လိမ္ေျပာစရာ တစ္ခုခုရွိေနၿပီ ဆုိလွ်င္ သန္႔စင္ခန္းႏွင့္ ေ၀းေ၀းေန ပါဟု အႀကံေပးလို ပါသည္။
ဆီးအိမ္ထဲတြင္ ဆီးမ်ားျပည့္ ေနျခင္းေၾကာင့္ အလိမ္ေတာ္လာေၾကာင္း သုေတသန ပညာရွင္မ်ားက ေတြ႕ရွိခဲ့ျခင္းေၾကာင့္ ျဖစ္သည္။ အေပါ့စြန္႔ ခ်င္ေသာ္လည္း ေအာင့္ထားသူမ်ားသည္ အင္တာဗ်ဴးေျဖဆိုရာတြင္ ေမးျမန္းသူ ယံုၾကည္ေအာင္ လွည့္ပတ္ ေျပာဆုိႏုိင္စြမ္း ပိုရွိေၾကာင္း ကယ္လီဖိုးနီးယား ျပည္နယ္ တကၠသိုလ္မွ စိတ္ပညာရွင္မ်ားက ေျပာခဲ့သည္။
ယင္းျဖစ္စဥ္ကို ပညာရွင္မ်ားက ထိန္းခ်ဳပ္မႈ ယိုဖိတ္ျခင္းအက်ဳိး သက္ေရာက္မႈဟု ေခၚဆိုထားသည္။ အလုပ္ႏွစ္ခုကုိ တစ္ၿပိဳင္တည္း လုပ္ေနရင္း တစ္ခုတြင္ ကိုယ့္ကုိယ္ကိုယ္ ထိန္းခ်ဳပ္ထားႏိုင္ပါက အျခားအလုပ္တြင္လည္း ထိန္းခ်ဳပ္ႏိုင္စြမ္း ရွိလာတတ္ေၾကာင္း ပညာရွင္မ်ားက ဆုိလိုျခင္းျဖစ္သည္။
ဆီးအိမ္ကို ထိန္းထားႏိုင္ျခင္းေၾကာင့္ လိမ္လည္မႈ ပါ၀င္ေသာ အေတြးျဖစ္စဥ္ကိုပါ တစ္ခ်ိန္တည္းတြင္ ထိန္းခ်ဳပ္လာ ႏုိင္ေၾကာင္း ပညာရွင္မ်ားက ေျပာသည္။ ““လိမ္တယ္ဆိုတာ စိတ္ပုိင္းအရင္းအျမစ္ ေတြကုိ အမ်ားႀကီး သံုးရတာ၊ မသက္ဆုိင္တဲ့ သတင္းအခ်က္ အလက္ကို မေပါက္ၾကားေအာင္ ဖိႏွိပ္ထားျခင္း ဥပမာေပးရရင္ အမွန္ကို ေျပာခ်င္တဲ့ စိတ္ေပါ့ဗ်ာ၊ ဒါကိုမ်ဳိသိပ္ ထားရတယ္။ တစ္ခ်ိန္တည္းမွာပဲ တစ္ဘက္လူ ယံုၾကည္ေအာင္ ဇာတ္လမ္းကလည္း ဆင္ရေသးတယ္ လိမ္တယ္ဆုိတာ လြယ္တာမွတ္လို႔”” ဟုေလ့လာမႈတြင္ ပါ၀င္သည့္ အီရစ္ဘလန္ဒန္-ဂီတလင္က ေျပာဆုိခဲ့သည္။
ဆီးအိမ္ထဲတြင္ ဆီးမ်ား အျပည့္ ရွိေနေသာ္လည္း ဆီးထိန္းထား ျခင္းေၾကာင့္ ဦးေႏွာက္တြင္းရွိ ထိန္းခ်ဳပ္ေရး ဗဟိုခ်က္ တစ္ခုကို လႈံ႔ေဆာ္သလို ျဖစ္လာေၾကာင္း သူက ေျပာသည္။ လိမ္ဖို႔အတြက္ ဦးေႏွာက္သည္ အမွန္ေျပာရန္ ဆႏၵကို ထိန္းခ်ဳပ္ရသည္။ ဦးေႏွာက္သည္ အေပါ့စြန္႔ခ်င္သည့္ စိတ္ကို ထိန္းခ်ဳပ္ထားၿပီး ျဖစ္ေသာေၾကာင့္ လိမ္ဖို႔ရန္ ပိုလြယ္ကူသြားျခင္း ျဖစ္သည္။
ေတြ႕ဆံု ေမးျမန္းသူအား လိမ္ညာမႈမျပဳမီ (၄၅) မိနစ္အလိုတြင္ အေလ့လာခံမ်ားအား ေရကိုေသာက္ ႏုိင္သမွ် ေသာက္ေစၿပီး ေလ့လာမႈ ျပဳလုပ္ခ့ဲျခင္း ျဖစ္သည္။ ဆီးအိမ္ထဲတြင္ ဆီးမ်ားအျပည့္ ရွိေနသူမ်ားသည္ လိမ္ညာရာတြင္ ထူးခ၊ြန္ခဲ့ေၾကာင္း ေတြ႕ရွိခဲ့သည္။ ေတြ႕ရွိမႈကုိ Consciousness and Cognition ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။
Source:DM
The Messenger
................................
လိမ်ပြောစရာ တစ်ခုခုရှိနေပြီ ဆိုလျှင် သန့်စင်ခန်းနှင့် ဝေးဝေးနေ ပါဟု အကြံပေးလို ပါသည်။
ဆီးအိမ်ထဲတွင် ဆီးများပြည့် နေခြင်းကြောင့် အလိမ်တော်လာကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ အပေါ့စွန့် ချင်သော်လည်း အောင့်ထားသူများသည် အင်တာဗျူးဖြေဆိုရာတွင် မေးမြန်းသူ ယုံကြည်အောင် လှည့်ပတ် ပြောဆိုနိုင်စွမ်း ပိုရှိကြောင်း ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်မှ စိတ်ပညာရှင်များက ပြောခဲ့သည်။
ယင်းဖြစ်စဉ်ကို ပညာရှင်များက ထိန်းချုပ်မှု ယိုဖိတ်ခြင်းအကျိုး သက်ရောက်မှုဟု ခေါ်ဆိုထားသည်။ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နေရင်း တစ်ခုတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားနိုင်ပါက အခြားအလုပ်တွင်လည်း ထိန်းချုပ်နိုင်စွမ်း ရှိလာတတ်ကြောင်း ပညာရှင်များက ဆိုလိုခြင်းဖြစ်သည်။
ဆီးအိမ်ကို ထိန်းထားနိုင်ခြင်းကြောင့် လိမ်လည်မှု ပါ၀င်သော အတွေးဖြစ်စဉ်ကိုပါ တစ်ချိန်တည်းတွင် ထိန်းချုပ်လာ နိုင်ကြောင်း ပညာရှင်များက ပြောသည်။ ““လိမ်တယ်ဆိုတာ စိတ်ပိုင်းအရင်းအမြစ် တွေကို အများကြီး သုံးရတာ၊ မသက်ဆိုင်တဲ့ သတင်းအချက် အလက်ကို မပေါက်ကြားအောင် ဖိနှိပ်ထားခြင်း ဥပမာပေးရရင် အမှန်ကို ပြောချင်တဲ့ စိတ်ပေါ့ဗျာ၊ ဒါကိုမျိုသိပ် ထားရတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်လူ ယုံကြည်အောင် ဇာတ်လမ်းကလည်း ဆင်ရသေးတယ် လိမ်တယ်ဆိုတာ လွယ်တာမှတ်လို့”” ဟုလေ့လာမှုတွင် ပါ၀င်သည့် အီရစ်ဘလန်ဒန်-ဂီတလင်က ပြောဆိုခဲ့သည်။
ဆီးအိမ်ထဲတွင် ဆီးများ အပြည့် ရှိနေသော်လည်း ဆီးထိန်းထား ခြင်းကြောင့် ဦးနှောက်တွင်းရှိ ထိန်းချုပ်ရေး ဗဟိုချက် တစ်ခုကို လှုံ့ဆော်သလို ဖြစ်လာကြောင်း သူက ပြောသည်။ လိမ်ဖို့အတွက် ဦးနှောက်သည် အမှန်ပြောရန် ဆန္ဒကို ထိန်းချုပ်ရသည်။ ဦးနှောက်သည် အပေါ့စွန့်ချင်သည့် စိတ်ကို ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် လိမ်ဖို့ရန် ပိုလွယ်ကူသွားခြင်း ဖြစ်သည်။
တွေ့ဆုံ မေးမြန်းသူအား လိမ်ညာမှုမပြုမီ (၄၅) မိနစ်အလိုတွင် အလေ့လာခံများအား ရေကိုသောက် နိုင်သမျှ သောက်စေပြီး လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆီးအိမ်ထဲတွင် ဆီးများအပြည့် ရှိနေသူများသည် လိမ်ညာရာတွင် ထူးခ၊ွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ တွေ့ရှိမှုကို Consciousness and Cognition ဂျာနယ်တွင် ဖော်ပြထားသည်။
Source:DM
The Messenger
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment