သီတဂူဆရာေတာ္ တက္ေရာက္ မိန္႔ခြန္းေျပာခဲ့ |
ရပ္ေဝးၿမိဳ႕ရြာ ေတြကပါ လာေရာက္ၾကသူ သိန္းနဲ႔ခ်ီရွိတယ္လို႔ မဘသ အဖြဲ႕ဝင္ ေတြက ေျပာပါတယ္။
တက္ေရာက္လာသူ အမ်ားအျပားဟာ မဘသ တံဆိပ္ေတြ ႐ိုက္ႏွိပ္ ထားတဲ့ အျဖဴေရာင္ တီရွယ္ အကၤ်ီေတြကို ဝတ္ဆင္ ထားၾကပါတယ္။
တနဂၤေႏြေန႔ ကက်င္းပတဲ့ အခန္းအနားကို သီတဂူဆရာေတာ္ အသ်ွင္ဥာဏိႆရ တက္ေရာက္ မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။
သံဃာေတြ အေနနဲ႔ ႏိုင္ငံေရး နယ္မေက်ာ္ မိေစဖို႔၊ အျခား ဘာသာေတြနဲ႔ ၿငိမ္းခ်မ္းစြာ ယွဥ္တြဲ ေနထိုင္ဖို႔ လိုတယ္လို႔ ဆရာေတာ္က မိန္႔ခြန္းမွာထည့္သြင္း ေျပာခဲ့ပါတယ္။
ေရြးေကာက္ပြဲ က်င္းပဖို႔ ရက္သံုးဆယ္ ေက်ာ္သာ လိုေတာ့ခ်ိန္မွာ အခုလို အခန္းအနားမ်ိဳး က်င္းပတာဟာ အင္အားျပတာျဖစ္သလို၊ ႏိုင္ငံေရး အာရံုလြွဲ တာလည္း ျဖစ္ႏိုင္တယ္လို႔ The Voice သတင္းစာမွာ ေဆာင္းပါးေတြေရးသား ေနတဲ့ အသ်ွင္ေခမာနႏၵ (မိုးသု၊ မႏၱေလး) က ဘီဘီစီကို ေျပာပါတယ္။
ဒီအခ်ိန္မွာ မလုပ္သင့္ မလုပ္ထိုက္တဲ့ အခန္းအနားလို႔ ျမင္တယ္ဆိုၿပီး လည္း အသ်ွင္ ေခမာ နႏၵက ဆိုပါတယ္။
မဘသ အဖြဲ႕ကေတာ့ ဒီလိုေအာင္ပြဲ အခန္းအနား တခုကို မႏၱေလးမွာ က်င္းပခဲ့ၿပီး၊ ျမန္မာႏိုင္ငံ အႏွံ႔အျပား မွာလည္း ဆက္လက္ က်င္းပ သြားမယ္လို႔ ေျပာပါတယ္။
မ်ိဳးေစာင့္ဥပေဒ လို႔ေခၚတဲ့ ဥပေဒ ေလးရပ္ ျပဌာန္းခဲ့တာ နဲ႔ပတ္သက္လို႔ လူ႔အခြင့္အေရး စံခ်ိန္ စံႏႈန္းနဲ႔ မကိုက္ညီဘူး ဆိုၿပီး ျပည္တြင္း ျပည္ပ မွာေဝဖန္ မႈေတြရွိေန ပါတယ္။
BBC Burmese
http://www.bbc.com/burmese
...................................
သီတဂူဆရာတော် တက်ရောက် မိန့်ခွန်းပြောခဲ့
ရန်ကုန် မြို့ သုဝဏ္ဏ အားကစားကွင်းမှာ အ မျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကဦးဆောင် ကျင်းပတဲ့ မျိုးစောင့်ဥ ပဒေ ပေါ်ပေါက်ခြင်း အထိမ်းအမှတ် အခမ်းအနား ကို လူထောင်ပေါင်း များစွာ တက်ရောက် ခဲ့ပါတယ်။
ရပ်ဝေးမြို့ရွာ တွေကပါ လာရောက်ကြသူ သိန်းနဲ့ချီရှိတယ်လို့ မဘသ အဖွဲ့ဝင် တွေက ပြောပါတယ်။
တက်ရောက်လာသူ အများအပြားဟာ မဘသ တံဆိပ်တွေ ရိုက်နှိပ် ထားတဲ့ အဖြူရောင် တီရှယ် အင်္ကျီတွေကို ဝတ်ဆင် ထားကြပါတယ်။
တနင်္ဂနွေနေ့ ကကျင်းပတဲ့ အခန်းအနားကို သီတဂူဆရာတော် အသျှင်ဉာဏိဿရ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သံဃာတွေ အနေနဲ့ နိုင်ငံရေး နယ်မကျော် မိစေဖို့၊ အခြား ဘာသာတွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ဖို့ လိုတယ်လို့ ဆရာတော်က မိန့်ခွန်းမှာထည့်သွင်း ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သုံးဆယ် ကျော်သာ လိုတော့ချိန်မှာ အခုလို အခန်းအနားမျိုး ကျင်းပတာဟာ အင်အားပြတာဖြစ်သလို၊ နိုင်ငံရေး အာရုံလွှဲ တာလည်း ဖြစ်နိုင်တယ်လို့ The Voice သတင်းစာမှာ ဆောင်းပါးတွေရေးသား နေတဲ့ အသျှင်ခေမာနန္ဒ (မိုးသု၊ မန္တလေး) က ဘီဘီစီကို ပြောပါတယ်။
ဒီအချိန်မှာ မလုပ်သင့် မလုပ်ထိုက်တဲ့ အခန်းအနားလို့ မြင်တယ်ဆိုပြီး လည်း အသျှင် ခေမာ နန္ဒက ဆိုပါတယ်။
မဘသ အဖွဲ့ကတော့ ဒီလိုအောင်ပွဲ အခန်းအနား တခုကို မန္တလေးမှာ ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံ အနှံ့အပြား မှာလည်း ဆက်လက် ကျင်းပ သွားမယ်လို့ ပြောပါတယ်။
မျိုးစောင့်ဥပဒေ လို့ခေါ်တဲ့ ဥပဒေ လေးရပ် ပြဌာန်းခဲ့တာ နဲ့ပတ်သက်လို့ လူ့အခွင့်အရေး စံချိန် စံနှုန်းနဲ့ မကိုက်ညီဘူး ဆိုပြီး ပြည်တွင်း ပြည်ပ မှာဝေဖန် မှုတွေရှိနေ ပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment