Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

အီတလီဘုရင္မ၏ ျမန္မာ့ပတၱျမားလက္စြပ္ ေလလံတင္မည္

အီတလီႏိုင္ငံ၏ ေနာက္ဆံုးဘုရင္မ မာရီယာ-ဟိုေဆ၏ ပတၱျမားလက္စြပ္ကို ႏိုဝင္ဘာ ၁၁ ရက္ေန႔တြင္ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပမည့္ က်က္သေရရွိေသာ ေက်ာက္မ်က္၊ ျမင့္ျမတ္ေသာ ေက်ာက္မ်က္ ေလလံပြဲတြင္ ေရာင္းခ်မည္ဟု ေဆာ့သဘီ ေလလံကုမၸဏီမွ ေၾကညာပါသည္။
အီတလီဘုရင္မ မာရီယာ-ဟိုေဆး စုေဆာင္းထားေသာ တန္ဖိုးႀကီး ျမန္မာ့ပတၱျမားလက္စြပ္ ျဖစ္ပါသည္။အီတလီဘုရင္မ မာရီယာ-ဟိုေဆး စုေဆာင္းထားေသာ တန္ဖိုးႀကီး ျမန္မာ့ပတၱျမားလက္စြပ္ ျဖစ္ပါသည္။၈.၄ ကာရက္ရွိ ျမန္မာ့တြင္းထြက္ ခိုေသြးအရည္ရွိေသာ ပတၱျမားႀကီးကို စိန္ ၁၆ ပြင့္ ျခယ္ထားသည့္ လက္စြပ္သည္ ေဒၚလာ ၆ သန္းမွ ၉ သန္းအထိ တန္ဖိုးရွိမည္ဟု ရာျဖတ္မ်ားက ခန္႔မွန္းထားသည္။ အဖိုးထိုက္တန္ေသာ၊ လက္ရာေျမာက္ လက္ဝတ္ရတနာမ်ား စုေဆာင္းရာတြင္ နာမည္ေက်ာ္သည့္ အီတလီဘုရင္မ မာရီယာ-ဟိုေဆးသည္ မင္းသား ဒုတိယေျမာက္ အမ္ဘာတိုႏွင့္ လက္ထပ္ထိမ္းျမားပြဲတြင္ ၎ပတၱျမားလက္စြပ္ကို မဂၤလာလက္ဖြဲ႕အျဖစ္ ရရွိခဲ့ျခင္း ျဖစ္သည္။ အီတလီႏိုင္ငံ၏ ေနာက္ဆံုးဘုရင္မ မာရီယာ-ဟိုေဆသည္ ၁၉၀၆ ခုႏွစ္တြင္ ဖြားျမင္၍ ၂၀၀၁ ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည္။
ပတၱျမားႀကီးကို ဆြစ္ဇာလန္ႏိုင္ငံ ေက်ာက္မ်က္ပညာရွင္မ်ား အသင္း (SSEF) က စစ္ေဆးၿပီး ျမန္မာ့တြင္းထြက္ အစစ္ျဖစ္ေၾကာင္းႏွင့္ မီးဖုတ္ျပဳျပင္ထားျခင္း မရွိေၾကာင္း အတည္ျပဳထားၿပီး ျဖစ္၏။ ဤမွ် အရည္အေသြးျမင့္၍ ၅ ကာရက္ေက်ာ္ေသာ ျမန္မာ့ပတၱျမားသည္ ယခုေခတ္မွာပင္ လြန္စြာ ရွားပါး အဖိုးထိုက္တန္သည္ဟု သတ္မွတ္ထားပါသည္။
ေဆာ့သဘီ ေလလံကုမၸဏီသည္ ၿပီးခဲ့ေသာ ေမလကလည္း ျမန္မာ့ပတၱျမားႀကီး တစ္လံုးကို ကမာၻ႔စံခ်ိန္ ေဈးအျမင့္ဆံုးျဖင့္ ေလလံတင္ ေရာင္းခ်ခဲ့ပါသည္။ “Sunrise Ruby” (အ႐ုဏ္ဦးပတၱျမား) ဟု အမည္ေပးထားေသာ ၂၅.၆ ကာရက္ရွိ ျမန္မာ့ပတၱျမားျဖင့္ ျပဳလုပ္ထားေသာ လက္စြပ္ကို ေဒၚလာ ၃၀.၃ သန္းျဖင့္ အမည္မေဖာ္သူတစ္ဦးက ေလလံဆြဲသြားခဲ့ပါသည္။

http://kabarthit.com/index.php?option=com_content&view=article&id=781:2015-10-09-20-18-28&catid=8:2013-10-13-17-09-02&Itemid=214
..................................................................................

အီတလီနိုင်ငံ၏ နောက်ဆုံးဘုရင်မ မာရီယာ-ဟိုဆေ၏ ပတ္တမြားလက်စွပ်ကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပမည့် ကျက်သရေရှိသော ကျောက်မျက်၊ မြင့်မြတ်သော ကျောက်မျက် လေလံပွဲတွင် ရောင်းချမည်ဟု ဆော့သဘီ လေလံကုမ္ပဏီမှ ကြေညာပါသည်။

အီတလီဘုရင်မ မာရီယာ-ဟိုဆေး စုဆောင်းထားသော တန်ဖိုးကြီး မြန်မာ့ပတ္တမြားလက်စွပ် ဖြစ်ပါသည်။အီတလီဘုရင်မ မာရီယာ-ဟိုဆေး စုဆောင်းထားသော တန်ဖိုးကြီး မြန်မာ့ပတ္တမြားလက်စွပ် ဖြစ်ပါသည်။၈.၄ ကာရက်ရှိ မြန်မာ့တွင်းထွက် ခိုသွေးအရည်ရှိသော ပတ္တမြားကြီးကို စိန် ၁၆ ပွင့် ခြယ်ထားသည့် လက်စွပ်သည် ဒေါ်လာ ၆ သန်းမှ ၉ သန်းအထိ တန်ဖိုးရှိမည်ဟု ရာဖြတ်များက ခန့်မှန်းထားသည်။ အဖိုးထိုက်တန်သော၊ လက်ရာမြောက် လက်ဝတ်ရတနာများ စုဆောင်းရာတွင် နာမည်ကျော်သည့် အီတလီဘုရင်မ မာရီယာ-ဟိုဆေးသည် မင်းသား ဒုတိယမြောက် အမ်ဘာတိုနှင့် လက်ထပ်ထိမ်းမြားပွဲတွင် ၎င်းပတ္တမြားလက်စွပ်ကို မင်္ဂလာလက်ဖွဲ့အဖြစ် ရရှိခဲ့ခြင်း ဖြစ်သည်။ အီတလီနိုင်ငံ၏ နောက်ဆုံးဘုရင်မ မာရီယာ-ဟိုဆေသည် ၁၉၀၆ ခုနှစ်တွင် ဖွားမြင်၍ ၂၀၀၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ပတ္တမြားကြီးကို ဆွစ်ဇာလန်နိုင်ငံ ကျောက်မျက်ပညာရှင်များ အသင်း (SSEF) က စစ်ဆေးပြီး မြန်မာ့တွင်းထွက် အစစ်ဖြစ်ကြောင်းနှင့် မီးဖုတ်ပြုပြင်ထားခြင်း မရှိကြောင်း အတည်ပြုထားပြီး ဖြစ်၏။ ဤမျှ အရည်အသွေးမြင့်၍ ၅ ကာရက်ကျော်သော မြန်မာ့ပတ္တမြားသည် ယခုခေတ်မှာပင် လွန်စွာ ရှားပါး အဖိုးထိုက်တန်သည်ဟု သတ်မှတ်ထားပါသည်။

ဆော့သဘီ လေလံကုမ္ပဏီသည် ပြီးခဲ့သော မေလကလည်း မြန်မာ့ပတ္တမြားကြီး တစ်လုံးကို ကမ္ဘာ့စံချိန် ဈေးအမြင့်ဆုံးဖြင့် လေလံတင် ရောင်းချခဲ့ပါသည်။ “Sunrise Ruby” (အရုဏ်ဦးပတ္တမြား) ဟု အမည်ပေးထားသော ၂၅.၆ ကာရက်ရှိ မြန်မာ့ပတ္တမြားဖြင့် ပြုလုပ်ထားသော လက်စွပ်ကို ဒေါ်လာ ၃၀.၃ သန်းဖြင့် အမည်မဖော်သူတစ်ဦးက လေလံဆွဲသွားခဲ့ပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=781:2015-10-09-20-18-28&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment