Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

ေရြးေကာက္ပြဲေစာင့္ၾကည့္ ဖို႔ ေလွ်ာက္လႊာတင္သူ ၆ ေထာင္ေက်ာ္ ရွိ

 ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး ၾသဂုတ္လ ၁ဝ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Park Royal ဟိုတယ္မွာ PACE အဖြဲ႕က သတင္းစာရွင္းလင္းစဥ္။ Photo: Thiha Tun/RFA
လာမယ့္ ႏိုဝင္ဘာေရြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာဖို႔ ေလွ်ာက္လႊာတင္ထားသူေပါင္း ၆ ေထာင္ ေက်ာ္ ရွိတယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ကေျပာပါတယ္။

ျပည္တြင္းအဖြဲ႔အစည္း ၉ ခုက ေလွ်ာက္လႊာတင္သူေပါင္း အခုထိ ၆၂၆၁ ဦးရွိၿပီလို႔ ျပည္ေထာင္စု ေရြးေကာက္ ပြဲ ေကာ္မရွင္ ဥကၠဌ ဦးတင္ေအး က ေျပာပါတယ္။

ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေရး ေလွ်ာက္လႊာေတြကို ေအာက္တိုဘာ ၂၄ ရက္ေန႔ ေနာက္ဆံုးထားၿပီး တင္သြင္း ရမွာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ အဖြဲ႔အစည္းေတြက ေစာင့္ၾကည့္ေလ့လာသူ ၂ဝ၂ ဦးကိုလည္း ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူ အဖြဲ႔အစည္းေတြနဲ႔ လူပုဂၢိဳလ္ေတြဟာ မဲရံုအရာရွိေတြ၊  မဲဆႏၵရွင္ေတြနဲ႔ လွ်ိဳ႕၀ွက္မဲေပးစနစ္ကို အေႏွာက္အယွက္မျပဳဘဲ၊ တည္ဆဲဥပေဒေတြနဲ႔ က်င့္၀တ္ေတြကို လိုက္နာ ရမွာ ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ က ေျပာပါတယ္။

ျပည္တြင္း က ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ PACE ေခၚ "ယံုၾကည္ရေသာ ေရြးေကာက္ပြဲ မ်ားေပၚေပါက္ေရး၊ ျပည္သူမ်ားပူးေပါင္းလႈပ္ရွားမႈ အဖြဲ႔"က အဖြဲ႔ဝင္ႏွစ္ေထာင္နဲ႔ ၿမိဳ႕နယ္ ၁၁၀ မွာ ေလ့လာ ေစာင့္ၾကည့္မွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............................

 ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ PACE အဖွဲ့က သတင်းစာရှင်းလင်းစဉ်။ Photo: Thiha Tun/RFA
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ လျှောက်လွှာတင်ထားသူပေါင်း ၆ ထောင် ကျော် ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကပြောပါတယ်။

ပြည်တွင်းအဖွဲ့အစည်း ၉ ခုက လျှောက်လွှာတင်သူပေါင်း အခုထိ ၆၂၆၁ ဦးရှိပြီလို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး လျှောက်လွှာတွေကို အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်း ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့်ကြည့်လေ့လာသူ ၂ဝ၂ ဦးကိုလည်း ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ မဲရုံအရာရှိတွေ၊  မဲဆန္ဒရှင်တွေနဲ့ လျှို့ဝှက်မဲပေးစနစ်ကို အနှောက်အယှက်မပြုဘဲ၊ တည်ဆဲဥပဒေတွေနဲ့ ကျင့်ဝတ်တွေကို လိုက်နာ ရမှာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က ပြောပါတယ်။

ပြည်တွင်း က ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PACE ခေါ် "ယုံကြည်ရသော ရွေးကောက်ပွဲ များပေါ်ပေါက်ရေး၊ ပြည်သူများပူးပေါင်းလှုပ်ရှားမှု အဖွဲ့"က အဖွဲ့ဝင်နှစ်ထောင်နဲ့ မြို့နယ် ၁၁၀ မှာ လေ့လာ စောင့်ကြည့်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment