာ ဖမ်းခံရတယ်။ ၁၉ ရက်နေ့ တရားရုံးတင်တယ်။ ၂၀ ရက်နေ့ အမိန့်ချတယ်။ ဒဏ်ငွေ တစ်သောင်းဆောင်ပြီး ပြီးသွားတယ်။ လမ်းတလျှောက် ခွင့်ပြုမိန့်တင်တာနဲ့ အင်းတကော်မှာ ၈ ရက် ကြာသွားတယ်။ ဒီမနက် စထွက်လာတာ ဘုရားကြီးမှာ ညအိပ်နားပါမယ်။'' ဟု ၄င်းက ဆိုသည်။

လမ်းတလျှောက် ခွင့်ပြုမိန့်တင်ရာတွင် ရေတာရှည်မြို့နယ်မှာ ခွင့်ပြုမိန့်အတင်မခံဘဲ ဒိုက်ဦး၊ ကျောက်တံခါး၊ ပျဉ်ပုံကြီးနှင့် ညောင်လေးပင်မြို့နယ်များသာ ခွင့်ပြုမိန့်ရပြီး ကျန်မြို့နယ်များက အကြောင်းမပြန်သေးကြောင်း သိရသည်။

နယ်မြေမကျွမ်းကျင်မှု၊ ကျန်းမာရေးနှင့် အခြားအခက်အခဲများရှိနေသော်လည်း နေပြည်တော်ထိ အရောက်သွားကာ သမ္မတနှင့်တွေ့ဆုံလျှင် စစ်မှန်သည့်ငြိမ်းချမ်းရေးအတွက် ပုဒ်မ ၁၇ (၁) ဖျက်သိမ်း ပေးရန်၊ NCA စာချုပ်နောက်ဆက်တွဲပါ အခန်း ၁၆၊ အပိုဒ် ၂၄ (က)၊ (ခ)၊ (ဂ) တို့ကို အဓိကထား တောင်းဆိုသွားမည်ဟု ဒေါ်နန်းမူခမ်းက ပြောသည်။

လမ်းလျှောက်အဖွဲ့တွင် ဒေါ်နန်းမူခမ်း၊ ဒေါ်နန်းမေရီ၊ ဦးထွန်း၊ စောတင်ဝ၊ စောဒီးဒီး (မသန်စွမ်း) တို့ လမ်းဆက်လျှောက်နေပြီး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးစိုင်းမှာမူ ကျန်းမာရေးကြောင့် ဘားအံသို့ ပြန်သွားခဲ့သည်။

ယင်းလမ်းလျှောက်အဖွဲ့သည် ၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး ဥက္ကဋ္ဌ ဦးစောမောင်ကြီး အား မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးသည်ကို ဆန့်ကျင်သူများလည်းဖြစ်သည်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဘားအံအကျဉ်းထောင်တွင် ဖမ်းခံနေရသော ဦးစောမောင်ကြီး၏ ဇနီးဖြစ်သူ ဒေါ်နန်းမြရီက NCA လက်မှတ်ထိုးသည့်အဖွဲ့များကို မတရာအသင်းမှ ပယ်ဖျက်ပြီးဖြစ်၍ ၁၇ (၁) နှင့် ဖမ်းထားသူများကို ပြန်လွှတ်ပေးသင့်သည်ဟု ပြောသည်။

''စာရင်းအရ ကော့ကရိတ်မြို့နယ်မှာ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်ကျနေသူ ၁၄ ဦးရှိပြီး၊ ကရင် တစ်ပြည်နယ်လုံးမှာ အယောက် ၃၀ ကျော် ရှိပါတယ်။ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေကို မတရား အသင်းက ပယ်ဖျက်ပြီးဖြစ်လို့ မတရားအသင်းနဲ့ဆက်သွယ်တယ်လို့ ဖမ်းထားတဲ့ ဦးစောမောင်ကြီးနဲ့ တခြားသူတွေကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။'' ဟု ဒေါ်နန်းမြရီက မဇ္စျိမသို့ ပြောသည်။

၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး ဥက္ကဋ္ဌ ဦးစောမောင်ကြီးအား သြဂုတ်လ ရ ရက်၊ ည ၁၀ နာရီခွဲ အချိန် ရုံးခန်း၌ လက်နက်များရှိသည်ဟု လာရောက်ရှာဖွေရာ မတွေ့ရဘဲ DKBA နှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထားပြီး လာမည့် ၃၀ ရက်နေ့တွင် ရုံးထုတ်မည် ဟုဆိုသည်။

- See more at: http://mizzimaburmese.com/article/6552#sthash.gb5ExxWI.szeRQono.dpuf

No comments:

Post a Comment