Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 27, 2015

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ မိႏွစ္ ၆၀ အင္တာဗ်ဴ း


 အေမရိကန္ႏုိင္ငံတြင္ လူၾကည့္အမ်ားဆုံး အင္တာဗ်ဴးအစီအစဥ္ တစ္ခု ျဖစ္ သည့္ 60 Minutes မွ အစီအစဥ္တင္ဆက္သူ Bill Whitaker သည္ ျမန္မာႏုိင္ငံသုိ႔ ဒုတိယအႀကိမ္ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး သမၼတ ဦးသိန္းစိန္၊ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ အျခားႏုိင္ငံေရး လူမူေရး ဘာသာေရးနယ္ပယ္မွာ ပုဂၢိဳလ္အခ်ိ ႔ျဖင့္ ေတြ႕ဆုံေမးျမန္းခဲ့သည္မ်ားကုိ စုစည္းၿပီး The NEW Burma ဆုိသည့္ ေခါင္းစဥ္ျဖင့္ ျမန္မာႏုိင္ငံ၏ လက္ရွိအေျခအေန အရပ္ရပ္ကုိ ေအာက္တုိဘာလ ၂၅ ရက္ေန႔က မိနစ္ ၆၀ စာ အေမရိကန္ႏုိင္ငံတစ္၀ွမ္းသုိ႔ CBS သတင္းအစီအစဥ္မွ ထုတ္လႊင့္ျပသခဲ့သည္။

Bill Whitaker သည္ ျမန္မာႏုိင္ငံသုိ႔ ၁၉၉၀ ခုႏွစ္က ပထမအႀကိမ္ ေရာက္ခဲ့ ဖူးၿပီး ထုိအခ်ိန္က က်င္းပေတာ့မည့္ အေထြေထြေရြးေကာက္ပဲြ ဆုိင္ရာမ်ားကုိ ရယူႏုိင္ရန္ သတင္းေထာက္အျဖစ္ လာေရာက္ခဲ့ျခင္း ျဖစ္သည္။

- The NEW Burma -

စစ္အာဏာရွင္ကုိ ဆန္႔က်င္ ရပ္တည္ခဲ့သည့္ အတုိက္အခံ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၏ ဓာတ္ပံုကုိ ပုိင္ဆုိင္႐ံုျဖင့္ ဖမ္းဆီး ထိန္းသိမ္း ခဲ့ရျခင္းမ်ဳိး ယခင္ႏွစ္ အနည္းငယ္က ရွိခဲ့ေသာ္လည္း ယခုအခါတြင္ သူမ၏ ပံုရိပ္မ်ားကုိ ေနရာတကာ တြင္ ျမင္ေတြ႕လာရသည္။

ေဒၚေအာင္ဆန္းစုၾကည္က “လူေတြက ေပ်ာ္ရႊင္စရာ ဇာတ္သိမ္းကုိ လုိခ်င္ၾကပါတယ္။ သူတုိ႔က ျမန္မာႏုိင္ငံကုိ ေအာင္ျမင္မႈ နမူနာ ဇာတ္လမ္း ျဖစ္ေစခ်င္ၾကပါတယ္။ ဒီေန႔ ကမၻာမွာ ေအာင္ျမင္မႈ ဇာတ္လမ္းနဲ႔ ေပ်ာ္ရႊင္စရာ ဇာတ္သိမ္းေတြ အလြန္နည္းပါတယ္။ တစ္စံုတစ္ခု ကုိ လုိခ်င္ေန႐ံုနဲ႔ မရႏုိင္ဘူးလုိ႔ ကၽြန္မ အၿမဲေျပာပါတယ္။” သူမ၏ အင္တာဗ်ဴး တြင္ ေထာက္ျပ ေျပာဆုိခဲ့သည္။



BW - ျမန္မာႏုိင္ငံဟာ ယခုအခ်ိန္မွာ ဒီမုိကေရစီ လမ္းေၾကာင္းေပၚ ေရာက္ေနတယ္လုိ႔ ယံုၾကည္ပါသလား။

DASSK - ဒီမုိကေရစီလမ္းေၾကာင္း မဟုတ္ပါဘူး။ ကၽြန္မတုိ႔က စည္းကမ္းျပည့္၀တယ္လုိ႔ အေယာင္ေဆာင္ထားတဲ့ ဒီမုိကေရစီ လမ္းေၾကာင္းေပၚ ေရာက္ေနတာၾကပါ။

BW - စည္းကမ္းျပည့္၀တဲ့ ဒီမုိကေရစီဆုိတာ ဘယ္လုိမ်ဳိးလဲ။

DASSK - စစ္အာဏာရွင္ ေခါင္းေဆာင္ေတြ ႐ႈျမင္တဲ့ ဒီမုိကေရစီပံုစံပါ။

BW - အဲဒါက ခင္ဗ်ားရဲ႕ ဒီမုိကေရစီ အေတြးအေခၚနဲ႔ ကုိက္ညီပါသလား။

DASSK - မကုိက္ညီပါဘူး။

BW - ဒီစနစ္ကုိ ကုိယ္စားျပဳတဲ့ အင္အားေတြကုိ ျမင္တဲ့အခါမွာ ဒါေတြ ကုိ ေျပာင္းလဲႏုိင္မယ္လုိ႔ ဘယ္အရာက ေတြးမိေစတာပါလဲ။

DASSK - ဒီစနစ္က တုိင္းျပည္ကုိ ကုိယ္စားျပဳတဲ့ ျပည္သူ အမ်ားစုကုိ ကုိယ္စား မျပဳပါဘူး။ ဒါက ဘယ္လုိပဲ စိတ္လႈပ္ရွားစရာျဖစ္ျဖစ္ ျပည္သူကုိ အမွန္တကယ္ ကုိယ္စားမျပဳပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆံုသည့္အခါ တည္ၿငိမ္ေအးခ်မ္းသည့္ အသြင္ျဖင့္ ျမင္ေတြ႕ရသည္။ သုိ႔ေသာ္ အခ်ိန္ အနည္းငယ္ၾကာ စကားေျပာၾကည့္ေသာအခါ ဆယ္စုႏွစ္ ၂ ခုမွ် ေနအိမ္ အက်ယ္ခ်ဳပ္ က်ခံေနရစဥ္ ကုိင္စြဲခဲ့သည့္ ခုိင္မာေသာ သႏိၷ႒ာန္ကုိ ျမင္ေတြ႕ရသည္။

BW - ခင္ဗ်ားက အေတာ့္ကုိ စိတ္ဓာတ္ခုိင္မာတဲ့ လူတစ္ေယာက္ေနာ္ ။

DASSK - ကၽြန္မ ကုိယ့္ကုိယ္ကုိယ္ သတိၱေကာင္းတယ္လုိ႔ ဘယ္တုန္းကမွ မထင္ခဲ့ပါဘူး။ ငယ္ငယ္က အေမွာင္ကုိ ေၾကာက္တတ္ပါတယ္။ ၾကြက္ေသ လုိဟာမ်ဳိးေတြ ေတြ႕ရင္လည္း အဆင္မေျပပါဘူး။ ဒါေပမဲ့ ရင္ဆုိင္ရမယ့္ အရာကုိေတာ့ ရင္ဆုိင္ၿပီး အေကာင္းဆံုး လုပ္ႏုိင္မယ္ လုိ႔ ေမွ်ာ္လင့္ပါတယ္။

BW - ခင္ဗ်ားကုိ ဒီမုိကေရစီ အမွတ္လကၡဏာအျဖစ္ ကမၻာအႏွံ႔က မွတ္ယူ ထားၾကပါတယ္။

DASSK - ကၽြန္မကုိ အမွတ္လကၡဏာတစ္ခုအျဖစ္ ၊ စံနမူနာအျဖစ္ ေခၚ ဆိုတာ မႏွစ္သက္ပါဘူး။ ကၽြန္မက အလုပ္ အလြန္ႀကဳိးစားတယ္ လုိ႔ပဲ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ အလုပ္ ႀကဳိးစားသူအျဖစ္ပဲ ႐ႈျမင္ခံ လုိပါတယ္။ အမွတ္လကၡဏာေတြ၊ စံနမူနာေတြက လက္ေတြ႕မွာ အလုပ္ သိပ္မျဖစ္ဘူးလုိ႔ ထင္ပါတယ္။

BW - ေရြးေကာက္ပြဲ နီးလာၿပီေနာ္ ။ အေရးႀကီးတဲ့ ေရြးေကာက္ပြဲေပါ့။ လြတ္လပ္ၿပီး တရားမွ်တမယ္လုိ႔ ယံုၾကည္ပါသလား။

DASSK - ကၽြန္မတုိ႔ အခုလုိအပ္ေနတာ ယံုၾကည္ဖုိ႔ မဟုတ္ဘူးလုိ႔ ထင္ပါတယ္။ အခု လုိအပ္ေနတာက လြတ္လပ္ၿပီး တရားမွ်တ တဲ့ ေရြးေကာက္ပြဲျဖစ္ဖုိ႔ အတတ္ႏုိင္ဆံုး ႀကဳိးစား ေဆာင္ရြက္ဖုိ႔ပါ။ ဒီအခ်ိန္က စိန္ေခၚမႈေတြ ရင္ဆုိင္ေနရခ်ိန္ျဖစ္ၿပီး စိန္ေခၚမႈေတြက အခြင့္အေရးေတြ လည္း ျဖစ္ပါတယ္။

BW - ဟုတ္ပါတယ္။ ခင္ဗ်ားကုိ သမၼတမျဖစ္ေအာင္ ရည္ရြယ္ ေရးဆြဲထား တယ္လုိ႔ ထင္ပါသလား။

DASSK - ဟုတ္ပါတယ္။ အခ်ဳိ႕ပုဒ္မေတြက ကၽြန္မကုိ ရည္ရြယ္ၿပီး ေရးဆြဲ ထားတာလုိ႔ လူသိရွင္ၾကား ေျပာရဲပါတယ္။

BW - ခင္ဗ်ား သမၼတျဖစ္ခ်င္ပါသလား။

DASSK - ကၽြန္မ ျဖစ္ေစခ်င္တာက ျပည္သူေတြအေနနဲ႔ အမွန္တကယ္ အႏုိင္ရတယ္လုိ႔ ခံစားမိၿပီး ဒီမုိကေရစီတုိက္ပြဲ၀င္ခဲ့ရတဲ့ ရလဒ္ေတြ ခံစား ရေစဖုိ႔ပါ။ အစုိးရအခြဲ႕ေခါင္းေဆာင္ကုိ ျပည္သူေတြက လြတ္လပ္စြာ ေရြးခ်ယ္ ခြင့္ရမယ္ဆုိရင္ေတာ့ ဒါ အဆင္ေျပပါတယ္။

မ.ဘ.သ ဆရာေတာ္ ဦး၀ီရသူက အမ်ဳိးသားေရး ႏွင့္ ပတ္သက္ လွ်င္ ေဒၚေအာင္ဆန္းစုၾကည္မွာ လုံး၀ အသံုးမက် ဟု Bill Whitaker အား ေျပာၾကား ခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ဘဂၤါလီမ်ားအတြက္ ရပ္တည္မေပးဟု ႏုိင္ငံတကာက ေ၀ဖန္ဖိအားေပးမႈမ်ား ရွိေနခဲ့သည္။

DASSK - အခုအခ်ိန္မွာ ကၽြန္မက ဗုဒၶဘာသာေတြကုိ အျပစ္မတင္ဘူး ဆုိၿပီး ျပင္ပကမၻာက ေ၀ဖန္ၾကပါတယ္။ ျပည္တြင္းမွာေတာ့ မြတ္ဆလင္ေတြကုိ အျပစ္မတင္လုိ႔ဆုိၿပီး ေ၀ဖန္ခံရပါတယ္။ ကၽြန္မက လုိက္ေလ်ာညီေထြရွိမႈနဲ႔ အမ်ဳိးသား ျပန္လည္ရင္ၾကားေစ့ေရး ဆုိတဲ့ ႐ုိးရွင္းတဲ့ အေျခခံေပၚမွာ ရပ္တည္ေနတဲ့အတြက္ ေ၀ဖန္ခံေနရတာပါ။

BW - ခင္ဗ်ားေျပာတာကုိ ၾကားရတာက ႏုိင္ငံေရးသမားတစ္ေယာက္ ပံုေပါက္ေနပါတယ္။

DASSK - ကၽြန္မက အၿမဲတမ္း ႏုိင္ငံေရးသမား တစ္ေယာက္ပါပဲ။

BW - ဒီႏုိင္ငံက ႏုိင္ငံေရးသမားေတြကုိ ဘယ္လုိစုစည္းႏုိင္မလဲ။

DASSK - ဒီေမးခြန္းက ႐ုိးရွင္းၿပီး ခက္ခဲတဲ့ ေမးခြန္းပါ။ ကၽြန္မတုိ႔ ယံုၾကည္မႈနဲ႔ စုစည္းရမွာပါ။ မတူညီတဲ့ တုိင္းရင္းသား ႏုိင္ငံသားေတြၾကား ယံုၾကည္မႈ တည္ေဆာက္ရပါမယ္။

BW - ခင္ဗ်ားက အမ်ားႀကီး စေတးခဲ့တယ္ေနာ္။ ႏုိင္ငံအတြက္ မိသားစု ကုိေတာင္ စြန္႔လႊတ္ခဲ့တယ္။ ဘာေၾကာင့္ လုပ္ခဲ့တာပါလဲ။

DASSK - ကၽြန္မက ဒါကုိယံုၾကည္ၿပီး လုပ္ခ်င္တဲ့ဆႏၵရွိတဲ့အတြက္ လုပ္ခဲ့တာ ပါ။ ဒါေၾကာင့္ အနစ္နာခံ စေတးတယ္လုိ႔ မထင္ပါဘူး။

BW - ဒါက အနစ္နာခံတာ မဟုတ္ဘူးလုိ႔ ဘာေၾကာင့္ ေျပာရတာပါလဲ။

DASSK - တစ္စံုတစ္ခုကုိ ယံုၾကည္တဲ့အတြက္ ေဆာင္ရြက္ဖုိ႔ ကုိယ္တုိင္ ေရြးခ်ယ္ခဲ့တာကုိ အနစ္နာခံတယ္လုိ႔ ေခၚႏုိင္ပါ့မလား။

သမၼတဦးသိန္းစိန္က Bill Whitaker ႏွင့္ အင္တာဗ်ဴးစဥ္ သူ ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ ၾကားတြင္ မည္သည့္ ျပႆ      နာမွ် မရွိဟု ေျပာၾကားခဲ့သည္။



ဦးသိန္းစိန္ က “ကၽြန္ေတာ္တုိ႔က မိတ္ဖက္ေတြ မဟုတ္ေပမယ့္ ရန္သူေတြ မဟုတ္ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္ျဖစ္၊ အျခား ဘယ္ပါတီ ျဖစ္ျဖစ္ အႏုိင္ရသူကုိ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေပးမွာပါ” ဟု ေျပာၾကားသည္။

KHTun
Ref – CBS NEWS (60 Minutes)
The Ladies News Journal
https://www.facebook.com/News.TheLadies
.....................


 အမေရိကန်နိုင်ငံတွင် လူကြည့်အများဆုံး အင်တာဗျူးအစီအစဉ် တစ်ခု ဖြစ် သည့် 60 Minutes မှ အစီအစဉ်တင်ဆက်သူ Bill Whitaker သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားနိုင်ငံရေး လူမူရေး ဘာသာရေးနယ်ပယ်မှာ ပုဂ္ဂိုလ်အချိ ့ဖြင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းပြီး The NEW Burma ဆိုသည့် ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အရပ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့က မိနစ် ၆၀ စာ အမေရိကန်နိုင်ငံတစ်ဝှမ်းသို့ CBS သတင်းအစီအစဉ်မှ ထုတ်လွှင့်ပြသခဲ့သည်။

Bill Whitaker သည် မြန်မာနိုင်ငံသို့ ၁၉၉၀ ခုနှစ်က ပထမအကြိမ် ရောက်ခဲ့ ဖူးပြီး ထိုအချိန်က ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ ဆိုင်ရာများကို ရယူနိုင်ရန် သတင်းထောက်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်သည်။

- The NEW Burma -

စစ်အာဏာရှင်ကို ဆန့်ကျင် ရပ်တည်ခဲ့သည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ပိုင်ဆိုင်ရုံဖြင့် ဖမ်းဆီး ထိန်းသိမ်း ခဲ့ရခြင်းမျိုး ယခင်နှစ် အနည်းငယ်က ရှိခဲ့သော်လည်း ယခုအခါတွင် သူမ၏ ပုံရိပ်များကို နေရာတကာ တွင် မြင်တွေ့လာရသည်။

ဒေါ်အောင်ဆန်းစုကြည်က “လူတွေက ပျော်ရွှင်စရာ ဇာတ်သိမ်းကို လိုချင်ကြပါတယ်။ သူတို့က မြန်မာနိုင်ငံကို အောင်မြင်မှု နမူနာ ဇာတ်လမ်း ဖြစ်စေချင်ကြပါတယ်။ ဒီနေ့ ကမ္ဘာမှာ အောင်မြင်မှု ဇာတ်လမ်းနဲ့ ပျော်ရွှင်စရာ ဇာတ်သိမ်းတွေ အလွန်နည်းပါတယ်။ တစ်စုံတစ်ခု ကို လိုချင်နေရုံနဲ့ မရနိုင်ဘူးလို့ ကျွန်မ အမြဲပြောပါတယ်။” သူမ၏ အင်တာဗျူး တွင် ထောက်ပြ ပြောဆိုခဲ့သည်။


BW - မြန်မာနိုင်ငံဟာ ယခုအချိန်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေတယ်လို့ ယုံကြည်ပါသလား။

DASSK - ဒီမိုကရေစီလမ်းကြောင်း မဟုတ်ပါဘူး။ ကျွန်မတို့က စည်းကမ်းပြည့်ဝတယ်လို့ အယောင်ဆောင်ထားတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေတာကြပါ။

BW - စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုးလဲ။

DASSK - စစ်အာဏာရှင် ခေါင်းဆောင်တွေ ရှုမြင်တဲ့ ဒီမိုကရေစီပုံစံပါ။

BW - အဲဒါက ခင်ဗျားရဲ့ ဒီမိုကရေစီ အတွေးအခေါ်နဲ့ ကိုက်ညီပါသလား။

DASSK - မကိုက်ညီပါဘူး။

BW - ဒီစနစ်ကို ကိုယ်စားပြုတဲ့ အင်အားတွေကို မြင်တဲ့အခါမှာ ဒါတွေ ကို ပြောင်းလဲနိုင်မယ်လို့ ဘယ်အရာက တွေးမိစေတာပါလဲ။

DASSK - ဒီစနစ်က တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ပြည်သူ အများစုကို ကိုယ်စား မပြုပါဘူး။ ဒါက ဘယ်လိုပဲ စိတ်လှုပ်ရှားစရာဖြစ်ဖြစ် ပြည်သူကို အမှန်တကယ် ကိုယ်စားမပြုပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ တည်ငြိမ်အေးချမ်းသည့် အသွင်ဖြင့် မြင်တွေ့ရသည်။ သို့သော် အချိန် အနည်းငယ်ကြာ စကားပြောကြည့်သောအခါ ဆယ်စုနှစ် ၂ ခုမျှ နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ကိုင်စွဲခဲ့သည့် ခိုင်မာသော သန္နိဋ္ဌာန်ကို မြင်တွေ့ရသည်။

BW - ခင်ဗျားက အတော့်ကို စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်နော် ။

DASSK - ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ္တိကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ငယ်ငယ်က အမှောင်ကို ကြောက်တတ်ပါတယ်။ ကြွက်သေ လိုဟာမျိုးတွေ တွေ့ရင်လည်း အဆင်မပြေပါဘူး။ ဒါပေမဲ့ ရင်ဆိုင်ရမယ့် အရာကိုတော့ ရင်ဆိုင်ပြီး အကောင်းဆုံး လုပ်နိုင်မယ် လို့ မျှော်လင့်ပါတယ်။

BW - ခင်ဗျားကို ဒီမိုကရေစီ အမှတ်လက္ခဏာအဖြစ် ကမ္ဘာအနှံ့က မှတ်ယူ ထားကြပါတယ်။

DASSK - ကျွန်မကို အမှတ်လက္ခဏာတစ်ခုအဖြစ် ၊ စံနမူနာအဖြစ် ခေါ် ဆိုတာ မနှစ်သက်ပါဘူး။ ကျွန်မက အလုပ် အလွန်ကြိုးစားတယ် လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် အလုပ် ကြိုးစားသူအဖြစ်ပဲ ရှုမြင်ခံ လိုပါတယ်။ အမှတ်လက္ခဏာတွေ၊ စံနမူနာတွေက လက်တွေ့မှာ အလုပ် သိပ်မဖြစ်ဘူးလို့ ထင်ပါတယ်။

BW - ရွေးကောက်ပွဲ နီးလာပြီနော် ။ အရေးကြီးတဲ့ ရွေးကောက်ပွဲပေါ့။ လွတ်လပ်ပြီး တရားမျှတမယ်လို့ ယုံကြည်ပါသလား။

DASSK - ကျွန်မတို့ အခုလိုအပ်နေတာ ယုံကြည်ဖို့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အခု လိုအပ်နေတာက လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ဖို့ပါ။ ဒီအချိန်က စိန်ခေါ်မှုတွေ ရင်ဆိုင်နေရချိန်ဖြစ်ပြီး စိန်ခေါ်မှုတွေက အခွင့်အရေးတွေ လည်း ဖြစ်ပါတယ်။

BW - ဟုတ်ပါတယ်။ ခင်ဗျားကို သမ္မတမဖြစ်အောင် ရည်ရွယ် ရေးဆွဲထား တယ်လို့ ထင်ပါသလား။

DASSK - ဟုတ်ပါတယ်။ အချို့ပုဒ်မတွေက ကျွန်မကို ရည်ရွယ်ပြီး ရေးဆွဲ ထားတာလို့ လူသိရှင်ကြား ပြောရဲပါတယ်။

BW - ခင်ဗျား သမ္မတဖြစ်ချင်ပါသလား။

DASSK - ကျွန်မ ဖြစ်စေချင်တာက ပြည်သူတွေအနေနဲ့ အမှန်တကယ် အနိုင်ရတယ်လို့ ခံစားမိပြီး ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ရတဲ့ ရလဒ်တွေ ခံစား ရစေဖို့ပါ။ အစိုးရအခွဲ့ခေါင်းဆောင်ကို ပြည်သူတွေက လွတ်လပ်စွာ ရွေးချယ် ခွင့်ရမယ်ဆိုရင်တော့ ဒါ အဆင်ပြေပါတယ်။

မ.ဘ.သ ဆရာတော် ဦးဝီရသူက အမျိုးသားရေး နှင့် ပတ်သက် လျှင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝ အသုံးမကျ ဟု Bill Whitaker အား ပြောကြား ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီများအတွက် ရပ်တည်မပေးဟု နိုင်ငံတကာက ဝေဖန်ဖိအားပေးမှုများ ရှိနေခဲ့သည်။

DASSK - အခုအချိန်မှာ ကျွန်မက ဗုဒ္ဓဘာသာတွေကို အပြစ်မတင်ဘူး ဆိုပြီး ပြင်ပကမ္ဘာက ဝေဖန်ကြပါတယ်။ ပြည်တွင်းမှာတော့ မွတ်ဆလင်တွေကို အပြစ်မတင်လို့ဆိုပြီး ဝေဖန်ခံရပါတယ်။ ကျွန်မက လိုက်လျောညီထွေရှိမှုနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ ရိုးရှင်းတဲ့ အခြေခံပေါ်မှာ ရပ်တည်နေတဲ့အတွက် ဝေဖန်ခံနေရတာပါ။

BW - ခင်ဗျားပြောတာကို ကြားရတာက နိုင်ငံရေးသမားတစ်ယောက် ပုံပေါက်နေပါတယ်။

DASSK - ကျွန်မက အမြဲတမ်း နိုင်ငံရေးသမား တစ်ယောက်ပါပဲ။

BW - ဒီနိုင်ငံက နိုင်ငံရေးသမားတွေကို ဘယ်လိုစုစည်းနိုင်မလဲ။

DASSK - ဒီမေးခွန်းက ရိုးရှင်းပြီး ခက်ခဲတဲ့ မေးခွန်းပါ။ ကျွန်မတို့ ယုံကြည်မှုနဲ့ စုစည်းရမှာပါ။ မတူညီတဲ့ တိုင်းရင်းသား နိုင်ငံသားတွေကြား ယုံကြည်မှု တည်ဆောက်ရပါမယ်။

BW - ခင်ဗျားက အများကြီး စတေးခဲ့တယ်နော်။ နိုင်ငံအတွက် မိသားစု ကိုတောင် စွန့်လွှတ်ခဲ့တယ်။ ဘာကြောင့် လုပ်ခဲ့တာပါလဲ။

DASSK - ကျွန်မက ဒါကိုယုံကြည်ပြီး လုပ်ချင်တဲ့ဆန္ဒရှိတဲ့အတွက် လုပ်ခဲ့တာ ပါ။ ဒါကြောင့် အနစ်နာခံ စတေးတယ်လို့ မထင်ပါဘူး။

BW - ဒါက အနစ်နာခံတာ မဟုတ်ဘူးလို့ ဘာကြောင့် ပြောရတာပါလဲ။

DASSK - တစ်စုံတစ်ခုကို ယုံကြည်တဲ့အတွက် ဆောင်ရွက်ဖို့ ကိုယ်တိုင် ရွေးချယ်ခဲ့တာကို အနစ်နာခံတယ်လို့ ခေါ်နိုင်ပါ့မလား။

သမ္မတဦးသိန်းစိန်က Bill Whitaker နှင့် အင်တာဗျူးစဉ် သူ နှင့် ဒေါ်အောင်ဆန်းစုကြည် ကြားတွင် မည်သည့် ပြဿ      နာမျှ မရှိဟု ပြောကြားခဲ့သည်။


ဦးသိန်းစိန် က “ကျွန်တော်တို့က မိတ်ဖက်တွေ မဟုတ်ပေမယ့် ရန်သူတွေ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖြစ်၊ အခြား ဘယ်ပါတီ ဖြစ်ဖြစ် အနိုင်ရသူကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးမှာပါ” ဟု ပြောကြားသည်။

KHTun
Ref – CBS NEWS (60 Minutes)
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment