အနိမ့္ဆံုး လုပ္ခ သတ္မွတ္ၿပီးေနာက္ က်န္ တဲ့ ခံစားခြင့္ေတြ ဆံုးရႈံးသြားတယ္လို႔ အလုပ္ သမားေတြ ဆို |
အဲဒီထဲက အလုပ္သမား ၂၀ ေလာက္ကလည္း အစာငတ္ခံ ဆႏၵျပ ေနတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။
အစိုးရက တစ္ေန႔ အတြက္ အနိမ့္ဆံုး လုပ္ခလစာ ၃၆၀၀ က်ပ္ သတ္မွတ္ၿပီးေနာက္မွာ အလုပ္သမားေတြ ရေနတဲ့ တျခားခံစားခြင့္ေတြကို အလုပ္ရွင္ ဘက္က မေပးေတာ့ရာ ကေန ႏွစ္ဖက္ ညွိႏွိုင္း မရေတာ့ဘဲ အခုလို ေတာင္းဆိုမႈေတြ ျပဳလုပ္လာရတာ ျဖစ္တယ္လို႔ ဟန္ဂ်င္းအထည္ခ်ဳပ္စက္ရံု က အလုပ္သမားေခါင္းေဆာင္ ကိုေက်ာ္ေက်ာ္ျမင့္က ေျပာပါတယ္။
အရင္က ေပးေနက် ျဖစ္တဲ့ ဖယ္ရီကား၊ က်ြမ္းက်င္ေၾကး၊ ရွားပါး စရိတ္၊ ရက္မွန္ေၾကးနဲ႔ ထမင္းဖိုးေတြ မေပးေတာ့ဘဲ ျဖတ္ေတာက္ ပစ္တာလို႔ သူက ေျပာပါတယ္။
ညွိႏွိုင္းမႈေတြ ေျပလည္မွ အလုပ္ျပန္ဆင္းမယ္လို႔ အလုပ္သမားေတြဘက္က ေျပာပါတယ္။
အျငင္းပြားမႈကို ေလာေလာဆယ္ ေရြွျပည္သာ ၿမိဳ႕နယ္ရံုးမွာ ညွိလို႔ အဆင္မေျပတဲ့ အတြက္ တိုင္းေဒသႀကီး ခံုသမာဓိရံုးမွာ အလုပ္ရွင္နဲ႔ အလုပ္သမားကိုယ္စားလွယ္ေတြ ဆက္လက္ ညွိႏွိုင္းဖို႔ ရွိေနပါတယ္။
ဒါနဲ႔ ပတ္သက္လို႔ အလုပ္ရံု နဲ႔အလုပ္သမား စစ္ေဆးေရး ဦးစီးဌာန ၫြွန္ခ်ဳပ္ ဦးဝင္းရွိန္ ကေတာ့ ခံုသမာဓိ ေကာင္စီရဲ့ အဆံုး အျဖတ္ကို ေစာင့္ေနတယ္လို႔ ေျပာပါတယ္။
ဆႏၵျပမႈေတြ ရွိေနတဲ့ ဟန္က်င္း အထည္ခ်ဳပ္ စက္ရံုမွာ အလုပ္သမား ႏွစ္ေထာင္ေက်ာ္ ရွိရာမွာ အလုပ္သမား ကိုးရာေလာက္က အလုပ္ရွင္ဘက္က ေပးတဲ့ လုပ္ခနဲ႔ ခံစားခြင့္ ေတြကို လက္ခံၿပီး အလုပ္ျပန္ဆင္း ေနၿပီျဖစ္ပါတယ္။
ဆက္လက္ ေတာင္းဆို ေနတဲ့ အလုပ္သမားေတြကေတာ့ အလုပ္ရွင္ဘက္က မလိုက္ေလ်ာရင္ အစာငတ္ခံဆႏၵျပမႈလို ေတာင္းဆိုမႈေတြ ထပ္တိုးလုပ္ဖို႔ ရွိေနတယ္လို႔ ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
.............................................
အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပြီးနောက် ကျန် တဲ့ ခံစားခွင့်တွေ ဆုံးရှုံးသွားတယ်လို့ အလုပ် သမားတွေ ဆို
အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား လုပ်ခနဲ့ ခံစားခွင့် တွေနဲ့ ပါတ်သက်လို့ သဘောတူ ချုပ်ဆိုရမယ့် စာချုပ်ပါ အချက်အလက် တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြတဲ့ ရွှေပြည်သာ စက်မှုဇုန် မှာ ရှိတဲ့ ဟန်ဂျင်း အထည်ချုပ် စက်ရုံ က အလုပ်သမား တစ်ထောင်ကျော်လောက် ဆန္ဒပြ တောင်းဆို နေပါတယ်။
အဲဒီထဲက အလုပ်သမား ၂၀ လောက်ကလည်း အစာငတ်ခံ ဆန္ဒပြ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အစိုးရက တစ်နေ့ အတွက် အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ပြီးနောက်မှာ အလုပ်သမားတွေ ရနေတဲ့ တခြားခံစားခွင့်တွေကို အလုပ်ရှင် ဘက်က မပေးတော့ရာ ကနေ နှစ်ဖက် ညှိနှိုင်း မရတော့ဘဲ အခုလို တောင်းဆိုမှုတွေ ပြုလုပ်လာရတာ ဖြစ်တယ်လို့ ဟန်ဂျင်းအထည်ချုပ်စက်ရုံ က အလုပ်သမားခေါင်းဆောင် ကိုကျော်ကျော်မြင့်က ပြောပါတယ်။
အရင်က ပေးနေကျ ဖြစ်တဲ့ ဖယ်ရီကား၊ ကျွမ်းကျင်ကြေး၊ ရှားပါး စရိတ်၊ ရက်မှန်ကြေးနဲ့ ထမင်းဖိုးတွေ မပေးတော့ဘဲ ဖြတ်တောက် ပစ်တာလို့ သူက ပြောပါတယ်။
ညှိနှိုင်းမှုတွေ ပြေလည်မှ အလုပ်ပြန်ဆင်းမယ်လို့ အလုပ်သမားတွေဘက်က ပြောပါတယ်။
အငြင်းပွားမှုကို လောလောဆယ် ရွှေပြည်သာ မြို့နယ်ရုံးမှာ ညှိလို့ အဆင်မပြေတဲ့ အတွက် တိုင်းဒေသကြီး ခုံသမာဓိရုံးမှာ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ဆက်လက် ညှိနှိုင်းဖို့ ရှိနေပါတယ်။
ဒါနဲ့ ပတ်သက်လို့ အလုပ်ရုံ နဲ့အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန ညွှန်ချုပ် ဦးဝင်းရှိန် ကတော့ ခုံသမာဓိ ကောင်စီရဲ့ အဆုံး အဖြတ်ကို စောင့်နေတယ်လို့ ပြောပါတယ်။
ဆန္ဒပြမှုတွေ ရှိနေတဲ့ ဟန်ကျင်း အထည်ချုပ် စက်ရုံမှာ အလုပ်သမား နှစ်ထောင်ကျော် ရှိရာမှာ အလုပ်သမား ကိုးရာလောက်က အလုပ်ရှင်ဘက်က ပေးတဲ့ လုပ်ခနဲ့ ခံစားခွင့် တွေကို လက်ခံပြီး အလုပ်ပြန်ဆင်း နေပြီဖြစ်ပါတယ်။
ဆက်လက် တောင်းဆို နေတဲ့ အလုပ်သမားတွေကတော့ အလုပ်ရှင်ဘက်က မလိုက်လျောရင် အစာငတ်ခံဆန္ဒပြမှုလို တောင်းဆိုမှုတွေ ထပ်တိုးလုပ်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment