Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

မဘသအဖြဲ႕သည္ ျပည္ခိုင္ျဖိဳးအတြက္ ဖြဲ႔စည္းထားျခင္း မဟုတ္ေၾကာင္း ၊ ရာႏႈန္းျပည့္ အာမခံေၾကာင္း မဘသ ဦးေဆာင္ ဆရာေတာ္ မိန္႔ၾကား


 မဘသအဖြဲ႕သည္ ျပည္ခိုင္ျဖိဳးအတြက္ ဖြဲ႕စည္းထားျခင္း မဟုတ္ေၾကာင္း ၊ ရာႏႈန္းျပည့္ အာမခံေၾကာင္း အမ်ိဳးဘာသာ သာသနာေစာင့္ေရွာက္ေရး အဖြဲ႕ (ဗဟို) ဦးေဆာင္ဆရာေတာ္ တစ္ပါးျဖစ္သည့္ ေဒါက္တာအရွင္ဓမၼပီယက မိန္႔ၾကားသည္ ။

အဆိုပါကိစၥႏွင့္ ပတ္သက္ျပီး ေအာက္တိုဘာ ၂ ရက္ေန႔က ရန္ကုန္တိုင္းေဒသၾကီး ၊ အင္းစိန္ျမိဳ႕နယ္ရွိ ရြာမပရိယတၱိ စာသင္တိုက္တြင္ ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ မိန္႔ၾကားျခင္း ျဖစ္သည္ ။

လက္ရွိတြင္ မဘသအသင္း လုပ္ေဆာင္မႈမ်ားသည္ လက္ရွိ အာဏာရ ပါတီျဖစ္သည့္ ျပည္ေထာင္စု ၾကံ့ခိုင္ေရးႏွင့္ ဖြံျဖိဳးေရးပါတီအတြက္ ရည္ရြယ္ ဖြဲ႔စည္းထားျခင္း ျဖစ္ေၾကာင္း ေ၀ဖန္ေျပာဆိုမႈမ်ား ရွိေနသည့္အတြက္ မဘသတြင္ ပါတီေပါင္းစုံ စိတ္ပါ၀င္စားသူမ်ား ပါ၀င္ေနသည့္ အသင္းၾကီးျဖစ္ျပီး ျပည္ခိုင္ျဖိဳးပါတီ တစ္ခုတည္းအတြက္ ရည္ရြယ္ တည္ေထာင္ထားျခင္း မဟုတ္ေၾကာင္း ျငင္းဆို မိန္႕ၾကားျခင္းျဖစ္ေၾကာင္း သိရသည္ ။

ယင္းက “ဘုန္းဘုန္းတို႔ မဘသထဲမွာ ပါတီေပါင္းစုံ ပါ၀င္ေနတာ ျဖစ္တယ္ ။ မဘသသည္ ျပည္ခိုင္းျဖိဳးအတြက္ ဖြဲ႔စည္းထားတ့ဲ အဖြဲ႔အစည္း မဟုတ္ဘူးဆိုတာကို ဘုန္းဘုန္းတို႔က ၁၀၀ ရာခိုင္ႏႈန္း ေျပာရဲပါတယ္ ။ ကိုယ့္လမ္းေၾကာင္းနဲ႔ကိုယ္ သြားျပီးေတာ့ ကိုယ္ဟာနဲ႔ကိုယ္ ဦးတည္ခ်က္ တည့္မတ္ဖို႔ လုပ္တ့ဲအတြက္ေၾကာင့္မို႔ ျပည္သူေတြကို ဒီဟာက ျပည္ခိုင္ျဖိဳးအတြက္ လုပ္တ့ဲ ပါတီ လုပ္တာလို႔ အထင္မမွားေစဖို႔ ေျပာလိုပါတယ္” ဟု မိန္႔ၾကားသည္ ။

လက္ရွိ ေရြးေကာက္ပြဲ မဲဆြယ္ လႈပ္ရွားမႈမ်ားတြင္လည္း မည္သည့္ပါတီကို မဲေပးပါ ၊ မည္သည့္ ကိုယ္စားလွယ္ေလာင္းအား မဲေပးပါဟုဆိုကာ တိုက္တြန္း ေျပာၾကားျခင္း မရွိေၾကာင္း ၊ ေျပာၾကားသူမ်ားသည္ ပုဂၢိဳလ္ေရး ခံစားခ်က္အရ ေျပာဆိုျခင္းျဖစ္ျပီး အသင္းၾကီးႏွင့္ မသက္ဆိုင္ေၾကာင္း ၊ အသင္းၾကီးသည္ မည္သည့္အစိုးရ တက္လာ ၾကိဳဆိုလက္ခံေၾကာင္း ၊ ႏုိင္ငံျခား သတင္းေအဂ်င္စီမ်ား ေမးျမန္းရာတြင္ ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရသည္ ။

မၾကာခင္ သု၀ဏၰကြင္းၾကီးတြင္ က်င္းပျပဳလုပ္မည့္ အမ်ိဳးေစာင့္ဥပေဒ ေလးရပ္ေအာင္ပြဲႏွင့္ ပတ္သက္ျပီး ႏိုင္ငံေရး ေအာင္ပြဲဟုဆိုကာ ပါတီတစ္ခုကို ေထာက္ခံျခင္း ျဖစ္ေနသည္ဟု ေ၀ဖန္ေျပာဆိုျခင္းမ်ား ရွိေၾကာင္း ၊ ထိုကိစၥသည့္ မဟုတ္မမွန္ေၾကာင္း ၊ အသင္းအဖြဲ႔ တစ္ခုအေနျဖင့္ ခက္ခဲစြာ ၾကိဳးပမ္းေတာင္းဆိုသည့္ ကိစၥတစ္ခု ေအာင္ျမင္သည့္အေပၚ သမိုင္းမွတ္တိုင္တစ္ခု ထူႏိုင္သည့္အတြက္ ေအာင္ပြဲ အထိမ္းအမွတ္ အခမ္းအနားတစ္ခု လုပ္ေဆာင္ျခင္းသာ ျဖစ္ေၾကာင္း ၊ အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံအၾကီးအကဲမ်ား တက္ေရာက္မည္ မဟုတ္ေၾကာင္း မိန္႔ၾကားသည္ ။

ေဒါက္တာအရွင္ဓမၼပီယက “တစ္ဖက္က အျမင္ေစာင္းေနတ့ဲ အတြက္ေၾကာင့္မို႔ ဒါကိုပဲ သက္သက္ တစ္ဖက္ကို ခနဲ႔သလို ၊ “စ”သလို ၊ ေျပာသလိုျဖစ္တာရွိတယ္။ ဘုန္းဘုန္းတို႔က အမ်ိဳးသားေအာင္ပြဲ တစ္ခုလို႔ ေျပာရရင္ ေျပာလို႔ရတယ္ သိုမဟုတ္ ကိုယ္လုပ္ထားတ့ဲ ခက္ခဲတ့ဲ အရာတစ္ခုကို တိုင္းျပည္အတြက္ သမိုင္း၀င္တစ္ခု ျပဳလုပ္တာ ျဖစ္တ့ဲအတြက္ေၾကာင့္မို႔ အမ်ိဳးသား ေအာင္ပြဲလို႔ပဲ ေျပာရင္ေျပာ ၊ ကိုယ္ရဲ႕ ေအာင္ျမင္တ့ဲပြဲလို႔ ေျပာလို႔ရတယ္ ။ ႏိုင္ငံေရးေအာင္ပြဲ မဟုတ္ပါဘူး ။ လုပ္ဖို႔ အစီအစဥ္ မဟုတ္ပါဘူး ။ ႏို္င္ငံေရးေအာင္ပြဲ တစ္ခု ေျပာျပီးေတာ့ ပါတီတစ္ခုကို ေထာက္ခံေပးဖို႔ ဆိုတာကလည္း အဓိပၸာယ္မရွိပါဘူး” ဟု မိန္႔သည္ ။

သတင္း - စုိင္းဟန္
The Ladies News Journal
https://www.facebook.com/News.TheLadies
...................................


 မဘသအဖွဲ့သည် ပြည်ခိုင်ဖြိုးအတွက် ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း ၊ ရာနှုန်းပြည့် အာမခံကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဒေါက်တာအရှင်ဓမ္မပီယက မိန့်ကြားသည် ။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မိန့်ကြားခြင်း ဖြစ်သည် ။

လက်ရှိတွင် မဘသအသင်း လုပ်ဆောင်မှုများသည် လက်ရှိ အာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအတွက် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည့်အတွက် မဘသတွင် ပါတီပေါင်းစုံ စိတ်ပါ၀င်စားသူများ ပါ၀င်နေသည့် အသင်းကြီးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းအတွက် ရည်ရွယ် တည်ထောင်ထားခြင်း မဟုတ်ကြောင်း ငြင်းဆို မိန့်ကြားခြင်းဖြစ်ကြောင်း သိရသည် ။

ယင်းက “ဘုန်းဘုန်းတို့ မဘသထဲမှာ ပါတီပေါင်းစုံ ပါ၀င်နေတာ ဖြစ်တယ် ။ မဘသသည် ပြည်ခိုင်းဖြိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကို ဘုန်းဘုန်းတို့က ၁၀၀ ရာခိုင်နှုန်း ပြောရဲပါတယ် ။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားပြီးတော့ ကိုယ်ဟာနဲ့ကိုယ် ဦးတည်ချက် တည့်မတ်ဖို့ လုပ်တဲ့အတွက်ကြောင့်မို့ ပြည်သူတွေကို ဒီဟာက ပြည်ခိုင်ဖြိုးအတွက် လုပ်တဲ့ ပါတီ လုပ်တာလို့ အထင်မမှားစေဖို့ ပြောလိုပါတယ်” ဟု မိန့်ကြားသည် ။

လက်ရှိ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုများတွင်လည်း မည်သည့်ပါတီကို မဲပေးပါ ၊ မည်သည့် ကိုယ်စားလှယ်လောင်းအား မဲပေးပါဟုဆိုကာ တိုက်တွန်း ပြောကြားခြင်း မရှိကြောင်း ၊ ပြောကြားသူများသည် ပုဂ္ဂိုလ်ရေး ခံစားချက်အရ ပြောဆိုခြင်းဖြစ်ပြီး အသင်းကြီးနှင့် မသက်ဆိုင်ကြောင်း ၊ အသင်းကြီးသည် မည်သည့်အစိုးရ တက်လာ ကြိုဆိုလက်ခံကြောင်း ၊ နိုင်ငံခြား သတင်းအေဂျင်စီများ မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည် ။

မကြာခင် သုဝဏ္ဏကွင်းကြီးတွင် ကျင်းပပြုလုပ်မည့် အမျိုးစောင့်ဥပဒေ လေးရပ်အောင်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေး အောင်ပွဲဟုဆိုကာ ပါတီတစ်ခုကို ထောက်ခံခြင်း ဖြစ်နေသည်ဟု ဝေဖန်ပြောဆိုခြင်းများ ရှိကြောင်း ၊ ထိုကိစ္စသည့် မဟုတ်မမှန်ကြောင်း ၊ အသင်းအဖွဲ့ တစ်ခုအနေဖြင့် ခက်ခဲစွာ ကြိုးပမ်းတောင်းဆိုသည့် ကိစ္စတစ်ခု အောင်မြင်သည့်အပေါ် သမိုင်းမှတ်တိုင်တစ်ခု ထူနိုင်သည့်အတွက် အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားတစ်ခု လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၊ အဆိုပါ အခမ်းအနားသို့ နိုင်ငံအကြီးအကဲများ တက်ရောက်မည် မဟုတ်ကြောင်း မိန့်ကြားသည် ။

ဒေါက်တာအရှင်ဓမ္မပီယက “တစ်ဖက်က အမြင်စောင်းနေတဲ့ အတွက်ကြောင့်မို့ ဒါကိုပဲ သက်သက် တစ်ဖက်ကို ခနဲ့သလို ၊ “စ”သလို ၊ ပြောသလိုဖြစ်တာရှိတယ်။ ဘုန်းဘုန်းတို့က အမျိုးသားအောင်ပွဲ တစ်ခုလို့ ပြောရရင် ပြောလို့ရတယ် သိုမဟုတ် ကိုယ်လုပ်ထားတဲ့ ခက်ခဲတဲ့ အရာတစ်ခုကို တိုင်းပြည်အတွက် သမိုင်းဝင်တစ်ခု ပြုလုပ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ အမျိုးသား အောင်ပွဲလို့ပဲ ပြောရင်ပြော ၊ ကိုယ်ရဲ့ အောင်မြင်တဲ့ပွဲလို့ ပြောလို့ရတယ် ။ နိုင်ငံရေးအောင်ပွဲ မဟုတ်ပါဘူး ။ လုပ်ဖို့ အစီအစဉ် မဟုတ်ပါဘူး ။ နို်င်ငံရေးအောင်ပွဲ တစ်ခု ပြောပြီးတော့ ပါတီတစ်ခုကို ထောက်ခံပေးဖို့ ဆိုတာကလည်း အဓိပ္ပာယ်မရှိပါဘူး” ဟု မိန့်သည် ။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment