CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, October 17, 2015
သိမ္းဆည္းခံၿခံေျမေတြ မူလပိုင္ရွင္ဆီျပန္မေရာက္ေပ
ၿပီးခဲ့တဲ ကာလတုန္းက စစ္အာဏာရွင္ လက္ေအာက္မွာ လယ္ယာ ၿခံေျမမ်ား မတရား အသိမ္းခံရကာ ယေန႔အထိ စစ္တပ္တစ္တပ္ရဲ့ ေျမယာသိမ္းပိုက္မႈကို ခံခဲ့ရေသာ ၿခံပိုင္ရွင္ တစ္ဦးက ငိုရႈိက္သံနဲ႔ “ ငါ့ၿခံ ငါ့ကိုျပန္ေပး၊ ငါ့မွာ လုပ္စားစရာ ဘာမွမရွိေတာ့
ဘူး၊ငါ့ၿခံ ငါ့ကိုျပန္ေပး ၾကပါ” ဟု နံနက္မိုးလင္းတိုင္း တစ္ေယာက္တည္း အိမ္ကျပင္မွာထိုင္ကာ ရႈိက္သံနဲ႔ သူ႐ူးတစ္ေယာက္ပမာ တစာစာ ပူေဆြးေနဆဲပါ။
၎သည္ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ပငေက်းရြာမွ အသက္ (၇၀) ရွိၿပီးျဖစ္ေသာ လယ္သမား ႏိုင္ထြန္းသီ ျဖစ္သည္။ ၎၏ေရာ္ဘာၿခံကို မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕ အေျခစိုက္ အမွတ္ (၃၁၅) အျေမွာက္တပ္ တပ္ရင္းက သိမ္းပိုက္လိုက္ေသာေၾကာင့္ ႏိုင္ထြန္းသီရဲ့ ဘဝဟာ ထိုအေျခအေနသို႔ ေရာက္ခဲ့ရပါတယ္။ ထိုအျပင္ လူအေယာက္ (၄၀) ေက်ာ္ေက်ာ္တို႔ရဲ့ ေရာ္ဘာၿခံ ဧကေပါင္း (၄၀၀) ေက်ာ္ေက်ာ္ သည္လည္း သိမ္းပိုက္ခံခဲ့ရပါတယ္။
၂၀၀၀ ခုႏွစ္မွ ၂၀၀၃ အထိ ဝယ္ကလီ တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရး စစ္သင္တန္းေက်ာင္း အပါအဝင္ သံျဖဴဇရပ္ၿမိဳ႕နယ္မွ ေရးၿမိဳ႕နယ္ တစ္ေလ်ွာက္ စစ္တပ္က သိမ္းပိုက္လိုက္တဲ့ ေျမဧကေပါင္း (၈၀၀၀) ခန္႔ ရွိေၾကာင္းမြန္လူ႔အခြင့္အေရးေဖာင္ေဒးရွင္း HURFOM ရဲ့ ၂၀၁၃ ခုႏွစ္ ‘No Land to Farm’ (စိုက္ပ်ိဳးစရာေျမမရွိၿပီ) အမည္ရွိ အစီရင္ခံစာတြင္ ေပၚျပထားပါတယ္။
သမၼတ ဦးသိန္းစိန္ အစိုးရ တက္လာၿပီးတဲ့ေနာက္ပိုင္ စစ္အစိုးရ လက္ထက္သိမ္းပိုက ခံခဲ့ရတဲ့ ေျမေတြကို မြန္လြွတ္ေတာ္ ကိုယ္စားလွယ္တို႔၏ တြန္းအားေၾကာင့္ မြန္ေတာင္သူ လယ္သမားမ်ားက မိမိတို႔လယ္ယာေျမ ျပန္လည္ရရွိေရးကို ထပ္မံေတာင္းဆိုလာၾကတာပါ။
အသိမ္းခံ ေျမယာေတာင္းဆိုေရးကိစၥ ျပန္လည္ဦးေမာ့လာေသာေၾကာင့္ ၂၀၁၂ ခုႏွစ္ ၾသဂုတ္လတြင္ သမၼတ ဦးသိန္းစိန္ အစိုးရက “လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္း ခံရမႈေၾကာင့္ ျပည္သူမ်ား နစ္နာမႈမရွိေစေရးအတြက္ စံုစမ္းေရးေကာ္မရွင္”ကို ဖြဲ႕စည္းေပးခဲ့တယ္။
ေကာ္မရွင္၏ လုပ္ငန္းစဥ္ေတြက (၁) စံုစမ္းေရး (၂) သံုးသပ္ေရး (၃) အႀကံျပဳေရး မ်ားပင္ ျဖစ္တယ္။ အသိမ္းခံ လယ္ယာေျမႏွင့္ ၿခံေျမမ်ားကိစၥ အေကာင္အထည္ေဖၚ ေဆာင္ရြက္ေနစဥ္ ေကာ္မရွင္ စဖြဲ႕သည့္ ၂၀၁၂ ခုႏွစ္မွ ၂၀၁၅ ေဖေဖၚဝါရီ (၂၅) ရက္ေန႔အထိ အေၾကာင္းျပခ်က္မရွိဘဲ လယ္ယာေျမသိမ္းပိုက္မႈ တိုင္ၾကားစာ အမႈတြဲေပါင္း (၁၃၆၃၂) လကၡံရရွိထားတဲ့အေၾကာင္း စံုစမ္းေရးေကာ္မရွင္မွ သက္ဆိုင္ရာသို႔ တင္ျပထားေသာ္လည္း ေဆာင္ရြက္ႏိုင္ျခင္း မရွိပါ။ သိမ္းဆည္း လယ္ယာေျမမ်ားကို ေတာင္သူ လယ္သမားမ်ားထံ ျပန္လည္လြွဲေျပာင္းေပးမယ္လို႔ သတင္းထုတ္ထားေပမယ့္္လည္း ျပန္လည္လြွဲေျပာင္းေပးအပ္ခဲ့တာ အင္မတန္ နည္းပါးေနပါတယ္။
မြန္ေဒသအတြင္းရွိ အသိမ္းပိုက္ခံ လယ္ယာေျမ ကိစၥကို မြန္ေတာင္သူ လယ္သမားမ်ားက မြန္လြွတ္ေတာ္ ကိုယ္စားလွယ္မ်ားကိုသာ အားကိုးလာၾကသလို မြန္လြွတ္ေတာ္ ကိုယ္စားလွယ္ ေတြကလည္း ၎တို႔ စြမ္းေဆာင္ႏိုင္သမ်ွ လြွတ္ေတာ္ အဆင့္ဆင့္သို႔ တင္သြင္းျခင္းႏွင့္ တင္ျပလြွာကိစၥ မည္သို႔မည္ပံု လုပ္ေဆာင္ရမည္ကို ဝိုင္းဝန္းေဆာင္ရြက္ေပးၾကပါတယ္။ သို႔ေသာ္ အုပ္ခ်ဳပ္ေရးပိုင္းက အေရးမထား လယ္ယာသိမ္းပိုက္ထား တပ္ေတြကလည္း အေရးမလုပ္ဘဲ တိတ္ဆိတ္ေနၾကဆဲပင္။
ျပန္လည္ ရႏိုင္ေျခရွိတဲ့ ေျမယာမ်ား ရွိေနေသာ္လည္း ယေန႔ထိ အေကာင္အထည္ မေပၚေသးေပ။ အသိမ္းပိုက္ခံခဲ့ရေသာ ေျမယာမ်ားသည္ မ်ားေသာအားျဖင့္ အစိုးရ တပ္ဖြဲ႕ေတြ အေျခစိုက္ထားတာေၾကာင့္ မူလပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္ဖို႔က လြယ္ကူမည္မဟုတ္ပါ။
လူမႈေရးႏွင့္ အသက္ေမြးဝမ္းေက်ာင္းမႈအေပၚ အက်ိဳးသက္ေရာက္မႈ
(က) မိသားစုအေပၚ ႐ိုက္ခတ္မႈအေျခေန
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕ရွိ အမွတ္ (၃၁၅) အျေမွာက္တပ္ရင္း သိမ္းပိုက္ခဲ့တဲ့ ေျမယာမ်ားတြင္ အသိမ္းပိုက္ခံ ပငေက်းရြာ၊ ဝယ္ကလီေက်းရြာ၊ ဝါရက္ေက်းရြာမ်ားမွ ၿခံပိုင္ရွင္ အေယာက္ (၄၀)ေက်ာ္တို႔၏ ၿခံေျမမ်ား ဆံုးရႈံးခဲ့ရၿပီး အလုပ္လက္မဲ့ျဖစ္ကာ ထိုင္းႏိုင္ငံအတြင္း ေရြ႕ေျပာင္းဝင္ေရာက္ လုပ္ကိုင္ၾကရပါတယ္။
မိမိတို႔ လုပ္ကိုင္ စားေသာက္ရမည့္ ၿခံမ်ားဆံုးရႈံးသြားသျဖင့္ လူငယ္ႏွင့္ လူလတ္ပိုင္မ်ား ရြာမွထြက္ကာ ထိုင္းႏိုင္ငံသို႔ အလုပ္ သြားလုပ္ၾကေသာေၾကာင့္ ရြာမွာ က်န္ရွိေနေသာ သက္ႀကီးရြယ္အိုမ်ား အလုပ္လက္မဲ့မ်ား ျဖစ္ၾကၿပီး ၎တို႔ စားဝတ္ေနေရးအတြက္ ထိုင္းမွ ေပးပို႔မည့္ သားသမီးတို႔၏ ဝင္ေငြမ်ားကို တေခၚေခၚႏွင့္ အိမ္မွာေမ်ွာ္ေနၾကရရွာတယ္။
(ခ) စီးပြားေရးအေပၚ ႐ိုက္ခတ္မႈ
သိမ္းဆည္းခံရေသာ ၿခံပိုင္ရွင္မ်ားသည္ သာမန္လူတန္းစာအဆင့္သာျဖစ္တယ္။ ခ်မ္းသာကႊယ္ဝမႈ မရွိပါ။ ယခင္ေစ်းႏႈန္းႏွင့္ ေျမကြက္ဝယ္ယူကာ ေရာ္ဘာစိုက္ပ်ိဳး လုပ္ကိုင္ခဲ့ၾကၿပီး တခ်ိဳ႕ေသာ ၿခံေတြဟာ ၿခံလုပ္သားငွားခႏွင့္ ဓါတ္ေျမၾသဇာ က်ေြးဖို႔အတြက္ အတိုးနဲ႔ေငြေခ်းယူၿပီး လုပ္ကိုင္တာလည္းရွိခဲ့တယ္။ ေရာ္ဘာထြက္ခ်ိန္ေရာက္ေတာ့ စစ္တပ္ကို အခြန္ေပးရသည့္အတြက္ အရင္လည္းမရ ေခ်းေငြကိစၥလည္း ျပႆနာတက္ သည္လို အခက္အခဲ ႀကံဳေနရတဲ့ၾကားက ၿခံပါသိမ္းဆည္းခံရျပန္ေတာ့ ဘာမွမက်န္းေတာ့တဲ့ဘဝမွာ အေကႊးဆပ္ဖို႔အတြက္ ႐ုန္းကန္ရျပန္ပါတယ္။
(ဂ) အျေမွာက္တပ္ တစ္တပ္၏ ႏွစ္စဥ္ဝင္ေငြ
၂၀၀၇-၈ ခုႏွစ္မွစၿပီး စစ္တပ္မွ အခြန္စတင္ေကာက္ခံခဲ့ရာ တစ္လလ်င္ ေရာ္ဘာတစ္ပင္ကို ၂၅၀ က်ပ္ႏႈန္းႏွင့္ တစ္ႏွစ္မွာ (၂) ခါသြင္းရပါတယ္။ ထိုႏွစ္မွစၿပီး ၂၀၁၂-၁၃ အၿပီးအပိုင္ သိမ္းဆည္းတဲ့ႏွစ္ ေရာက္ေတာ့ တစ္လလ်င္ တစ္ပင္ကို ၄၀၀ က်ပ္ႏႈန္းႏွင့္ ေပးသြင္းရျပန္တယ္။ ၎တပ္၏ ဝန္းက်င္တြင္ ၿခံေျမဧရိယာ (၄၈၀) ဧက ရွိၿပီး ၿခံပိုင္ရွင္က (၆၅) ဦးရွိတယ္။ တစ္ႏွစ္စာအတြက္ အၾကမ္းအားျဖင့္ တြက္လ်င္ တစ္ဧကတြင္ အနည္းဆံုး အပင္ (၂၅၀) ၊ တစ္ပင္ကို ၄၀၀ က်ပ္ႏႈန္း၊ ဧကေပါင္းက ၄၈၀ ဆိုေတာ့ (၂၅၀×၄၀၀×၄၈၀=၄၈ ၀၀၀ ၀၀ဝိ) တႏွစ္မွာ အနည္းဆံု တပ္တြင္း ဝင္ေငြက က်ပ္ေငြ ၄၈ သန္းခန္႔ရွိပါသည္။(တစ္ဧက အပင္ အနည္းဆံုးႏႈန္းျဖင့္ တြက္ခ်က္ထား)။
(ဃ) ေရာ္ဘာၿခံ၏တန္ဖိုး
ၿခံေျမမ်ားကို စစ္တပ္က သိမ္းဆည္းခ်ိန္တြင္ တပ္ဝန္းက်င္ၿခံ တစ္ဧကမွာ အပင္ ၂၅၀ မွ ၃၀၀ အထိ ရွိၿပီး ကာလတန္ဖိုးမွာ သိန္း (၂၀၀) ဝန္းက်င္ခန္႔ရွိပါတယ္ မ်ားေသာအားျဖင့္ အပင္သက္တမ္း ၁၀ ႏွစ္ အထက္ရွိၿပီး အားလံုး အေစးလွီးျခစ္ရေသာ အပင္၊ ၿခံအရြယ္အစားက အပင္ ၇၀၀ ရွိေသာၿခံ၊ ၁၀၀၀ ရွိေသာၿခံ၊ ၂၀၀၀ ရွိေသာၿခံ စသည္ျဖင့္ အရြယ္အစား မတူညီၾကပါ။ မ်ားေသာအားျဖင့္ ငယ္ေသာၿခံက မ်ားပါတယ္။ မည္သို႔ဆိုေစကာမူ ၿခံေျမတစ္ဧကကို သိန္း ၂၀၀ ႏႈန္းႏွင့္တြက္လ်င္ (ဧက ၄၈၀ ကို က်ပ္ သိန္း ၂၀၀ ႏွင့္ျေမွာက္လ်င္ က်ပ္ သန္းကိုးရာေျခာက္ဆယ္ (၉,၆၀၀,၀၀၀,၀၀၀) တန္ဖိုး ရွိပါတယ္။
စစ္တပ္က လယ္ယာေျမဆက္လက္သိမ္းဆည္းထား
သိမ္းဆည္းခံရေသာ ၿခံပိုင္ရွင္မ်ားသည္ ၎တို႔၏ေျမ ျပန္လည္ရႏိုင္ေျခ မရွိေသာေၾကာင့္ အလုပ္လက္မဲ့ျဖစ္ကာ ထိုင္းႏိုင္ငံမွာ အလုပ္သြားလုပ္ၾကသလို စိတ္ဆင္းရဲဒဏ္းေၾကာင့္ သူ႐ူးပမာကဲ့သို႔ ဘဝပ်က္သြာေသာ ႏိုင္ထြန္းသီ ရဲ့ အျဖစ္ဟာလည္း ရင္နာစြာ ေတြ႕ျမင္ရပါတယ္။
၂၀၁၄ ျပည္ေထာင္စုေန႔ ညစာ စားပြဲတြင္ ကာ/ခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္က “တပ္မေတာ္သိမ္းဆည္းထားတဲ့ေျမေတြမွာ မလိုအပ္တဲ့ေနရာေတြကို ပိုင္ရွင္ထံ ျပန္လည္လြွဲေျပာင္းေပးမည္”ဟု ေျပာခဲ့ပါတယ္။(မွီျငမ္း-ၿငိမ္းခ်မ္းေရးႏွင့္ ေျမယာျပႆနာမ်ား-၂၀၁၅/ဇန္နဝါရီ ၂၈)။
မြန္ျပည္သူလူထုထံမွ စစ္တပ္ သိမ္းဆည္းလိုက္ေသာ ေျမယာကိစၥကို မြန္အမတ္မ်ား၏ တြန္းအားျဖင့္ တိုင္ၾကားစာ ဆက္တိုက္တက္ေနေသာေၾကာင့္ သိမ္းဆည္းထားတဲ့ေျမမ်ား တရားဝင္ျဖစ္ေအာင္ စစ္တပ္မွ ႀကိဳးစားလာျပန္တယ္။ ထို႔ေၾကာင့္ ထိုေျမမ်ားသည္ တပ္တည္ေဆာက္ရန္အတြက္ လူထုမွ လႉဒါန္းေသာေျမအျဖစ္ လုပ္ေဆာင္ရန္ ၿခံပိုင္ရွင္မ်ားကို ေခၚၿပီး အတင္းလက္မွတ္ ထိုးခိုင္ခဲ့ပါတယ္။
“ေက်းရြာအုပ္ခ်ဳပ္ေရးမွ က်မတို႔ကိုလာေျပာေတာ့ ကိုယ့္ၿခံ ကိုယ္ျပန္ရမယ္လို႔ ထင္ထားတာ။ က်မတို႔ တင္ျပထားလည္း မနည္းေတာ့ဘူးေလး။ ဒါေပမဲ့ တပ္ကိုေရာက္ေတာ့ ကိုယ့္ၿခံ သူတို႔ကိုေပးဖို႔ လက္မွတ္ အတင္းထိုးခိုင္ေတာ့တာဘဲ။ က်မ မထိုးေတာ့ သူတို႔ က်မကို တပ္ထဲမွာ ၃/၄ နာရီေလာက္ ထိန္းထားတယ္” ဟု အမွတ္ (၃၁၅) အေျမာက္တပ္ရင္း သိမ္းဆည္းလိုက္ေသာ ၿခံပိုင္ရွင္ မိၾကဴ က ေျပာျပပါတယ္။
မြန္အမတ္မ်ားမွ အဆင့္ဆင့္ တင္ျပမႈေၾကာင့္ တရားဝင္ေျမျဖစ္ေအာင္ လြန္ခဲ့တဲ့ႏွစ္က ၿခံပိုင္ရွင္မ်ားကို လက္မွတ္ အတင္းထိုးခိုင္ခဲ့ပါတယ္။ “သည္ႏွစ္ တစ္ႏွစ္ထဲမွာပင္ က်ေနာ္တို႔ တိုင္ၾကားစာတင္တာ (၄) ႀကိမ္ရွိပါၿပီး။ ဘာမွလည္း မထူးဘူး။ ၿခံပိုင္ရွင္ေတြကလည္း အေျခအေန သိခ်င္လို႔ ခဏ ခဏ လာေမးတယ္ က်ေနာ္လည္း ရွင္းျပမႏိုင္ေတာ့ဘူး” ဟု ဝယ္ကလီရြာမွ သိမ္းဆည္းခံ ၿခံေျမမ်ားကိစၥ ေဆာင္ရြက္ေပးေနေသာ ႏိုင္ဂု ကေျပာပါတယ္။
၂၀၀၃ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အထိ အမွတ္ (၃၁၅) အျေမွာက္တပ္ရင္းႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္ ဝယ္ကလီရွိ တန္းျမင့္ ေလ့က်င့္ေရးတပ္တို႔ သိမ္းဆည္းထားေသာ ေျမဧရိယာသည္ ဧက (၂၀၀၀) ခန္႔ရွိႏိုင္တယ္လို႔ HURFOM အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။
မြန္ျပည္နယ္လြွတ္ေတာ္ကိုယ္စာလွယ္ ႏိုင္ ေအာင္ႏိုင္ဦးက “လြွတ္ေတာ္ဥကၠဌ သူရဦးေရြွမန္း ေမာ္လၿမိဳင္ၿမိဳ႕ကိုေရာက္တုန္းက သူေျပာသြားတာက သံျဖဴဇရပ္နယ္မွာ အမွတ္ (၃၁) တပ္ရင္းမွလြဲ၍ မည္သည့္တပ္မွ ျပည္သူလူထု၏ ေျမယာမ်ားကို သိမ္းဆည္းထားတာမရွိဘူး၊ ရွိရင္ တင္ျပပါ ဟုေျပာတဲ့စကားက လူသူၾကားမွာ ေျဗာင္လိမ္တဲ့စကားဘဲ၊ လကၡံႏိုင္စရာ အေၾကာင္းမရွိပါ၊ ဒါေၾကာင့္ က်ေနာ္တို႔က အျခားလြွတ္ေတာ္ကိုယ္စာလွယ္ေတြနဲ႔ ပူးေပါင္းကာ တစ္ေလ်ွာက္လံုး တင္ျပလာခဲ့ၾကတယ္၊ ဒါေပမဲ့ စစ္တပ္ဖက္မွ ဘာမွအေရးမလုပ္ဘူး” လို႔ ေျပာပါတယ္။
သံျဖဴဇရပ္ၿမိဳ႕နယ္မွာရွိတဲ့ အမွတ္ (၃၁၅) အျေမွာက္တပ္ရင္း သိမ္းဆည္းထားတဲ့ ၿခံေျမမ်ားကို ယခုအခါ အေျမာက္တပ္က အျခားသူေတြကို တဆင့္ျပန္လည္ေရာင္းခ်လိုက္ၿပီး အပင္သစ္ေတြနဲ႔ အစားထိုး စိုက္ပ်ိဳးထားတာ ေတြ႕ရပါတယ္။ “က်ေနာ္တို႔ အသိမ္းဆည္းခံ ၿခံေျမ အကုန္လံုးမွာ ယခုဆိုရင္ ၿခံပိုင္ရွင္ အသစ္ေတြျဖစ္ၿပီး အပင္ေတြကလည္း အပင္သစ္ေတြဘဲျဖစ္ေနပါတယ္။ ကိုယ့္ၿခံကို ကိုယ္ျပန္ျမင္ေတာ့ ရင္နာစရာျဖစ္ခဲ့ရတယ္” ဟု ၿခံေျမသိမ္းဆည္းခံရသူ ပငရြာမွ ႏိုင္သန္းထိုက္က ဆိုပါတယ္။
သိမ္းဆည္းခံ လယ္ယာေျမမ်ားႏွင့္ ပတ္သက္ၿပီး စံုးစမ္းစစ္ေဆးေရးေကာ္မရွင္က အေကာင္အထည္ ေဖၚရာမွာ ေႏွးေကြးေနေသာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္တုန္းက ၿမိဳ႕နယ္လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕ သို႔ ျပန္လည္လြွဲအပ္ကာ မိမိတို႔ၿမိဳ႕နယ္အလိုက္ ဆက္လက္ေဆာင္ရြက္သြားရန္ တာဝန္ေပးအပ္ခဲ့ပါတယ္။
သို႔ေသာ္ ၿမိဳ႕နယ္လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္လည္း တရားမ်ွတမႈမရွိေပ။ သိမ္းဆည္းေျမယာကိစၥကို ေျဖရွင္းသည့္အခါ သက္ဆိုင္ရာေဒသမွ လြွတ္ေတာ္ကိုယ္စားလွယ္ေတြႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္ ႏိုငံေတာ္ သမၼတမွ ၫြွန္ၾကားထားေသာ္လည္း လက္ေတြ႕အေကာင္အထည္ ေဖၚသည့္အခါ သက္ဆိုင္ရာေဒသမွ လြွတ္ေတာ္ကိုယ္စားလွယ္မပါဘဲ ေျဖရွင္သည္အတြက္ေၾကာင့္ ၿခံပိုင္ရွင္ေဟာင္းႏွင့္ ပိုင္ရွင္သစ္တို႔ၾကား ျပႆနာ တက္ခဲ့ၾကပါတယ္။
၎လုပ္ရပ္သည္ တရားမ်ွတမႈမရွိတဲ့အတြက္ မြန္အမတ္မ်ားက မေက်နပ္ၾကေပ။ ၿခံပိုင္ရွင္ေဟာင္းမ်ားသည္ ၎တို႔၏ၿခံေျမႏွင့္ပတ္သက္ၿပီး အသိမွတ္ျပဳခံရမႈ လံုးဝမရွိတာမို႔ လက္ရွိ အစိုးရ လက္ထက္မွာ ေျမယာသိမ္းဆည္းမႈျပႆနာ ညိမ္သက္ေနသလို ထင္ရေပမယ့္ ေနာင္တက္လာမယ့္ အစိုးရသစ္လက္ထက္ေရာက္ရင္ ၿခံေျမသိမ္းဆည္းခံရေသာ လူထုႏွင့္ အစိုးရသစ္တို႔ သည္ ထိုျပႆနာကို ဆက္လက္ေျဖရွင္းရဦးမွာ ေျမႀကီးလက္ခတ္မလြဲေပ။
ေရးသားသူ: ေဆာင္းပါ > ဝဏၰမာန္
လြတ္လပ္ေသာမြန္သတင္းေအဂ်င္စီ
http://burmese.monnews.org
.........................
ပြီးခဲ့တဲ ကာလတုန်းက စစ်အာဏာရှင် လက်အောက်မှာ လယ်ယာ ခြံမြေများ မတရား အသိမ်းခံရကာ ယနေ့အထိ စစ်တပ်တစ်တပ်ရဲ့ မြေယာသိမ်းပိုက်မှုကို ခံခဲ့ရသော ခြံပိုင်ရှင် တစ်ဦးက ငိုရှိုက်သံနဲ့ “ ငါ့ခြံ ငါ့ကိုပြန်ပေး၊ ငါ့မှာ လုပ်စားစရာ ဘာမှမရှိတော့
ဘူး၊ငါ့ခြံ ငါ့ကိုပြန်ပေး ကြပါ” ဟု နံနက်မိုးလင်းတိုင်း တစ်ယောက်တည်း အိမ်ကပြင်မှာထိုင်ကာ ရှိုက်သံနဲ့ သူရူးတစ်ယောက်ပမာ တစာစာ ပူဆွေးနေဆဲပါ။
၎င်းသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှ အသက် (၇၀) ရှိပြီးဖြစ်သော လယ်သမား နိုင်ထွန်းသီ ဖြစ်သည်။ ၎င်း၏ရော်ဘာခြံကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အခြေစိုက် အမှတ် (၃၁၅) အြမှောက်တပ် တပ်ရင်းက သိမ်းပိုက်လိုက်သောကြောင့် နိုင်ထွန်းသီရဲ့ ဘဝဟာ ထိုအခြေအနေသို့ ရောက်ခဲ့ရပါတယ်။ ထိုအပြင် လူအယောက် (၄၀) ကျော်ကျော်တို့ရဲ့ ရော်ဘာခြံ ဧကပေါင်း (၄၀၀) ကျော်ကျော် သည်လည်း သိမ်းပိုက်ခံခဲ့ရပါတယ်။
၂၀၀၀ ခုနှစ်မှ ၂၀၀၃ အထိ ဝယ်ကလီ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး စစ်သင်တန်းကျောင်း အပါအဝင် သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ် တစ်လျှောက် စစ်တပ်က သိမ်းပိုက်လိုက်တဲ့ မြေဧကပေါင်း (၈၀၀၀) ခန့် ရှိကြောင်းမွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ရဲ့ ၂၀၁၃ ခုနှစ် ‘No Land to Farm’ (စိုက်ပျိုးစရာမြေမရှိပြီ) အမည်ရှိ အစီရင်ခံစာတွင် ပေါ်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင် စစ်အစိုးရ လက်ထက်သိမ်းပိုက ခံခဲ့ရတဲ့ မြေတွေကို မွန်လွှတ်တော် ကိုယ်စားလှယ်တို့၏ တွန်းအားကြောင့် မွန်တောင်သူ လယ်သမားများက မိမိတို့လယ်ယာမြေ ပြန်လည်ရရှိရေးကို ထပ်မံတောင်းဆိုလာကြတာပါ။
အသိမ်းခံ မြေယာတောင်းဆိုရေးကိစ္စ ပြန်လည်ဦးမော့လာသောကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် သမ္မတ ဦးသိန်းစိန် အစိုးရက “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်”ကို ဖွဲ့စည်းပေးခဲ့တယ်။
ကော်မရှင်၏ လုပ်ငန်းစဉ်တွေက (၁) စုံစမ်းရေး (၂) သုံးသပ်ရေး (၃) အကြံပြုရေး များပင် ဖြစ်တယ်။ အသိမ်းခံ လယ်ယာမြေနှင့် ခြံမြေများကိစ္စ အကောင်အထည်ဖေါ် ဆောင်ရွက်နေစဉ် ကော်မရှင် စဖွဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့အထိ အကြောင်းပြချက်မရှိဘဲ လယ်ယာမြေသိမ်းပိုက်မှု တိုင်ကြားစာ အမှုတွဲပေါင်း (၁၃၆၃၂) လက္ခံရရှိထားတဲ့အကြောင်း စုံစမ်းရေးကော်မရှင်မှ သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ဆောင်ရွက်နိုင်ခြင်း မရှိပါ။ သိမ်းဆည်း လယ်ယာမြေများကို တောင်သူ လယ်သမားများထံ ပြန်လည်လွှဲပြောင်းပေးမယ်လို့ သတင်းထုတ်ထားပေမယ့််လည်း ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာ အင်မတန် နည်းပါးနေပါတယ်။
မွန်ဒေသအတွင်းရှိ အသိမ်းပိုက်ခံ လယ်ယာမြေ ကိစ္စကို မွန်တောင်သူ လယ်သမားများက မွန်လွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးလာကြသလို မွန်လွှတ်တော် ကိုယ်စားလှယ် တွေကလည်း ၎င်းတို့ စွမ်းဆောင်နိုင်သမျှ လွှတ်တော် အဆင့်ဆင့်သို့ တင်သွင်းခြင်းနှင့် တင်ပြလွှာကိစ္စ မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြပါတယ်။ သို့သော် အုပ်ချုပ်ရေးပိုင်းက အရေးမထား လယ်ယာသိမ်းပိုက်ထား တပ်တွေကလည်း အရေးမလုပ်ဘဲ တိတ်ဆိတ်နေကြဆဲပင်။
ပြန်လည် ရနိုင်ခြေရှိတဲ့ မြေယာများ ရှိနေသော်လည်း ယနေ့ထိ အကောင်အထည် မပေါ်သေးပေ။ အသိမ်းပိုက်ခံခဲ့ရသော မြေယာများသည် များသောအားဖြင့် အစိုးရ တပ်ဖွဲ့တွေ အခြေစိုက်ထားတာကြောင့် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ဖို့က လွယ်ကူမည်မဟုတ်ပါ။
လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းမှုအပေါ် အကျိုးသက်ရောက်မှု
(က) မိသားစုအပေါ် ရိုက်ခတ်မှုအခြေနေ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ အမှတ် (၃၁၅) အြမှောက်တပ်ရင်း သိမ်းပိုက်ခဲ့တဲ့ မြေယာများတွင် အသိမ်းပိုက်ခံ ပငကျေးရွာ၊ ဝယ်ကလီကျေးရွာ၊ ဝါရက်ကျေးရွာများမှ ခြံပိုင်ရှင် အယောက် (၄၀)ကျော်တို့၏ ခြံမြေများ ဆုံးရှုံးခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းဝင်ရောက် လုပ်ကိုင်ကြရပါတယ်။
မိမိတို့ လုပ်ကိုင် စားသောက်ရမည့် ခြံများဆုံးရှုံးသွားသဖြင့် လူငယ်နှင့် လူလတ်ပိုင်များ ရွာမှထွက်ကာ ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်ကြသောကြောင့် ရွာမှာ ကျန်ရှိနေသော သက်ကြီးရွယ်အိုများ အလုပ်လက်မဲ့များ ဖြစ်ကြပြီး ၎င်းတို့ စားဝတ်နေရေးအတွက် ထိုင်းမှ ပေးပို့မည့် သားသမီးတို့၏ ဝင်ငွေများကို တခေါ်ခေါ်နှင့် အိမ်မှာမျှော်နေကြရရှာတယ်။
(ခ) စီးပွားရေးအပေါ် ရိုက်ခတ်မှု
သိမ်းဆည်းခံရသော ခြံပိုင်ရှင်များသည် သာမန်လူတန်းစာအဆင့်သာဖြစ်တယ်။ ချမ်းသာကွှယ်ဝမှု မရှိပါ။ ယခင်စျေးနှုန်းနှင့် မြေကွက်ဝယ်ယူကာ ရော်ဘာစိုက်ပျိုး လုပ်ကိုင်ခဲ့ကြပြီး တချို့သော ခြံတွေဟာ ခြံလုပ်သားငှားခနှင့် ဓါတ်မြေသြဇာ ကျေွးဖို့အတွက် အတိုးနဲ့ငွေချေးယူပြီး လုပ်ကိုင်တာလည်းရှိခဲ့တယ်။ ရော်ဘာထွက်ချိန်ရောက်တော့ စစ်တပ်ကို အခွန်ပေးရသည့်အတွက် အရင်လည်းမရ ချေးငွေကိစ္စလည်း ပြဿနာတက် သည်လို အခက်အခဲ ကြုံနေရတဲ့ကြားက ခြံပါသိမ်းဆည်းခံရပြန်တော့ ဘာမှမကျန်းတော့တဲ့ဘဝမှာ အကွှေးဆပ်ဖို့အတွက် ရုန်းကန်ရပြန်ပါတယ်။
(ဂ) အြမှောက်တပ် တစ်တပ်၏ နှစ်စဉ်ဝင်ငွေ
၂၀၀၇-၈ ခုနှစ်မှစပြီး စစ်တပ်မှ အခွန်စတင်ကောက်ခံခဲ့ရာ တစ်လလျင် ရော်ဘာတစ်ပင်ကို ၂၅၀ ကျပ်နှုန်းနှင့် တစ်နှစ်မှာ (၂) ခါသွင်းရပါတယ်။ ထိုနှစ်မှစပြီး ၂၀၁၂-၁၃ အပြီးအပိုင် သိမ်းဆည်းတဲ့နှစ် ရောက်တော့ တစ်လလျင် တစ်ပင်ကို ၄၀၀ ကျပ်နှုန်းနှင့် ပေးသွင်းရပြန်တယ်။ ၎င်းတပ်၏ ဝန်းကျင်တွင် ခြံမြေဧရိယာ (၄၈၀) ဧက ရှိပြီး ခြံပိုင်ရှင်က (၆၅) ဦးရှိတယ်။ တစ်နှစ်စာအတွက် အကြမ်းအားဖြင့် တွက်လျင် တစ်ဧကတွင် အနည်းဆုံး အပင် (၂၅၀) ၊ တစ်ပင်ကို ၄၀၀ ကျပ်နှုန်း၊ ဧကပေါင်းက ၄၈၀ ဆိုတော့ (၂၅၀×၄၀၀×၄၈၀=၄၈ ၀၀၀ ၀၀ဝိ) တနှစ်မှာ အနည်းဆုံ တပ်တွင်း ဝင်ငွေက ကျပ်ငွေ ၄၈ သန်းခန့်ရှိပါသည်။(တစ်ဧက အပင် အနည်းဆုံးနှုန်းဖြင့် တွက်ချက်ထား)။
(ဃ) ရော်ဘာခြံ၏တန်ဖိုး
ခြံမြေများကို စစ်တပ်က သိမ်းဆည်းချိန်တွင် တပ်ဝန်းကျင်ခြံ တစ်ဧကမှာ အပင် ၂၅၀ မှ ၃၀၀ အထိ ရှိပြီး ကာလတန်ဖိုးမှာ သိန်း (၂၀၀) ဝန်းကျင်ခန့်ရှိပါတယ် များသောအားဖြင့် အပင်သက်တမ်း ၁၀ နှစ် အထက်ရှိပြီး အားလုံး အစေးလှီးခြစ်ရသော အပင်၊ ခြံအရွယ်အစားက အပင် ရ၀၀ ရှိသောခြံ၊ ၁၀၀၀ ရှိသောခြံ၊ ၂၀၀၀ ရှိသောခြံ စသည်ဖြင့် အရွယ်အစား မတူညီကြပါ။ များသောအားဖြင့် ငယ်သောခြံက များပါတယ်။ မည်သို့ဆိုစေကာမူ ခြံမြေတစ်ဧကကို သိန်း ၂၀၀ နှုန်းနှင့်တွက်လျင် (ဧက ၄၈၀ ကို ကျပ် သိန်း ၂၀၀ နှင့်ြမှောက်လျင် ကျပ် သန်းကိုးရာခြောက်ဆယ် (၉,၆၀၀,၀၀၀,၀၀၀) တန်ဖိုး ရှိပါတယ်။
စစ်တပ်က လယ်ယာမြေဆက်လက်သိမ်းဆည်းထား
သိမ်းဆည်းခံရသော ခြံပိုင်ရှင်များသည် ၎င်းတို့၏မြေ ပြန်လည်ရနိုင်ခြေ မရှိသောကြောင့် အလုပ်လက်မဲ့ဖြစ်ကာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြသလို စိတ်ဆင်းရဲဒဏ်းကြောင့် သူရူးပမာကဲ့သို့ ဘဝပျက်သွာသော နိုင်ထွန်းသီ ရဲ့ အဖြစ်ဟာလည်း ရင်နာစွာ တွေ့မြင်ရပါတယ်။
၂၀၁၄ ပြည်ထောင်စုနေ့ ညစာ စားပွဲတွင် ကာ/ချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “တပ်မတော်သိမ်းဆည်းထားတဲ့မြေတွေမှာ မလိုအပ်တဲ့နေရာတွေကို ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်”ဟု ပြောခဲ့ပါတယ်။(မှီငြမ်း-ငြိမ်းချမ်းရေးနှင့် မြေယာပြဿနာများ-၂၀၁၅/ဇန်နဝါရီ ၂၈)။
မွန်ပြည်သူလူထုထံမှ စစ်တပ် သိမ်းဆည်းလိုက်သော မြေယာကိစ္စကို မွန်အမတ်များ၏ တွန်းအားဖြင့် တိုင်ကြားစာ ဆက်တိုက်တက်နေသောကြောင့် သိမ်းဆည်းထားတဲ့မြေများ တရားဝင်ဖြစ်အောင် စစ်တပ်မှ ကြိုးစားလာပြန်တယ်။ ထို့ကြောင့် ထိုမြေများသည် တပ်တည်ဆောက်ရန်အတွက် လူထုမှ လှူဒါန်းသောမြေအဖြစ် လုပ်ဆောင်ရန် ခြံပိုင်ရှင်များကို ခေါ်ပြီး အတင်းလက်မှတ် ထိုးခိုင်ခဲ့ပါတယ်။
“ကျေးရွာအုပ်ချုပ်ရေးမှ ကျမတို့ကိုလာပြောတော့ ကိုယ့်ခြံ ကိုယ်ပြန်ရမယ်လို့ ထင်ထားတာ။ ကျမတို့ တင်ပြထားလည်း မနည်းတော့ဘူးလေး။ ဒါပေမဲ့ တပ်ကိုရောက်တော့ ကိုယ့်ခြံ သူတို့ကိုပေးဖို့ လက်မှတ် အတင်းထိုးခိုင်တော့တာဘဲ။ ကျမ မထိုးတော့ သူတို့ ကျမကို တပ်ထဲမှာ ၃/၄ နာရီလောက် ထိန်းထားတယ်” ဟု အမှတ် (၃၁၅) အမြောက်တပ်ရင်း သိမ်းဆည်းလိုက်သော ခြံပိုင်ရှင် မိကြူ က ပြောပြပါတယ်။
မွန်အမတ်များမှ အဆင့်ဆင့် တင်ပြမှုကြောင့် တရားဝင်မြေဖြစ်အောင် လွန်ခဲ့တဲ့နှစ်က ခြံပိုင်ရှင်များကို လက်မှတ် အတင်းထိုးခိုင်ခဲ့ပါတယ်။ “သည်နှစ် တစ်နှစ်ထဲမှာပင် ကျနော်တို့ တိုင်ကြားစာတင်တာ (၄) ကြိမ်ရှိပါပြီး။ ဘာမှလည်း မထူးဘူး။ ခြံပိုင်ရှင်တွေကလည်း အခြေအနေ သိချင်လို့ ခဏ ခဏ လာမေးတယ် ကျနော်လည်း ရှင်းပြမနိုင်တော့ဘူး” ဟု ဝယ်ကလီရွာမှ သိမ်းဆည်းခံ ခြံမြေများကိစ္စ ဆောင်ရွက်ပေးနေသော နိုင်ဂု ကပြောပါတယ်။
၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမှတ် (၃၁၅) အြမှောက်တပ်ရင်းနှင့် သံဖြူဇရပ်မြို့နယ် ဝယ်ကလီရှိ တန်းမြင့် လေ့ကျင့်ရေးတပ်တို့ သိမ်းဆည်းထားသော မြေဧရိယာသည် ဧက (၂၀၀၀) ခန့်ရှိနိုင်တယ်လို့ HURFOM အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် နိုင် အောင်နိုင်ဦးက “လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မော်လမြိုင်မြို့ကိုရောက်တုန်းက သူပြောသွားတာက သံဖြူဇရပ်နယ်မှာ အမှတ် (၃၁) တပ်ရင်းမှလွဲ၍ မည်သည့်တပ်မှ ပြည်သူလူထု၏ မြေယာများကို သိမ်းဆည်းထားတာမရှိဘူး၊ ရှိရင် တင်ပြပါ ဟုပြောတဲ့စကားက လူသူကြားမှာ ဗြောင်လိမ်တဲ့စကားဘဲ၊ လက္ခံနိုင်စရာ အကြောင်းမရှိပါ၊ ဒါကြောင့် ကျနော်တို့က အခြားလွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ပူးပေါင်းကာ တစ်လျှောက်လုံး တင်ပြလာခဲ့ကြတယ်၊ ဒါပေမဲ့ စစ်တပ်ဖက်မှ ဘာမှအရေးမလုပ်ဘူး” လို့ ပြောပါတယ်။
သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ အမှတ် (၃၁၅) အြမှောက်တပ်ရင်း သိမ်းဆည်းထားတဲ့ ခြံမြေများကို ယခုအခါ အမြောက်တပ်က အခြားသူတွေကို တဆင့်ပြန်လည်ရောင်းချလိုက်ပြီး အပင်သစ်တွေနဲ့ အစားထိုး စိုက်ပျိုးထားတာ တွေ့ရပါတယ်။ “ကျနော်တို့ အသိမ်းဆည်းခံ ခြံမြေ အကုန်လုံးမှာ ယခုဆိုရင် ခြံပိုင်ရှင် အသစ်တွေဖြစ်ပြီး အပင်တွေကလည်း အပင်သစ်တွေဘဲဖြစ်နေပါတယ်။ ကိုယ့်ခြံကို ကိုယ်ပြန်မြင်တော့ ရင်နာစရာဖြစ်ခဲ့ရတယ်” ဟု ခြံမြေသိမ်းဆည်းခံရသူ ပငရွာမှ နိုင်သန်းထိုက်က ဆိုပါတယ်။
သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီး စုံးစမ်းစစ်ဆေးရေးကော်မရှင်က အကောင်အထည် ဖေါ်ရာမှာ နှေးကွေးနေသောကြောင့် လွန်ခဲ့တဲ့နှစ်တုန်းက မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ သို့ ပြန်လည်လွှဲအပ်ကာ မိမိတို့မြို့နယ်အလိုက် ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ပေးအပ်ခဲ့ပါတယ်။
သို့သော် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သည်လည်း တရားမျှတမှုမရှိပေ။ သိမ်းဆည်းမြေယာကိစ္စကို ဖြေရှင်းသည့်အခါ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုငံတော် သမ္မတမှ ညွှန်ကြားထားသော်လည်း လက်တွေ့အကောင်အထည် ဖေါ်သည့်အခါ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်မပါဘဲ ဖြေရှင်သည်အတွက်ကြောင့် ခြံပိုင်ရှင်ဟောင်းနှင့် ပိုင်ရှင်သစ်တို့ကြား ပြဿနာ တက်ခဲ့ကြပါတယ်။
၎င်းလုပ်ရပ်သည် တရားမျှတမှုမရှိတဲ့အတွက် မွန်အမတ်များက မကျေနပ်ကြပေ။ ခြံပိုင်ရှင်ဟောင်းများသည် ၎င်းတို့၏ခြံမြေနှင့်ပတ်သက်ပြီး အသိမှတ်ပြုခံရမှု လုံးဝမရှိတာမို့ လက်ရှိ အစိုးရ လက်ထက်မှာ မြေယာသိမ်းဆည်းမှုပြဿနာ ညိမ်သက်နေသလို ထင်ရပေမယ့် နောင်တက်လာမယ့် အစိုးရသစ်လက်ထက်ရောက်ရင် ခြံမြေသိမ်းဆည်းခံရသော လူထုနှင့် အစိုးရသစ်တို့ သည် ထိုပြဿနာကို ဆက်လက်ဖြေရှင်းရဦးမှာ မြေကြီးလက်ခတ်မလွဲပေ။
ရေးသားသူ: ဆောင်းပါ > ဝဏ္ဏမာန်
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
http://burmese.monnews.org
သိမ္းဆည္းခံၿခံေျမေတြ မူလပိုင္ရွင္ဆီျပန္မေရာက္ေပ
Reviewed by MP4 YoU
on
October 17, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment