Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 26, 2015

“တန္ရာကိုသာ ရတတ္တဲ့ ေလာကဓမၼတာ”

က်ေနာ့ အေမရိကန္ ဆရာမႀကီး မစၥက္ ရပ္စတန္က တပည့္ေတြ အဂၤလိပ္စကား နားရည္ဝေအာင္ ဗီဒီယိုအပိုင္းတိုေလးေတြ၊ စီဒီသီခ်င္းေလးေတြ ဖြင့္ျပတတ္တယ္။ တစ္ခါတစ္ေလ၊ သူ႔ဖာသာ ဘဝအေတြ႕အၾကံဳေတြ ေျပာရင္း အေမးအေျဖ လုပ္တတ္ေသးတယ္။ က်ေနာ္တို႔အတန္းထဲမွာ ေျပာျပခဲ့တဲ့ သူငယ္ငယ္တုန္းက ကိုယ္ေတြ႕ျဖစ္ရပ္ေလးတစ္ခုကို အမွတ္ရမိပါတယ္။

မစၥက္ရပ္စတန္ အထက္တန္းေက်ာင္းက ၁၂ တန္းေအာင္ၿပီးေတာ့ ေကာလိပ္ကို ခ်က္ခ်င္းမတက္ႏိုင္ခဲ့ဘူးတဲ့။ သူ႔အိမ္က စီးပြားေရးမေျပလည္ေတာ့ သူတို႔ ၿမိဳ႕ေလးက ဘဏ္တစ္ခုမွာ အလုပ္သင္ ေငြကိုင္အျဖစ္ ၂ ႏွစ္ေလာက္ အလုပ္ဝင္ခဲ့ရတုန္းက သူမွတ္သားခဲ့ရတဲ့ ဘဝသင္ခန္းစာပါ။

သူတို႔ ငယ္ငယ္၊ လြန္ခဲ့တဲ့ အႏွစ္ ၄၀ ေလာက္တုန္းက ခုလို ကြန္ပ်ဴတာေတြ မတြင္က်ယ္ေသးဘူး။ ATM ဘဏ္စက္ေတြ မရွိေသးဘူး။ သူတို႔ ေတာၿမိဳ႕ေလးရဲ့ တစ္ခုတည္းေသာဘဏ္မွာ ေငြသြင္းေငြထုတ္ကို ဘဏ္အမႈထမ္းေတြ လူကိုယ္တိုင္ပဲ လုပ္ကိုင္ေဆာင္႐ြက္ ေပးရတယ္။ ၿမိဳ႕ေလးက ေသးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္မွန္းတန္းမိတဲ့အျပင္၊ ဘယ္ေန႔ဆိုရင္ ဘယ္သူက လစာထုတ္တယ္၊ ဘယ္သူက အိမ္ဝယ္ေခ်းေငြ သြင္းတယ္၊ ဘယ္သူက ပင္စင္ေထာက္ပံ့ေၾကး ယူတယ္ စတာေတြကို ဘဏ္အမႈထမ္းေတြက အေတာ္မွတ္မိေနၾကတယ္တဲ့။

မစၥက္ရပ္စတန္ကလည္း အဲဒီတုန္းက ေမရီဆိုတဲ့ စာေရးမေလးအျဖစ္ ဘဏ္မွာ သူေန႔စဥ္လုပ္ရတဲ့ အလုပ္တစ္ခုက ေငြစကၠဴေတြကို အေဟာင္းနဲ႔ အသစ္ ခြဲျခားၿပီး သိမ္းရတာပါ။ အသစ္စက္စက္ေတြ သတ္သတ္၊ ခတ္လတ္လတ္ေတြ သတ္သတ္၊ ေဟာင္းႏြမ္းေနတဲ့ ေငြစကၠဴေတြကို သတ္သတ္ ခြဲျခားရတယ္။

ဘဏ္ကိုလာေနက် ေဖာက္သည္ေတြထဲက ဘယ္သူေတြလာရင္ ေငြစကၠဴအသစ္၊ ဘယ္သူေတြအတြက္ အေဟာင္းဆိုၿပီး သူတို႔ မန္ေနဂ်ာက ေငြကိုင္ေတြကို မွာထားတယ္။ ေမရီလည္း မန္ေနဂ်ာ ခိုင္းတဲ့အတိုင္း လုပ္ေနရေပမယ့္ ဘာေၾကာင့္မွန္း သေဘာမေပါက္ဖူး။ အလုပ္ဝင္တာ အေတာ္ၾကာမွ မန္ေနဂ်ာကို ေမးၾကည့္မိသတဲ့။

မန္ေနဂ်ာက ဒီလို ရွင္းျပတယ္။ ေစ့စပ္ေသခ်ာတဲ့ ေဖာက္သည္ေတြဟာ ေငြစကၠဴအေဟာင္းေပးရင္ ျပန္လဲခိုင္းမွာဆိုေတာ့ တစ္ခါတည္း အသစ္ထုတ္ေပးလိုက္ရမယ္၊ ေတာ္႐ံုလူဆိုရင္ ခတ္လတ္လတ္ ေပးရမယ္။ ဘာေပးေပး ယူတဲ့ လူမ်ိဳးဆိုရင္ အေဟာင္းအႏြမ္းသာေပးလိုက္၊ ျပႆနာမရွိဘူးလို႔ ရွင္းျပတယ္တဲ့။

ေမရီဆိုတဲ့ စာေရးမေလးက တကၠသိုလ္တက္ၿပီး မစၥက္ ေမရီ ရပ္စတန္ဆိုတဲ့ ဆရာမတစ္ေယာက္ ျဖစ္လာတဲ့အထိ ဘဝကို ျဖတ္သန္းလာတဲ့အခါ အဲဒီသေဘာတရားကို ပိုၿပီး သေဘာေပါက္ နားလည္ လာခဲ့တယ္။ ေလာကမွာ ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ယူတတ္သူေတြက အေကာင္းဆံုးကို ရတယ္။ ေတာ္႐ံုတန္႐ံုသမားေတြက အလယ္အလတ္နဲ႔ ေက်နပ္ရတယ္။ ရတာပဲယူမယ္ ဆိုသူေတြကေတာ့ သူမ်ားတကာ မလိုခ်င္တဲ့ အေဟာင္းအႏြမ္း အစုတ္အျပတ္ကိုသာ အျမဲရတတ္တယ္တဲ့။
**************************************
ဆရာမႀကီး ေျပာတဲ့ သေဘာတရားကို က်ေနာ္ ဆက္ၿပီး စဥ္းစားၾကည့္ေတာ့ လူေတြအတြက္သာမကဘူး ႏိုင္ငံေတြအတြက္လည္း မွန္ေနတာ ေတြ႕ရတယ္။ အေမရိကန္တို႔၊ ဥေရာပတို႔မွာ ႏိုင္ငံသားေတြက ေ႐ြးေကာက္ပြဲကို ေလးေလးစားစား အေရးထားၿပီး ေခါင္းေဆာင္ကို ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ၾကေတာ့ တိုင္းျပည္လည္း ဖြံ႕ၿဖိဳးတိုးတက္ ေကာင္းစားတယ္။

က်ေနာ္တို႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ ျပည္သူလူထုက အသိဉာဏ္နိမ့္က်ေတာ့ ေ႐ြးေကာက္ပြဲကို အေရးမစိုက္ၾကဘူး။ ဘယ္အစိုးရတက္တက္ ကိုယ္လုပ္မွ ကိုယ္စားရမယ္ဆိုတဲ့ အညံ့စားစိတ္ဓာတ္ေတြေၾကာင့္ ကိုယ့္ႏိုင္ငံေခါင္းေဆာင္ကို ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ဖို႔ ပ်က္ကြက္တယ္။ ထိုင္းႏိုင္ငံ၊ ကေမ႓ာဒီးယားႏိုင္ငံေတြမွာ ေအာက္ေျခအလုပ္သမားေတြ၊ ေတာသူေတာင္သားေတြက မဲကို ေရာင္းစားဖို႔ေလာက္ပဲ (တစ္နပ္စား) တန္ဖိုးထားေတာ့ တစ္ႏိုင္ငံလံုး ဆင္းရဲတြင္းက မတက္ႏိုင္ၾကဘူး။
***************************************
က်ေနာ္တို႔ ျမန္မာျပည္သူေတြမွာေတာ့ ကိုယ့္ႏိုင္ငံေခါင္းေဆာင္ကို ကိုယ့္ဖာသာ ေ႐ြးခ်ယ္ခြင့္ မရခဲ့ၾကတာ ႏွစ္ ၅၀ ေက်ာ္ခဲ့ပါၿပီ။ ၾကံဳေတာင့္ၾကံဳခဲ ၉၀ ေ႐ြးေကာက္ပြဲတုန္းကလည္း အႏိုင္ရလ်က္သားနဲ႔ သစၥာမရွိ ကတိမတည္တဲ့ စစ္အာဏာရွင္ေတြေၾကာင့္ ကိုယ္ေ႐ြးခ်ယ္သူေတြ အုပ္ခ်ဳပ္ခြင့္ မရခဲ့ၾကဘူးေလ။

ခုေတာ့၊ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ကိုယ့္ရဲ့ မဲဟာ ကိုယ့္အနာဂတ္ မ်ိဳးဆက္ေတြအတြက္ပါ အေကာင္းအဆိုး ဆံုးျဖတ္ေပးေတာ့မွာပါ။ ကိုယ္တစ္ဦးတည္းအတြက္သာမက ကိုယ့္သားသမီးေတြရဲ့ အနာဂတ္ဘဝကို ဖန္တီးေပးဖို႔ ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ၾကရမယ့္ တာဝန္ဟာ အလြန္ကိုမွ အေရးႀကီးပါတယ္။

မွတ္ထားၾကပါ။ ေလာကမွာ ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ယူတတ္သူေတြက အေကာင္းဆံုးကို ရတယ္။ ေတာ္႐ံုတန္႐ံုသမားေတြက အလယ္အလတ္နဲ႔ ေက်နပ္ရတယ္။ ရတာပဲယူမယ္ ဆိုသူေတြကေတာ့ သူမ်ားတကာ မလိုခ်င္တဲ့ အေဟာင္းအႏြမ္း အစုတ္အျပတ္ကိုသာ အျမဲရတတ္တယ္တဲ့။

ကဲ၊ ဘာလိုခ်င္သလဲ၊ ေ႐ြးခ်ယ္ဖို႔က ကိုယ့္တာဝန္။
Min Myat Maung
......................................................................
ကျနော့ အမေရိကန် ဆရာမကြီး မစ္စက် ရပ်စတန်က တပည့်တွေ အင်္ဂလိပ်စကား နားရည်ဝအောင် ဗီဒီယိုအပိုင်းတိုလေးတွေ၊ စီဒီသီချင်းလေးတွေ ဖွင့်ပြတတ်တယ်။ တစ်ခါတစ်လေ၊ သူ့ဖာသာ ဘဝအတွေ့အကြုံတွေ ပြောရင်း အမေးအဖြေ လုပ်တတ်သေးတယ်။ ကျနော်တို့အတန်းထဲမှာ ပြောပြခဲ့တဲ့ သူငယ်ငယ်တုန်းက ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို အမှတ်ရမိပါတယ်။

မစ္စက်ရပ်စတန် အထက်တန်းကျောင်းက ၁၂ တန်းအောင်ပြီးတော့ ကောလိပ်ကို ချက်ချင်းမတက်နိုင်ခဲ့ဘူးတဲ့။ သူ့အိမ်က စီးပွားရေးမပြေလည်တော့ သူတို့ မြို့လေးက ဘဏ်တစ်ခုမှာ အလုပ်သင် ငွေကိုင်အဖြစ် ၂ နှစ်လောက် အလုပ်ဝင်ခဲ့ရတုန်းက သူမှတ်သားခဲ့ရတဲ့ ဘဝသင်ခန်းစာပါ။

သူတို့ ငယ်ငယ်၊ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်တုန်းက ခုလို ကွန်ပျူတာတွေ မတွင်ကျယ်သေးဘူး။ ATM ဘဏ်စက်တွေ မရှိသေးဘူး။ သူတို့ တောမြို့လေးရဲ့ တစ်ခုတည်းသောဘဏ်မှာ ငွေသွင်းငွေထုတ်ကို ဘဏ်အမှုထမ်းတွေ လူကိုယ်တိုင်ပဲ လုပ်ကိုင်ဆောင်ရွက် ပေးရတယ်။ မြို့လေးက သေးတော့ တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းမိတဲ့အပြင်၊ ဘယ်နေ့ဆိုရင် ဘယ်သူက လစာထုတ်တယ်၊ ဘယ်သူက အိမ်ဝယ်ချေးငွေ သွင်းတယ်၊ ဘယ်သူက ပင်စင်ထောက်ပံ့ကြေး ယူတယ် စတာတွေကို ဘဏ်အမှုထမ်းတွေက အတော်မှတ်မိနေကြတယ်တဲ့။

မစ္စက်ရပ်စတန်ကလည်း အဲဒီတုန်းက မေရီဆိုတဲ့ စာရေးမလေးအဖြစ် ဘဏ်မှာ သူနေ့စဉ်လုပ်ရတဲ့ အလုပ်တစ်ခုက ငွေစက္ကူတွေကို အဟောင်းနဲ့ အသစ် ခွဲခြားပြီး သိမ်းရတာပါ။ အသစ်စက်စက်တွေ သတ်သတ်၊ ခတ်လတ်လတ်တွေ သတ်သတ်၊ ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေကို သတ်သတ် ခွဲခြားရတယ်။

ဘဏ်ကိုလာနေကျ ဖောက်သည်တွေထဲက ဘယ်သူတွေလာရင် ငွေစက္ကူအသစ်၊ ဘယ်သူတွေအတွက် အဟောင်းဆိုပြီး သူတို့ မန်နေဂျာက ငွေကိုင်တွေကို မှာထားတယ်။ မေရီလည်း မန်နေဂျာ ခိုင်းတဲ့အတိုင်း လုပ်နေရပေမယ့် ဘာကြောင့်မှန်း သဘောမပေါက်ဖူး။ အလုပ်ဝင်တာ အတော်ကြာမှ မန်နေဂျာကို မေးကြည့်မိသတဲ့။

မန်နေဂျာက ဒီလို ရှင်းပြတယ်။ စေ့စပ်သေချာတဲ့ ဖောက်သည်တွေဟာ ငွေစက္ကူအဟောင်းပေးရင် ပြန်လဲခိုင်းမှာဆိုတော့ တစ်ခါတည်း အသစ်ထုတ်ပေးလိုက်ရမယ်၊ တော်ရုံလူဆိုရင် ခတ်လတ်လတ် ပေးရမယ်။ ဘာပေးပေး ယူတဲ့ လူမျိုးဆိုရင် အဟောင်းအနွမ်းသာပေးလိုက်၊ ပြဿနာမရှိဘူးလို့ ရှင်းပြတယ်တဲ့။

မေရီဆိုတဲ့ စာရေးမလေးက တက္ကသိုလ်တက်ပြီး မစ္စက် မေရီ ရပ်စတန်ဆိုတဲ့ ဆရာမတစ်ယောက် ဖြစ်လာတဲ့အထိ ဘဝကို ဖြတ်သန်းလာတဲ့အခါ အဲဒီသဘောတရားကို ပိုပြီး သဘောပေါက် နားလည် လာခဲ့တယ်။ လောကမှာ သေသေချာချာ ရွေးချယ်ယူတတ်သူတွေက အကောင်းဆုံးကို ရတယ်။ တော်ရုံတန်ရုံသမားတွေက အလယ်အလတ်နဲ့ ကျေနပ်ရတယ်။ ရတာပဲယူမယ် ဆိုသူတွေကတော့ သူများတကာ မလိုချင်တဲ့ အဟောင်းအနွမ်း အစုတ်အပြတ်ကိုသာ အမြဲရတတ်တယ်တဲ့။
**************************************
ဆရာမကြီး ပြောတဲ့ သဘောတရားကို ကျနော် ဆက်ပြီး စဉ်းစားကြည့်တော့ လူတွေအတွက်သာမကဘူး နိုင်ငံတွေအတွက်လည်း မှန်နေတာ တွေ့ရတယ်။ အမေရိကန်တို့၊ ဥရောပတို့မှာ နိုင်ငံသားတွေက ရွေးကောက်ပွဲကို လေးလေးစားစား အရေးထားပြီး ခေါင်းဆောင်ကို သေသေချာချာ ရွေးချယ်ကြတော့ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက် ကောင်းစားတယ်။

ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည်သူလူထုက အသိဉာဏ်နိမ့်ကျတော့ ရွေးကောက်ပွဲကို အရေးမစိုက်ကြဘူး။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ အညံ့စားစိတ်ဓာတ်တွေကြောင့် ကိုယ့်နိုင်ငံခေါင်းဆောင်ကို သေသေချာချာ ရွေးချယ်ဖို့ ပျက်ကွက်တယ်။ ထိုင်းနိုင်ငံ၊ ကမေ႓ာဒီးယားနိုင်ငံတွေမှာ အောက်ခြေအလုပ်သမားတွေ၊ တောသူတောင်သားတွေက မဲကို ရောင်းစားဖို့လောက်ပဲ (တစ်နပ်စား) တန်ဖိုးထားတော့ တစ်နိုင်ငံလုံး ဆင်းရဲတွင်းက မတက်နိုင်ကြဘူး။
***************************************
ကျနော်တို့ မြန်မာပြည်သူတွေမှာတော့ ကိုယ့်နိုင်ငံခေါင်းဆောင်ကို ကိုယ့်ဖာသာ ရွေးချယ်ခွင့် မရခဲ့ကြတာ နှစ် ၅၀ ကျော်ခဲ့ပါပြီ။ ကြံုတောင့်ကြံုခဲ ၉၀ ရွေးကောက်ပွဲတုန်းကလည်း အနိုင်ရလျက်သားနဲ့ သစ္စာမရှိ ကတိမတည်တဲ့ စစ်အာဏာရှင်တွေကြောင့် ကိုယ်ရွေးချယ်သူတွေ အုပ်ချုပ်ခွင့် မရခဲ့ကြဘူးလေ။

ခုတော့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ မဲဟာ ကိုယ့်အနာဂတ် မျိုးဆက်တွေအတွက်ပါ အကောင်းအဆိုး ဆုံးဖြတ်ပေးတော့မှာပါ။ ကိုယ်တစ်ဦးတည်းအတွက်သာမက ကိုယ့်သားသမီးတွေရဲ့ အနာဂတ်ဘဝကို ဖန်တီးပေးဖို့ သေသေချာချာ ရွေးချယ်ကြရမယ့် တာဝန်ဟာ အလွန်ကိုမှ အရေးကြီးပါတယ်။

မှတ်ထားကြပါ။ လောကမှာ သေသေချာချာ ရွေးချယ်ယူတတ်သူတွေက အကောင်းဆုံးကို ရတယ်။ တော်ရုံတန်ရုံသမားတွေက အလယ်အလတ်နဲ့ ကျေနပ်ရတယ်။ ရတာပဲယူမယ် ဆိုသူတွေကတော့ သူများတကာ မလိုချင်တဲ့ အဟောင်းအနွမ်း အစုတ်အပြတ်ကိုသာ အမြဲရတတ်တယ်တဲ့။

ကဲ၊ ဘာလိုချင်သလဲ၊ ရွေးချယ်ဖို့က ကိုယ့်တာဝန်။
Min Myat Maung

No comments:

Post a Comment