Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 19, 2015

ေဘာလုံးကြင္း ( ၃၈၀) ႏွင့္ ညီမွ်သည့္ အိမ္ၿခံေျမကုိ ၀ယ္ယူေတာ့မည့္ ဘက္ခမ္း

အဂၤလန္အသင္း ေခါင္းေဆာင္ေပာာင္း ဘက္ခမ္းသည္ ေဘာလုံးကြင္း ( ၃၈၀) ႏွင့္ ညီမွ်သည့္ အိမ္ၿခံေျမကုိ ၀ယ္ယူေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။ ဘက္ခမ္းႏွင့္ ဇနီးျဖစ္သူ ဗစ္တုိးရီးယားသည္ ဂလုိခ်က္စတာ႐ူိင္းယား ေဒသရွိ အလြန္ ေကာင္းမြန္သည့္ အိမ္ႀကီးကုိ ၀ယ္ယူမည္ ျဖစ္ၿပီး ယင္းအိမ္သည္ ၿဗိတိန္၏ ေစ်းအႀကီးဆုံး အိမ္မ်ားတြင္ ပါ၀င္ ေနသည္။ ယင္းအိမ္၏ တန္ဖုိးမွာ ေပါင္ ( ၂၇) သန္းခန္႔ ရွိၿပီး အလြန္ က်ယ္၀န္းသည့္ ေျမေနရာတြင္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ အိမ္ႀကီး တစ္လုံး အျပင္ ၿခံေျမထဲတြင္ အျခားအိမ္ ( ၁၃) လုံးလည္း ပါ၀င္ ေနေၾကာင္း သိရသည္။ ဘက္ခမ္းႏွင့္ မိသားစုသည္ ယင္းအိမ္ကုိ ၀ယ္ယူရန္ အတြက္ ၿပီးခဲ့သည့္ ရက္သတၱပတ္က အိမ္ျခံေျမ အက်ဳိးေဆာင္ထံ သြားေရာက္ ၾကည့္႐ႈ ခဲ့သည္။

ယင္းအိမ္သည္ ၿဗိတိန္တြင္ ေဆာက္လုပ္ ေနသည့္ ပုံမွန္အိမ္မ်ားထက္ (၂၄ ) ဆပုိႀကီးၿပီး ေရခ်ဳိးခန္း (၆)ခန္း၊ ထမင္း စားခန္း ၊ပန္းခ်ီဆဲြခန္းမ်ားလည္း ပါ၀င္မည္ ျဖစ္သည္။ ထုိ႔ျပင္ ၿခံေျမ အတြင္း စုိက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရးမ်ား ျပဳလုပ္ႏုိင္ၿပီး အေပ်ာ္တမ္း ငွက္ပစ္ ႏုိင္ရန္လည္း ျပဳလုပ္ ေပးထားသည္။ ဘက္ခမ္းသည္ ဗစ္တုိးရီးယားႏွင့္ လက္ထပ္ၿပီးေနာက္ ဘက္ကင္ပာမ္ နန္းေတာ္ အမည္ရ အိမ္တစ္လုံးကုိ ၀ယ္ယူခဲ့ေသာ္လည္း ယင္းအိမ္ကုိ ျပန္လည္ ေရာင္းခ်ၿပီး လန္ဒန္တြင္ အိမ္ငွား ေနလ်က္ ရွိသည္။ ဘက္ခမ္းသည္ မိသားစုႏွင့္ ေအးေဆးစြာ ေနထုိင္လုိေသာေၾကာင့္ အလြန္ႀကီးသည့္ အိမ္ျခံေျမကုိ ၀ယ္ယူရန္ စီစဥ္ ေနျခင္း ျဖစ္သည္။
messenger news journal
...................................
ဘောလုံးကွင်း ( ၃၈၀) နှင့် ညီမျှသည့် အိမ်ခြံမြေကို ၀ယ်ယူတော့မည့် ဘက်ခမ်း

အင်္ဂလန်အသင်း ခေါင်းဆောင်ပောာင်း ဘက်ခမ်းသည် ဘောလုံးကွင်း ( ၃၈၀) နှင့် ညီမျှသည့် အိမ်ခြံမြေကို ၀ယ်ယူတော့မည် ဖြစ်ကြောင်း သိရသည်။ ဘက်ခမ်းနှင့် ဇနီးဖြစ်သူ ဗစ်တိုးရီးယားသည် ဂလိုချက်စတာရိူင်းယား ဒေသရှိ အလွန် ကောင်းမွန်သည့် အိမ်ကြီးကို ၀ယ်ယူမည် ဖြစ်ပြီး ယင်းအိမ်သည် ဗြိတိန်၏ စျေးအကြီးဆုံး အိမ်များတွင် ပါ၀င် နေသည်။ ယင်းအိမ်၏ တန်ဖိုးမှာ ပေါင် ( ၂၇) သန်းခန့် ရှိပြီး အလွန် ကျယ်ဝန်းသည့် မြေနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အိမ်ကြီး တစ်လုံး အပြင် ခြံမြေထဲတွင် အခြားအိမ် ( ၁၃) လုံးလည်း ပါ၀င် နေကြောင်း သိရသည်။ ဘက်ခမ်းနှင့် မိသားစုသည် ယင်းအိမ်ကို ၀ယ်ယူရန် အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်က အိမ်ခြံမြေ အကျိုးဆောင်ထံ သွားရောက် ကြည့်ရှု ခဲ့သည်။

ယင်းအိမ်သည် ဗြိတိန်တွင် ဆောက်လုပ် နေသည့် ပုံမှန်အိမ်များထက် (၂၄ ) ဆပိုကြီးပြီး ရေချိုးခန်း (၆)ခန်း၊ ထမင်း စားခန်း ၊ပန်းချီဆွဲခန်းများလည်း ပါ၀င်မည် ဖြစ်သည်။ ထို့ပြင် ခြံမြေ အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးများ ပြုလုပ်နိုင်ပြီး အပျော်တမ်း ငှက်ပစ် နိုင်ရန်လည်း ပြုလုပ် ပေးထားသည်။ ဘက်ခမ်းသည် ဗစ်တိုးရီးယားနှင့် လက်ထပ်ပြီးနောက် ဘက်ကင်ပာမ် နန်းတော် အမည်ရ အိမ်တစ်လုံးကို ၀ယ်ယူခဲ့သော်လည်း ယင်းအိမ်ကို ပြန်လည် ရောင်းချပြီး လန်ဒန်တွင် အိမ်ငှား နေလျက် ရှိသည်။ ဘက်ခမ်းသည် မိသားစုနှင့် အေးဆေးစွာ နေထိုင်လိုသောကြောင့် အလွန်ကြီးသည့် အိမ်ခြံမြေကို ၀ယ်ယူရန် စီစဉ် နေခြင်း ဖြစ်သည်။
messenger news journal

No comments:

Post a Comment