Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 28, 2015

နံနက်စောစော ထမင်းရည်သောက်ခြင်းဖြင့် ပိန်စေနိုင်

နံနက်စောစောစားသောက်သော အစာအဟာရသည် လူကိုခွန်အားဖြစ်စေပြီး ဝဖြိုးစေနိုင်သည်။ ငယ် စဉ်အခါတွင် ခွန်အားပြည့်ဖြိုးပြီး ထွားကျိုင်းစေရန်၊ မှတ်ဉာဏ်၊ ထိုးထွင်းဉာဏ်ရင့်သန်စေရန်အတွက် နံနက်စာကို သားငါး၊ အသီးအရွက် အစုံပါအောင်ကျွေးသင့်သည်။ အနောက်တိုင်း သုတေသီများ၏ နောက်ဆုံးတွေ့ရှိချက်အရ ကြက်ဥကိုပင် နေ့စဉ်တစ်လုံး၊ အနှစ်ပါစားသုံးခြင်းဖြင့် ကိုယ်ခံအားပို၍ ကောင်းပြီး ရောဂါကူးစက်မှုများကိုပင် ခံနိုင်ရည်ရှိစေနိုင်သည်ဟု ဆိုသည်။

သို့သော် အသက် (၄၀) ကျော်လာသောအခါ လိုအပ်သည်ထက်ပိုပြီး ဝဖြိုးလာသောအခါ သွေးစစ် ကြည့်၍ အဆီဓာတ်များလာသောအခါ ကျန်းမာရေးအတွက် နံနက်စာအဟာရကို လျှော့စားသင့်သည်။ ဖြစ်နိုင်လျှင် အဆီအသားတွဲနေသော အစာများကိုရှောင်သင့်သည်။ ထမင်းစားလျှင်လည်း ဆန်စေးကို ရှောင်ပြီး ဆန်ကြမ်းကိုစားလျှင် ဆီးချို၊ သွေးတိုးရောဂါဘေးမှ ကင်းဝေးနိုင်သည်။ ထမင်းကိုတစ်ဝကြီး မစားတော့ပဲ ပန်းကန်ပြားတစ်ချပ်၏ လေးပုံတစ်ပုံသာစားလျှင် အဝလွန်ခြင်းမှ ကာကွယ်နိုင်ပေသည်။

ကျန်းမာရေးကောင်းပြီး အသက်ရှည်ကြသော ရှေးမြန်မာများ၏ နံနက်စာအဟာရမှာ ထမင်းရည်ပင် ဖြစ်သည်။ ထမင်းချက်လျှင် မြေအိုးနှင့်ချက်ကြသည်။ ထမင်းရည်ငှဲ့ပြီးသောအခါ မြေစလောင်းဖုံးအချွန် အတွင်းသို့ မောက်တက်လာသော ထမင်းဦးပေါင်းကို ဘုရားဆွမ်းတော်တင်ကြသည်။ ယခုခေတ်လူ ငယ်များမှာ ထမင်းဦးပေါင်းကို မမြင်ဖူးကြတော့ပေ။ ဒန်အိုး၊ ထမင်းပေါင်းအိုးတို့ဖြင့် ချက်ကြသဖြင့် ဦး ပေါင်းကို မမြင်ဖူးကြခြင်းဖြစ်သည်။ ထမင်းဦးပေါင်းသည် အလွန်မွှေးသည်။ အချို့ကရဟန်းသံဃာများ လောင်းလှူသောအခါ ဆွမ်းနံ့မွှေးစေရန် ဆွမ်းမွှေးရွက်ပေါ် အရွက်တစ်မျိုးကို ထည့်ချက်လေ့ရှိသည်။ ထမင်းဦးပေါင်း၏ရနံ့မှာ မြေအိုးဖြင့်ချက်သောကြောင့် မြေသင်းရနံ့ရသည်ဟု ဆိုနိုင်သည်။ ထိုမြေသင်း နံ့သည် ပထဝီဓာတ်ဖြစ်သဖြင့် လူကိုကျန်းမာစေသည်ဟု ရှေးလူကြီးများက ဆိုကြသည်။

“ဦးပေါင်းကိုတဲ့ ဆွမ်းတော်တင် သံလွင်လွင်ကြေးစည်တီးတယ် . . . ထွန်းတဲ့ဆီမီး” ဟူသော ရှေးက ဖတ်စာအုပ်တွင်ပါသော ကဗျာထဲမှ ထမင်းဦးပေါင်းပျောက်သွားသည့်နည်းတူ ထမင်းရည်သောက် သည့် မြန်မာ့ဓလေ့မှာလည်း ပျောက်ကွယ်သွားချိန်တွင် ထမင်းရည်၏ အဆီကျပိန်စေနိုင်သော ကောင်းကျိုးတစ်ခုကို တင်ပြလိုပါသည်။

ရှေးမြန်မာကလေးများသည် အာဟာရအဖြစ် ထမင်းရည်ကို ဆားခတ်ပြီးသောက်ကြသည့် ဓလေ့ရှိ သည်။ လူကြီးများကလည်း ဆွမ်းချက်သောအခါ ဦးစွာပွက်လာသော ထမင်းရည်ကို သွန်ချပစ်ရမည့် အစား ငှဲ့ယူထားပြီးဆေးဖက်ဝင်အဖြစ် သောက်သုံးလေ့ရှိကြသည်ဟု ရှေးမြန်မာ့ဓလေ့များအကြောင်း ရေးသားချက်တွင် ဖတ်ရှူရဖူးသည်။

ထမင်းပေါင်းဦးရည် (ထမင်းရည်) သောက်သုံးခြင်းဖြင့် ဝသောသူကို ပိန်စေနိုင်သည်ဟု ရှေးနှစ်ပေါင်း (၁၀၀) ကျော်က “ဘေသဇ္ဇ မဉ္ဇူသာ” ဆေးကျမ်းကြီးတွင် ဖော်ပြပါရှိသည်။ မင်းတုန်းမင်း တရားကြီး လက်ထက်တော်က အိန္ဒိယမှယူလာသောဆေးကျမ်းကို ဟိန္ဒီစာတတ်သော ဘင်္ဂလားဆရာတော်ကြီး ကဘာသာပြန်ခဲ့သော ဆေးကျမ်းကြီးဖြစ်သည်။ တိုင်းရင်းဆေးသမားတော်များ လက်ဆွဲထားရသော ဆေးကျမ်းဖြစ်သည်။

ဤဆေးကျမ်းကြီးတွင် ဝသူကိုပိန်စေနိုင်သောအချက် (၂) ချက်ကို ဖော်ပြထားသည်။

(၁) နံနက်စောစော . . . မဓုယုတံ . . . ပျားရည်နှင့်ရောသောရေကို သေဝိတံ မှီဝဲသုံးဆောင်မူ၊ ထုလ္လနာသနံ အလွန်ဝခြင်းကို ဖျက်ဆီးတတ်၏။

(၂) မန္နဿထမင်း၏ ဥဏှံပူနွေးသော . . . မဏ္ဍံဝါရသာဦးရည်ကိုလည်း၊ ဝိပံ ပီဝန္တော သောက် သော သူသည် ကိသတနု ပိန်သောကိုယ်ရှိသည် . . . ဘဝေဖြစ်၏ဟု အတိအလင်းရေးသားဖော်ပြ ထားသည်ကို ဖတ်ရှုလေ့လာရပါသည်။ ယခုခေတ်တွင် ထမင်းပေါင်းအိုးများဖြင့် အလွယ်တကူခလုတ် နှိပ်ပြီးချက်နိုင်သောကြောင့် ထမင်းဦးပေါင်းရည်ရယူရန် အခက်အခဲရှိနိုင်ပါသည်။ အကယ်၍ရယူလို လျှင် ထမင်းပေါင်းအိုးဖြင့်ချက်ရာတွင် ရေအနည်းငယ် ပိုထည့်ချက်ပါ။ ထမင်းကျက်၍ မနှပ်မီအဖုံးဖွင့် ၍ ဇွန်းဖြင့် လက်ဖက်ရည်ပန်းကန်နှစ်လုံးစာမျှ ထမင်းရည်ကို ခပ်ယူပါ။ နေ့စဉ်ရက်ဆက်၊ နံနက်စော စော တစ်လခွဲခန့် သောက်သုံးကြည့်ပါက အမှန်ပင်ဝမ်းဗိုက်ချပ်ပြီး ပိန်စေနိုင်ကြောင်း လက်တွေ့ကျင့် သုံးဖူးသူများမှ ပြောပြပါသည်။ အဆီကျပိန်စေနိုင်သော လွယ်ကူသည့်နည်းလမ်းဖြစ်သဖြင့် စမ်း သောက်ကြည့်ကြစေလိုသည်။

ငယ်စဉ်ကသင်ကြားရသော မြန်မာရာဇဝင်တွင် သာလွန်မင်းတရားသည် ဆင်စီးပြီး တိုင်းခန်းလှည့် လည်လာစဉ် ဆင်းရဲသားများနေထိုင်ရာ ဇနပုဒ်ရွာတွင် သူဆင်းရဲမတစ်ဦးသည် အပေါ်ဝတ်မပါ ထဘီ ရင်လျားဖြင့် မြေအိုးဖြင့်ချက်သော ထမင်းရည်ကို လမ်းပေါ်သို့ငှဲ့ချနေသည်နှင့် တိုးတော့သည်။ သာ လွန်မင်းကြီးသည် ထိုဆင်းရဲသူမကို ခေါ်ယူပြီးလျှင် “ဟယ် . . . သူမိုက်မ၊ သင်သည်အဖိုးတန်သော ထမင်းရည်ကို အဘယ်အတွက်ကြောင့် လမ်းပေါ်သို့ အချည်းအနှီးသွန်ငှဲ့ပစ်လေသနည်း။ အမှန်မူ ဤ ထမင်းရည်အာဟာရကို သင်၏ကလေးငယ်များ အဆာပြေအဖြစ် တိုက်ကျွေး၍ရသည်။ အိမ်တွင်မွေး ထားသော ခွေးသော်လည်း တိုက်ကျွေး၍ရနိုင်သည်။ နောင်တွင် ဤသို့ပြမူသူများကို ပြစ်ဒဏ်ခတ် မည်” ဟု ဆုံးမတော်မူခဲ့သည်ဟု ဖတ်ရှုရဖူးပါသည်။

ထမင်းချက်ရာတွင် ရှေးအခါက မြေထမင်းအိုးဖြင့် အရည်ငှဲ့ချက်လေ့ရှိသည်။ မြေစလောင်းဖုံးထပ်ချွန် တွင် နူးနပ်နေသောထမင်းကို ဦးပေါင်းဟုခေါ်သည်။ မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသ ဖြင့် ထိုထမင်းဦးပေါင်းကို ဆွမ်းတော်တင်လေ့ရှိကြသည်။ မြေအိုးမှ သံ၊ သတ္တု၊ ဒန်အိုးများ ခေတ် ပြောင်းသွားသောအခါ ဦးပေါင်းဟူ၍မရှိတော့။ ယခုခေတ်အခါတွင် လျှပ်စစ်ဖြင့် ခလုပ်နှိပ်ပြီးချက်သော ထမင်းအိုးများသာ မြို့ကြီးများတွင် အသုံးပြုကြသဖြင့် ထမင်းရည်ငှဲ့ချက်သော ဓလေ့မှာပျောက်ကွယ် သလောက်ဖြစ်သွားခဲ့လေပြီ။

ရှေးက ထမင်းချက်ရာမှ ငှဲ့၍ရသောထမင်းရည်ကို ဆားခပ်ပြီး ကလေးသူငယ်များကို အာဟာရအဖြစ် အဆာပြေတိုက်ကျွေးရုံသာမက လူကြီးများအစာကြေစေရန်နှင့် လေပူကျစေရန် တိုက်ကျွေးကြသည်။ လေပူကြောင့် ပါးစောင်၊ ခံတွင်းနှင့်လျှာများတွင် အနာများ၊ အပူကန်ဖုများထွက်လျှင် ထမင်းရည်ပူပူကို ဆားခတ်ပြီးတိုက်ပါက ပျောက်ကင်းနိုင်သည်။ ခြေထောက်ရေစိုသော မိုးတွင်းကာလတွင် အထက်သို့ အပူကန်သောအနာသည် ပို၍ဖြစ်လေ့ရှိသည်။

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ပြုစုသော ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြထားသည်မှာ ထမင်းရည်သည် အစာကိုများစွာစားနိုင်စေ၏။ ဆီးကိုရွှင်စေတတ်၏။ သွေးကိုပွားစေတတ်၏။ အဖျား ကိုနိုင်၏။ သလိပ်သည်းခြေကိုနိုင်၏။ အသက်ကို ရှည်စေတတ်၏။ ဤသို့ ဂုဏ်ရှစ်ပါးရှိ၏။ ထိုထမင်း ရည်တွင် သင်္ဘောချင်းမှုန့်နှင့် သိန္ဓောခတ်၍သောက်လျှင် ဝမ်းမီးတောက်စေ၏။ အစာကိုကြေစေတတ် ၏။

တစ်နည်း . . . ထမင်းရည်သည် ဝမ်းချုပ်၏။ ကြေလွယ်၏။ အေး၏။ ဝမ်းမီးကို တောက်စေတတ်၏။ ရသအစရှိသော ဓာတ်ခုနှစ်ပါးတို့ကို ညီညွတ်စေတတ်၏။ အဖျားကိုနိုင်၏။ သောက်လျှင် ဝလွယ်၏။ အားကိုဖြစ်စေတတ်၏။ ထမင်းရည်တွင် ပိတ်ချင်းမှုန့်၊ သင်္ဘောချင်းခြောက်မှုန့်ခပ်သောက်လျှင် လေကို လည်စေတတ်၏။ အစာကိုကြေစေ၏ဟု ထပ်မံဖွင့်ဆိုထားသည်ကို တွေ့ရပြန်သည်။

စာမေးပွဲဖြေချိန်ရောက်တိုင်း လျှာနှင့်ပါးစပ်တွင် အနီစက်ကဲ့သို့ အနာများထွက်လေ့ရှိသော သမီးငယ် တစ်ဦးကိုထမင်းနှင့် ဟင်းအပူအစပ်များ မကျွေးဘဲနံနက်စောစော ထမင်းချက်၍ ထမင်းရည်ငှဲ့ပြီး တိုက် ကျွေးသောအခါ အနာများသက်သာလာသည်ကို တွေ့ရပါသည်။

ထမင်းရည်သည် ဆန်ပြုနှင့်မတူ၊ အအေးခံထားလျှင် အချဉ်ပေါက်လွယ်သဖြင့် ငှဲ့ပြီးပူတုန်းအချိန်တွင် တိုက်ကျွေးရန်သင့်သည်။ ဆားအသင့်အတင့်ခတ်ပြီးမှတိုက်လျှင် အရသာရှိပြီး လေကြေစေသည်။ လေကိုအောက်သို့ သက်စေနိုင်သည်။ အေးမှတိုက်ကျွေးလျှင် လေချဉ်ကိုအထက်သို့ ပြန်တက်စေနိုင် သည်ကို သတိပြုဖို့လိုသည်။

အနောက်တိုင်းအာဟာရ သုတေသီများက ထမင်းရည်ငှဲ့ချက်လျှင် အာဟာရဓာတ်များ ဗီတာမင် ဘီ (၂) ကဲ့သို့ဓာတ်များပါသွားပြီး ဆုံးရှုံးနိုင်သည်ဟုဆိုသော်လည်း နောက်ပိုင်းဆီးချိုနှင့်ပတ်သက်သော သုတေသနပြုမှုများက ထမင်းရည်ငှဲ့ချက်သော ထမင်းကိုစားသူထက် ထမင်းရည်ခန်းချက်စားသူက ပို၍ဆီးချိုရောဂါဖြစ်စေနိုင်သည်ဟု ဆိုသည်။ ထမင်းရည်ငှဲ့ချက်ခြင်းဖြင့် ဆီးချို သွေးချိုရောဂါကာကွယ် မှုကို အထောက်အကူဖြစ်နိုင်ပေသည်။ ။

ကြေးမုံသတင်းစာ
......................
နံနက်စောစော ထမင်းရည်သောက်ျခင်ျးဖင့် ပိန်စေနိုင်

နံနက်စောစောစားသောက်သော အစာအဟာရသည် လူကိုခြန်အာျးဖစ်စေပြီး ဝဖြိုးစေနိုင်သည်။ ငယ် စဉ်အခါတြင် ခြန်အာျးပည့်ဖြိုးပြီး ထြားကိုင်းစေရန်၊ မွတ်ဉာဏ်၊ ထိုးထြင်းဉာဏ်ရင့်သန်စေရန်အတြက် နံနက္စာကို သားငါး၊ အသီးအရြက် အစုံပါအောင်ကျြေးသင့်သည်။ အေနာက္တိုင်း သုတေသီမ်ား၏ နောက္ဆုံးတြေ့ရွိခ်က်အရ ကြက်ဥကိုပင် နေ့စဥ္တစ္လုံး၊ အနွစ္ပါစားသုံျးခင်ျးဖင့် ကိုယ္ခံအားပို၍ ကောင်းပြီး ရောဂါကူးစက္မှုမ်ားကိုပင် ခံနိုင်ရည်ရွိစေနိုင်သည်ဟု ဆိုသည်။

သို့သော် အသက် (၄၀) ကေ်္လာာသောအခါ လိုအပ်သည္ထက္ပိုပြီး ဝဖြိုးလာသောအခါ သြေးစစ် ကြည့်၍ အဆီဓာတ္မ်ားလာသောအခါ က်န်းမာရေးအတြက် နံနက္စာအဟာရကို လွော့်စားသင့်သည်။ျဖစ်နိုင္လ်ွင် အဆီအသားတြဲနေသာ အစာမ်ားကိုရွောင်သင့်သည်။ ထမင်းစားလ်ွင္လည်း ဆန်စေးကို ရွောင်ပြီး ဆန်ကြမ်းကိုစားလ်ွင် ဆီးခို၊ သြေးတိုးရောဂါဘေးမွ ကင်းဝေးနိုင်သည်။ ထမင်းကိုတစ်ဝကြီး မစားတော့ပဲ ပန်းကန်ျပားတစ္ခ်ပ်၏ လေးပုံတစ္ပုံသာစားလ်ွင် အဝလြန်ျခင်းမွ ကာကြယ်နိုင်ပေသည်။

က်န်းမာရေးကောင်းပြီး အသက်ရွည်ကြေသာ ရွေျးမန္မာမ်ား၏ နံနက္စာအဟာရမွာ ထမင်းရည္ပင်ျဖစ်သည်။ ထမင်းခ်က္လ်ွင်ျေမအိုးနွင့်ခ်က်ကြသည်။ ထမင်းရည်ငွဲ့ပြီးသောအခါျေမစေလာင်းဖုံးအချနြ် အတြင်းသို့ မောက္တက္လာသော ထမင်းဦးပေါင်းကို ဘုရားဆြမ်းတ္တောင်ကြသည်။ ယခုခေတ္လူ ငယ္မ်ားမွာ ထမင်းဦးပေါင်းကို မျမင္ဖူးကြေတာ့ပေ။ ဒန်အိုး၊ ထမင်းပေါင်းအိုးတိျု့ဖင့် ခ်က်ကြသျဖင့် ဦး ပေါင်းကို မျမင္ဖူးကျြခင်ျးဖစ်သည်။ ထမင်းဦးပေါင်းသည် အလြန်မွှေးသည်။ အခို့ကရဟန်းသံဃာမ်ား လောင်းလွူသောအခါ ဆြမ်းနံ့မွှေးစေရန် ဆြမ်းမွှေးရြက်ပေါ် အရြက္တစ္မိုးကို ထည့်ခ်က်လေ့ရွိသည်။ ထမင်းဦးပေါင်း၏ရနံ့မွာျေမအိုျးဖင့်ခ်က်သောကြောင့်ျေမသင်းရနံ့ရသည်ဟု ဆိုနိုင်သည်။ ထိျုေမသင်း နံ့သည် ပထဝီဓာတ်ျဖစ်သျဖင့် လူကိုက်န်းမာစေသည်ဟု ရွေးလူကြီးမ်ားက ဆိုကြသည်။

“ဦးပေါင်းကိုတဲ့ ဆြမ်းတ္တောင် သံလြင္လြင်ကြေးစည္တီးတယ် . . . ထြန်းတဲ့ဆီမီး” ဟူသော ရွေးက ဖတ္စာအုပ္တြင္ပါသော ကဗ်ာထဲမွ ထမင်းဦးပေါင်းပော်က်ြသားသည့်နည်းတူ ထမင်းရည်သောက် သည့်ျမန္မာ့ဓေလ့မွာလည်း ပော်က္ကြယ်ြသားခိန္တြင် ထမင်းရည်၏ အဆီက်ပိန်စေနိုင်သော ကောင်းကိုးတစ္ခုကို တင်ျပလိုပါသည်။

ရွေျးမန္မာကေလးမ်ားသည် အာဟာရအျဖစ် ထမင်းရည္ကို ဆားခတ်ပြီးသောက်ကြသည့် ဓေလ့ရွိ သည်။ လူကြီးမ်ားကလည်း ဆြမ်းခ်က်သောအခါ ဦးစြာပြက္လာသော ထမင်းရည္ကို သြန္ခ်ပစ်ရမည့် အစား ငွဲ့ယူထားပြီးဆေးဖက်ဝင်အျဖစ် သောက်သုံးလေ့ရွိကြသည်ဟု ရွေျးမန္မာ့ဓေလ့မ်ားအေကြာင်း ရေးသားခ်က္တြင် ဖတ်ရွူရဖူးသည်။

ထမင်းပေါင်းဦးရည် (ထမင်းရည်) သောက်သုံျးခင်ျးဖင့် ဝေသာသူကို ပိန်စေနိုင်သည်ဟု ရွေးနွစ်ပေါင်း (၁၀၀) ကေ်္ကာ “ဘေသဇ္ဇ မဉ္ဇူသာ” ဆေးက်မ်းကြီးတြင် ဖော်ျပပါရွိသည်။ မင်းတုန်းမင်း တရားကြီး လက္ထက်တ္ကော အိန္ဒိယမွယူလာသောဆေးက်မ်းကို ဟိန္ဒီစာတတ်သော ဘဂင်္လားဆရာတော်ကြီး ကဘာသျာပန္ခဲ့သော ဆေးက်မ်းကြီျးဖစ်သည်။ တိုင်းရင်းဆေးသမားတ္မော်ား လက္ဆြဲထားရေသာ ဆေးက်မ်ျးဖစ်သည်။

ဤဆေးက်မ်းကြီးတြင် ဝသူကိုပိန်စေနိုင်သောအခ်က် (၂) ခ်က္ကို ဖော်ျပထားသည်။

(၁) နံနက်စောစော . . . မဓုယုတံ . . . ပ်ားရည်နွင့်ရောသောရေကို သေဝိတံ မွီဝဲသုံးဆောင္မူ၊ ထုလ္လနာသနံ အလြန်ဝျခင်းကို ဖ်က္ဆီးတတ်၏။

(၂) မန္နဿထမင်း၏ ဥဏွံပူနြေးသော . . . မဏ္ဍံဝါရသာဦးရည္ကိုလည်း၊ ဝိပံ ပီဝေန္တာ သောက် သော သူသည် ကိသတနု ပိန်သောကိုယ်ရွိသည် . . . ဘေဝျဖစ်၏ဟု အတိအလင်းရေးသားဖော်ျပ ထားသည္ကို ဖတ်ရှုလေ့လာရပါသည်။ ယခုခေတ္တြင် ထမင်းပေါင်းအိုးမ်ာျးဖင့် အလြယ္တကူခလုတ် နွိပ်ပြီးခ်က်နိုင်သောကြောင့် ထမင်းဦးပေါင်းရည်ရယူရန် အခက်အခဲရွိနိုင္ပါသည်။ အကယ်၍ရယူလို လ်ွင် ထမင်းပေါင်းအိုျးဖင့်ခ်က်ရာတြင် ရေအနည်းငယ် ပိုထည့်ခ်က္ပါ။ ထမင်းက်က်၍ မနွပ္မီအဖုံးဖြင့် ၍ ဇြန်ျးဖင့် လက္ဖက်ရည္ပန်းကန်နွစ္လုံးစာမွ် ထမင်းရည္ကို ခပ်ယူပါ။ နေ့စဉ်ရက္ဆက်၊ နံနက်စော စော တစ္လခြဲခန့် သောက်သုံးကြည့်ပါက အမွန္ပင်ဝမ်းဗိုက္ခ်ပ်ပြီး ပိန်စေနိုင်ကြောင်း လက်တြေ့က်င့် သုံးဖူးသူမ်ားမွျေပျာပပါသည်။ အဆီက်ပိန်စေနိုင်သော လြယ္ကူသည့်နည်းလမ်ျးဖစ်သျဖင့် စမ်း သောက်ကြည့်ကြေစလိုသည်။

ငယ္စဥ္ကသင်ကြားရေသျာမန္မာရာဇဝင္တြင် သာလြန္မင်းတရားသည် ဆင္စီးပြီး တိုင်းခန်းလွည့် လည္လာစဉ် ဆင်းရဲသားမ်ားနေထိုင်ရာ ဇနပုဒ်ြရာတြင် သူဆင်းရဲမတစ်ဦးသည် အေပ်ါဝတ္မပါ ထဘီ ရင္လ်ာျးဖင့်ျေမအိုျးဖင့်ခ်က်သော ထမင်းရည္ကို လမ်းပေါ်သို့ငွဲ့ခ်နေသည်နွင့် တိုးတော့သည်။ သာ လြန္မင်းကြီးသည် ထိုဆင်းရဲသူမကို ခေါ်ယူပြီးလ်ွင် “ဟယ် . . . သူမိုက္မ၊ သင်သည်အဖိုးတန်သော ထမင်းရည္ကို အဘယ်အတြက်ကြောင့် လမ်းပေါ်သို့ အခ်ည်းအနွီးသြန်ငွဲ့ပစ်လေသနည်း။ အမွန္မူ ဤ ထမင်းရည်အာဟာရကို သင်၏ကေလးငယ္မ်ား အဆျာေပအျဖစ် တိုက်ကျြေး၍ရသည်။ အိမ္တြင်မြေး ထားသော ခြေးသ္လောည်း တိုက်ကျြေး၍ရနိုင်သည်။ နောင္တြင် ဤသိျု့ပမူသူမ်ားကျိုပစ္ဒဏ္ခတ် မည်” ဟု ဆုံးမေတ္မာူခဲ့သည်ဟု ဖတ်ရှုရဖူးပါသည်။

ထမင်းခ်က်ရာတြင် ရွေးအခါကျေမထမင်းအိုျးဖင့် အရည်ငွဲ့ခ်က်လေ့ရွိသည်။ျေမစေလာင်းဖုံးထပ္ချနြ် တြင် နူးနပ်နေသာထမင်းကို ဦးပေါင်းဟုခေါ်သည်။ျမန္မာလူမိုးတို့သည် ဗုဒ္ဓဘာသာဝင္မ်ာျးဖစ်ကြသျဖင့် ထိုထမင်းဦးပေါင်းကို ဆြမ်းတ္တောင်လေ့ရွိကြသည်။ျေမအိုးမွ သံ၊ သတ္တု၊ ဒန်အိုးမ်ား ခေတ်ျေပာင်းသြားသောအခါ ဦးပေါင်းဟူ၍မရွိတော့။ ယခုခေတ်အခါတြင် လ်ွပ္စစ်ျဖင့် ခလုပ်နွိပ်ပြီးခ်က်သော ထမင်းအိုးမ်ားသာ မြို့ကြီးမ်ားတြင် အသုံျးပုကြသျဖင့် ထမင်းရည်ငွဲ့ခ်က်သော ဓေလ့မွာပော်က္ကြယ် သေလာက်ျဖစ်ြသားခဲ့လေပြီ။

ရွေးက ထမင်းခ်က်ရာမွ ငွဲ့၍ရေသာထမင်းရည္ကို ဆားခပ်ပြီး ကေလးသူငယ္မ်ားကို အာဟာရအျဖစ် အဆျာေပတိုက်ကျြေးရုံသာမက လူကြီးမ်ားအစာေကြေစရန်နွင့် လေပူက်စေရန် တိုက်ကျြေးကြသည်။ လေပူကြောင့် ပါးစောင်၊ ခံတြင်းနွင့်လွ်ာမ်ားတြင် အနာမ်ား၊ အပူကန္ဖုမ်ားထြက္လ်ွင် ထမင်းရည္ပူပူကို ဆားခတ်ပြီးတိုက္ပါက ပော်က္ကင်းနိုင်သည်။ျေခေထာက်ရေစိုသော မိုးတြင်းကာလတြင် အထက်သို့ အပူကန်သောအနာသည် ပို၍ျဖစ်လေ့ရွိသည်။

ယောမြို့စားအတြင်းဝန် ဦးဘိုးလှိုင်ျပုစုသော ဥတုဘောဇနသဂင်္ဟက်မ်းတြင် ဖော်ျပထားသည္မွာ ထမင်းရည်သည် အစာကိုမ်ားစြာစားနိုင်စေ၏။ ဆီးကိုရွှင်စေတတ်၏။ သြေးကိုပြားစေတတ်၏။ အဖ်ား ကိုနိုင်၏။ သလိပ်သည်ျးေခကိုနိုင်၏။ အသက္ကို ရွည်စေတတ်၏။ ဤသို့ ဂုဏ်ရွစ္ပါးရွိ၏။ ထိုထမင်း ရည္တြင် သေင်္ဘာခ်င်းမှုန့်နွင့် သိန္ဓောခတ်၍သောက္လ်ွင် ဝမ်းမီးတောက်စေ၏။ အစာကိုေကြေစတတ် ၏။

တစ္နည်း . . . ထမင်းရည်သည် ဝမ်းခ်ုပ်၏။ ကြေလြယ်၏။ အေး၏။ ဝမ်းမီးကို တောက်စေတတ်၏။ ရသအစရွိသော ဓာတ္ခုနွစ္ပါးတို့ကို ညီညြတ်စေတတ်၏။ အဖ်ားကိုနိုင်၏။ သောက္လ်ွင် ဝလြယ်၏။ အားကျိုဖစ်စေတတ်၏။ ထမင်းရည္တြင် ပိတ္ခ်င်းမှုန့်၊ သေင်္ဘာခ်င်ျးေခာက္မှုန့်ခပ်သောက္လ်ွင် လေကို လည်စေတတ်၏။ အစာကိုေကြေစ၏ဟု ထပ္မံဖြင့်ဆိုထားသည္ကို တြေ့ရျပန်သည်။

စာမေးပြျဲေဖခိန်ရောက္တိုင်း လွ်ာနွင့်ပါးစပ္တြင် အနီစက္ကဲ့သို့ အနာမ်ားထြက်လေ့ရွိသော သမီးငယ် တစ်ဦးကိုထမင်းနွင့် ဟင်းအပူအစပ္မ်ား မေကျြးဘဲနံနက်စောစော ထမင်းခ်က်၍ ထမင်းရည်ငွဲ့ပြီး တိုက် ကျြေးသောအခါ အနာမ်ားသက်သာလာသည္ကို တြေ့ရပါသည်။

ထမင်းရည်သည် ဆန်ျပုနွင့်မတူ၊ အေအးခံထားလ်ွင် အခ်ဉ်ပေါက္လြယ်သျဖင့် ငွဲ့ပြီးပူတုန်းအခိန္တြင် တိုက်ကျြေးရန်သင့်သည်။ ဆားအသင့်အတင့်ခတ်ပြီးမွတိုက္လ်ွင် အရသာရွိပြီး လေကြေစသည်။ လေကိုအောက်သို့ သက်စေနိုင်သည်။ အေးမွတိုက်ကျြေးလ်ွင် လေခ်ဥ္ကိုအထက်သိျု့ပန္တက်စေနိုင် သည္ကို သတျိပုဖို့လိုသည်။

အေနာက္တိုင်းအာဟာရ သုတေသီမ်ားက ထမင်းရည်ငွဲ့ခ်က္လ်ွင် အာဟာရဓာတ္မ်ား ဗီတာမင် ဘီ (၂) ကဲ့သို့ဓာတ္မ်ားပါသြားပြီး ဆုံးရှုံးနိုင်သည်ဟုဆိုသ္လောည်း နောက္ပိုင်းဆီးခိုနွင့်ပတ်သက်သော သုတေသနျပုမှုမ်ားက ထမင်းရည်ငွဲ့ခ်က်သော ထမင်းကိုစားသူထက် ထမင်းရည္ခန်းခ်က္စားသူက ပို၍ဆီးခိုရောဂျါဖစ်စေနိုင်သည်ဟု ဆိုသည်။ ထမင်းရည်ငွဲ့ခ်က်ျခင်ျးဖင့် ဆီးခို သြေးခိုရောဂါကာကြယ် မှုကို အေထာက်အကျူဖစ်နိုင်ပေသည်။ ။

ကြေးမုံသတင်းစာ

No comments:

Post a Comment