Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

ဗီဒီယို အႀကိဳ ခံစားျခင္း ( အနမ္းေတြ ပူဆာမလို႔ )

- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္းက႑မွာေတာ့ လူငယ္အခ်စ္ ဟာသကားေလးတစ္ကားကို ၫႊန္းေပးလိုက္ပါတယ္။

ေရႊအဆင္းက တစ္ဦးတည္းေသာ သမီးျဖစ္တာေၾကာင့္ အိမ္မွာ အရမ္းဗိုလ္က်ပါတယ္။ သူ႔အိမ္မွာ ခုိင္းတဲ့အလုပ္သမားေတြ သူ႔ေရွ႕မွာ အဆင္မေျပတာ တစ္ခုခုလုပ္လို႔ကေတာ့ အလုပ္တန္းထုတ္ပစ္ပါတယ္။

အဲဒါေၾကာင့္ သူ႔မိဘေတြရဲ႕ လက္ထက္ကတည္းက အိမ္မွာ လုပ္ေနတဲ့အလုပ္သမားေတြလည္း အိမ္မွာမရွိသေလာက္ျဖစ္လာခဲ့ပါတယ္။ အိမ္ကအလုပ္သမားေတြကုိ ထုတ္ပစ္ရင္ သူ႕မိဘေတြက တားေပမယ့္လည္း အဲဒီလူကို မထုတ္ရင္ သူအိမ္မွာ မေနဘူးဆိုတာေၾကာင့္ သူ႔အလိုကိုအၿမဲလိုက္ရပါတယ္။

ေရႊအဆင္းကို သူ႔မိဘေတြက သေဘာတူထားတဲ့လူရွိပါတယ္။ အဲဒီလူကို ေရႊအဆင္းက လံုးဝၾကည့္မရပါဘူး။ ဒါေပမယ့္လည္း သူ႔မိဘေတြက အဲဒီလူနဲ႔ ေပးစားဖို႔ တြန္းအားေပးလာၾကပါတယ္။ အဲဒါေၾကာင့္ ႀကံရာမရတဲ့အဆံုး ေရႊအဆင္း သူ႔ဘႀကီးရဲ႕ အိမ္ကိုထြက္ေျပးခဲ့ပါတယ္။

ေရႊအဆင္းရဲ႕ဘႀကီးက ၿခံလုပ္ငန္းလုပ္ပါတယ္။ ေငြခ်မ္းသာေပမယ့္ စည္းကမ္းအရမ္းႀကီးပါတယ္။ သူသြားစရာေနရာ မရွိေတာ့တာေၾကာင့္သာ သူ႔ဘႀကီးဆီကို ထြက္လာခဲ့တာပါ။

သူ႕ဘႀကီးအိမ္ကိုေရာက္တဲ့ေန႔မွာပဲ အဲဒီအိမ္မွာ အလုပ္လုပ္တဲ့ ေနသာနဲ႔ ျပႆနာ တက္ခဲ့ပါတယ္။ ေရႊအဆင္းက ေနသာကို သူ႔အိမ္မွာ ခိုင္းတဲ့လူေတြကို ဆက္ဆံတဲ့ ပံုစံအတိုင္း ဆက္ဆံခဲ့ၿပီး ကားေပၚကသူ႔အိတ္ေတြကို ခ်ခိုင္းခဲ့တာပါ။

ဒါေပမဲ့ေနသာကေတာ့ သူ ေျပာတာ နားမေထာင္ခဲ့ပါဘူး။ ေနာက္ဆံုးေတာ့ ေရႊအဆင္း သူ႕အိတ္သူ သယ္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း အ႐ံႈးေတာ့မေပးပါဘူး။ သူ႕ဘႀကီးေရာက္လာတဲ့အခ်ိန္မွာေတာ့ ေရႊအဆင္းက ေနသာကို အလုပ္ျဖဳတ္ေပးဖို႔ေျပာခဲ့ ပါတယ္။ သူ႕ဘႀကီးကေတာ့ သူ႔အေဖ၊ အေမေတြလို မဟုတ္ပါ ဘူး။ ေနသာကမွန္တယ္ဆိုၿပီးခ်ီးက်ဴးခဲ့ပါတယ္။ တကယ္ေတာ့ ေနသာကသူေဌးသားပါ။ လုပ္ငန္း ကၽြမ္းက်င္ေအာင္ သူ႕မိဘေတြရဲ႕မိတ္ေဆြ ျဖစ္တဲ့ ေရႊအဆင္းရဲ႕ ဘႀကီးအိမ္မွာ အလုပ္လာလုပ္ေနတာပါ။ ေရႊအဆင္းကေတာ့ ေနသာကို လံုးဝၾကည့္မရပါဘူး။

ဒါေပမဲ့ေနာက္ရက္မွာေတာ့ ေရႊအဆင္းရဲ႕ဘႀကီးက သူ႕အိမ္ မွာ ေနမယ္ဆိုရင္ အလုပ္တစ္ခု လုပ္ရမယ္ဆိုၿပီး ေရႊအဆင္းကိုအလုပ္လုပ္ဖို႔ေျပာပါတယ္။ ေရႊအဆင္းကေတာ့ သူ႔က်န္းမာေရးေၾကာင့္လာတာဆို ၿပီး ဟန္ေဆာင္ပါတယ္။  အိမ္မွာအၿမဲဗိုလ္က်ခဲ့တဲ့ ေရႊအဆင္း သူ႕ဘႀကီးအိမ္မွာ ဆက္ေနဦးမွာ လား။ ဘယ္လိုဇာတ္လမ္းေတြ ဆက္ျဖစ္ဦးမလဲဆိုတာကိုေတာ့ ေအာင္သီရိထုတ္လုပ္ေရးက ျဖန္႔ခ်ိေပးထားတဲ့ ‘အနမ္းေတြပူဆာ မလို႔’ ဇာတ္ကားမွာ ဆက္လက္႐ႈ စားေပးပါ။

ဒီဇာတ္ကားမွာ ေနသာအျဖစ္ ေဇရဲထက္၊ ေရႊအဆင္းအျဖစ္ေရႊမႈံရတီတို႔က ပါဝင္ သ႐ုပ္ ေဆာင္ထားပါတယ္။ ရာဇဝင္ကို ရဲ႕ ဝတၳဳကို ကိုေက်ာ္ဇာတ္ၫႊန္း ေရးေပးထားၿပီး ဒါ႐ိုက္တာ ေက်ာ္ေဇာလင္း(အေတြးပံုရိပ္)က ႐ိုက္ ကူး ပံုေဖာ္ထားပါတယ္။
http://7daydaily.com/story/48979
............................
ဗီဒီယို အကြို ခံစားခြင်း

အနမ်းတွေ ပူဆာမလို့

- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ် ဟာသကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

ရွှေအဆင်းက တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် အိမ်မှာ အရမ်းဗိုလ်ကျပါတယ်။ သူ့အိမ်မှာ ခိုင်းတဲ့အလုပ်သမားတွေ သူ့ရှေ့မှာ အဆင်မပြေတာ တစ်ခုခုလုပ်လို့ကတော့ အလုပ်တန်းထုတ်ပစ်ပါတယ်။

အဲဒါကြောင့် သူ့မိဘတွေရဲ့ လက်ထက်ကတည်းက အိမ်မှာ လုပ်နေတဲ့အလုပ်သမားတွေလည်း အိမ်မှာမရှိသလောက်ဖြစ်လာခဲ့ပါတယ်။ အိမ်ကအလုပ်သမားတွေကို ထုတ်ပစ်ရင် သူ့မိဘတွေက တားပေမယ့်လည်း အဲဒီလူကို မထုတ်ရင် သူအိမ်မှာ မနေဘူးဆိုတာကြောင့် သူ့အလိုကိုအမြဲလိုက်ရပါတယ်။

ရွှေအဆင်းကို သူ့မိဘတွေက သဘောတူထားတဲ့လူရှိပါတယ်။ အဲဒီလူကို ရွှေအဆင်းက လုံးဝကြည့်မရပါဘူး။ ဒါပေမယ့်လည်း သူ့မိဘတွေက အဲဒီလူနဲ့ ပေးစားဖို့ တွန်းအားပေးလာကြပါတယ်။ အဲဒါကြောင့် ကြံရာမရတဲ့အဆုံး ရွှေအဆင်း သူ့ဘကြီးရဲ့ အိမ်ကိုထွက်ပြေးခဲ့ပါတယ်။

ရွှေအဆင်းရဲ့ဘကြီးက ခြံလုပ်ငန်းလုပ်ပါတယ်။ ငွေချမ်းသာပေမယ့် စည်းကမ်းအရမ်းကြီးပါတယ်။ သူသွားစရာနေရာ မရှိတော့တာကြောင့်သာ သူ့ဘကြီးဆီကို ထွက်လာခဲ့တာပါ။

သူ့ဘကြီးအိမ်ကိုရောက်တဲ့နေ့မှာပဲ အဲဒီအိမ်မှာ အလုပ်လုပ်တဲ့ နေသာနဲ့ ပြဿနာ တက်ခဲ့ပါတယ်။ ရွှေအဆင်းက နေသာကို သူ့အိမ်မှာ ခိုင်းတဲ့လူတွေကို ဆက်ဆံတဲ့ ပုံစံအတိုင်း ဆက်ဆံခဲ့ပြီး ကားပေါ်ကသူ့အိတ်တွေကို ချခိုင်းခဲ့တာပါ။

ဒါပေမဲ့နေသာကတော့ သူ ပြောတာ နားမထောင်ခဲ့ပါဘူး။ နောက်ဆုံးတော့ ရွှေအဆင်း သူ့အိတ်သူ သယ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အရှုံးတော့မပေးပါဘူး။ သူ့ဘကြီးရောက်လာတဲ့အချိန်မှာတော့ ရွှေအဆင်းက နေသာကို အလုပ်ဖြုတ်ပေးဖို့ပြောခဲ့ ပါတယ်။ သူ့ဘကြီးကတော့ သူ့အဖေ၊ အမေတွေလို မဟုတ်ပါ ဘူး။ နေသာကမှန်တယ်ဆိုပြီးချီးကျူးခဲ့ပါတယ်။ တကယ်တော့ နေသာကသူဌေးသားပါ။ လုပ်ငန်း ကျွမ်းကျင်အောင် သူ့မိဘတွေရဲ့မိတ်ဆွေ ဖြစ်တဲ့ ရွှေအဆင်းရဲ့ ဘကြီးအိမ်မှာ အလုပ်လာလုပ်နေတာပါ။ ရွှေအဆင်းကတော့ နေသာကို လုံးဝကြည့်မရပါဘူး။

ဒါပေမဲ့နောက်ရက်မှာတော့ ရွှေအဆင်းရဲ့ဘကြီးက သူ့အိမ် မှာ နေမယ်ဆိုရင် အလုပ်တစ်ခု လုပ်ရမယ်ဆိုပြီး ရွှေအဆင်းကိုအလုပ်လုပ်ဖို့ပြောပါတယ်။ ရွှေအဆင်းကတော့ သူ့ကျန်းမာရေးကြောင့်လာတာဆို ပြီး ဟန်ဆောင်ပါတယ်။  အိမ်မှာအမြဲဗိုလ်ကျခဲ့တဲ့ ရွှေအဆင်း သူ့ဘကြီးအိမ်မှာ ဆက်နေဦးမှာ လား။ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ ‘အနမ်းတွေပူဆာ မလို့’ ဇာတ်ကားမှာ ဆက်လက်ရှု စားပေးပါ။

ဒီဇာတ်ကားမှာ နေသာအဖြစ် ဇေရဲထက်၊ ရွှေအဆင်းအဖြစ်ရွှေမှုံရတီတို့က ပါဝင် သရုပ် ဆောင်ထားပါတယ်။ ရာဇဝင်ကို ရဲ့ ဝတ္ထုကို ကိုကျော်ဇာတ်ညွှန်း ရေးပေးထားပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက် ကူး ပုံဖော်ထားပါတယ်။
http://7daydaily.com/story/48979

No comments:

Post a Comment