Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

တာခ်ီလိတ္မွ ဂူေအာင္း က်င့္ေနသည့္ မိုင္းဖုန္းဆရာေတာ္က ေဒၚေအာင္ဆန္းစုၾကည္ ကို လာေရာက္ ဖူးေျမာ္ ေစလိုေၾကာင္း မိန္႔ၾကား




 အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အား ျပည္ေတာ္ျပန္ မိုင္းဖုန္း ဆရာေတာ္မွ တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရွိခိုက္ အပူေဇာ္ခံလိုေၾကာင္း ၊ ဂူေအာင္း က်င့္ေနသည့္အတြက္ ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္ဖူးေျမာ္ပါက ဂူထဲက ထြက္ေတြ႔မည္ဟု မိန္႔ၾကားေၾကာင္း တာခ်ီလိတ္ NLD ႐ံုးမွ သိရွိရသည္ ။

"ဆရာေတာ္က သူ႔ကပၸိယနဲ႔ တစ္ဆင့္ ေျပာလိုက္တာ ။ အေမစုလာရင္ သူေတြ႕ခ်င္တယ္လို႔ မိန္႔လိုက္တာ ။ ဆရာေတာ္အခု ဂူေအာင္းက်င့္ေနတာ အေမစုလာရင္ ဂူထြက္လာမယ္တဲ့" ဟု တာခ်ီလိတ္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေဒၚေအာင္ဆန္းစုၾကည္၏ လံုျခံဳေရး ေဆာင္ရြက္မည့္ ပါတီ၀င္ ကိုသက္မိုးေထြးက ေျပာသည္ ။

မိုင္းဖုန္း ဆရာေတာ္ ဘုရားႀကီး ဘဒၵႏၲဥာဏသံ၀ရအား NLD အဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္မွ ဖူးေျမာ္ႏိုင္ရန္ တာခ်ီလိတ္ မဟာျမတ္မုနိ ဘုရားႀကီးေက်ာင္းႏွင့္ ဆရာေတာ္၏ ေက်ာင္းျဖစ္ေသာ မိုင္းဖုန္း ေက်ာင္းတို႔အား စီစဥ္ထားေသာ္လည္း အၿပီးသတ္ ဆံုးျဖတ္မႈ မရွိေသးေၾကာင္း သိရသည္ ။

တာခ်ီလိတ္ၿမိဳ႕၌ ေအာက္တိုဘာ ၂၀ ရက္ (သို႔) ၂၁ ရက္ေန႔တြင္ မဲဆြယ္ စည္း႐ံုးေရး ေဟာေျပာမည့္ အမ်ိဳးသား ဒီမိုကေရစီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၏ လံုျခံဳေရးအတြက္ ပါတီ၀င္အင္အား ၃၀၀ ခန္႔ျဖင့္ စီမံေဆာင္ရြက္ထားေၾကာင္း သိရသည္ ။

ေဒၚေအာင္ဆန္းစုၾကည္ ေဟာေျပာမည့္ ေနရာအား တာခ်ီလိတ္ ၿမိဳ႕လယ္ရွိ ရွမ္းရိုးမကြင္းအား ျပဳလုပ္ႏိုင္ရန္ သက္ဆုိင္ရာ အာဏာပိုင္မ်ားႏွင့္ ညွိႏွိဳင္းေဆာင္ရြက္ လ်က္ရွိေၾကာင္းႏွင့္ ခြင့္ျပဳခ်က္မရရွိပါက ၿမိဳ႕အ၀င္ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕အစည္းမွ ပိုင္ဆိုင္ေသာ ရွမ္းကြင္းအတြင္း ေဟာေျပာရန္ စီစဥ္ထားေၾကာင္း သိရသည္ ။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္မွာ တာခ်ီလိတ္သို႔ ၁၉၉၉ ခုႏွစ္တြင္ ေနာက္ဆံုးတစ္ႀကိမ္ ေရာက္ရွိခဲ့ၿပီး မကာဟိုခမ္း ရပ္ကြက္အတြင္း ေဟာေျပာပြဲ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္ ။

သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
.........................................





 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်တော်ပြန် မိုင်းဖုန်း ဆရာတော်မှ တာချီလိတ်မြို့သို့ ရောက်ရှိခိုက် အပူဇော်ခံလိုကြောင်း ၊ ဂူအောင်း ကျင့်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမြော်ပါက ဂူထဲက ထွက်တွေ့မည်ဟု မိန့်ကြားကြောင်း တာချီလိတ် NLD ရုံးမှ သိရှိရသည် ။

"ဆရာတော်က သူ့ကပ္ပိယနဲ့ တစ်ဆင့် ပြောလိုက်တာ ။ အမေစုလာရင် သူတွေ့ချင်တယ်လို့ မိန့်လိုက်တာ ။ ဆရာတော်အခု ဂူအောင်းကျင့်နေတာ အမေစုလာရင် ဂူထွက်လာမယ်တဲ့" ဟု တာချီလိတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ဆောင်ရွက်မည့် ပါတီဝင် ကိုသက်မိုးထွေးက ပြောသည် ။

မိုင်းဖုန်း ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဉာဏသံဝရအား NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖူးမြော်နိုင်ရန် တာချီလိတ် မဟာမြတ်မုနိ ဘုရားကြီးကျောင်းနှင့် ဆရာတော်၏ ကျောင်းဖြစ်သော မိုင်းဖုန်း ကျောင်းတို့အား စီစဉ်ထားသော်လည်း အပြီးသတ် ဆုံးဖြတ်မှု မရှိသေးကြောင်း သိရသည် ။

တာချီလိတ်မြို့၌ အောက်တိုဘာ ၂၀ ရက် (သို့) ၂၁ ရက်နေ့တွင် မဲဆွယ် စည်းရုံးရေး ဟောပြောမည့် အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံုရေးအတွက် ပါတီဝင်အင်အား ၃၀၀ ခန့်ဖြင့် စီမံဆောင်ရွက်ထားကြောင်း သိရသည် ။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နေရာအား တာချီလိတ် မြို့လယ်ရှိ ရှမ်းရိုးမကွင်းအား ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ခွင့်ပြုချက်မရရှိပါက မြို့အဝင်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းမှ ပိုင်ဆိုင်သော ရှမ်းကွင်းအတွင်း ဟောပြောရန် စီစဉ်ထားကြောင်း သိရသည် ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ တာချီလိတ်သို့ ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် ရောက်ရှိခဲ့ပြီး မကာဟိုခမ်း ရပ်ကွက်အတွင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment